(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)အတွက် ပွဲကြိုသုံးသပ်ချက်များ

343

ရဲထက် - (NP News) - ဖေဖော်ဝါရီလ ၅
ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ကို ရောက်ရှိလာ ချိန်မှာတော့ ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးနေရာမှာရပ်တည် နေတဲ့ အာဆင်နယ်အသင်းဟာ ရမှတ်ကွာဟမှုအရ နောက်ထပ်ရှုံးပွဲတွေ့လို့မရတော့တဲ့အနေအထားမှာ ရှိနေပြီး မန်စီးတီးအသင်းနဲ့ အက်စတွန်ဗီလာအသင်း တို့ရဲ့ဖိအားပေးမှုတွေကိုလည်း ရင်ဆိုင်လာရပြီဖြစ်ပါ တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်နေရာ တွေအတွက်ကတော့ ဒီရာသီမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့လို့ အသင်းကြီး(၃)သင်းရဲ့ပြိုင်ဆိုင်မှု တွေကို နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရဦးမှာဖြစ် သလို ထိပ်ဆုံး(၄)သင်းထဲကို ဘယ်အသင်းကဝင် ရောက်နိုင်မလဲဆိုတာကလည်း စိတ်ဝင်တစားစောင့် ကြည့်ရဖို့ရှိနေပါတယ်။ ဒါ့ပြင် အသင်းကြီးတွေရဲ့ ဒီရာသီမှာ ပြန်လည်တိုးတက်လာတဲ့ခြေစွမ်းတွေ ကြောင့် အဆင့်(၁)ကနေ အဆင့် (၆)နေရာအထိ အသင်းကြီးတွေကြီးစိုးထားဖို့လည်းရှိနေပါတယ်။ ဒါ ကြောင့် NP News ကနေ ပရီးမီးယား လိဂ်ပွဲစဉ်(၂၅)ရဲ့အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ် သုံးသပ်ပေးသွားချင်ပါတယ်။
လီဗာပူးလ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၃ - ဝ လီဗာပူးလ် (၉- ၁၁ -၂၀၂၅)
မန်စီးတီး ဝ - ၂ လီဗာပူးလ် (၂၃ -၂ -၂၀၂၅)
လီဗာပူးလ် ၂ - ဝ မန်စီးတီး (၁ -၁၂ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ၃ မန်စီတီး
လီဗာပူးလ် ၂ - ၂ မန်စီတီး
မန်စီးတီးအသင်းရဲ့ ဒီရာသီစွမ်းဆောင် ရည်က လီဗာပူးလ်အသင်းထက်ပိုကောင်းတယ်ဆို တာကို လက်ရှိရလဒ်တွေအရ သိနိုင်မှာဖြစ်ပြီး မန်စီး တီးအသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်ဖလားကို ပြန်လည်စိန်ခေါ်နိုင်ဖို့ ဒီပွဲစဉ်ကို မဖြစ်မနေ အနိုင်ကန် ရဖို့ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ အခုနောက် ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း အနည်းငယ်ကျဆင်းနေ သလို တိုက်စစ်ပိုင်းကလည်း သွင်းဂိုးတွေရယူဖို့ ရုန်း ကန်နေရတယ်လို့ပြောလို့ရနေပါတယ်။ ဒါပေမဲ့ မန်စီး တီးအသင်းမှာ တခြားအသင်းတွေနဲ့မတူတဲ့ အားသာ ချက်တစ်ခုကတော့ ကစားသမားသစ်တွေရဲ့ အကျိုး သက်ရောက်မှုပိုင်းဖြစ်ပြီး အသစ်ခေါ်ယူထားတဲ့ ဆီမီ ရိုရဲ့ခြေစွမ်းပြကစားနေမှုတွေနဲ့ သွင်းဂိုးတွေကိုပါ မြင် တွေ့ထားရတာက မန်စီးတီးအသင်းအတွက် ကျေနပ် စရာဖြစ်ပါတယ်။ ဒါ့ပြင် ဒီရာသီမှာရောက်ရှိလာတဲ့ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒိုနာရူးမားနဲ့ တိုက် စစ်ပိုင်းက ရှက်ကီတို့ရဲ့ခြေစွမ်းတွေကလည်း မန်စီး တီးအသင်းမှာ ခြေစွမ်းပြကစားနေတာကိုတွေ့ရပါ တယ်။ စိုးရိမ်စရာအချက်ကတော့ ရာသီဝက်ကျော်လာ ချိန်တိုင်းမှာ တိုက်စစ်ပိုင်းက ဟာလန်းရဲ့ကစားပုံ အနည်းငယ်ကျဆင်းသွားတတ်ပြီး သွင်းဂိုးတွေအ တွက်လည်း စိတ်ပူလာရတဲ့အနေအထားမျိုးတွေကို ပြီးခဲ့တဲ့ရာသီမှာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါ ကြောင့် မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ကိုပြန် လည်စိန်ခေါ်တဲ့နေရာမှာ ဟာလန်းဆီကသွင်းဂိုးတွေ ကို မဖြစ်မနေလိုအပ်မှာဖြစ်ပြီး ဒီပွဲစဉ်မှာ ဟာလန်း ဘာလုပ်ပြနိုင်မလဲဆိုတာကိုပါ စောင့်ကြည့်သွားရဖို့ရှိ နေပါတယ်။ လီဗာပူးလ်အသင်းကတော့ ဒီရာသီမှာ နည်းပြအာနဲ့စလော့နဲ့အတူ ပြီးခဲ့တဲ့ရာသီက ချန်ပီယံ ဟောင်းဆိုတဲ့ နာမည်တစ်ခုသာရှိနေပြီး ခြေစွမ်းပိုင်း အရရော ကစားကွက်ပိုင်းမှာပါ ကျဆင်းသွားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းမှာ ဆက်တိုက် သွင်းဂိုးတွေပေးနေရတာက လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဗန်ဒိုက်ဦးဆောင်တဲ့ နောက်တန်းခံစစ်ကို ယုံကြည်စိတ်ချလို့ရပါတော့မလားဆိုတဲ့ အရိပ်အ ယောင်တွေ မြင်တွေ့လာရပါတယ်။ အဆိုးဆုံးအချက် ကတော့ လီဗာပူးလ်အသင်းရဲ့ပုံစံတစ်ခုဖြစ်တဲ့ တန် ပြန်တိုက်စစ်ကစားပုံဟာ ဒီရာသီမှာ ပျောက်ဆုံးနေ ပြီး သွင်းဂိုးတွေကိုလည်း မြင်တွေ့ရခြင်းမရှိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်း က မန်စီးတီးအသင်းကို နိုင်ပွဲရဖို့ခက်ခဲနေဦးမှာဖြစ် ပါ တယ်။ ဒါ့ပြင် ဒီရာသီပထမဆုံးတွေ့ဆုံမှုမှာလည်း မန်စီးတီးအိမ်ကွင်းမှာ (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ထားတာ ကြောင့် လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းမှာ ပြန်လည် အနိုင်ယူနိုင်ပါမလားဆိုတာကလည်း စောင့်ကြည့်ချင် စရာကောင်းနေပါတယ်။ ရလဒ်ပိုင်းကိုပြောရရင် မန် စီးတီးအသင်းက ကစားပုံပိုကောင်းတာမှန်ပေမယ့် လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းဖြစ်တာကြောင့် နိုင်ပွဲ ရဖို့ခက်ခဲနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျ ဖို့များပြီး နိုင်ပွဲအနေနဲ့ကတော့ မန်စီးတီးအသင်းက (၁)ဂိုးအကွာနဲ့သာကပ်နိုင်ပါမယ်။
မန်ယူ Vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် ၂ - ၂ မန်ယူ (၈- ၁၁ -၂၀၂၅)
စပါးစ် ၁ - ဝ မန်ယူ (၁၆ -၂ -၂၀၂၅)
