LNG လျှပ်စစ်သုံးမည့် အုပ်စုအတွက် တစ်ယူနစ်လျှင် ငွေကျပ်(၇၀ဝ)မှ (၉၀ဝ)ကြား ပြောင်းလဲကောက်ခံရန်ပြင်ဆင်

117

Pearl (NP News) - ဖေဖော်ဝါရီလ ၄
လာမည့် ဖေဖော်ဝါရီလမှစ၍ LNG လျှပ်စစ်သုံးမည့် စက်ရုံအလုပ်ရုံများ၊ အိမ်ရာစီမံကိန်းများ၊ ကွန်ဒိုများနှင့် ဟော်တယ်လုပ်ငန်းများကို တစ်ယူနစ် လျှင် ငွေကျပ်(၇၀ဝ)မှ (၉၀ဝ) ကြားပြောင်းလဲကောက် ခံမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) နှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
သဘာဝဓာတ်ငွေ့တင်သင်္ဘောကြီး (LNG သင်္ဘော)သည် မဂ္ဂါဝပ်(၅၀ဝ)ခန့်ကို ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ် အားပေးစက်ရုံနှင့် သန်လျင်မြို့နယ်ရှိ ဓာတ်အားပေး စက်ရုံတို့ဖြင့် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန်စီစဉ်ထားပြီး မဂ္ဂါဝပ်(၂၀ဝ)ကို ကနဦး အနေဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
" တစ်ယူနစ်ကို (၈၀ဝ)နဲ့ (၉၀ဝ)နဲ့ LNG ကပေးမှာ။ ပေးတာကပေးနေပြီ။ မဂ္ဂါဝပ် (၂၀ဝ) ကနေ (၅၀ဝ) စမ်းထုတ်နေပါပြီ။ ကျွန်တော်တို့ ဆီမှာ (၂၃၀) တို့ (၃၃) တို့ (၁၁) တို့ (၆.၆) တို့ရှိတယ်။ အဲဒီမှာ ူြွ က ဘယ်လိုင်းပေါ်တင်တာလဲဆိုရင် သာကေတကနေထွက်တဲ့ဟာကို (၃၃) လိုင်းပေါ်ကို တင်ပေးတာ။ (၃၃) လိုင်းခေါ်တာပေါ့နော်။(၃၃) ကေဗီဓာတ်အားလိုင်းပေါ်တင်ပေးတာ။ အဲဒီ (၃၃) ကေဗီကနေပြီးတော့ ရပ်ကွက်တွေ၊ စက်ရုံတွေ ၊ ဟော်တယ်တွေမှာရှိတဲ့ ထရန်စဖော်မာတွေကိုဝင် တယ်။ တချို့က (၁၁)လိုင်းက ဝင်တယ်။ တချို့က (၆.၆)လိုင်းက ဝင်တယ်။ အဲဒီ(၃၃) ကဝင်တဲ့လိုင်း တွေကိုပဲ ပေးတာ။ (၃၃.၄) ကို ပေးတာဖြစ်တဲ့အတွက် အဲဒီက ဆွဲထားတဲ့ ထရန်စဖော်မာတွေက သုံးခွင့်ရှိ တယ်" ဟု (YESC) နှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် စက်မှုသုံး(အသေးစားစက်မှု၊ စက်မှုလက်မှုသုံး၊ တစ်လုံးတစ်ခဲတည်း၊ စီးပွားရေး လုပ်ငန်းသုံး၊ ယာယီသုံး) များအတွက် (၁)ယူနစ်မှ (၅,ဝဝဝ)ယူနစ်အထိ (၂၅၀) ကျပ်၊ (၅,ဝ၀၁) ယူနစ်မှ (၂၀,ဝဝဝ) ယူနစ်အထိ (၄၀ဝ)ကျပ်၊ (၂၀,ဝ၀၁) ယူနစ်နှင့်အထက် (၅၀ဝ)ကျပ် အဖြစ်သတ်မှတ်ထားပြီး LNG ဖြင့် ဖြန့်ဖြူးပေးသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမည့် အထက်ပါ လုပ်ငန်းများ ကို တစ်ယူနစ်လျှင် (၇၀ဝ)ကျပ်မှ (၉၀ဝ) ကျပ်ကြား ပြောင်းလဲကောက်ခံသွားဖြစ်ကြောင်းလည်း သိရ သည်။
