ရန်ကုန် - ပုသိမ်လမ်းကို ဧပြီမတိုင်မီ လုံးဝချောမွေ့စေရန် ပြင်ဆင်ဆောင်ရွက်မည်ဟုဆို

111

Pearl (NP News) - ဇန်နဝါရီလ ၂၉
ရန်ကုန် - ပုသိမ်လမ်းကို ဧပြီမတိုင်မီ လုံးဝချောမွေ့စေရန် ပြင်ဆင်ဆောင်ရွက်မည်ဖြစ် ကြောင်း ဧရာဝတီတိုင်းလမ်းဦးစီးဌာန ညွှန်ကြားရေး မှူး ဦးရန်နိုင်ဇော်ထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များ အရ သိရသည်။
ရန်ကုန် - ပုသိမ် အဝေးပြေးကားလမ်းမ ကြီးသည် ရန်ကုန်မှ ပုသိမ်အထိ တိုက်ရိုက် (၁၁၃)မိုင် (၂)ဖာလုံ ရှည်လျားပြီး အဆိုပါ လမ်းပိုင်း၊ ဗိုလ် မြတ်ထွန်းတံတားအဆင်းမှ ပန်းတနော် မြို့အကြား (၃) မိုင်တွင် ကွန်ကရစ်ခင်းရန်အတွက် BOD စနစ်ဖြင့်ကုမ္မဏီတစ်ခုက တာဝန်ယူဆောင်ရွက်နေ ကြောင်း သိရသည်။
ထို့ပြင် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏လမ်းညွှန်ချက်အရ ပန်းတ နော်မြို့နှင့် ကျောင်းကုန်းမြို့အကြား (၆)မိုင်ခန့်တွင် ပေ (၃၀) အကျယ် ကွန်ကရစ်ခင်းရန် ပြင်ဆင် နေကြောင်း သိရသည်။
" အဲဒီလုပ်ငန်းကတော့ လက်ရှိကာလမှာ စတင်ဆောင်ရွက်နေပြီ။ မြေသားချဲ့တာတွေ၊ ပြီးတော့ ကတ္တရာလမ်းနားကို ကွန်ကရစ်နဲ့ချဲ့တဲ့ လုပ်ငန်းတွေ လည်းဆောင်ရွက်နေပြီ။ ကွန်ကရစ်နဲ့ချဲ့တဲ့ လုပ်ငန်း ဆိုလည်း မိုင်တိုင် (၅၉)လိုက်မှာဆိုရင် တစ်ခြမ်း (၃)ဖာလုံလောက် ဆောင်ရွက်ပြီးနေပြီ။ တောက်လျှောက် လည်း ဆောင်ရွက်မှာပေါ့။ မြေသားတာဘောင်ချဲ့တဲ့ လုပ်ငန်းတွေ၊ အောက်ခံမြေသားညှိတဲ့လုပ်ငန်းတွေလည်း (၆)မိုင်အတွင်းမှာ တောက်လျှောက် စက် ယန္တရားတွေနဲ့တော့ အရှိန်အဟုန်နဲ့ လုပ်နေတာပါ။ ဒါကိုတော့ ဒီမတ်လအကုန်တော့ (၆)မိုင် ၊ ပေ (၃၀)အကျယ် ကွန်ကရစ်လမ်းဖြစ်အောင် ဆောင်ရွက်နေ ပါတယ်"ဟု ဦးရန်နိုင်ဇော်က ပြောသည်။
အလားတူ ရန်ကုန်-ပုသိမ်လမ်း၊ ကျောင်း ကုန်းမြို့နှင့်၊ ကံကလေးကြား လမ်းပိုင်းတွင် ကတ္တရာ ထပ်ပိုးလွှာခင်းသည့် လုပ်ငန်း၊ ကံကလေးနှင့် ဒါးကကြားတွင် လမ်းမြှင့်တင်ခြင်း၊ လမ်းပခုံးသား ဘောင်ချဲ့ခြင်းလုပ်ငန်း၊ ဒါးကနှင့် ပုသိမ်ကြားတွင် ကတ္တရာထပ်ပိုး လွှာခင်းခြင်း၊ တာဘောင်ချဲ့ခြင်းများကို အပိုင်းလိုက် ဆောင်ရွက်နေကြောင်းလည်းသိရသည်။
