အမြင်မတူ " ဒလန်" ခေါင်းစဉ်အောက် အသက်ပျောက်နိုင်သည့် အောက်မင်းလှဒေသခံများဘဝ (ဒေသအခြေအနေ အင်တာဗျူး)

346

သန့်ဇင် (NP News) - ဇန်နဝါရီလ ၂၉
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း သာယာဝတီ ခရိုင်အတွင်းရှိ မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်ကစတင်ကာ PDF အဖွဲ့များ၏တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဒေသခံများစွာ အခက်အခဲကြုံတွေ့ ခဲ့ရသည်။ တိုက်ပွဲများသည် ရန်ကုန်-ပြည် ကားလမ်းနှင့် ယင်းကားလမ်း၏အရှေ့ဘက် ပဲခူးရိုးမမှ ခြေ ဆင်းကျေးရွာများဘက်တွင် အများစုဖြစ်ပွားလေ့ရှိသည့်အတွက် ဒေသခံများစွာသည်လည်း နေရပ်စွန့်ခွာ နေခဲ့ရသည်မှာ (၁)နှစ်ကျော် (၂)နှစ်ဝန်းကျင်အထိပင် ရောက်ရှိလာခဲ့ကြောင်းသိရသည်။ အဆိုပါအ ခြေအနေများအတွင်း PDF များက ဒေသခံများကို " ဒလန် " ခေါင်းစဉ်အောက်တွင် သွတ်သွင်းသတ်ဖြတ် မှုများလည်း များစွာရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် PDF အဖွဲ့များက မင်းလှမြို့နယ်အတွင်းသို့ ရံဖန်ရံခါ တိုက်ပွဲများဖော်ဆောင်လေ့ရှိရာ ယင်းတိုက်ပွဲများအကြား ကျပ်တည်းလာခဲ့သည့်ကျေးရွာများ များစွာရှိ နေကြောင်းသိရသည်။ ထို့ကြောင့် မင်းလှမြို့နယ်အတွင်းရှိဒေသခံများ၏ အခက်အခဲအကျပ်အ တည်းများနှင့်ပတ်သက်၍ ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - မင်းလှမြို့က အရင်က ဘယ်လိုမြို့လဲခင်ဗျ။
ဖြေ - မင်းလှက အရင်က အေးအေးဆေးဆေးပါပဲ။ (၂၀၂၁)ခုနှစ်ဖြစ်စဉ်တွေမတိုင်ခင်က ကျွန်မလည်း အေးအေးဆေးဆေးပဲကျောင်းသွားနေတာပဲ။ အဲဒီ တုန်းက ဘယ်အချိန်ပဲသွားသွား တရားဥပဒေစိုးမိုး တယ်။ အခုနောက်ပိုင်းကျမှ အကုန်လုံး ဒုက္ခရောက် သွားကြတာ။ မြို့ပေါ်မှာသာမဖြစ်တာ။ မြို့နဲ့အနီးတစ် ဝိုက်ကလေးတင် PPP ပါတီဝင် မြို့နယ်ဥက္ကဋ္ဌကိုပစ် သွားတာလေ။ အဲဒါက မြို့အထွက်လေးမှာပဲဖြစ်သွား တာလေ။ ဘာမှမလုံခြုံတော့ဘူး။
မေး - (၂၀၂၁)ခုနှစ်တုန်းက နိုင်ငံရေးအပြောင်းအလဲ မှာ မင်းလှမြို့နယ်ထဲကအခြေအနေအကြောင်းလည်း ရှင်းပြပေးဦး။
ဖြေ - စဖြစ်တုန်းကတော့ ဝန်ထမ်းတွေ ဌာနတွေပြောင်း ကြရတယ်။ CDM တွေဆိုရင်လည်း လုပ်ချင်တဲ့လူ ရော၊ မလုပ်ချင်တဲ့လူရော ကြောက်လို့လုပ်ကြရတာ။ သူငယ်ချင်းတွေလည်းပြောကြတယ်။ ငါတို့က လုပ် ချင်လို့မဟုတ်ဘူး။ ဟိုဘက်ကလူတွေကို ကြောက် လို့ပေါ့။ သူတို့ဆန္ဒပြတဲ့အချိန် မလုပ်တဲ့လူတွေကို စောင်းပြီးပြောတဲ့အချိန်ပေါ့။ နောက်ကျတော့ ဘာဖြစ် လာလဲဆိုတော့ (၂၀၂၃)မှာ ပညာရေးမှူးတစ်ယောက် ကို အုပ်ဖိုမှာပစ်သတ်လိုက်တယ်။ ပစ်သတ်ရင်းကနေ ပထမတော့ မစသေးဘူး။ အဲဒီမှာ Messager ကနေ အကောင့်တုတွေနဲ့ နမူနာကြည့်ထားဆိုပြီးခြိမ်းခြောက် ကြတာ။ အဲဒီလောက်ဖြစ်မယ်လို့မထင်ဘဲနဲ့ ကျွန်မတို့ ကလည်းပြန်ပြောတာပေါ့။ ကျန်တဲ့လူတွေကတော့ CDM ကိုအားနာပါးနာနဲ့လုပ်ထားကြသူတွေပေါ့။ အဲဒီမှာပဲ ကျွန်မကိုငြိုးတာပေါ့။ ကျန်တဲ့လူတွေကိုတော့ စပစ်တာပေါ့။ အဲဒီမှာပဲ ကနဦး (၁၈)ယောက်လောက် အပစ်ခံတယ်။ ကျွန်မပြောင်းတဲ့အထိ (၁၈) ယောက် ဖြစ်သွားပြီ။ အုပ်ချုပ်ရေးမှူး(၁၇)ယောက်ပေါ့။ နောက်ပြီး PPP ပါတီကတစ်ယောက်ပေါ့။ အခုဆိုရင် (၂၀)လောက်ဖြစ်သွားပြီ။
မေး - မင်းလှက စီးပွားရေးနဲ့ပတ်သက်ပြီး ဘယ်လို စီးပွားရေးလုပ်ကြလဲ။
ဖြေ - စီးပွားရေးကတော့ ကြုံရာလုပ်ကြပါတယ်။ စိုက်ပျိုးရေးကိုလုပ်ကြတယ်။ စပါးနဲ့မတ်ပဲ စိုက်ကြ တယ်။ သခွားတို့ဘာတို့လည်း စိုက်ကြတယ်။ တခြား သီးနှံတွေစိုက်တဲ့လူတွေလည်း ရှိတော့ရှိကြတယ်။
မေး - လက်ရှိစီးပွားရေးတွေကော အဆင်ပြေကြလား။
ဖြေ - အရင်ကတော့ အဆင်ပြေပါတယ်။ အခုတော့ သိပ်အဆင်မပြေဘူး။ မပြေဘူးဆိုတာက ကျွန်တော် တို့ကို တပ်ဘက်ကလည်းမယုံတော့ဘူးလေ။ မယုံ တော့ ပစ္စည်းအဝင်အထွက်ကိုတင်းကြပ်ထားတယ်။ ဆန်ဆိုရင် အိတ်ဝက်လောက်ပဲသယ်လို့ရတယ်။ ဆီ ဆိုရင်လည်း (၅၀)ကျပ်သား၊ (၆၀)ကျပ်သားနဲ့ တစ် ပိဿာတော့ သယ်လို့မရဘူးထင်တယ်။ သယ်လို့မရ ဘူးဆိုတာက PDF တွေအတွက်ဖြစ်မှာစိုးလို့နေ မယ်။ အဲဒီလိုဆိုတော့ ကိုယ့်အကြောင်းနဲ့ကိုယ်သွားရင် တော့အဆင်ပြောတာပေါ့။ ဆိုင်ကယ်မရှိ၊ စက်ဘီးမရှိ တဲ့လူဆိုရင်တော့ အခက်အခဲဖြစ်မှာပေါ့။