ရန်ကုန်တိုင်းမှ စက်ရုံ၊ အလုပ်ရုံများ အတွက်လည်း လျှပ်စစ်ဓာတ်အား ပိုမိုရရှိမည်ဖြစ် သည့်အပြင် သာမန် အသုံးပြုသူ ပြည်သူလူထုအနေ ဖြင့်လည်း ယခင်ထက် ဓာတ်အားပိုမိုရရှိနိုင်မည် ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီတာခ ဈေးနှုန်းပြောင်းလဲခြင်းမျိုးမဟုတ်ကြောင်း လည်း သိရသည်။
" LNG က ပေးတာ (၅၀ဝ) ဖြစ်တဲ့အ တွက် ရန်ကုန်တိုင်းတစ်တိုင်းလုံးသည် မဂ္ဂါဝပ် (၃၀ဝဝ)ဆိုကြပါစို့။ ဒီမှာ မဂ္ဂါဝပ်(၅၀ဝ) ဝင်ခုတဲ့ အတွက် ကျန်တဲ့ကျေးရွာ ရပ်ကွက်တွေကို ကျွန်တော် တို့က အလှည့်ကျ မီးပေးတဲ့စနစ်ကနေပြီးတော့ ပိုပြီးတော့ ဓာတ်အားပေးချိန်ပိုများအောင် ပေးလို့ရ တာပေါ့။ သာမန် မီးသုံးသူတွေကတော့ ဒီဘက်ကLNG နဲ့ ပေးလိုက်ပြီးတော့ ပိုလျှံတာက သာမန်ပြည် သူတွေအနေနဲ့ သုံးလို့ရတာပေါ့ဗျာ။ LNG နဲ့ မီးပေး တာကိုပဲ မီတာဈေးတက်မယ်။ တစ်နိုင်ငံလုံးတော့ မတက်ဘူး" ဟု ၎င်းက ပြောသည်။
ထိုသို့ ပြောင်းလဲကောက်ခံမည့်ဈေး နှုန်းများအတွက် LNG သင်္ဘော သီလဝါဆိပ်ကမ်းသို့ မဆိုက်ကပ်မီနှင့် ဆိုက်ကပ်ပြီးကာလများကပင် လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအကြား ညှိနှိုင်း မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
" မီးကတော့ (၂၄) နာရီမှန်နေပါပြီ။ LNG နဲ့ မီးပေးဖို့အတွက်ကို ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့စက်မှုဇုန် (၂၉)ဇုန်က ဥက္ကဋ္ဌတွေ အတွင်းရေးမှူး တွေရယ် တကယ့် မီးသုံးတဲ့လုပ်ငန်းရှင်တွေကို သင်္ဘောမရောက်ခင်က တစ်ခါ ၊ ရောက်ပြီးတော့တစ်ခါ ပေါ့နော် တွေ့ဆုံပြီးတော့ ဈေးနှုန်း အဆိုပြုတာတွေ လုပ်ခိုင်းတယ်။ လုပ်ငန်းရှင်တွေက (၇၀ဝ) ပေးတယ်။ သူတို့က (၉၀ဝ)လိုချင်တယ်။ လုပ်ငန်းတစ်ခုက ရှုံးလို့မဖြစ်ဘူး။ တအားမြတ်ရင်လည်း ကျန်တဲ့လူ မခံနိုင်ဘူးလေ။ လူအများသုံးနိုင်တဲ့ဈေးဖြစ်ဖို့ပဲ မျှော်လင့်တာပေါ့" ဟု လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။ ထို့ပြင် မီတာခိုးယူသုံးစွဲ သည့်လုပ်ငန်းရှင်များကိုလည်း နည်းပညာများဖြင့် စောင့်ကြည့်၍ ဒဏ်ငွေအပြင် ထောင်ဒဏ်ပါ ချမှတ် ရန် သက်ဆိုင်ရာကညွှန်ကြားထားပြီး အရေးယူမှု များကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