မန်ယူ ၃ - ဝ စပါးစ် (၂၉ -၉ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၃ - ၁ စပါးစ်
မန်ယူ ၂ - ၁ စပါးစ်
မန်ယူအသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်က တကယ်ကို အသိအမှတ်ပြုစရာကောင်းတဲ့ ခြေစွမ်း ခြေစမျိုးတွေကိုမြင်တွေ့လာရပြီဖြစ်ပြီး လိုအပ်တဲ့နိုင် ပွဲတွေကိုပါ စွမ်းဆောင်ထားနိုင်ပြီဖြစ်တာကြောင့် လာ မယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုပါ ရယူ နိုင်မယ့်အနေအထားမျိုးဖြစ်ပါတယ်။ လက်ရှိမှာ မန် ယူအသင်းက အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးနဲ့ချဲလ်ဆီးတို့လို ချန်ပီယံအသင်းကြီးတွေကို ထိုက်ထိုက်တန်တန်နဲ့ နိုင်ပွဲရအောင်စွမ်းဆောင်ထား နိုင်တဲ့အပြင် နည်းပြသစ် မိုက်ကယ်ကားရစ်လက်ထက် မှာ မန်ယူအသင်းရဲ့ကစားပုံဟာ သိသိသာသာကို ကောင်းမွန်တိုးတက်လာတာကိုတွေ့ရပါတယ်။ ဒါ့ပြင် မန်ယူအသင်းမှာ နှစ်အတော်ကြာပျောက်ဆုံးနေတဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ နိုင်ပွဲရယူလိုစိတ်ပြင်းပြမှုတွေကို ရာသီဝက်ကျော်လာချိန်မှာ ကစားသမား တွေဆီကမြင်တွေ့လာရပြီဖြစ်ပြီး ကစားသမားတစ် ယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကလည်း ပိုကောင်း လာတာကို အသိအမှတ်ပြုဖို့လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် လက်ရှိ စပါးစ်အသင်းရဲ့ခြေစွမ်းပိုင်းက ပြီးခဲ့ တဲ့ရာသီကထက်ဆိုးရွားနေပြီး သာမန်အသင်းလေး လောက်သာရှိတဲ့ ခြေစွမ်းမျိုးဖြစ်နေပါတယ်။ ဒါ့ပြင် နိုင်ပွဲတစ်ပွဲရဖို့ရုန်းကန်နေရတဲ့ တိုက်စစ်ကစားပုံတွေ နဲ့ခံစစ်ပိုင်းကလည်း တစ်ပွဲကို (၁)ဂိုးလောက်ပေးနေ ရတဲ့ စပါးစ်အသင်းအတွက် ဒီပွဲစဉ်က မန်ယူအသင်း ကို နိုင်ပွဲရဖို့ လွယ်ကူနေမှာမဟုတ်တာသေချာပါတယ်။ ပြီးခဲ့တဲ့ရာသီကတွေ့ဆုံမှုတွေမှာ နိုင်ပွဲရခဲ့ပေမယ့် ဒီရာသီတွေ့ဆုံမှုမှာတော့ သရေကျထားတဲ့ လက်ရှိမှာ ပြန်တွေ့ရတဲ့ပုံစံချင်းမတူသလို ခြေစွမ်းပိုင်းနဲ့ရလဒ်ပိုင်းတွေမှာပါ ကွာဟမှုတွေရှိနေပါတယ်။ ပိုဆိုးတာက ဒီတစ်ကြိမ်တွေ့ဆုံမှုက မန်ယူအသင်းရဲ့အိမ်ကွင်းဖြစ် နေတာကြောင့် ဒီပွဲစဉ်က မန်ယူအသင်းအတွက် နိုင် ပွဲရဖို့ပိုများနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေများနိုင် တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။
အာဆင်နယ် Vs ဆန်းဒါးလန်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဆန်းဒါးလန်း ၂ - ၂ အာဆင်နယ် (၉-၁၁-၂၀၂၅)
အာဆင်နယ် ၅ - ၁ ဆန်းဒါးလန်း (၁၇- ၅-၂၀၁၇)
အာဆင်နယ် ၂ - ဝ ဆန်းဒါးလန်း (၁၇-၁၀-၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ဝ ဆန်းဒါးလန်း