" ကျောင်းကုန်း နဲ့ ကံကလေးနဲ့ကြားမှာ လည်း ကတ္တရာထပ်ပိုးလွှာခင်းတဲ့လုပ်ငန်းတွေ လုပ် နေတာတွေ့ရမှာပါ။ အပိုင်းလိုက်လုပ်နေတာ။ အဲဒါ တွေကလည်း ကံကလေးကနေ ဒါးကကြားထဲမှာဆို လည်း (၃)နေရာလောက် မူလ (၁၈)ပေရှိတဲ့နေရာ တွေကို (၂၄)ပေရှိအောင် ချဲ့နေတာတွေရှိတာပေါ့။ အဲဒါတွေကတော့ ဖေဖော်ဝါရီ လကုန်လောက်မှာ ပြီး အောင် ဆောင်ရွက်သွားဖို့ စီမံဆောင်ရွက်နေတယ်။ ဒါးကကျော်ပြီးသွားရင် ပုသိမ်ရောက်ခါနီး ကတ္တရာ ထပ်ပိုးလွှာ ထပ်ခင်းတယ်။ တာဘောင်ချဲ့တာတွေက ရာနှုန်းပြည့်ပြီးစီးနေပါပြီ။ မိုင်တိုင်(၁၀၂)၊ (၁၀၃) လောက်မှာ ဆောင်ရွက်ထားတာ။ မိုင်တိုင် (၁၀၅) လောက်မှာလည်း ပေ(၃၀) အကျယ် ကွန်ကရစ် ခင်း တဲ့လုပ်ငန်း (၃)ဖာလုံဆောင်ရွက်နေတယ်။ အပိုင်း လိုက် အပိုင်းလိုက်အဖွဲ့တွေနဲ့ အင်နဲ့အားနဲ့တော့ ဆောင်ရွက်နေပါတယ်" ဟု ပြောသည်။
အဆိုပါ ရန်ကုန် - ပုသိမ်လမ်းကို ပြုပြင်၊ ထိန်းသိမ်း၊ တိုးချဲ့ခြင်းများကို ပြည်ထောင်စု ဘတ် ဂျက်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး လာမည့် ဧပြီ မတိုင်ခင်ချော့မွေ့စေရန် အရှိန်အဟုန်ဖြင့်ဆောင် ရွက်နေကြောင်း သိရသည်။ " ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ခြင်းမရှိတဲ့အပိုင်းတွေမှာလည်း အနိမ့်အ မြင့်၊ အတိမ်းအစောင်းတွေကို ဖြည့်တဲ့လုပ်ငန်းတွေ၊ ထိန်းသိမ်းရေးလုပ်ငန်းတွေတော့ ဆောင်ရွက်နေပါ တယ်။ ဘာပဲဖြစ်ဖြစ်တော့ အထက်ကအကြီးအကဲ တွေရဲ့ လမ်းညွှန်ချက်နဲ့အညီ မတ်လမကုန်ခင်၊ သင်္ကြန်ခရီးသွားလာတာတွေ၊ ရန်ကုန် - ပုသိမ်လမ်း ကို လုံးဝချောမွေ့သွားအောင်ဆောင်ရွက်ဖို့တော့ ရည် မှန်းချက်ထားဆောင်ရွက်နေတယ်။ ဘတ်ဂျက်က တော့ ပြည်ထောင်စု ဘတ်ဂျက်ပါ" ဟုပြောသည်။

Zawgyi Version:
