နျူကလီးယားအစီအစဉ်တွေရဲ့ နောက်ထပ်အဆင့်ကို မကြာခင်ထုတ်ပြန်ပြသသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော

 98

Pika (NP News)- ဇန်နဝါရီ ၂၉
လာမယ့်အာဏာရပါတီအစည်းအဝေးအတွင်းမှာ မြောက်ကိုရီးယားနျူကလီးယားတပ်ဖွဲ့တွေကို အားကောင်းအောင်လုပ်ဆောင်မယ့် အစီအစဉ်တွေကို ထုတ်ပြန်ပြသသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်က ရန်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာကျရှုံးမှုတွေကို ယူဆောင်လာပေးမယ့် အရာတစ်ခုဖြစ်တယ်လို့ ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုထပ်မံထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ အာဏာရအလုပ်သမားပါတီရဲ့ ညီလာခံကို လာမည့်သီတင်းပတ်တွေအတွင်း ကျင်းပဖို့မျှော်လင့်ထားပြီး (၅)နှစ်အတွင်း ပထမဆုံးအကြိမ်လုပ်ဆောင်မယ့် အစည်းအဝေးဖြစ်တယ်လို့လည်း သိရပါတယ်။ကင်ဂျုံအန်းက”မြောက်ကိုရီးယားရဲ့ နျူကလီးယားစစ်ပွဲအတားအဆီးကို ပိုမိုအားကောင်းလာအောင်လုပ်ဖို့အတွက် နောက်ထပ်အစီအစဉ်တွေကို မကြာခင်ရက်ပိုင်းအတွင်း ထုတ်ပြန်ပြသသွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။မြောက်ကိုရီးယားအစိုးရဟာ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ဇန်နဝါရီလ(၂၇)ရက်နေ့မှာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
န်ဴကလီးယားအစီအစဥ္ေတြရဲ႕ ေနာက္ထပ္အဆင့္ကို မၾကာခင္ထုတ္ျပန္ျပသသြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
Pika (NP News)- ဇန္နဝါရီ ၂၉
လာမယ့္အာဏာရပါတီအစည္းအေဝးအတြင္းမွာ ေျမာက္ကိုရီးယားန်ဴကလီးယားတပ္ဖြဲ႕ေတြကို အားေကာင္းေအာင္လုပ္ေဆာင္မယ့္ အစီအစဥ္ေတြကို ထုတ္ျပန္ျပသသြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ေျမာက္ကိုရီးယားက စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ ပဲ့ထိန္းဒုံးက်ည္က ရန္သူေတြအတြက္ စိတ္ပိုင္းဆိုင္ရာက်ရႈံးမႈေတြကို ယူေဆာင္လာေပးမယ့္ အရာတစ္ခုျဖစ္တယ္လို႔ ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုထပ္မံထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ေျမာက္ကိုရီးယားရဲ႕ အာဏာရအလုပ္သမားပါတီရဲ႕ ညီလာခံကို လာမည့္သီတင္းပတ္ေတြအတြင္း က်င္းပဖို႔ေမွ်ာ္လင့္ထားၿပီး (၅)ႏွစ္အတြင္း ပထမဆုံးအႀကိမ္လုပ္ေဆာင္မယ့္ အစည္းအေဝးျဖစ္တယ္လို႔လည္း သိရပါတယ္။ကင္ဂ်ဳံအန္းက”ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားစစ္ပြဲအတားအဆီးကို ပိုမိုအားေကာင္းလာေအာင္လုပ္ဖို႔အတြက္ ေနာက္ထပ္အစီအစဥ္ေတြကို မၾကာခင္ရက္ပိုင္းအတြင္း ထုတ္ျပန္ျပသသြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ေျမာက္ကိုရီးယားအစိုးရဟာ ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈကို ဇန္နဝါရီလ(၂၇)ရက္ေန႔မွာလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ကင္ဂ်ဳံအန္းကိုယ္တိုင္ႀကီးၾကပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.