အာဆင်နယ် ၂ - ၁ ဆန်းဒါးလန်း
လက်ရှိမှာ ပရီးမီယားလိဂ်ရဲ့ ဖိအားအများ ဆုံးအသင်းကိုပြောပါဆိုရင် အာဆင်နယ်အသင်းလို့ òန်းဆိုရမှာဖြစ်ပြီး ဘက်ပေါင်းစုံကဖိအားတွေကို စတင်ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ ပထမဆုံးအချက် အနေနဲ့ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ရေးရည်မှန်းချက်ဖြစ်ပြီး မန်စီးတီးအသင်းရဲ့ဖိအား ပေးမှုတွေအပြင် အက်စတွန်ဗီလာအသင်းရဲ့စွမ်း ဆောင်ရည်တွေကလည်း အာဆင်နယ်အသင်းအ တွက် အမှားခံလို့မရတော့ဘူးဆိုတဲ့ဖိအားမျိုး ဝင်စေ မှာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ အာ ဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းဖြစ်ပြီး ယောဂရက်စ် ဆီက သွင်းဂိုးတွေအပြင် ဆာကာနဲ့ဂျေဆပ်စ်တို့အပြင် ထရော့ဆက်ဆီကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ သွင်းဂိုးအတွက်ရုန်းကန်လာရတာကိုတွေ့ရပြီး ကွင်း လယ်ကစားသမားတွေနဲ့ နောက်တန်းကစားသမား တွေရဲ့သွင်းဂိုးတွေကိုသာ အားကိုးလာရတာပါ။ တတိ ယအချက်ကတော့ အာဆင်နယ်အသင်းရဲ့ တစ်ဦး ချင်းအမှားတွေကို ရာသီဝက်ကကျော်လာချိန်မှာ မြင် တွေ့လာရတာကြောင့် အမှားသေးသေးလေးတွေ တောင် အာဆင်နယ်အသင်းရဲ့ ချန်ပီယံလမ်းကြောင်း ကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ဖိအားမျိုးတွေရှိလာနိုင် ပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်မှာလည်း အရေးပါတဲ့ပွဲ စဉ်တွေကို ဆက်တိုက်ကစားရဖို့ရှိနေတဲ့ အာဆင်နယ် အသင်းအတွက် လက်ရှိလူစာရင်းနဲ့ တောင့်ခံပြီးထိန်း ထားနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ လွယ်ကူနေမှာမဟုတ်တာသေချာပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် မဖြစ်မနေနိုင် ပွဲရဖို့ကြိုးစားရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပြီး သရေလည်းကျ လို့မရသလို ရှုံးပွဲလည်းတွေ့လို့မရတဲ့ ပွဲစဉ်ဖြစ်ပါ တယ်။ ဆန်းဒါးလန်းအသင်းကတော့ ဒီရာသီအစပိုင်း မှာသာ ကစားပုံကောင်းခဲ့ပေမယ့် ရာသီဝက်ကျော်လာ ချိန်မှာ ပုံမှန်ခြေစွမ်းလောက်သာရှိနေတာကြောင့် ဒီပွဲ စဉ်က အာဆင်နယ်အသင်းက အိမ်ကွင်း အနိုင်(၃)မှတ်ရဖို့ သေချာသလောက်ရှိတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။
ဝုဗ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၃ - ဝ ဝုဗ် (၉ - ၁၁ -၂၀၂၅)
ချဲလ်ဆီး ၃ - ၁ ဝုဗ် (၂၁ - ၁ -၂၀၂၅)
ဝုဗ် ၂ - ၆ ချဲလ်ဆီး (၂၅ - ၈ -၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝုဗ် ဝ - ၂ ချဲလ်ဆီး