မေး-မင်းလှမြို့နယ်က နိုင်ငံရေးဖြစ်စဉ်မတိုင်ခင်က အခြေအနေနဲ့ လက်ရှိအခြေအနေ ဘာတွေကွာခြား ချက်တွေရှိနေလဲဆိုတာ ရှင်းပြပေးပါဦး။
ဖြေ-ကွာခြားမှုကတော့ ဟိုဘက်နဲ့ဒီဘက်အရှုပ်အ ရှင်းမှာ နေမှုထိုင်မှုက အခက်အခဲတွေများတယ်။ ဒီ ဘက်က အရှေ့ကအခြေအနေကြောင့် အနောက် ဘက်ကလည်းလာစောင့်တယ်။ အဲဒီအချိန်မှာPDF ကတော့ လစ်ရင်လစ်သလိုဝင်တာပဲ။ ဝင်တဲ့အခါမှာ ရွာခံကတော့ မနေရဲဘူးပေါ့။ ဝင်လာရင်လည်း ဒီ ကောင်တွေက လူ ခဏခဏသတ်သွားတယ်။ အဲဒီ လိုမျိုး သူတို့အဆင်မပြေတဲ့လူဆိုရင် ဆွဲသတ်ပစ် လိုက်တယ်။ တချို့ရွာတွေမှာဆိုရင် PDF တွေ အ များကြီးရှိတယ်။ ကျွန်တော် နောက်ထပ်သတင်းကြား တာက စစ်ကွင်းတာဆုံနဲ့ပတ်သက်တဲ့ကိစ္စက ဘီလူးမ ရေတွင်းနဲ့ညောင်ပင်သာကိုတောင် မသင်္ကာဖြစ်လာ တဲ့ကိစ္စတွေဖြစ်လာတယ်။ သို့သော် ကျွန်တော့်အမြင် နဲ့ပြောရရင် ကျွဲလမ်းစုရွာကဆိုးတာ။ အဲဒီဘက်တွေဆို ရင် PDF တွေများတယ်။ လက်နက်ကိုင်မထားတာ တစ်ခုပဲ။
မေး-အဲဒီလိုတွေဖြစ်နေတော့ ဒေသခံတွေက ဘယ် လိုနေထိုင်နေကြရလဲ။
ဖြေ-ဘေးကျပ်နံကျပ်ဖြစ်နေတာပေါ့။ နောက်ဆုံးကျ တော့ ဒီဘက်(တပ်)စိတ်မချလို့ သွားစောင့်တော့ အ ကုန်လုံး စားရေးသောက်ရေးကလည်း အခက်အခဲ တွေဖြစ်ကုန်တာပေါ့။ တပ်ဘက်ကစောင့်လို့ရှိရင် PDF တွေက ဆင်းရင်ဆင်းလာတယ်။ ပြန်ရင်လည်း ပြန်တယ်။ သူတို့နဲ့နီးတဲ့လူတွေကတော့ ရွာမှာကျန် တယ်။ အဲဒီလိုရွာပေါင်းက အများကြီးရှိတယ်။ စစ် ကွင်းနဲ့မင်းလှကြားမှာ တာလေးတာဆုံရှိတယ်။ တာ လေးတာဆုံရဲ့အရှေ့ဘက်ကိုသွားရင် အခု ဇန်နဝါရီ လ (၂၅)ရက်အတွက် သတင်းကြားခဲ့တဲ့နေရာ။ အဲဒီ မှာဘုန်းကြီးကျောင်းရှိတယ်။ အဲဒီရွာကနေ အရှေ့ ဘက်တောက်လျှောက် မကောင်းဘူး။ အဲဒီကနေ ကျော်ပြီးတော့ ငမိုးရိပ်တို့ဘက်ဆိုတာက သိပ်မ ကောင်းဘူး။ ဒီဘက်က နယ်မြေရှင်းလင်းပြီးပြီ။ အခု လာဆိုးနေတာက ကျွဲလမ်းစုထိပ်က ဗိုလ်တစ်ထောင် ရှိတယ်။ အဲဒီမှာ သက်ကယ်ကုန်းရွာနဲ့ လမ်းဆုံရှိတယ်။ တစ်ခါတစ်ခါ အဲဒီမှာ PDF လာစောင့်နေတာရှိတယ်။ အဲဒီလိုဆိုတော့ ရွာဘက်တွေက မနေရဲကြဘူး။ ပြေး ကြရတယ်။ သူတို့က ရွာထဲကို သေနတ်ကြီးဘေး လွယ်ဝင်လာပြီး သတ်သွားပြန်တယ်။ သတ်သွားရင် လည်းအမည်မပေါ်ဘူး။ အဲဒီမှာ သူတို့နဲ့နီးစပ်တဲ့ရွာ ကလူတွေကလည်း သူတို့နဲ့သွားပြီး သောက်ဝိုင်းစားဝိုင်းတွေလုပ်ကြတယ်။ အဲဒီတော့ ပိုကြောက်နေကြရ တယ်။ ကျွန်တော်ကြားထားတဲ့ အချက်အလက်တွေအ ရဆိုရင် လာမယ့် ဇန်နဝါရီလ (၂၅)ရက်မှာ ဦးတိုဗမာ စုနေလဘုန်းကြီးကျောင်းမှာရှိတဲ့တပ်ကို ဝင်တိုက် မယ်လို့တောင်သတင်းကြားနေတယ် ရွေးကောက်ပွဲ နေ့မှာ။ ပထမတစ်ကြိမ်ဖြစ်ထားတာက စစ်ကွင်းတာ ဆုံမှာဖြစ်တဲ့တိုက်ပွဲတုန်းကလည်း ကျင်းတွေတူးဖို့ ရွာ သားတွေကိုခေါ်တယ်လို့ကြားဖူးတယ်။
မေး - အခု ပဋိပက္ခအခြေအနေကြားထဲမှာဆိုတော့ မင်းလှမြို့နယ်ထဲက ကျေးရွာတွေကနေ နေရပ်စွန့်ခွာ နေရတဲ့လူတွေရှိလား။ လူဦးရေဘယ်လောက်ရှိလဲ။
ဖြေ- များတယ်။ တော်တော်ကိုများတယ်။ စုစုပေါင်း (၈)ရွာရှိမယ်။ နောက်ထပ်သတင်းကြားရတဲ့ ရွာ(၂) ရွာနဲ့ဆိုရင် အကုန်လုံးပေါင်း (၁၀)ရွာလောက်ရှိတယ်။ အဲဒါတွေက ရန်ကုန်-ပြည်ကားလမ်းအရှေ့ဘက်ခြမ်း မှာရှိတဲ့ရွာတွေပေါ့။ အခုက တစ်ဝက်လောက်တော့ ပြန်ရောက်လာပြီပေါ့ဗျာ။ အရင်တိုက်ပွဲဖြစ်တုန်းက မရှိဘူး။ နောက်ပြီး ရှေ့ရက်ကဖြစ်တုန်းကလည်း ပြန် ထွက်ကြရတယ်။ အုပ်ချုပ်ရေးမှူးတွေလည်း ကြောက်ပြီး မြို့မှာသွားနေကြရတယ်။
မေး-ရှေ့ရက်ကလည်း မင်းလှမြို့နယ်ထဲက ရန် ကုန်-ပြည်ကားလမ်းမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တော့ သွားလာရေးအဆင်ပြေကြရဲ့လားခင်ဗျ။
ဖြေ-အဆင်မပြေဘူးဗျ။ တောကနေတက်လာလို့ ပေ(၁၀ဝ)လမ်းမဖြစ်တဲ့ တာလေးတာဆုံမှာဆိုရင် တပ်ကစစ်တယ်။ စစ်ကွင်းတာဆုံမှာလည်း စစ်ဆေး တာတွေရှိပါတယ်။
မေး-အခုလိုဖြစ်နေတော့ ဒေသခံတွေရဲ့စားဝတ်နေ ရေးမှာကော ဒေသခံတွေ ဘယ်လိုအခက်အခဲတွေရင် ဆိုင်နေရလဲ။
ဖြေ- စားဝတ်နေရေးကတော့ လက်ရှိအလုပ်လေး တွေနဲ့ဖြေရှင်းရတယ်။ ဒါပေမဲ့ PDF တွေနဲ့ရောထွေး ပြီးတော့ သူခိုးတွေတော့များလာတယ်။ လက်လုပ် လက်စားသမားတွေက အဲဒီလိုတွေဖြစ်ကုန်တယ်။ တော်တော်များများက ရွာဘက်တွေမှာမရှိကြတော့ ဘူး။
မေး-မရှိကြတော့ ဘယ်ဘက်ကိုပြောင်းသွားကြတာ လဲ။
