ဗမာကြက် ဈေးကောင်းရနေသောကြောင့် မွေးမြူသူများလာ

 61

ပြည့်ဖြိုး (NP News) - ဖေဖော်ဝါရီ ၄

ပြည်တွင်းမွေးမြူရေးကဏ္ဍအတွင်း ဒေသ ကြက် (ခေါ်) ဗမာကြက် အရှင်အရောင်းဈေးကွက် ကောင်းမွန်လာခြင်းကြောင့် ဗမာကြက်မွေးမြူမှုနှုန်း များလာကြောင်း မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိတွင် ဒေသကြက်(ခေါ်) ဗမာကြက် အရှင်အရောင်းဈေးမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး (၂၀ဝဝဝ)ကျပ်အထိ ဈေးကောင်းပေးဝယ်ယူနေပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သိ ရသည်။ ဗမာကြက်အရောင်းဈေးကွက်အတွင်း တစ်ပိဿာအောက်ကြက်များ ဝယ်လိုအားကောင်းမွန်ပြီး ဈေးကောင်းရရှိနေသော်လည်း တစ်ပိဿာနှင့် အထက်ရှိသော ကြက်များမှာ ဝယ်ယူမှုနည်းပါးပြီးဈေး ရရှိ မှုနည်းကြောင်းသိရသည်။
“ဗမာကြက်က (၅၀)သားတို့ (၆၀) သားတို့ဆို အဝယ်များတယ်။ တစ်ပိဿာမဟုတ်ဘူးနော် (၈၀) နဲ့ (၉၀)သားဆိုရင်တောင် ဝယ်သူက သိပ်မဟုတ်ချင်ဘူး။ ပြီးတော့ တိုက်ပြီးသားကြက်ဆိုရင်လည်း မဝယ်ချင်ဘူး။ ဈေးကောင်းတာမှန်ပေမယ့် မွေးတဲ့သူကလည်း ဉာဏ်လေးနဲ့ယှဉ်မွေးမှ အဆင်ပြေတယ်။ ဈေးကောင်းတော့ မွေးသူများလာပါတယ်” ဟု ဗမာကြက်မွေးမြူရေးလုပ်ကိုင်သူ ကိုမိုးကျော်က ပြော သည်။
ဗမာကြက်ကို မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် မွေးမြူကြသူများရှိသည့်အပြင် စီးပွားဖြစ်မွေးမြူကြသူများလည်းရှိကြောင်းသိရသည်။ ဗမာကြက်ကိုမွေးမြူသူများမှ အသားဈေးကွက် အတွက်ရောင်းချနေသည့်အပြင် အရောင်အဆင်းနှင့် အရည်အသွေးကောင်းသောကြက်မျိုးများကိုမူ အသားဈေးကွက်အတွင်း ရောင်းချခြင်းမရှိဘဲ ကြက် အုပ်ပြတ်ရောင်းချခြင်း၊ တိုက်ကြက်အဖြစ် ရောင်းချ ခြင်းများလုပ်ကိုင်နေကြောင်းသိရသည်။
“အသားဈေးနဲ့ ရောင်းရမယ့်ကြက်လည်း ရှိတယ်။ တချို့ကြက်ကျ ကြက်မျိုးကောင်းတယ်။ တိုက် လို့ရတဲ့ ကက်မျိုးဆိုရင် ဈေးပိုကောင်းတယ်။ သူကျ ပိဿာဈေးမဟုတ်တော့ဘူး။ ကြက်ရဲ့ ခွတ်လက် အပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိတယ်။ သိန်းချီ တန်တဲ့ကြက်တွေရှိတယ်”ဟု စီးပွားဖြစ် ဗမာကြက် မွေး မြူရေးလုပ်ကိုင်သူတစ်ဦးကပြောသည်။
လက်ရှိ ကြက်သားဈေးကွက်အတွင်းတွင် ဗမာကြက်သားတစ်ပိဿာ(အရိုးအသားအရော) (၃၅၀ဝဝ) ကျပ်ပေါက်ဈေးရှိပြီး အသားသီးသန့် တစ်ပိဿာလျှင် ကျပ်(၄၀ဝဝဝ)အထက်ရှိနိုင်ကြောင်း သိရသည်။ ဗမာကြက်ဥဈေးနှုန်းမှာ တစ်လုံးလျှင် (၁၀ဝဝ)ကျပ် အနည်းဆုံးရောင်းချမှုရှိနေပြီး ပစ္စည်းရှား သည့်အတွက် ဝယ်လိုအားကောင်းမွန်နေကြောင်း သိရသည်။
ဗမာကြက်မွေးမြူမှုမှာ စားကျက်အတွက် မြေကွက်အကျယ်ရှိရန်လိုအပ်ပြီး အစာအတွက် ဆန် နှင့်ဆန်ကွဲ၊ စပါး၊ ထမင်းစသည်တို့ကို ကျွေးမွေးနိုင်ကြောင်း ၊ စားကျက်မြေကျယ်ပါက အစာကျွေးသည့် အပိုင်းကို လျှော့ချနိုင်ကြောင်းသိရသည်။

