ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ ရေလှောင်ကန် မြေနေရာလျော်ကြေးပေးပြီးနောက် မြေရာရှင်းလင်းမှုများ စတင်

261

Pearl (NP News) - ဖေဖော်ဝါရီလ ၄
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ ကနဦးလုပ်ငန်းစဉ် ရေလှောင်ကန် တည်ဆောက်ရေး အတွက် ပြင်ဆင်မှုများ စတင်လာပြီဖြစ်ကြောင်း ကျောက်ဖြူမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
အဆိုပါရေလှောင်ကန်တည်ဆောက်မည့် ရခိုင်ပြည်နယ် မဒေးကျွန်းပေါ်ရှိ မြေနေရာများအတွက် ဒေသခံများကို ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာ လက လျော်ကြေးငွေများပေးအပ်ခဲ့ပြီး လက်ရှိတွင် စက်ယန္တရားများဖြင့် မြေရာရှင်းလင်းမှုများ ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။
" လျော်ကြေးက ပေးပြီးပြီ။ မဒေးကျွန်းပေါ် မှာ ရေချိုလှောင်ကန် လုံးဆောက်ဖို့အတွက်က မြေ ယာလျော်ကြေးတွေပေးဆောင်ပြီးပြီ။ တစ်ဧကကို သိန်း (၅၀ဝ)ပတ်ဝန်းကျင် ရကြတယ်။ ပေးပြီးတာက ရက်ပိုင်းပဲ ရှိသေးတော့ အခုတော့ ပြင်ဆင်တာတွေ တော့ လုပ်နေပြီ။ ယန္တရားတွေ ဘာတွေနဲ့။ မြေရာ ရှင်းလင်း တာတွေ ဘာတွေ လုပ်ပြီ" ဟု ပြောသည်။
အဆိုပါ ရေလှောင်ကန်ကြီးများကို အစိုးရရန်ပုံငွေဖြင့် သုံးစွဲတည်ဆောက်သွားမည်ဖြစ်ပြီး ရေလှောင်ကန် (၂)ခုကို ငွေကျပ်(၄)ဘီလျံခန့်အသုံးပြုကာ တည် ဆောက်ရန်စီစဉ်နေခြင်းဖြစ်ကာ ယခုနှစ် (၂၀၂၆) ခုနှစ်အတွင်း သိသိသာသာ အကောင်အထည်ဖော် တည်ဆောက်နိုင်ကြောင်းလည်းသိရသည်။
" မိုးမကျခင်မှာ သူတို့ သိသိသာသာ အကောင်အထည်ဖော်လိမ့်မယ်။ မဒေးကျွန်းဆိုတာ တော့ ကုန်တင် သင်္ဘောကြီးတွေ ၊ ရေနံတင် သင်္ဘော ကြီးတွေ ကပ်တဲ့အခါကျတော့ သူတို့မှာ ရေချိုလိုတယ် လေ။ အဲဒီအတွက် သူတို့ကို ရေချိုရောင်းရတဲ့ ပိုက်ဆံက အများကြီးရတယ်။ ဝင်ငွေများတဲ့အလုပ် ပေါ့။ အဲဒါကြောင့်မို့လို့ အစိုးရက ကိုယ်တိုင်လုပ်တာ။ နိုင်ငံခြားသားတွေကို ကန်ထရိုက်မပေးဘဲနဲ့ ကိုယ် တိုင်လုပ်တာ။ အစိုးရငွေနဲ့လုပ်တာ။ ရလည်း နိုင်ငံတော်ဝင်ငွေထဲရမှာပေါ့။ ရလည်း ဒေါ်လာနဲ့ ရမှာ" ဟု ၎င်းက ပြောသည်။
အဆိုပါ ရေလှောင်ကန် အကောင်အထည် တည်ဆောက်ပြီးစီးပါက မဒေးကျွန်းတွင် လာရောက် ဆိုက်ကပ်မည့် ကုန်တင်သင်္ဘောကြီးများနှင့် ရေနံ တင် သင်္ဘောကြီးများထံ ရေချိုရောင်းချခြင်းဖြင့် အစိုးရအနေဖြင့် နိုင်ငံခြားငွေရရှိနိုင်မည်ဖြစ်ကြောင်း လည်း သိရသည်။