ဖြေ-အများစုကတော့ မင်းလှကိုရွှေ့ကြတယ်။ စစ်ကွင်းလည်းရွှေ့ကြတယ်။ နေရာအနှံ့ပေါ့။ သာယာ ဝတီလည်းရောက်ကုန်ကြတယ်။ သိပ်မရှိကြတော့ဘူး။ ဦးတိုကညင်ဘက်မှာလူတွေပြန်စုပြီးနေကြတယ်။ ဦးတိုဗမာဘက်မှာလည်း တစ်ဝက်လောက်ပြန်ရောက် ကြတယ်။ ပထမရက်တုန်းကဆိုရင် ရွာဘက်တွေမှာ လူတွေမရှိကြတော့ဘူး။ အများဆုံးရှိမှ တစ်ရွာကို (၇)ယောက်၊ (၈)ယောက်ပဲ အများဆုံးရှိကြတာ။ အဲဒါ လည်း အရဲစွန့်နေကြသူတွေပေါ့။ နောက်ပြီး ကျန်ခဲ့ ပြီး ပတ်ခိုးနေတဲ့ကောင်တွေကလည်းရှိတယ်။
မေး-မင်းလှက အရင်က တော်တော်ကို အေးချမ်းတဲ့ ဒေသပေါ့နော်။ စိုက်ပျိုးရေးလည်းကောင်းတဲ့ဒေသပေါ့။ လက်ရှိကော စိုက်ပျိုးရေးလုပ်ကိုင်ဖို့အတွက် အဆင်ပြေကြရဲ့လား။
ဖြေ- စိုက်ကြပါတယ်။ အခုစိုက်ရင် ဘယ်လိုစိုက်ရ လဲဆိုတော့ အပြေးအလွှားစိုက်နေကြရတာ ကပျာ ကသီနဲ့။ စိုက်ရင်လည်း အပြေးအလွှားသွားစိုက်ရ တယ်။ ရိတ်ရင်လည်း အဲဒီလိုပဲရိတ်ကြရတယ်။ ရိတ်ပြီးပြန်ပြေးကြရတယ်။
မေး-ဟိုတလောက ဖုန်းတာဝါတိုင်တွေဖျက်ဆီးခံရ တယ်လို့ ကြားမိတယ်။ အခု ဆက်သွယ်ရေးလိုင်းတွေ ကော ကောင်းကြလား။
ဖြေ-အခုတော့ကောင်းပါတယ်။ အရင်ကတော့ ကျွဲ လမ်းစုရွာမှာ Mytel တာဝါတိုင်ရှိတယ်။ အဲဒီတာ ဝါတိုင်ကိုဖျက်ပစ်လိုက်ကြတယ်ဗျာ။ အဲဒီတုန်းက ဖျက်တာက တာဝါတိုင်အလုံးကမပျောက်ဘူး။ အပေါ် ကစက်ပစ္စည်းတွေကိုဖြုတ်ပြီးတော့ အောက်ကိုပစ်ချ တာ။ အဲဒါက ပထမ ရှမ်းတောလေးတိုက်ပွဲမှာဖြစ်တာ။ အဲဒီတုန်းတည်းကဖြစ်တာ အခုအထိ တာဝါတိုင်ကိစ္စ နဲ့ပတ်သက်ပြီး ဘာသံမှမကြားသေးဘူး။ အဲဒီလို လုပ်တာကလည်း ရွာထဲက PDF တွေနဲ့ပူးပေါင်းနေတဲ့လူတွေအသိဆုံးဖြစ်မှာပေါ့။ သူတို့လက်ထဲမှာ လက်နက်တောင်ရှိမလားမသိဘူး။ မရှိရင်တောင် တစ်ဝက်လောက်ကရှိတယ်။ အဲဒီမှာ PDF စခန်းကို တချို့က ဆိုင်ကယ်နဲ့သွားတယ်။ တချို့က စက်ဘီး နဲ့တောင်သွားကြတယ်လို့ပြောကြတယ်။ အမှန်က တော့ မင်းလှမြို့နယ်အရှေ့ဘက်ခြမ်းက ပြန့်နေတာ ပေါ့။ ပြန့်တာတော့ပြန့်နေပေမ.့် ပြောရမယ်ဆိုရင် သံ လေးလမ်းကနေအရှေ့ကိုပေါ့။ အဲဒီလမ်းကြောင်းက အမြင့်မားဆုံးပဲ။ လက်ပံတန်းကနေတက်တဲ့လမ်းက နေဆိုရင် ထန်းပင်ချောင်တို့မှာဆိုရင် နံပါတ်(၁)ဖြစ် ထားတဲ့နေရာဆိုတော့ ပြန်ပြန်လာကြတယ်။ အဲဒီက နေ ရန်ကုန်-ပြည်လမ်းမတစ်ကြောက အမြင့်ဆုံးလို့ ပြောလို့ရတယ်။ အဲဒီမှာ ရွာတွေမှာချက်ပြုတ်စားကြ တယ်။ ရွာထဲက သူတို့ကို ထောက်ပို့လုပ်နေတဲ့လူတွေ ကလည်း PDF ကို တစ်ခါပို့ရင် ပုဇဉ်း(ထော်လာဂျီ)တစ်စီးပို့တယ်။ စားကုန်သောက်ကုန်အကုန်လုံးကို ပို့တာ။
မေး-တစ်ခါပို့ရင် အချိန်ဘယ်လောက်ခြားပို့တာလဲ။
ဖြေ- အဲဒါတော့ တိတိကျကျမသိဘူး။ အပို့အယူက မင်းလှမြို့နယ်မှာ (၅)ယောက်ရှိတယ်။ PDF တွေ ဆင်းလာရင် ရွာတွေမှာ နေရေး၊ ထိုင်ရေး၊ စားသောက် ရေးက ရွာတွေမှာ သူတို့နဲ့ ဆက်သွယ်နေတဲ့ လူ(၁၁)ယောက်ရှိတယ်ကြားတယ်။ သူတို့က အကုန်စီစဉ် ပေးရတယ်။
မေး-ပညာရေးနဲ့ပတ်သက်ပြီး အရင်က ခြိမ်းခြောက် ခံရတာတွေရှိတယ်ကြားတယ်။ အခုကော ဘယ်လို အခြေအနေရှိလဲ။
ဖြေ-အခုနောက်ပိုင်းတော့ပြန်ဖွင့်တယ်။ အရင်တစ် နှစ်လောက်ကတော့ မဖွင့်နိုင်ဘူး။ မကြာခင်ကပဲ ရွာ တွေကို အတိအကျလှမ်းမေးကြည့်ပါတယ်။ အားလုံး စိုးရိမ်မှုနဲ့ပဲနေရပြီး ကျောင်းလုံးဝမဖွင့်ရဘူးလို့ ပြောပါ တယ်။ တက်နေတဲ့ကျောင်းသားတွေက ဘေးနယ်က ကျောင်းတွေမှာပဲ တက်ရတယ်လို့ပြောပါတယ်။ အရင်ကဆိုရင် သူတို့က စာသင်ကျောင်းတွေမှာနေ တယ်။ ဟိုနေရာ (၅)ယောက်၊ ဒီနေရာ (၁၀)ယောက် နဲ့နေကြတယ်။ အရင်ကဆိုရင် နေ့ခင်းကြောင်တောင် ကြီးဝင်ပစ်တာတွေရှိခဲ့တယ်။ ပစ်တဲ့အထဲမှာ မိန်းမ တွေပါပါတယ်။ အဲဒါနဲ့ နောက်ပိုင်း ညောင်ပင်သာ ရွာဘက်ကိုလာပြီး သူတို့လာတာ ရွာသားတွေကို ပြန် မပြောနဲ့ပေါ့။ ပြောရင် ပါးစပ်ပေါက်ပိတ်ပေးလို့ပြော သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်တွေက တော်တော်ကိုခက်ခဲတယ်။ ပိုဆိုးတာက သူတို့နဲ့နီးစပ် တဲ့လူတွေက သူတို့မသင်္ကာတဲ့လူတွေဆိုရင် လက် ညှိုးထိုးမယ့်သဘောရှိတယ်။ အဲဒီတော့ တော်တော် များများကတော့ ရှောင်နေကြတာများတယ်။ ဒီကောင် တွေကလုပ်မှာပဲ။ ဟိုးအရင်တည်းက ဒီဘက်ကို PDF မပြန့်ကြဲခင်တည်းက PDF နဲ့ဆက်သွယ်တဲ့ ကံ့ကော်ပင်က အုပ်ချုပ်ရေးမှူးတစ်ယောက်ရှိတယ်။ မောင်းနိုင်ဆိုတဲ့လူ။ သူ့ကို တပ်ကဖမ်းသွားတယ်။ အဲဒီ လူက သူ့ခမည်းနဲ့နေတာ။
မေး - မင်းလှက အခုနောက်ပိုင်း ပိုအခြေအနေဆိုး လာတယ်လို့ ပြောလို့ရလား။