ဝုဗ် ဝ - ၃ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ နည်းပြသစ် ရော်စီ ညာလက်ထက်မှာ နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပိုင်းမှာလည်း ပိုကောင်းတဲ့အခင်းအကျင်းတစ် ခုကိုပိုင်ဆိုင်ထားတာကြောင့် ရာသီကုန်ချိန်မှာ ချန်ပီ ယံလိဂ်ဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ရတဲ့အသင်း ဖြစ်ပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီး အသင်းရဲ့စွမ်းဆောင်ရည်က ပရီးမီးယားလိဂ်ရဲ့ ဘယ် အသင်းတွေထက်ကိုမဆို သာလွန်အောင်စွမ်းဆောင် ပြနိုင်တဲ့အနေအထားတစ်ခုမှာရှိနေတာကြောင့် နည်း ပြသစ်လက်ထက်တွေမှာဆိုရင် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ဖူးတဲ့အသင်းလည်းဖြစ်နေပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းရဲ့ ဥရောပပြိုင်ပွဲတွေကို စောင့်ကြည့် ဖို့ရှိနေသလို ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကိုရယူနိုင်ဖို့ ဖိအားပေးလာနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ ဝုဗ်အသင်းကတော့ တန်းဆင်းရဖို့ သချောသလောက်ရှိနေတဲ့အသင်းဖြစ်ပြီး ချဲလ်ဆီး အသင်းအတွက် နိုင်ပွဲရဖို့လည်းလွယ်ကူနိုင်တဲ့အ သင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က ချဲလ်ဆီး အသင်းအတွက် အနိုင်(၃)မှတ်သေချာတဲ့ပွဲစဉ်ဖြစ်ပါ တယ်။ အနည်းဆုံး(၂)ဂိုးပြတ် နိုင်ပါတယ်။
၇ - ၂ - ၂၀၂၆ (စနေ)
ည (၇ း ဝဝ) မန်ယူ Vs စပါးစ်
ည (၉ း ၃၀) အာဆင်နယ် Vs ဆန်းဒါးလန်း
ည (၉ း ၃၀) ဝုဗ် Vs ချဲလ်ဆီး
၈ - ၂ - ၂၀၂၆ (တနင်္ဂနွေ)
ည (၁၁းဝဝ) လီဗာပူးလ် Vs မန်စီးတီး

Zawgyi Version:
(၂၀၂၅ - ၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၂၅)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ - (NP News) - ေဖေဖာ္ဝါရီလ ၅
ပရီးမီးယားလိဂ္ပြဲစဥ္(၂၅)ကို ေရာက္ရွိလာ ခ်ိန္မွာေတာ့ ခ်န္ပီယံျဖစ္ဖို႔ ထိပ္ဆုံးေနရာမွာရပ္တည္ ေနတဲ့ အာဆင္နယ္အသင္းဟာ ရမွတ္ကြာဟမႈအရ ေနာက္ထပ္ရႈံးပြဲေတြ႕လို႔မရေတာ့တဲ့အေနအထားမွာ ရွိေနၿပီး မန္စီးတီးအသင္းနဲ႔ အက္စတြန္ဗီလာအသင္း တို႔ရဲ႕ဖိအားေပးမႈေတြကိုလည္း ရင္ဆိုင္လာရၿပီျဖစ္ပါ တယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္ေနရာ ေတြအတြက္ကေတာ့ ဒီရာသီမွာ မန္ယူ၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔လို႔ အသင္းႀကီး(၃)သင္းရဲ႕ၿပိဳင္ဆိုင္မႈ ေတြကို ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္ရဦးမွာျဖစ္ သလို ထိပ္ဆုံး(၄)သင္းထဲကို ဘယ္အသင္းကဝင္ ေရာက္ႏိုင္မလဲဆိုတာကလည္း စိတ္ဝင္တစားေစာင့္ ၾကည့္ရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ အသင္းႀကီးေတြရဲ႕ ဒီရာသီမွာ ျပန္လည္တိုးတက္လာတဲ့ေျခစြမ္းေတြ ေၾကာင့္ အဆင့္(၁)ကေန အဆင့္ (၆)ေနရာအထိ အသင္းႀကီးေတြႀကီးစိုးထားဖို႔လည္းရွိေနပါတယ္။ ဒါ ေၾကာင့္ NP News ကေန ပရီးမီးယား လိဂ္ပြဲစဥ္(၂၅)ရဲ႕အေကာင္းဆုံးပြဲစဥ္ေတြကို ေ႐ြးခ်ယ္ သုံးသပ္ေပးသြားခ်င္ပါတယ္။