LNG လွ်ပ္စစ္သုံးမည့္ အုပ္စုအတြက္ တစ္ယူနစ္လွ်င္ ေငြက်ပ္(၇၀ဝ)မွ (၉၀ဝ)ၾကား ေျပာင္းလဲေကာက္ခံရန္ျပင္ဆင္
Pearl (NP News) - ေဖေဖာ္ဝါရီလ ၄
လာမည့္ ေဖေဖာ္ဝါရီလမွစ၍ LNG လွ်ပ္စစ္သုံးမည့္ စက္႐ုံအလုပ္႐ုံမ်ား၊ အိမ္ရာစီမံကိန္းမ်ား၊ ကြန္ဒိုမ်ားႏွင့္ ေဟာ္တယ္လုပ္ငန္းမ်ားကို တစ္ယူနစ္ လွ်င္ ေငြက်ပ္(၇၀ဝ)မွ (၉၀ဝ) ၾကားေျပာင္းလဲေကာက္ ခံမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC) ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
သဘာဝဓာတ္ေငြ႕တင္သေဘၤာႀကီး (LNG သေဘၤာ)သည္ မဂၢါဝပ္(၅၀ဝ)ခန႔္ကို ရန္ကုန္ တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္ရွိ လွ်ပ္စစ္ဓာတ္ အားေပးစက္႐ုံႏွင့္ သန္လ်င္ၿမိဳ႕နယ္ရွိ ဓာတ္အားေပး စက္႐ုံတို႔ျဖင့္ ခ်ိတ္ဆက္ကာ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးရန္စီစဥ္ထားၿပီး မဂၢါဝပ္(၂၀ဝ)ကို ကနဦး အေနျဖင့္ ဓာတ္အားျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း သိရသည္။
" တစ္ယူနစ္ကို (၈၀ဝ)နဲ႔ (၉၀ဝ)နဲ႔ LNG ကေပးမွာ။ ေပးတာကေပးေနၿပီ။ မဂၢါဝပ္ (၂၀ဝ) ကေန (၅၀ဝ) စမ္းထုတ္ေနပါၿပီ။ ကြၽန္ေတာ္တို႔ ဆီမွာ (၂၃၀) တို႔ (၃၃) တို႔ (၁၁) တို႔ (၆.၆) တို႔ရွိတယ္။ အဲဒီမွာ ူျြ က ဘယ္လိုင္းေပၚတင္တာလဲဆိုရင္ သာေကတကေနထြက္တဲ့ဟာကို (၃၃) လိုင္းေပၚကို တင္ေပးတာ။ (၃၃) လိုင္းေခၚတာေပါ့ေနာ္။(၃၃) ေကဗီဓာတ္အားလိုင္းေပၚတင္ေပးတာ။ အဲဒီ (၃၃) ေကဗီကေနၿပီးေတာ့ ရပ္ကြက္ေတြ၊ စက္႐ုံေတြ ၊ ေဟာ္တယ္ေတြမွာရွိတဲ့ ထရန္စေဖာ္မာေတြကိုဝင္ တယ္။ တခ်ိဳ႕က (၁၁)လိုင္းက ဝင္တယ္။ တခ်ိဳ႕က (၆.၆)လိုင္းက ဝင္တယ္။ အဲဒီ(၃၃) ကဝင္တဲ့လိုင္း ေတြကိုပဲ ေပးတာ။ (၃၃.၄) ကို ေပးတာျဖစ္တဲ့အတြက္ အဲဒီက ဆြဲထားတဲ့ ထရန္စေဖာ္မာေတြက သုံးခြင့္ရွိ တယ္" ဟု (YESC) ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ စက္မႈသုံး(အေသးစားစက္မႈ၊ စက္မႈလက္မႈသုံး၊ တစ္လုံးတစ္ခဲတည္း၊ စီးပြားေရး လုပ္ငန္းသုံး၊ ယာယီသုံး) မ်ားအတြက္ (၁)ယူနစ္မွ (၅,ဝဝဝ)ယူနစ္အထိ (၂၅၀) က်ပ္၊ (၅,ဝ၀၁) ယူနစ္မွ (၂၀,ဝဝဝ) ယူနစ္အထိ (၄၀ဝ)က်ပ္၊ (၂၀,ဝ၀၁) ယူနစ္ႏွင့္အထက္ (၅၀ဝ)က်ပ္ အျဖစ္သတ္မွတ္ထားၿပီး LNG ျဖင့္ ျဖန႔္ျဖဴးေပးသည့္ လွ်ပ္စစ္ဓာတ္အားသုံးစြဲမည့္ အထက္ပါ လုပ္ငန္းမ်ား ကို တစ္ယူနစ္လွ်င္ (၇၀ဝ)က်ပ္မွ (၉၀ဝ) က်ပ္ၾကား ေျပာင္းလဲေကာက္ခံသြားျဖစ္ေၾကာင္းလည္း သိရ သည္။