ဖြေ - အရင်ကထက်စာရင် တော်တော်ကြီးကိုကွာ ခြားသွားတာပေါ့။ အခုဆို မသွားရဲမလာရဲတော့ဘူး လေ။ အရင်ကဆိုရင် ရွာထဲမှာ သေနတ်လွယ်ပြီးသွား နေတာ။ တစ်ခါတလေ ကရင်အင်္ကျီတွေနဲ့။ တစ်ခါလာ ရင် (၇)ယောက် (၈)ယောက်။
မေး - အခုအခြေအနေတွေဖြစ်နေတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကော ရှိသေးလား။
ဖြေ - မရှိတော့ဘူးလေ။ အခု ကံ့ကော်ပင်ကတစ် ယောက်နဲ့ ဦးတိုကညင်ပင်က တစ်ယောက်ပဲရှိတော့ မယ်။ သူတို့ကလည်း အိမ်မှာမနေရဲဘူး။ မင်းလှမြို့ ပေါ်မှာသွားနေရတယ်။ မင်းလှမြို့နယ်က အုပ်ချုပ် ရေးမှူးရုံးမှာနေကြရတယ်။ အုပ်ချုပ်ရေးမှူးတွေက ခဏခဏအသတ်ခံရတယ်။ များတာက ဗိုလ်တစ် ထောင်နဲ့ ကံ့ကော်ပင်ရွာကြားထဲတင် အုပ်ချုပ်ရေးမှူး (၃) ယောက်သေသွားတယ်။ ဘယ်လိုသတ်မှန်းတော့ မသိဘူး။
မေး-အခုလိုတွေဖြစ်နေတော့ ဒေသခံပြည်သူတွေက ဘယ်လိုနေထိုင်နေကြရလဲ။
ဖြေ- အကုန်လုံးကြောက်လန့်နေကြရတာပေါ့။ ဘယ် လိုမှကိုမလုံခြုံဘူး။ စားရေးသောက်ရေးကလည်း အခက်အခဲဖြစ်။ အိပ်ဖို့နေဖို့ကလည်း ဘယ်အချိန်ဝင် သတ်မလဲဆိုတာက လူတိုင်း ခေါင်းထဲမှာပြည့်နေတာ ဆိုးတယ်။ PDF က အဝင်အထွက်ကများလာတော့ သူတို့ကို ပြုံးမပြတာတို့၊ သူတို့ခိုင်းတာမလိုက်လျောတာတို့ဆိုလက်ညှိုးထိုးတဲ့အထဲပါသွားတာပေါ့။ တစ်ခါတလေ ကျောကို သေနတ်ပိုးပြီးသွားလာနေကြ တာ။ မင်းလှမြို့ပေါ်က ငြိမ်းချမ်းပါတယ်။ ကျေးရွာ ဘက်တွေမှာဆိုးနေတာ။ တာလေးအရှေ့ဘက်ကနေ ပြီးတော့ အထက်မှာဆိုးတယ်။ နောက်ပြီး စစ်ကွင်း တာဆုံဖြတ်လမ်းမှာလည်း ဆိုးတယ်။
မေး - မင်းလှမြို့နယ်ထဲမှာ အရင်က တိုက်ပွဲတွေဖြစ် သွားခဲ့တာရှိတော့ ဒေသခံတွေအနေနဲ့ လက်ရှိအခက် အခဲကာလတွေ ဖြတ်သန်းနေရချိန်မှာ ဘာတွေ တောင်းဆိုချင်လဲ။
ဖြေ- ကျွန်တော်တို့ကတော့ အကုန်လုံး ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ဖြစ်သွားရင် ပြီးပြီပေါ့ဗျာ။ အခုကတော့ အကောင်း ဆုံးဖြစ်ဖို့မျှော်လင့်ပေမယ်လို့ ရှင်းသင့်တာကိုရှင်းနိုင် မှဖြစ်မှာ ရှင်းသင့်တာမရှင်းနိုင်ရင်တော့ ဖြစ်နေဦးမှာပဲ။
မေး-မင်းလှမြို့နယ်ထဲက PDF တွေက အရင်က သစ်တွေထုတ်ကြတယ်လို့ပြောတယ်။ အခုကော ဘာ တွေလုပ်နေကြလဲ။
ဖြေ-အဲဒီလုပ်ငန်းကတော့ ပြတ်သွားတာကြာပြီဗျ။ အဲဒီအချိန်ကပြတ်သွားတယ်ဆိုတာက ဘန့်ဘွေး ကုန်းအရှေ့ဘက်မှာ တိုက်ပွဲဖြစ်တည်းက အဲဒီအလုပ် တွေပြတ်သွားကြတာ။ လွန်ခဲ့တဲ့ (၃)နှစ်လောက် တည်းကပေါ့။ အဲဒီတုန်းက တိုက်ပွဲကြားမှာပဲ လုပ်နေ ကြသေးတယ်။ အဲဒီနောက်ပိုင်းမှသာ မလုပ်ကြတော့ တာ။
မေး-တိုက်ပွဲအပေါ် ဒေသခံတွေဘယ်လိုသဘော ထားလဲ။
ဖြေ-တောဘက်ကလူတွေကတော့ မပြန်ရဲတော့ဘူး။ အခုဖြစ်နေတဲ့နေရာတွေက PDF တွေအကုန်ခို အောင်းတဲ့နေရာတွေပေါ့။ ရန်ကုန်-ပြည်ကားလမ်းနဲ့ ရိုးမရဲ့ကြားထဲမှာပေါ့။ အဲဒီကနေ လက်ပံတန်း၊ မင်း လှ၊ ကြို့ပင်ကောက် အကုန်လုံးပဲ။ တစ်ကြောလုံးမ ကောင်းတာ။ PDF တွေကလည်း နာမည်သာခွဲထား တာတစ်ဖွဲ့တည်းပဲ။ တပ်ဘက်ကလည်းမဖမ်းနိုင်ကြ ဘူး။ ဘယ်သူတွေ ဘာဆိုတာ ပြည်သူတွေကလည်း သတင်းပေးကြတယ်။ နာမည်ကျော်တွေကိုပေါ့။ အဲဒါ ကြောင့် ဒေသခံတွေကတော့ အကုန်လုံးကိုရှင်းစေ ချင်တာ။ အကုန်လုံးကိုရအောင်ဖော်ထုတ်ပြီး ဖမ်းပေါ့။ အခုဆိုရင် အလှူမင်္ဂလာဆောင်လုပ်မယ့်လူတွေ တောင်မှပဲ အရိပ်အခြည်ကြည့် စိတ်ပူနေရတာပဲ။ အလှူရက်၊ မင်္ဂလာဆောင်ရက်မှာပဲ ဖြစ်နေမလားပေါ့။ ရန်ကုန်-ပြည်ကားလမ်းမှာဖြစ်တုန်းကလည်း ဖြစ်တာ ကတစ်နာရီလောက်ပဲ။ အဲဒါကို ကားတွေရပ်ထားရတာ အများကြီးပဲနဲ့ ကြာဦးမှာဆိုပြီး လိုင်းပေါ်မှာတင်ကြ တာပေါ့။ အဲဒီလိုမျိုးတွေဖြစ်နေတာ။ အခု ပြည်သူ တွေက အနီတွေနဲ့အစိမ်းတွေက ပုံမှန်ပါပဲ။ အကြမ်း ဖက်မဟုတ်တဲ့လူမှန်သမျှကတော့ ပုံမှန်ပဲပြန်ဖြစ်နေ ကြတာပေါ့လေ။ အကြမ်းဖက်တွေကသာပဲ သူတို့ကို ထောက်ခံတဲ့လူတွေ အများကြီးလို့ပြောနေတာ။ ပြည် သူတွေကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သူတို့ကို စိတ်တောင်မဝင်စားတော့ဘူး။
မေး-နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြီးပြော ချင်လဲခင်ဗျ။
ဖြေ-ပြောချင်တာကတော့ PDF နဲ့ဆက်သွယ်နေတဲ့ လူတွေကို အရင်လိုက်ပြီး သူတို့ကိုစစ်ပြီး ဘယ်နေ ရာမှာရှိလဲဆိုတာသိပြီး ရှင်းနိုင်ရင်တော့ အဆင်ပြေ မယ်။ အခုအတိုင်းဆိုရင်တော့ အဆင်မပြေဘူး။