ရန္ကုန္ - ပုသိမ္လမ္းကို ဧၿပီမတိုင္မီ လုံးဝေခ်ာေမြ႕ေစရန္ ျပင္ဆင္ေဆာင္႐ြက္မည္ဟုဆို
Pearl (NP News) - ဇန္နဝါရီလ ၂၉
ရန္ကုန္ - ပုသိမ္လမ္းကို ဧၿပီမတိုင္မီ လုံးဝေခ်ာေမြ႕ေစရန္ ျပင္ဆင္ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ဧရာဝတီတိုင္းလမ္းဦးစီးဌာန ၫႊန္ၾကားေရး မႉး ဦးရန္ႏိုင္ေဇာ္ထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ား အရ သိရသည္။
ရန္ကုန္ - ပုသိမ္ အေဝးေျပးကားလမ္းမ ႀကီးသည္ ရန္ကုန္မွ ပုသိမ္အထိ တိုက္႐ိုက္ (၁၁၃)မိုင္ (၂)ဖာလုံ ရွည္လ်ားၿပီး အဆိုပါ လမ္းပိုင္း၊ ဗိုလ္ ျမတ္ထြန္းတံတားအဆင္းမွ ပန္းတေနာ္ ၿမိဳ႕အၾကား (၃) မိုင္တြင္ ကြန္ကရစ္ခင္းရန္အတြက္ BOD စနစ္ျဖင့္ကုမၼဏီတစ္ခုက တာဝန္ယူေဆာင္႐ြက္ေန ေၾကာင္း သိရသည္။
ထို႔ျပင္ ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္ မႉးႀကီးမင္းေအာင္လႈိင္၏လမ္းၫႊန္ခ်က္အရ ပန္းတ ေနာ္ၿမိဳ႕ႏွင့္ ေက်ာင္းကုန္းၿမိဳ႕အၾကား (၆)မိုင္ခန႔္တြင္ ေပ (၃၀) အက်ယ္ ကြန္ကရစ္ခင္းရန္ ျပင္ဆင္ ေနေၾကာင္း သိရသည္။
" အဲဒီလုပ္ငန္းကေတာ့ လက္ရွိကာလမွာ စတင္ေဆာင္႐ြက္ေနၿပီ။ ေျမသားခ်ဲ႕တာေတြ၊ ၿပီးေတာ့ ကတၱရာလမ္းနားကို ကြန္ကရစ္နဲ႔ခ်ဲ႕တဲ့ လုပ္ငန္းေတြ လည္းေဆာင္႐ြက္ေနၿပီ။ ကြန္ကရစ္နဲ႔ခ်ဲ႕တဲ့ လုပ္ငန္း ဆိုလည္း မိုင္တိုင္ (၅၉)လိုက္မွာဆိုရင္ တစ္ျခမ္း (၃)ဖာလုံေလာက္ ေဆာင္႐ြက္ၿပီးေနၿပီ။ ေတာက္ေလွ်ာက္ လည္း ေဆာင္႐ြက္မွာေပါ့။ ေျမသားတာေဘာင္ခ်ဲ႕တဲ့ လုပ္ငန္းေတြ၊ ေအာက္ခံေျမသားညႇိတဲ့လုပ္ငန္းေတြလည္း (၆)မိုင္အတြင္းမွာ ေတာက္ေလွ်ာက္ စက္ ယႏၲရားေတြနဲ႔ေတာ့ အရွိန္အဟုန္နဲ႔ လုပ္ေနတာပါ။ ဒါကိုေတာ့ ဒီမတ္လအကုန္ေတာ့ (၆)မိုင္ ၊ ေပ (၃၀)အက်ယ္ ကြန္ကရစ္လမ္းျဖစ္ေအာင္ ေဆာင္႐ြက္ေန ပါတယ္"ဟု ဦးရန္ႏိုင္ေဇာ္က ေျပာသည္။