Zawgyi Version:
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၏ ေရေလွာင္ကန္ ေျမေနရာေလ်ာ္ေၾကးေပးၿပီးေနာက္ ေျမရာရွင္းလင္းမႈမ်ား စတင္
Pearl (NP News) - ေဖေဖာ္ဝါရီလ ၄
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၏ ကနဦးလုပ္ငန္းစဥ္ ေရေလွာင္ကန္ တည္ေဆာက္ေရး အတြက္ ျပင္ဆင္မႈမ်ား စတင္လာၿပီျဖစ္ေၾကာင္း ေက်ာက္ျဖဴမွ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါေရေလွာင္ကန္တည္ေဆာက္မည့္ ရခိုင္ျပည္နယ္ မေဒးကြၽန္းေပၚရွိ ေျမေနရာမ်ားအတြက္ ေဒသခံမ်ားကို ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာ လက ေလ်ာ္ေၾကးေငြမ်ားေပးအပ္ခဲ့ၿပီး လက္ရွိတြင္ စက္ယႏၲရားမ်ားျဖင့္ ေျမရာရွင္းလင္းမႈမ်ား ေဆာင္ ႐ြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။
" ေလ်ာ္ေၾကးက ေပးၿပီးၿပီ။ မေဒးကြၽန္းေပၚ မွာ ေရခ်ိဳေလွာင္ကန္ လုံးေဆာက္ဖို႔အတြက္က ေျမ ယာေလ်ာ္ေၾကးေတြေပးေဆာင္ၿပီးၿပီ။ တစ္ဧကကို သိန္း (၅၀ဝ)ပတ္ဝန္းက်င္ ရၾကတယ္။ ေပးၿပီးတာက ရက္ပိုင္းပဲ ရွိေသးေတာ့ အခုေတာ့ ျပင္ဆင္တာေတြ ေတာ့ လုပ္ေနၿပီ။ ယႏၲရားေတြ ဘာေတြနဲ႔။ ေျမရာ ရွင္းလင္း တာေတြ ဘာေတြ လုပ္ၿပီ" ဟု ေျပာသည္။
အဆိုပါ ေရေလွာင္ကန္ႀကီးမ်ားကို အစိုးရရန္ပုံေငြျဖင့္ သုံးစြဲတည္ေဆာက္သြားမည္ျဖစ္ၿပီး ေရေလွာင္ကန္ (၂)ခုကို ေငြက်ပ္(၄)ဘီလ်ံခန႔္အသုံးျပဳကာ တည္ ေဆာက္ရန္စီစဥ္ေနျခင္းျဖစ္ကာ ယခုႏွစ္ (၂၀၂၆) ခုႏွစ္အတြင္း သိသိသာသာ အေကာင္အထည္ေဖာ္ တည္ေဆာက္ႏိုင္ေၾကာင္းလည္းသိရသည္။
" မိုးမက်ခင္မွာ သူတို႔ သိသိသာသာ အေကာင္အထည္ေဖာ္လိမ့္မယ္။ မေဒးကြၽန္းဆိုတာ ေတာ့ ကုန္တင္ သေဘၤာႀကီးေတြ ၊ ေရနံတင္ သေဘၤာ ႀကီးေတြ ကပ္တဲ့အခါက်ေတာ့ သူတို႔မွာ ေရခ်ိဳလိုတယ္ ေလ။ အဲဒီအတြက္ သူတို႔ကို ေရခ်ိဳေရာင္းရတဲ့ ပိုက္ဆံက အမ်ားႀကီးရတယ္။ ဝင္ေငြမ်ားတဲ့အလုပ္ ေပါ့။ အဲဒါေၾကာင့္မို႔လို႔ အစိုးရက ကိုယ္တိုင္လုပ္တာ။ ႏိုင္ငံျခားသားေတြကို ကန္ထ႐ိုက္မေပးဘဲနဲ႔ ကိုယ္ တိုင္လုပ္တာ။ အစိုးရေငြနဲ႔လုပ္တာ။ ရလည္း ႏိုင္ငံေတာ္ဝင္ေငြထဲရမွာေပါ့။ ရလည္း ေဒၚလာနဲ႔ ရမွာ" ဟု ၎က ေျပာသည္။
အဆိုပါ ေရေလွာင္ကန္ အေကာင္အထည္ တည္ေဆာက္ၿပီးစီးပါက မေဒးကြၽန္းတြင္ လာေရာက္ ဆိုက္ကပ္မည့္ ကုန္တင္သေဘၤာႀကီးမ်ားႏွင့္ ေရနံ တင္ သေဘၤာႀကီးမ်ားထံ ေရခ်ိဳေရာင္းခ်ျခင္းျဖင့္ အစိုးရအေနျဖင့္ ႏိုင္ငံျခားေငြရရွိႏိုင္မည္ျဖစ္ေၾကာင္း လည္း သိရသည္။