ကျေးဇူးတင်ပါတယ်။

Zawgyi Version:
အျမင္မတူ " ဒလန္" ေခါင္းစဥ္ေအာက္ အသက္ေပ်ာက္ႏိုင္သည့္ ေအာက္မင္းလွေဒသခံမ်ားဘဝ
(ေဒသအေျခအေန အင္တာဗ်ဴး)
သန္႔ဇင္ (NP News) - ဇန္နဝါရီလ ၂၉
ပဲခူးတိုင္းေဒသႀကီးအေနာက္ျခမ္း သာယာဝတီ ခ႐ိုင္အတြင္းရွိ မင္းလွၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ကစတင္ကာ PDF အဖြဲ႕မ်ား၏တိုက္ပြဲေဖာ္ေဆာင္မႈမ်ားေၾကာင့္ ေဒသခံမ်ားစြာ အခက္အခဲႀကဳံေတြ႕ ခဲ့ရသည္။ တိုက္ပြဲမ်ားသည္ ရန္ကုန္-ျပည္ ကားလမ္းႏွင့္ ယင္းကားလမ္း၏အေရွ႕ဘက္ ပဲခူး႐ိုးမမွ ေျခ ဆင္းေက်း႐ြာမ်ားဘက္တြင္ အမ်ားစုျဖစ္ပြားေလ့ရွိသည့္အတြက္ ေဒသခံမ်ားစြာသည္လည္း ေနရပ္စြန႔္ခြာ ေနခဲ့ရသည္မွာ (၁)ႏွစ္ေက်ာ္ (၂)ႏွစ္ဝန္းက်င္အထိပင္ ေရာက္ရွိလာခဲ့ေၾကာင္းသိရသည္။ အဆိုပါအ ေျခအေနမ်ားအတြင္း PDF မ်ားက ေဒသခံမ်ားကို " ဒလန္ " ေခါင္းစဥ္ေအာက္တြင္ သြတ္သြင္းသတ္ျဖတ္ မႈမ်ားလည္း မ်ားစြာရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ PDF အဖြဲ႕မ်ားက မင္းလွၿမိဳ႕နယ္အတြင္းသို႔ ရံဖန္ရံခါ တိုက္ပြဲမ်ားေဖာ္ေဆာင္ေလ့ရွိရာ ယင္းတိုက္ပြဲမ်ားအၾကား က်ပ္တည္းလာခဲ့သည့္ေက်း႐ြာမ်ား မ်ားစြာရွိ ေနေၾကာင္းသိရသည္။ ထို႔ေၾကာင့္ မင္းလွၿမိဳ႕နယ္အတြင္းရွိေဒသခံမ်ား၏ အခက္အခဲအက်ပ္အ တည္းမ်ားႏွင့္ပတ္သက္၍ ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - မင္းလွၿမိဳ႕က အရင္က ဘယ္လိုၿမိဳ႕လဲခင္ဗ်။
ေျဖ - မင္းလွက အရင္က ေအးေအးေဆးေဆးပါပဲ။ (၂၀၂၁)ခုႏွစ္ျဖစ္စဥ္ေတြမတိုင္ခင္က ကြၽန္မလည္း ေအးေအးေဆးေဆးပဲေက်ာင္းသြားေနတာပဲ။ အဲဒီ တုန္းက ဘယ္အခ်ိန္ပဲသြားသြား တရားဥပေဒစိုးမိုး တယ္။ အခုေနာက္ပိုင္းက်မွ အကုန္လုံး ဒုကၡေရာက္ သြားၾကတာ။ ၿမိဳ႕ေပၚမွာသာမျဖစ္တာ။ ၿမိဳ႕နဲ႔အနီးတစ္ ဝိုက္ကေလးတင္ PPP ပါတီဝင္ ၿမိဳ႕နယ္ဥကၠ႒ကိုပစ္ သြားတာေလ။ အဲဒါက ၿမိဳ႕အထြက္ေလးမွာပဲျဖစ္သြား တာေလ။ ဘာမွမလုံၿခဳံေတာ့ဘူး။
ေမး - (၂၀၂၁)ခုႏွစ္တုန္းက ႏိုင္ငံေရးအေျပာင္းအလဲ မွာ မင္းလွၿမိဳ႕နယ္ထဲကအေျခအေနအေၾကာင္းလည္း ရွင္းျပေပးဦး။
ေျဖ - စျဖစ္တုန္းကေတာ့ ဝန္ထမ္းေတြ ဌာနေတြေျပာင္း ၾကရတယ္။ CDM ေတြဆိုရင္လည္း လုပ္ခ်င္တဲ့လူ ေရာ၊ မလုပ္ခ်င္တဲ့လူေရာ ေၾကာက္လို႔လုပ္ၾကရတာ။ သူငယ္ခ်င္းေတြလည္းေျပာၾကတယ္။ ငါတို႔က လုပ္ ခ်င္လို႔မဟုတ္ဘူး။ ဟိုဘက္ကလူေတြကို ေၾကာက္ လို႔ေပါ့။ သူတို႔ဆႏၵျပတဲ့အခ်ိန္ မလုပ္တဲ့လူေတြကို ေစာင္းၿပီးေျပာတဲ့အခ်ိန္ေပါ့။ ေနာက္က်ေတာ့ ဘာျဖစ္ လာလဲဆိုေတာ့ (၂၀၂၃)မွာ ပညာေရးမႉးတစ္ေယာက္ ကို အုပ္ဖိုမွာပစ္သတ္လိုက္တယ္။ ပစ္သတ္ရင္းကေန ပထမေတာ့ မစေသးဘူး။ အဲဒီမွာ Messager ကေန အေကာင့္တုေတြနဲ႔ နမူနာၾကည့္ထားဆိုၿပီးၿခိမ္းေျခာက္ ၾကတာ။ အဲဒီေလာက္ျဖစ္မယ္လို႔မထင္ဘဲနဲ႔ ကြၽန္မတို႔ ကလည္းျပန္ေျပာတာေပါ့။ က်န္တဲ့လူေတြကေတာ့ CDM ကိုအားနာပါးနာနဲ႔လုပ္ထားၾကသူေတြေပါ့။ အဲဒီမွာပဲ ကြၽန္မကိုၿငိဳးတာေပါ့။ က်န္တဲ့လူေတြကိုေတာ့ စပစ္တာေပါ့။ အဲဒီမွာပဲ ကနဦး (၁၈)ေယာက္ေလာက္ အပစ္ခံတယ္။ ကြၽန္မေျပာင္းတဲ့အထိ (၁၈) ေယာက္ ျဖစ္သြားၿပီ။ အုပ္ခ်ဳပ္ေရးမႉး(၁၇)ေယာက္ေပါ့။ ေနာက္ၿပီး PPP ပါတီကတစ္ေယာက္ေပါ့။ အခုဆိုရင္ (၂၀)ေလာက္ျဖစ္သြားၿပီ။
ေမး - မင္းလွက စီးပြားေရးနဲ႔ပတ္သက္ၿပီး ဘယ္လို စီးပြားေရးလုပ္ၾကလဲ။
ေျဖ - စီးပြားေရးကေတာ့ ႀကဳံရာလုပ္ၾကပါတယ္။ စိုက္ပ်ိဳးေရးကိုလုပ္ၾကတယ္။ စပါးနဲ႔မတ္ပဲ စိုက္ၾက တယ္။ သခြားတို႔ဘာတို႔လည္း စိုက္ၾကတယ္။ တျခား သီးႏွံေတြစိုက္တဲ့လူေတြလည္း ရွိေတာ့ရွိၾကတယ္။
ေမး - လက္ရွိစီးပြားေရးေတြေကာ အဆင္ေျပၾကလား။
ေျဖ - အရင္ကေတာ့ အဆင္ေျပပါတယ္။ အခုေတာ့ သိပ္အဆင္မေျပဘူး။ မေျပဘူးဆိုတာက ကြၽန္ေတာ္ တို႔ကို တပ္ဘက္ကလည္းမယုံေတာ့ဘူးေလ။ မယုံ ေတာ့ ပစၥည္းအဝင္အထြက္ကိုတင္းၾကပ္ထားတယ္။ ဆန္ဆိုရင္ အိတ္ဝက္ေလာက္ပဲသယ္လို႔ရတယ္။ ဆီ ဆိုရင္လည္း (၅၀)က်ပ္သား၊ (၆၀)က်ပ္သားနဲ႔ တစ္ ပိႆာေတာ့ သယ္လို႔မရဘူးထင္တယ္။ သယ္လို႔မရ ဘူးဆိုတာက PDF ေတြအတြက္ျဖစ္မွာစိုးလို႔ေန မယ္။ အဲဒီလိုဆိုေတာ့ ကိုယ့္အေၾကာင္းနဲ႔ကိုယ္သြားရင္ ေတာ့အဆင္ေျပာတာေပါ့။ ဆိုင္ကယ္မရွိ၊ စက္ဘီးမရွိ တဲ့လူဆိုရင္ေတာ့ အခက္အခဲျဖစ္မွာေပါ့။