အလားတူ ရန္ကုန္-ပုသိမ္လမ္း၊ ေက်ာင္း ကုန္းၿမိဳ႕ႏွင့္၊ ကံကေလးၾကား လမ္းပိုင္းတြင္ ကတၱရာ ထပ္ပိုးလႊာခင္းသည့္ လုပ္ငန္း၊ ကံကေလးႏွင့္ ဒါးကၾကားတြင္ လမ္းျမႇင့္တင္ျခင္း၊ လမ္းပခုံးသား ေဘာင္ခ်ဲ႕ျခင္းလုပ္ငန္း၊ ဒါးကႏွင့္ ပုသိမ္ၾကားတြင္ ကတၱရာထပ္ပိုး လႊာခင္းျခင္း၊ တာေဘာင္ခ်ဲ႕ျခင္းမ်ားကို အပိုင္းလိုက္ ေဆာင္႐ြက္ေနေၾကာင္းလည္းသိရသည္။
" ေက်ာင္းကုန္း နဲ႔ ကံကေလးနဲ႔ၾကားမွာ လည္း ကတၱရာထပ္ပိုးလႊာခင္းတဲ့လုပ္ငန္းေတြ လုပ္ ေနတာေတြ႕ရမွာပါ။ အပိုင္းလိုက္လုပ္ေနတာ။ အဲဒါ ေတြကလည္း ကံကေလးကေန ဒါးကၾကားထဲမွာဆို လည္း (၃)ေနရာေလာက္ မူလ (၁၈)ေပရွိတဲ့ေနရာ ေတြကို (၂၄)ေပရွိေအာင္ ခ်ဲ႕ေနတာေတြရွိတာေပါ့။ အဲဒါေတြကေတာ့ ေဖေဖာ္ဝါရီ လကုန္ေလာက္မွာ ၿပီး ေအာင္ ေဆာင္႐ြက္သြားဖို႔ စီမံေဆာင္႐ြက္ေနတယ္။ ဒါးကေက်ာ္ၿပီးသြားရင္ ပုသိမ္ေရာက္ခါနီး ကတၱရာ ထပ္ပိုးလႊာ ထပ္ခင္းတယ္။ တာေဘာင္ခ်ဲ႕တာေတြက ရာႏႈန္းျပည့္ၿပီးစီးေနပါၿပီ။ မိုင္တိုင္(၁၀၂)၊ (၁၀၃) ေလာက္မွာ ေဆာင္႐ြက္ထားတာ။ မိုင္တိုင္ (၁၀၅) ေလာက္မွာလည္း ေပ(၃၀) အက်ယ္ ကြန္ကရစ္ ခင္း တဲ့လုပ္ငန္း (၃)ဖာလုံေဆာင္႐ြက္ေနတယ္။ အပိုင္း လိုက္ အပိုင္းလိုက္အဖြဲ႕ေတြနဲ႔ အင္နဲ႔အားနဲ႔ေတာ့ ေဆာင္႐ြက္ေနပါတယ္" ဟု ေျပာသည္။
အဆိုပါ ရန္ကုန္ - ပုသိမ္လမ္းကို ျပဳျပင္၊ ထိန္းသိမ္း၊ တိုးခ်ဲ႕ျခင္းမ်ားကို ျပည္ေထာင္စု ဘတ္ ဂ်က္ျဖင့္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး လာမည့္ ဧၿပီ မတိုင္ခင္ေခ်ာ့ေမြ႕ေစရန္ အရွိန္အဟုန္ျဖင့္ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။ " ထပ္ပိုးလႊာခင္းျခင္း ေဆာင္႐ြက္ျခင္းမရွိတဲ့အပိုင္းေတြမွာလည္း အနိမ့္အ ျမင့္၊ အတိမ္းအေစာင္းေတြကို ျဖည့္တဲ့လုပ္ငန္းေတြ၊ ထိန္းသိမ္းေရးလုပ္ငန္းေတြေတာ့ ေဆာင္႐ြက္ေနပါ တယ္။ ဘာပဲျဖစ္ျဖစ္ေတာ့ အထက္ကအႀကီးအကဲ ေတြရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ မတ္လမကုန္ခင္၊ သၾကၤန္ခရီးသြားလာတာေတြ၊ ရန္ကုန္ - ပုသိမ္လမ္း ကို လုံးဝေခ်ာေမြ႕သြားေအာင္ေဆာင္႐ြက္ဖို႔ေတာ့ ရည္ မွန္းခ်က္ထားေဆာင္႐ြက္ေနတယ္။ ဘတ္ဂ်က္က ေတာ့ ျပည္ေထာင္စု ဘတ္ဂ်က္ပါ" ဟုေျပာသည္။