ပါကစ္စတန်စစ်တပ်ရဲ့ လုံခြုံရေးဆိုင်ရာဖြိုခွင်းမှုကြောင့် သူပုန်အနည်းဆုံး(၁၇၇)ဦးသေဆုံး

 130

Pika (NP News) - ဖေ‌ဖော်ဝါရီလ ၄

ပါကစ္စတန်စစ်တပ်က လုံခြုံရေးဆိုင်ရာဖြိုခွင်းမှုတစ်ခုကို လုပ်ဆောင်ခဲ့တာကြောင့် သူပုန်အနည်းဆုံး(၁၇၇)ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်အနောက်တောင်ပိုင်းမှာရှိတဲ့ ဘလိုချီစတန်ပြည်နယ်က နေရာအများအပြားမှာ ဘလိုချီစတန်လွတ်မြောက်ရေးတပ်မတော်က အကြမ်းဖက်တိုက်ခိုက်မှုများစွာကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုဖြိုခွင်းမှုတွေကို ပါကစ္စတန်စစ်တပ်က လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

ဘလိုချီစတန်လွတ်မြောက်ရေးတပ်မတော်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား(၃၁)ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်(၁၇)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်စစ်တပ်က လုပ်ဆောင်ခဲ့တဲ့စစ်ဆင်ရေးအတွင်း သေဆုံးခဲ့တဲ့သူပုန်အရေအတွက်က ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးကိန်းဂဏန်းတစ်ခုဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနက"လုံခြုံရေးတပ်ဖွဲ့တွေ၊ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေက အကြမ်းဖက်သမားတွေရဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေကို ဟန့်တားနိုင်ခဲ့ပါတယ်။ဒီစစ်ဆင်ရေးအတွင်းမှာ သူပုန်(၁၇၇)ဦးလောက်ကို သတ်ပစ်နိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version

ပါကစၥတန္စစ္တပ္ရဲ႕ လုံၿခဳံေရးဆိုင္ရာၿဖိဳခြင္းမႈေၾကာင့္ သူပုန္အနည္းဆုံး(၁၇၇)ဦးေသဆုံး

Pika (NP News) - ေဖ‌ေဖာ္ဝါရီလ ၄

ပါကစၥတန္စစ္တပ္က လုံၿခဳံေရးဆိုင္ရာၿဖိဳခြင္းမႈတစ္ခုကို လုပ္ေဆာင္ခဲ့တာေၾကာင့္ သူပုန္အနည္းဆုံး(၁၇၇)ဦး ေသဆုံးခဲ့တယ္လို႔ ပါကစၥတန္ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ပါကစၥတန္အေနာက္ေတာင္ပိုင္းမွာရွိတဲ့ ဘလိုခ်ီစတန္ျပည္နယ္က ေနရာအမ်ားအျပားမွာ ဘလိုခ်ီစတန္လြတ္ေျမာက္ေရးတပ္မေတာ္က အၾကမ္းဖက္တိုက္ခိုက္မႈမ်ားစြာကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုၿဖိဳခြင္းမႈေတြကို ပါကစၥတန္စစ္တပ္က လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။

ဘလိုခ်ီစတန္လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ အရပ္သား(၃၁)ဦးနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္(၁၇)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္ကို တုံ႔ျပန္တဲ့အေနနဲ႔ ပါကစၥတန္စစ္တပ္က လုပ္ေဆာင္ခဲ့တဲ့စစ္ဆင္ေရးအတြင္း ေသဆုံးခဲ့တဲ့သူပုန္အေရအတြက္က ဆယ္စုႏွစ္မ်ားစြာအတြင္း အျမင့္ဆုံးကိန္းဂဏန္းတစ္ခုျဖစ္တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

ပါကစၥတန္ျပည္ထဲေရးဝန္ႀကီးဌာနက"လုံၿခဳံေရးတပ္ဖြဲ႕ေတြ၊ရဲတပ္ဖြဲ႕နဲ႔ ေထာက္လွမ္းေရးေအဂ်င္စီေတြရဲ႕ ထိေရာက္တဲ့ပူးေပါင္းေဆာင္႐ြက္မႈေတြက အၾကမ္းဖက္သမားေတြရဲ႕ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြကို ဟန႔္တားႏိုင္ခဲ့ပါတယ္။ဒီစစ္ဆင္ေရးအတြင္းမွာ သူပုန္(၁၇၇)ဦးေလာက္ကို သတ္ပစ္ႏိုင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.