ေမး-မင္းလွၿမိဳ႕နယ္က ႏိုင္ငံေရးျဖစ္စဥ္မတိုင္ခင္က အေျခအေနနဲ႔ လက္ရွိအေျခအေန ဘာေတြကြာျခား ခ်က္ေတြရွိေနလဲဆိုတာ ရွင္းျပေပးပါဦး။
ေျဖ-ကြာျခားမႈကေတာ့ ဟိုဘက္နဲ႔ဒီဘက္အရႈပ္အ ရွင္းမွာ ေနမႈထိုင္မႈက အခက္အခဲေတြမ်ားတယ္။ ဒီ ဘက္က အေရွ႕ကအေျခအေနေၾကာင့္ အေနာက္ ဘက္ကလည္းလာေစာင့္တယ္။ အဲဒီအခ်ိန္မွာPDF ကေတာ့ လစ္ရင္လစ္သလိုဝင္တာပဲ။ ဝင္တဲ့အခါမွာ ႐ြာခံကေတာ့ မေနရဲဘူးေပါ့။ ဝင္လာရင္လည္း ဒီ ေကာင္ေတြက လူ ခဏခဏသတ္သြားတယ္။ အဲဒီ လိုမ်ိဳး သူတို႔အဆင္မေျပတဲ့လူဆိုရင္ ဆြဲသတ္ပစ္ လိုက္တယ္။ တခ်ိဳ႕႐ြာေတြမွာဆိုရင္ PDF ေတြ အ မ်ားႀကီးရွိတယ္။ ကြၽန္ေတာ္ ေနာက္ထပ္သတင္းၾကား တာက စစ္ကြင္းတာဆုံနဲ႔ပတ္သက္တဲ့ကိစၥက ဘီလူးမ ေရတြင္းနဲ႔ေညာင္ပင္သာကိုေတာင္ မသကၤာျဖစ္လာ တဲ့ကိစၥေတြျဖစ္လာတယ္။ သို႔ေသာ္ ကြၽန္ေတာ့္အျမင္ နဲ႔ေျပာရရင္ ကြၽဲလမ္းစု႐ြာကဆိုးတာ။ အဲဒီဘက္ေတြဆို ရင္ PDF ေတြမ်ားတယ္။ လက္နက္ကိုင္မထားတာ တစ္ခုပဲ။
ေမး-အဲဒီလိုေတြျဖစ္ေနေတာ့ ေဒသခံေတြက ဘယ္ လိုေနထိုင္ေနၾကရလဲ။
ေျဖ-ေဘးက်ပ္နံက်ပ္ျဖစ္ေနတာေပါ့။ ေနာက္ဆုံးက် ေတာ့ ဒီဘက္(တပ္)စိတ္မခ်လို႔ သြားေစာင့္ေတာ့ အ ကုန္လုံး စားေရးေသာက္ေရးကလည္း အခက္အခဲ ေတြျဖစ္ကုန္တာေပါ့။ တပ္ဘက္ကေစာင့္လို႔ရွိရင္ PDF ေတြက ဆင္းရင္ဆင္းလာတယ္။ ျပန္ရင္လည္း ျပန္တယ္။ သူတို႔နဲ႔နီးတဲ့လူေတြကေတာ့ ႐ြာမွာက်န္ တယ္။ အဲဒီလို႐ြာေပါင္းက အမ်ားႀကီးရွိတယ္။ စစ္ ကြင္းနဲ႔မင္းလွၾကားမွာ တာေလးတာဆုံရွိတယ္။ တာ ေလးတာဆုံရဲ႕အေရွ႕ဘက္ကိုသြားရင္ အခု ဇန္နဝါရီ လ (၂၅)ရက္အတြက္ သတင္းၾကားခဲ့တဲ့ေနရာ။ အဲဒီ မွာဘုန္းႀကီးေက်ာင္းရွိတယ္။ အဲဒီ႐ြာကေန အေရွ႕ ဘက္ေတာက္ေလွ်ာက္ မေကာင္းဘူး။ အဲဒီကေန ေက်ာ္ၿပီးေတာ့ ငမိုးရိပ္တို႔ဘက္ဆိုတာက သိပ္မ ေကာင္းဘူး။ ဒီဘက္က နယ္ေျမရွင္းလင္းၿပီးၿပီ။ အခု လာဆိုးေနတာက ကြၽဲလမ္းစုထိပ္က ဗိုလ္တစ္ေထာင္ ရွိတယ္။ အဲဒီမွာ သက္ကယ္ကုန္း႐ြာနဲ႔ လမ္းဆုံရွိတယ္။ တစ္ခါတစ္ခါ အဲဒီမွာ PDF လာေစာင့္ေနတာရွိတယ္။ အဲဒီလိုဆိုေတာ့ ႐ြာဘက္ေတြက မေနရဲၾကဘူး။ ေျပး ၾကရတယ္။ သူတို႔က ႐ြာထဲကို ေသနတ္ႀကီးေဘး လြယ္ဝင္လာၿပီး သတ္သြားျပန္တယ္။ သတ္သြားရင္ လည္းအမည္မေပၚဘူး။ အဲဒီမွာ သူတို႔နဲ႔နီးစပ္တဲ့႐ြာ ကလူေတြကလည္း သူတို႔နဲ႔သြားၿပီး ေသာက္ဝိုင္းစားဝိုင္းေတြလုပ္ၾကတယ္။ အဲဒီေတာ့ ပိုေၾကာက္ေနၾကရ တယ္။ ကြၽန္ေတာ္ၾကားထားတဲ့ အခ်က္အလက္ေတြအ ရဆိုရင္ လာမယ့္ ဇန္နဝါရီလ (၂၅)ရက္မွာ ဦးတိုဗမာ စုေနလဘုန္းႀကီးေက်ာင္းမွာရွိတဲ့တပ္ကို ဝင္တိုက္ မယ္လို႔ေတာင္သတင္းၾကားေနတယ္ ေ႐ြးေကာက္ပြဲ ေန႔မွာ။ ပထမတစ္ႀကိမ္ျဖစ္ထားတာက စစ္ကြင္းတာ ဆုံမွာျဖစ္တဲ့တိုက္ပြဲတုန္းကလည္း က်င္းေတြတူးဖို႔ ႐ြာ သားေတြကိုေခၚတယ္လို႔ၾကားဖူးတယ္။
ေမး - အခု ပဋိပကၡအေျခအေနၾကားထဲမွာဆိုေတာ့ မင္းလွၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကေန ေနရပ္စြန႔္ခြာ ေနရတဲ့လူေတြရွိလား။ လူဦးေရဘယ္ေလာက္ရွိလဲ။
ေျဖ- မ်ားတယ္။ ေတာ္ေတာ္ကိုမ်ားတယ္။ စုစုေပါင္း (၈)႐ြာရွိမယ္။ ေနာက္ထပ္သတင္းၾကားရတဲ့ ႐ြာ(၂) ႐ြာနဲ႔ဆိုရင္ အကုန္လုံးေပါင္း (၁၀)႐ြာေလာက္ရွိတယ္။ အဲဒါေတြက ရန္ကုန္-ျပည္ကားလမ္းအေရွ႕ဘက္ျခမ္း မွာရွိတဲ့႐ြာေတြေပါ့။ အခုက တစ္ဝက္ေလာက္ေတာ့ ျပန္ေရာက္လာၿပီေပါ့ဗ်ာ။ အရင္တိုက္ပြဲျဖစ္တုန္းက မရွိဘူး။ ေနာက္ၿပီး ေရွ႕ရက္ကျဖစ္တုန္းကလည္း ျပန္ ထြက္ၾကရတယ္။ အုပ္ခ်ဳပ္ေရးမႉးေတြလည္း ေၾကာက္ၿပီး ၿမိဳ႕မွာသြားေနၾကရတယ္။
ေမး-ေရွ႕ရက္ကလည္း မင္းလွၿမိဳ႕နယ္ထဲက ရန္ ကုန္-ျပည္ကားလမ္းမွာလည္း တိုက္ပြဲေတြျဖစ္ခဲ့ေတာ့ သြားလာေရးအဆင္ေျပၾကရဲ႕လားခင္ဗ်။
ေျဖ-အဆင္မေျပဘူးဗ်။ ေတာကေနတက္လာလို႔ ေပ(၁၀ဝ)လမ္းမျဖစ္တဲ့ တာေလးတာဆုံမွာဆိုရင္ တပ္ကစစ္တယ္။ စစ္ကြင္းတာဆုံမွာလည္း စစ္ေဆး တာေတြရွိပါတယ္။
ေမး-အခုလိုျဖစ္ေနေတာ့ ေဒသခံေတြရဲ႕စားဝတ္ေန ေရးမွာေကာ ေဒသခံေတြ ဘယ္လိုအခက္အခဲေတြရင္ ဆိုင္ေနရလဲ။
ေျဖ- စားဝတ္ေနေရးကေတာ့ လက္ရွိအလုပ္ေလး ေတြနဲ႔ေျဖရွင္းရတယ္။ ဒါေပမဲ့ PDF ေတြနဲ႔ေရာေထြး ၿပီးေတာ့ သူခိုးေတြေတာ့မ်ားလာတယ္။ လက္လုပ္ လက္စားသမားေတြက အဲဒီလိုေတြျဖစ္ကုန္တယ္။ ေတာ္ေတာ္မ်ားမ်ားက ႐ြာဘက္ေတြမွာမရွိၾကေတာ့ ဘူး။
ေမး-မရွိၾကေတာ့ ဘယ္ဘက္ကိုေျပာင္းသြားၾကတာ လဲ။
