ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့်ကို ဒေါ်နယ်ထရမ့် ထုတ်ပြန်ကြေညာ

 332

Pika(NP News)-ဇန်နဝါရီ ၁၈
ဂါဇာပဋိပက္ခကိုဖြေရှင်းဖို့အတွက် ၎င်းရဲ့အစီအစဉ်ရဲ့ ဒုတိယအဆင့်ကို စတင်လိုက်ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့လတွေအတွင်းရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့တို့က အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။၎င်းအစီအစဉ်ရဲ့ ဒုတိယအဆင့်က စစ်ရေးအင်အားလျှော့ချရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ နည်းပညာဆိုင်ရာအစိုးရသစ်တစ်ရပ် ထူထောင်ရေးဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ရဲ့ ပထမအဆင့်မှာ အပစ်အခတ်ရပ်စဲရေး၊ဓါးစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ ဂါဇာကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင်အသွင်ကူးပြောင်းရေးကာလအတွင်းမှာ ဂါဇာကို အုပ်ချုပ်မယ့် ဂါဇာအုပ်ချုပ်ရေးဆိုင်ရာအမျိုးသားကော်မတီ (NCAG) ကို ထောက်ခံတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ဒီပါလက်စတိုင်းအဖွဲ့က ငြိမ်းချမ်းတဲ့အနာဂါတ်အတွက် ခိုင်မာတဲ့ကတိဝတ်တွေရှိကြပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ ဒုတိယအဆင့္ကို ေဒၚနယ္ထရမ့္ ထုတ္ျပန္ေၾကညာ
Pika(NP News)-ဇန္နဝါရီ ၁၈
ဂါဇာပဋိပကၡကိုေျဖရွင္းဖို႔အတြက္ ၎ရဲ႕အစီအစဥ္ရဲ႕ ဒုတိယအဆင့္ကို စတင္လိုက္ၿပီျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ၿပီးခဲ့တဲ့လေတြအတြင္းရရွိခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က အျပန္အလွန္စြပ္စြဲေျပာဆိုမႈေတြ ရွိေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။၎အစီအစဥ္ရဲ႕ ဒုတိယအဆင့္က စစ္ေရးအင္အားေလွ်ာ့ခ်ေရးနဲ႔ ဂါဇာကမ္းေျမာင္ေဒသမွာ နည္းပညာဆိုင္ရာအစိုးရသစ္တစ္ရပ္ ထူေထာင္ေရးျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလတုန္းက အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္ရဲ႕ ပထမအဆင့္မွာ အပစ္အခတ္ရပ္စဲေရး၊ဓါးစာခံေတြ ျပန္လႊတ္ေပးေရးနဲ႔ ဂါဇာကိုလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြေပးအပ္ဖို႔တို႔ ပါဝင္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္အသြင္ကူးေျပာင္းေရးကာလအတြင္းမွာ ဂါဇာကို အုပ္ခ်ဳပ္မယ့္ ဂါဇာအုပ္ခ်ဳပ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီ (NCAG) ကို ေထာက္ခံတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ဒီပါလက္စတိုင္းအဖြဲ႕က ၿငိမ္းခ်မ္းတဲ့အနာဂါတ္အတြက္ ခိုင္မာတဲ့ကတိဝတ္ေတြရွိၾကပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.