Zawgyi Version:
ဗမာၾကက္ ေဈးေကာင္းရေနေသာေၾကာင့္ ေမြးျမဴသူမ်ားလာ
ျပည့္ၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၄
ျပည္တြင္းေမြးျမဴေရးက႑အတြင္း ေဒသ ၾကက္ (ေခၚ) ဗမာၾကက္ အရွင္အေရာင္းေဈးကြက္ ေကာင္းမြန္လာျခင္းေၾကာင့္ ဗမာၾကက္ေမြးျမဴမႈႏႈန္း မ်ားလာေၾကာင္း ေမြးျမဴေရးလုပ္ကိုင္သူမ်ားထံမွ သိရသည္။
လက္ရွိတြင္ ေဒသၾကက္(ေခၚ) ဗမာၾကက္ အရွင္အေရာင္းေဈးမွာ တစ္ပိႆာလွ်င္ အနိမ့္ဆုံး (၂၀ဝဝဝ)က်ပ္အထိ ေဈးေကာင္းေပးဝယ္ယူေနၿပီး ေနရာေဒသအလိုက္ ေဈးႏႈန္းကြာျခားမႈရွိေၾကာင္း သိ ရသည္။ ဗမာၾကက္အေရာင္းေဈးကြက္အတြင္း တစ္ပိႆာေအာက္ၾကက္မ်ား ဝယ္လိုအားေကာင္းမြန္ၿပီး ေဈးေကာင္းရရွိေနေသာ္လည္း တစ္ပိႆာႏွင့္ အထက္ရွိေသာ ၾကက္မ်ားမွာ ဝယ္ယူမႈနည္းပါးၿပီးေဈး ရရွိ မႈနည္းေၾကာင္းသိရသည္။
“ဗမာၾကက္က (၅၀)သားတို႔ (၆၀) သားတို႔ဆို အဝယ္မ်ားတယ္။ တစ္ပိႆာမဟုတ္ဘူးေနာ္ (၈၀) နဲ႔ (၉၀)သားဆိုရင္ေတာင္ ဝယ္သူက သိပ္မဟုတ္ခ်င္ဘူး။ ၿပီးေတာ့ တိုက္ၿပီးသားၾကက္ဆိုရင္လည္း မဝယ္ခ်င္ဘူး။ ေဈးေကာင္းတာမွန္ေပမယ့္ ေမြးတဲ့သူကလည္း ဉာဏ္ေလးနဲ႔ယွဥ္ေမြးမွ အဆင္ေျပတယ္။ ေဈးေကာင္းေတာ့ ေမြးသူမ်ားလာပါတယ္” ဟု ဗမာၾကက္ေမြးျမဴေရးလုပ္ကိုင္သူ ကိုမိုးေက်ာ္က ေျပာ သည္။
ဗမာၾကက္ကို မိသားစုစားဝတ္ေနေရးအတြက္ တစ္ပိုင္တစ္ႏိုင္ ေမြးျမဴၾကသူမ်ားရွိသည့္အျပင္ စီးပြားျဖစ္ေမြးျမဴၾကသူမ်ားလည္းရွိေၾကာင္းသိရသည္။ ဗမာၾကက္ကိုေမြးျမဴသူမ်ားမွ အသားေဈးကြက္ အတြက္ေရာင္းခ်ေနသည့္အျပင္ အေရာင္အဆင္းႏွင့္ အရည္အေသြးေကာင္းေသာၾကက္မ်ိဳးမ်ားကိုမူ အသားေဈးကြက္အတြင္း ေရာင္းခ်ျခင္းမရွိဘဲ ၾကက္ အုပ္ျပတ္ေရာင္းခ်ျခင္း၊ တိုက္ၾကက္အျဖစ္ ေရာင္းခ် ျခင္းမ်ားလုပ္ကိုင္ေနေၾကာင္းသိရသည္။
“အသားေဈးနဲ႔ ေရာင္းရမယ့္ၾကက္လည္း ရွိတယ္။ တခ်ိဳ႕ၾကက္က် ၾကက္မ်ိဳးေကာင္းတယ္။ တိုက္ လို႔ရတဲ့ ကက္မ်ိဳးဆိုရင္ ေဈးပိုေကာင္းတယ္။ သူက် ပိႆာေဈးမဟုတ္ေတာ့ဘူး။ ၾကက္ရဲ႕ ခြတ္လက္ အေပၚမူတည္ၿပီး ေဈးအမ်ိဳးမ်ိဳးရွိတယ္။ သိန္းခ်ီ တန္တဲ့ၾကက္ေတြရွိတယ္”ဟု စီးပြားျဖစ္ ဗမာၾကက္ ေမြး ျမဴေရးလုပ္ကိုင္သူတစ္ဦးကေျပာသည္။
လက္ရွိ ၾကက္သားေဈးကြက္အတြင္းတြင္ ဗမာၾကက္သားတစ္ပိႆာ(အ႐ိုးအသားအေရာ) (၃၅၀ဝဝ) က်ပ္ေပါက္ေဈးရွိၿပီး အသားသီးသန႔္ တစ္ပိႆာလွ်င္ က်ပ္(၄၀ဝဝဝ)အထက္ရွိႏိုင္ေၾကာင္း သိရသည္။ ဗမာၾကက္ဥေဈးႏႈန္းမွာ တစ္လုံးလွ်င္ (၁၀ဝဝ)က်ပ္ အနည္းဆုံးေရာင္းခ်မႈရွိေနၿပီး ပစၥည္းရွား သည့္အတြက္ ဝယ္လိုအားေကာင္းမြန္ေနေၾကာင္း သိရသည္။
ဗမာၾကက္ေမြးျမဴမႈမွာ စားက်က္အတြက္ ေျမကြက္အက်ယ္ရွိရန္လိုအပ္ၿပီး အစာအတြက္ ဆန္ ႏွင့္ဆန္ကြဲ၊ စပါး၊ ထမင္းစသည္တို႔ကို ေကြၽးေမြးႏိုင္ေၾကာင္း ၊ စားက်က္ေျမက်ယ္ပါက အစာေကြၽးသည့္ အပိုင္းကို ေလွ်ာ့ခ်ႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.