ေျဖ-အမ်ားစုကေတာ့ မင္းလွကိုေ႐ႊ႕ၾကတယ္။ စစ္ကြင္းလည္းေ႐ႊ႕ၾကတယ္။ ေနရာအႏွံ႔ေပါ့။ သာယာ ဝတီလည္းေရာက္ကုန္ၾကတယ္။ သိပ္မရွိၾကေတာ့ဘူး။ ဦးတိုကညင္ဘက္မွာလူေတြျပန္စုၿပီးေနၾကတယ္။ ဦးတိုဗမာဘက္မွာလည္း တစ္ဝက္ေလာက္ျပန္ေရာက္ ၾကတယ္။ ပထမရက္တုန္းကဆိုရင္ ႐ြာဘက္ေတြမွာ လူေတြမရွိၾကေတာ့ဘူး။ အမ်ားဆုံးရွိမွ တစ္႐ြာကို (၇)ေယာက္၊ (၈)ေယာက္ပဲ အမ်ားဆုံးရွိၾကတာ။ အဲဒါ လည္း အရဲစြန႔္ေနၾကသူေတြေပါ့။ ေနာက္ၿပီး က်န္ခဲ့ ၿပီး ပတ္ခိုးေနတဲ့ေကာင္ေတြကလည္းရွိတယ္။
ေမး-မင္းလွက အရင္က ေတာ္ေတာ္ကို ေအးခ်မ္းတဲ့ ေဒသေပါ့ေနာ္။ စိုက္ပ်ိဳးေရးလည္းေကာင္းတဲ့ေဒသေပါ့။ လက္ရွိေကာ စိုက္ပ်ိဳးေရးလုပ္ကိုင္ဖို႔အတြက္ အဆင္ေျပၾကရဲ႕လား။
ေျဖ- စိုက္ၾကပါတယ္။ အခုစိုက္ရင္ ဘယ္လိုစိုက္ရ လဲဆိုေတာ့ အေျပးအလႊားစိုက္ေနၾကရတာ ကပ်ာ ကသီနဲ႔။ စိုက္ရင္လည္း အေျပးအလႊားသြားစိုက္ရ တယ္။ ရိတ္ရင္လည္း အဲဒီလိုပဲရိတ္ၾကရတယ္။ ရိတ္ၿပီးျပန္ေျပးၾကရတယ္။
ေမး-ဟိုတေလာက ဖုန္းတာဝါတိုင္ေတြဖ်က္ဆီးခံရ တယ္လို႔ ၾကားမိတယ္။ အခု ဆက္သြယ္ေရးလိုင္းေတြ ေကာ ေကာင္းၾကလား။
ေျဖ-အခုေတာ့ေကာင္းပါတယ္။ အရင္ကေတာ့ ကြၽဲ လမ္းစု႐ြာမွာ Mytel တာဝါတိုင္ရွိတယ္။ အဲဒီတာ ဝါတိုင္ကိုဖ်က္ပစ္လိုက္ၾကတယ္ဗ်ာ။ အဲဒီတုန္းက ဖ်က္တာက တာဝါတိုင္အလုံးကမေပ်ာက္ဘူး။ အေပၚ ကစက္ပစၥည္းေတြကိုျဖဳတ္ၿပီးေတာ့ ေအာက္ကိုပစ္ခ် တာ။ အဲဒါက ပထမ ရွမ္းေတာေလးတိုက္ပြဲမွာျဖစ္တာ။ အဲဒီတုန္းတည္းကျဖစ္တာ အခုအထိ တာဝါတိုင္ကိစၥ နဲ႔ပတ္သက္ၿပီး ဘာသံမွမၾကားေသးဘူး။ အဲဒီလို လုပ္တာကလည္း ႐ြာထဲက PDF ေတြနဲ႔ပူးေပါင္းေနတဲ့လူေတြအသိဆုံးျဖစ္မွာေပါ့။ သူတို႔လက္ထဲမွာ လက္နက္ေတာင္ရွိမလားမသိဘူး။ မရွိရင္ေတာင္ တစ္ဝက္ေလာက္ကရွိတယ္။ အဲဒီမွာ PDF စခန္းကို တခ်ိဳ႕က ဆိုင္ကယ္နဲ႔သြားတယ္။ တခ်ိဳ႕က စက္ဘီး နဲ႔ေတာင္သြားၾကတယ္လို႔ေျပာၾကတယ္။ အမွန္က ေတာ့ မင္းလွၿမိဳ႕နယ္အေရွ႕ဘက္ျခမ္းက ျပန႔္ေနတာ ေပါ့။ ျပန႔္တာေတာ့ျပန႔္ေနေပမ.့္ ေျပာရမယ္ဆိုရင္ သံ ေလးလမ္းကေနအေရွ႕ကိုေပါ့။ အဲဒီလမ္းေၾကာင္းက အျမင့္မားဆုံးပဲ။ လက္ပံတန္းကေနတက္တဲ့လမ္းက ေနဆိုရင္ ထန္းပင္ေခ်ာင္တို႔မွာဆိုရင္ နံပါတ္(၁)ျဖစ္ ထားတဲ့ေနရာဆိုေတာ့ ျပန္ျပန္လာၾကတယ္။ အဲဒီက ေန ရန္ကုန္-ျပည္လမ္းမတစ္ေၾကာက အျမင့္ဆုံးလို႔ ေျပာလို႔ရတယ္။ အဲဒီမွာ ႐ြာေတြမွာခ်က္ျပဳတ္စားၾက တယ္။ ႐ြာထဲက သူတို႔ကို ေထာက္ပို႔လုပ္ေနတဲ့လူေတြ ကလည္း PDF ကို တစ္ခါပို႔ရင္ ပုဇဥ္း(ေထာ္လာဂ်ီ)တစ္စီးပို႔တယ္။ စားကုန္ေသာက္ကုန္အကုန္လုံးကို ပို႔တာ။
ေမး-တစ္ခါပို႔ရင္ အခ်ိန္ဘယ္ေလာက္ျခားပို႔တာလဲ။
ေျဖ- အဲဒါေတာ့ တိတိက်က်မသိဘူး။ အပို႔အယူက မင္းလွၿမိဳ႕နယ္မွာ (၅)ေယာက္ရွိတယ္။ PDF ေတြ ဆင္းလာရင္ ႐ြာေတြမွာ ေနေရး၊ ထိုင္ေရး၊ စားေသာက္ ေရးက ႐ြာေတြမွာ သူတို႔နဲ႔ ဆက္သြယ္ေနတဲ့ လူ(၁၁)ေယာက္ရွိတယ္ၾကားတယ္။ သူတို႔က အကုန္စီစဥ္ ေပးရတယ္။
ေမး-ပညာေရးနဲ႔ပတ္သက္ၿပီး အရင္က ၿခိမ္းေျခာက္ ခံရတာေတြရွိတယ္ၾကားတယ္။ အခုေကာ ဘယ္လို အေျခအေနရွိလဲ။
ေျဖ-အခုေနာက္ပိုင္းေတာ့ျပန္ဖြင့္တယ္။ အရင္တစ္ ႏွစ္ေလာက္ကေတာ့ မဖြင့္ႏိုင္ဘူး။ မၾကာခင္ကပဲ ႐ြာ ေတြကို အတိအက်လွမ္းေမးၾကည့္ပါတယ္။ အားလုံး စိုးရိမ္မႈနဲ႔ပဲေနရၿပီး ေက်ာင္းလုံးဝမဖြင့္ရဘူးလို႔ ေျပာပါ တယ္။ တက္ေနတဲ့ေက်ာင္းသားေတြက ေဘးနယ္က ေက်ာင္းေတြမွာပဲ တက္ရတယ္လို႔ေျပာပါတယ္။ အရင္ကဆိုရင္ သူတို႔က စာသင္ေက်ာင္းေတြမွာေန တယ္။ ဟိုေနရာ (၅)ေယာက္၊ ဒီေနရာ (၁၀)ေယာက္ နဲ႔ေနၾကတယ္။ အရင္ကဆိုရင္ ေန႔ခင္းေၾကာင္ေတာင္ ႀကီးဝင္ပစ္တာေတြရွိခဲ့တယ္။ ပစ္တဲ့အထဲမွာ မိန္းမ ေတြပါပါတယ္။ အဲဒါနဲ႔ ေနာက္ပိုင္း ေညာင္ပင္သာ ႐ြာဘက္ကိုလာၿပီး သူတို႔လာတာ ႐ြာသားေတြကို ျပန္ မေျပာနဲ႔ေပါ့။ ေျပာရင္ ပါးစပ္ေပါက္ပိတ္ေပးလို႔ေျပာ သြားတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ဘက္ေတြက ေတာ္ေတာ္ကိုခက္ခဲတယ္။ ပိုဆိုးတာက သူတို႔နဲ႔နီးစပ္ တဲ့လူေတြက သူတို႔မသကၤာတဲ့လူေတြဆိုရင္ လက္ ညႇိဳးထိုးမယ့္သေဘာရွိတယ္။ အဲဒီေတာ့ ေတာ္ေတာ္ မ်ားမ်ားကေတာ့ ေရွာင္ေနၾကတာမ်ားတယ္။ ဒီေကာင္ ေတြကလုပ္မွာပဲ။ ဟိုးအရင္တည္းက ဒီဘက္ကို PDF မျပန႔္ႀကဲခင္တည္းက PDF နဲ႔ဆက္သြယ္တဲ့ ကံ့ေကာ္ပင္က အုပ္ခ်ဳပ္ေရးမႉးတစ္ေယာက္ရွိတယ္။ ေမာင္းႏိုင္ဆိုတဲ့လူ။ သူ႔ကို တပ္ကဖမ္းသြားတယ္။ အဲဒီ လူက သူ႔ခမည္းနဲ႔ေနတာ။
ေမး - မင္းလွက အခုေနာက္ပိုင္း ပိုအေျခအေနဆိုး လာတယ္လို႔ ေျပာလို႔ရလား။
