အမေရိကန်က အီရန်ကို တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ WSJ ဖော်ပြ

261

Pika (NP News) - ဖေဖော်ဝါရီလ ၄
အလားအလာရှိတဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားဖို့အတွက် အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ဖြန့်ကျက်ချထားဖို့ လိုအပ်နေမှုနဲ့အတူ အမေရိကန်က အီရန်ကိုတိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အမေရိကန်အရာရှိတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်က လေယာဉ်တင်သင်္ဘော USS Abraham Lincoln ဦးဆောင်တဲ့ ကြီးမားတဲ့ရေတပ်အင်အားစုတစ်ခုကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းကိုစေလွှတ်ခဲ့ပြီး နျူကလီးယားသဘောတူညီချက်အသစ်တစ်ခုကို လက်ခံဖို့ အီရန်ကို ဖိအားပေးခဲ့တယ်လို့လည်း သိရပါတယ်။
အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် ဆန္ဒပြသူတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အမေရိကန်နဲ့အီရန်ကြား တင်းမာမှုတွေမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။အီရန်က နောက်ထပ်ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းမှာ ယခုလိုစစ်ဘက်ဆိုင်ရာဖြန့်ကျက်ချထားမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ဂျော်ဒန်၊ ကူဝိတ်၊ ဘာရိန်း၊ ဆော်ဒီအာရေးဗျ၊ ကာတာနဲ့ အခြားနေရာတွေမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေဆီကို ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပြောင်းရွှေ့နေတယ်လို့လည်း အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။
zawgyi version
အေမရိကန္က အီရန္ကို တိုက္ခိုက္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ WSJေဖာ္ျပ
Pika (NP News) - ေဖေဖာ္ဝါရီလ ၄
အလားအလာရွိတဲ့ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ၾကားျဖတ္ဟန႔္တားဖို႔အတြက္ အေရွ႕အလယ္ပိုင္းေဒသမွာ ေနာက္ထပ္ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ျဖန႔္က်က္ခ်ထားဖို႔ လိုအပ္ေနမႈနဲ႔အတူ အေမရိကန္က အီရန္ကိုတိုက္ခိုက္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ အေမရိကန္အရာရွိေတြရဲ႕ ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး Wall Street Journal သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္က ေလယာဥ္တင္သေဘၤာ USS Abraham Lincoln ဦးေဆာင္တဲ့ ႀကီးမားတဲ့ေရတပ္အင္အားစုတစ္ခုကို ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အေရွ႕အလယ္ပိုင္းကိုေစလႊတ္ခဲ့ၿပီး န်ဴကလီးယားသေဘာတူညီခ်က္အသစ္တစ္ခုကို လက္ခံဖို႔ အီရန္ကို ဖိအားေပးခဲ့တယ္လို႔လည္း သိရပါတယ္။
အီရန္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ ဆႏၵျပသူေတြကို ကိုင္တြယ္ေျဖရွင္းပုံနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔အီရန္ၾကား တင္းမာမႈေတြျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။အီရန္က ေနာက္ထပ္ဆႏၵျပသူေတြကို သတ္ျဖတ္ခဲ့မယ္ဆိုရင္ ျပင္းျပင္းထန္ထန္တုံ႔ျပန္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းမွာ ယခုလိုစစ္ဘက္ဆိုင္ရာျဖန႔္က်က္ခ်ထားမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ေဂ်ာ္ဒန္၊ ကူဝိတ္၊ ဘာရိန္း၊ ေဆာ္ဒီအာေရးဗ်၊ ကာတာနဲ႔ အျခားေနရာေတြမွာရွိတဲ့ အေမရိကန္အေျခစိုက္စခန္းေတြဆီကို ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ေျပာင္းေ႐ႊ႕ေနတယ္လို႔လည္း အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။