ရန္ကုန္တိုင္းမွ စက္႐ုံ၊ အလုပ္႐ုံမ်ား အတြက္လည္း လွ်ပ္စစ္ဓာတ္အား ပိုမိုရရွိမည္ျဖစ္ သည့္အျပင္ သာမန္ အသုံးျပဳသူ ျပည္သူလူထုအေန ျဖင့္လည္း ယခင္ထက္ ဓာတ္အားပိုမိုရရွိႏိုင္မည္ ျဖစ္ေသာ္လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မီတာခ ေဈးႏႈန္းေျပာင္းလဲျခင္းမ်ိဳးမဟုတ္ေၾကာင္း လည္း သိရသည္။
" LNG က ေပးတာ (၅၀ဝ) ျဖစ္တဲ့အ တြက္ ရန္ကုန္တိုင္းတစ္တိုင္းလုံးသည္ မဂၢါဝပ္ (၃၀ဝဝ)ဆိုၾကပါစို႔။ ဒီမွာ မဂၢါဝပ္(၅၀ဝ) ဝင္ခုတဲ့ အတြက္ က်န္တဲ့ေက်း႐ြာ ရပ္ကြက္ေတြကို ကြၽန္ေတာ္ တို႔က အလွည့္က် မီးေပးတဲ့စနစ္ကေနၿပီးေတာ့ ပိုၿပီးေတာ့ ဓာတ္အားေပးခ်ိန္ပိုမ်ားေအာင္ ေပးလို႔ရ တာေပါ့။ သာမန္ မီးသုံးသူေတြကေတာ့ ဒီဘက္ကLNG နဲ႔ ေပးလိုက္ၿပီးေတာ့ ပိုလွ်ံတာက သာမန္ျပည္ သူေတြအေနနဲ႔ သုံးလို႔ရတာေပါ့ဗ်ာ။ LNG နဲ႔ မီးေပး တာကိုပဲ မီတာေဈးတက္မယ္။ တစ္ႏိုင္ငံလုံးေတာ့ မတက္ဘူး" ဟု ၎က ေျပာသည္။
ထိုသို႔ ေျပာင္းလဲေကာက္ခံမည့္ေဈး ႏႈန္းမ်ားအတြက္ LNG သေဘၤာ သီလဝါဆိပ္ကမ္းသို႔ မဆိုက္ကပ္မီႏွင့္ ဆိုက္ကပ္ၿပီးကာလမ်ားကပင္ လုပ္ငန္းရွင္မ်ားႏွင့္ တာဝန္ရွိသူမ်ားအၾကား ညႇိႏႈိင္း မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။
" မီးကေတာ့ (၂၄) နာရီမွန္ေနပါၿပီ။ LNG နဲ႔ မီးေပးဖို႔အတြက္ကို ရန္ကုန္တိုင္းအတြင္းမွာ ရွိတဲ့စက္မႈဇုန္ (၂၉)ဇုန္က ဥကၠ႒ေတြ အတြင္းေရးမႉး ေတြရယ္ တကယ့္ မီးသုံးတဲ့လုပ္ငန္းရွင္ေတြကို သေဘၤာမေရာက္ခင္က တစ္ခါ ၊ ေရာက္ၿပီးေတာ့တစ္ခါ ေပါ့ေနာ္ ေတြ႕ဆုံၿပီးေတာ့ ေဈးႏႈန္း အဆိုျပဳတာေတြ လုပ္ခိုင္းတယ္။ လုပ္ငန္းရွင္ေတြက (၇၀ဝ) ေပးတယ္။ သူတို႔က (၉၀ဝ)လိုခ်င္တယ္။ လုပ္ငန္းတစ္ခုက ရႈံးလို႔မျဖစ္ဘူး။ တအားျမတ္ရင္လည္း က်န္တဲ့လူ မခံႏိုင္ဘူးေလ။ လူအမ်ားသုံးႏိုင္တဲ့ေဈးျဖစ္ဖို႔ပဲ ေမွ်ာ္လင့္တာေပါ့" ဟု လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။ ထို႔ျပင္ မီတာခိုးယူသုံးစြဲ သည့္လုပ္ငန္းရွင္မ်ားကိုလည္း နည္းပညာမ်ားျဖင့္ ေစာင့္ၾကည့္၍ ဒဏ္ေငြအျပင္ ေထာင္ဒဏ္ပါ ခ်မွတ္ ရန္ သက္ဆိုင္ရာကၫႊန္ၾကားထားၿပီး အေရးယူမႈ မ်ားကိုလည္း ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။