ေျဖ - အရင္ကထက္စာရင္ ေတာ္ေတာ္ႀကီးကိုကြာ ျခားသြားတာေပါ့။ အခုဆို မသြားရဲမလာရဲေတာ့ဘူး ေလ။ အရင္ကဆိုရင္ ႐ြာထဲမွာ ေသနတ္လြယ္ၿပီးသြား ေနတာ။ တစ္ခါတေလ ကရင္အက်ႌေတြနဲ႔။ တစ္ခါလာ ရင္ (၇)ေယာက္ (၈)ေယာက္။
ေမး - အခုအေျခအေနေတြျဖစ္ေနေတာ့ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြေကာ ရွိေသးလား။
ေျဖ - မရွိေတာ့ဘူးေလ။ အခု ကံ့ေကာ္ပင္ကတစ္ ေယာက္နဲ႔ ဦးတိုကညင္ပင္က တစ္ေယာက္ပဲရွိေတာ့ မယ္။ သူတို႔ကလည္း အိမ္မွာမေနရဲဘူး။ မင္းလွၿမိဳ႕ ေပၚမွာသြားေနရတယ္။ မင္းလွၿမိဳ႕နယ္က အုပ္ခ်ဳပ္ ေရးမႉး႐ုံးမွာေနၾကရတယ္။ အုပ္ခ်ဳပ္ေရးမႉးေတြက ခဏခဏအသတ္ခံရတယ္။ မ်ားတာက ဗိုလ္တစ္ ေထာင္နဲ႔ ကံ့ေကာ္ပင္႐ြာၾကားထဲတင္ အုပ္ခ်ဳပ္ေရးမႉး (၃) ေယာက္ေသသြားတယ္။ ဘယ္လိုသတ္မွန္းေတာ့ မသိဘူး။
ေမး-အခုလိုေတြျဖစ္ေနေတာ့ ေဒသခံျပည္သူေတြက ဘယ္လိုေနထိုင္ေနၾကရလဲ။
ေျဖ- အကုန္လုံးေၾကာက္လန႔္ေနၾကရတာေပါ့။ ဘယ္ လိုမွကိုမလုံၿခဳံဘူး။ စားေရးေသာက္ေရးကလည္း အခက္အခဲျဖစ္။ အိပ္ဖို႔ေနဖို႔ကလည္း ဘယ္အခ်ိန္ဝင္ သတ္မလဲဆိုတာက လူတိုင္း ေခါင္းထဲမွာျပည့္ေနတာ ဆိုးတယ္။ PDF က အဝင္အထြက္ကမ်ားလာေတာ့ သူတို႔ကို ၿပဳံးမျပတာတို႔၊ သူတို႔ခိုင္းတာမလိုက္ေလ်ာတာတို႔ဆိုလက္ညႇိဳးထိုးတဲ့အထဲပါသြားတာေပါ့။ တစ္ခါတေလ ေက်ာကို ေသနတ္ပိုးၿပီးသြားလာေနၾက တာ။ မင္းလွၿမိဳ႕ေပၚက ၿငိမ္းခ်မ္းပါတယ္။ ေက်း႐ြာ ဘက္ေတြမွာဆိုးေနတာ။ တာေလးအေရွ႕ဘက္ကေန ၿပီးေတာ့ အထက္မွာဆိုးတယ္။ ေနာက္ၿပီး စစ္ကြင္း တာဆုံျဖတ္လမ္းမွာလည္း ဆိုးတယ္။
ေမး - မင္းလွၿမိဳ႕နယ္ထဲမွာ အရင္က တိုက္ပြဲေတြျဖစ္ သြားခဲ့တာရွိေတာ့ ေဒသခံေတြအေနနဲ႔ လက္ရွိအခက္ အခဲကာလေတြ ျဖတ္သန္းေနရခ်ိန္မွာ ဘာေတြ ေတာင္းဆိုခ်င္လဲ။
ေျဖ- ကြၽန္ေတာ္တို႔ကေတာ့ အကုန္လုံး ၿငိမ္းၿငိမ္းခ်မ္း ခ်မ္းနဲ႔ျဖစ္သြားရင္ ၿပီးၿပီေပါ့ဗ်ာ။ အခုကေတာ့ အေကာင္း ဆုံးျဖစ္ဖို႔ေမွ်ာ္လင့္ေပမယ္လို႔ ရွင္းသင့္တာကိုရွင္းႏိုင္ မွျဖစ္မွာ ရွင္းသင့္တာမရွင္းႏိုင္ရင္ေတာ့ ျဖစ္ေနဦးမွာပဲ။
ေမး-မင္းလွၿမိဳ႕နယ္ထဲက PDF ေတြက အရင္က သစ္ေတြထုတ္ၾကတယ္လို႔ေျပာတယ္။ အခုေကာ ဘာ ေတြလုပ္ေနၾကလဲ။
ေျဖ-အဲဒီလုပ္ငန္းကေတာ့ ျပတ္သြားတာၾကာၿပီဗ်။ အဲဒီအခ်ိန္ကျပတ္သြားတယ္ဆိုတာက ဘန႔္ေဘြး ကုန္းအေရွ႕ဘက္မွာ တိုက္ပြဲျဖစ္တည္းက အဲဒီအလုပ္ ေတြျပတ္သြားၾကတာ။ လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္ တည္းကေပါ့။ အဲဒီတုန္းက တိုက္ပြဲၾကားမွာပဲ လုပ္ေန ၾကေသးတယ္။ အဲဒီေနာက္ပိုင္းမွသာ မလုပ္ၾကေတာ့ တာ။
ေမး-တိုက္ပြဲအေပၚ ေဒသခံေတြဘယ္လိုသေဘာ ထားလဲ။
ေျဖ-ေတာဘက္ကလူေတြကေတာ့ မျပန္ရဲေတာ့ဘူး။ အခုျဖစ္ေနတဲ့ေနရာေတြက PDF ေတြအကုန္ခို ေအာင္းတဲ့ေနရာေတြေပါ့။ ရန္ကုန္-ျပည္ကားလမ္းနဲ႔ ႐ိုးမရဲ႕ၾကားထဲမွာေပါ့။ အဲဒီကေန လက္ပံတန္း၊ မင္း လွ၊ ႀကိဳ႕ပင္ေကာက္ အကုန္လုံးပဲ။ တစ္ေၾကာလုံးမ ေကာင္းတာ။ PDF ေတြကလည္း နာမည္သာခြဲထား တာတစ္ဖြဲ႕တည္းပဲ။ တပ္ဘက္ကလည္းမဖမ္းႏိုင္ၾက ဘူး။ ဘယ္သူေတြ ဘာဆိုတာ ျပည္သူေတြကလည္း သတင္းေပးၾကတယ္။ နာမည္ေက်ာ္ေတြကိုေပါ့။ အဲဒါ ေၾကာင့္ ေဒသခံေတြကေတာ့ အကုန္လုံးကိုရွင္းေစ ခ်င္တာ။ အကုန္လုံးကိုရေအာင္ေဖာ္ထုတ္ၿပီး ဖမ္းေပါ့။ အခုဆိုရင္ အလႉမဂၤလာေဆာင္လုပ္မယ့္လူေတြ ေတာင္မွပဲ အရိပ္အျခည္ၾကည့္ စိတ္ပူေနရတာပဲ။ အလႉရက္၊ မဂၤလာေဆာင္ရက္မွာပဲ ျဖစ္ေနမလားေပါ့။ ရန္ကုန္-ျပည္ကားလမ္းမွာျဖစ္တုန္းကလည္း ျဖစ္တာ ကတစ္နာရီေလာက္ပဲ။ အဲဒါကို ကားေတြရပ္ထားရတာ အမ်ားႀကီးပဲနဲ႔ ၾကာဦးမွာဆိုၿပီး လိုင္းေပၚမွာတင္ၾက တာေပါ့။ အဲဒီလိုမ်ိဳးေတြျဖစ္ေနတာ။ အခု ျပည္သူ ေတြက အနီေတြနဲ႔အစိမ္းေတြက ပုံမွန္ပါပဲ။ အၾကမ္း ဖက္မဟုတ္တဲ့လူမွန္သမွ်ကေတာ့ ပုံမွန္ပဲျပန္ျဖစ္ေန ၾကတာေပါ့ေလ။ အၾကမ္းဖက္ေတြကသာပဲ သူတို႔ကို ေထာက္ခံတဲ့လူေတြ အမ်ားႀကီးလို႔ေျပာေနတာ။ ျပည္ သူေတြကေတာ့ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး သူတို႔ကို စိတ္ေတာင္မဝင္စားေတာ့ဘူး။
ေမး-ေနာက္ဆုံးအေနနဲ႔ ဘာမ်ားျဖည့္စြက္ၿပီးေျပာ ခ်င္လဲခင္ဗ်။
ေျဖ-ေျပာခ်င္တာကေတာ့ PDF နဲ႔ဆက္သြယ္ေနတဲ့ လူေတြကို အရင္လိုက္ၿပီး သူတို႔ကိုစစ္ၿပီး ဘယ္ေန ရာမွာရွိလဲဆိုတာသိၿပီး ရွင္းႏိုင္ရင္ေတာ့ အဆင္ေျပ မယ္။ အခုအတိုင္းဆိုရင္ေတာ့ အဆင္မေျပဘူး။
ေက်းဇူးတင္ပါတယ္။