လီဗာပူးလ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၃ - ဝ လီဗာပူးလ္ (၉- ၁၁ -၂၀၂၅)
မန္စီးတီး ဝ - ၂ လီဗာပူးလ္ (၂၃ -၂ -၂၀၂၅)
လီဗာပူးလ္ ၂ - ဝ မန္စီးတီး (၁ -၁၂ -၂၀၂၅)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ၃ မန္စီတီး
လီဗာပူးလ္ ၂ - ၂ မန္စီတီး
မန္စီးတီးအသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ ရည္က လီဗာပူးလ္အသင္းထက္ပိုေကာင္းတယ္ဆို တာကို လက္ရွိရလဒ္ေတြအရ သိႏိုင္မွာျဖစ္ၿပီး မန္စီး တီးအသင္းအတြက္ ဒီရာသီပရီးမီးယားလိဂ္ဖလားကို ျပန္လည္စိန္ေခၚႏိုင္ဖို႔ ဒီပြဲစဥ္ကို မျဖစ္မေန အႏိုင္ကန္ ရဖို႔ရွိေနပါတယ္။ မန္စီးတီးအသင္းဟာ အခုေနာက္ ပိုင္းပြဲစဥ္ေတြမွာ ေျခစြမ္းပိုင္း အနည္းငယ္က်ဆင္းေန သလို တိုက္စစ္ပိုင္းကလည္း သြင္းဂိုးေတြရယူဖို႔ ႐ုန္း ကန္ေနရတယ္လို႔ေျပာလို႔ရေနပါတယ္။ ဒါေပမဲ့ မန္စီး တီးအသင္းမွာ တျခားအသင္းေတြနဲ႔မတူတဲ့ အားသာ ခ်က္တစ္ခုကေတာ့ ကစားသမားသစ္ေတြရဲ႕ အက်ိဳး သက္ေရာက္မႈပိုင္းျဖစ္ၿပီး အသစ္ေခၚယူထားတဲ့ ဆီမီ ႐ိုရဲ႕ေျခစြမ္းျပကစားေနမႈေတြနဲ႔ သြင္းဂိုးေတြကိုပါ ျမင္ ေတြ႕ထားရတာက မန္စီးတီးအသင္းအတြက္ ေက်နပ္ စရာျဖစ္ပါတယ္။ ဒါ့ျပင္ ဒီရာသီမွာေရာက္ရွိလာတဲ့ ကစားသမားေတြျဖစ္တဲ့ ဂိုးသမား ဒိုနာ႐ူးမားနဲ႔ တိုက္ စစ္ပိုင္းက ရွက္ကီတို႔ရဲ႕ေျခစြမ္းေတြကလည္း မန္စီး တီးအသင္းမွာ ေျခစြမ္းျပကစားေနတာကိုေတြ႕ရပါ တယ္။ စိုးရိမ္စရာအခ်က္ကေတာ့ ရာသီဝက္ေက်ာ္လာ ခ်ိန္တိုင္းမွာ တိုက္စစ္ပိုင္းက ဟာလန္းရဲ႕ကစားပုံ အနည္းငယ္က်ဆင္းသြားတတ္ၿပီး သြင္းဂိုးေတြအ တြက္လည္း စိတ္ပူလာရတဲ့အေနအထားမ်ိဳးေတြကို ၿပီးခဲ့တဲ့ရာသီမွာ ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒါ ေၾကာင့္ မန္စီးတီးအသင္းရဲ႕ ပရီးမီးယားလိဂ္ကိုျပန္ လည္စိန္ေခၚတဲ့ေနရာမွာ ဟာလန္းဆီကသြင္းဂိုးေတြ ကို မျဖစ္မေနလိုအပ္မွာျဖစ္ၿပီး ဒီပြဲစဥ္မွာ ဟာလန္း ဘာလုပ္ျပႏိုင္မလဲဆိုတာကိုပါ ေစာင့္ၾကည့္သြားရဖို႔ရွိ ေနပါတယ္။ လီဗာပူးလ္အသင္းကေတာ့ ဒီရာသီမွာ နည္းျပအာနဲ႔စေလာ့နဲ႔အတူ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံ ေဟာင္းဆိုတဲ့ နာမည္တစ္ခုသာရွိေနၿပီး ေျခစြမ္းပိုင္း အရေရာ ကစားကြက္ပိုင္းမွာပါ က်ဆင္းသြားတာကို ေတြ႕ရပါတယ္။ အထူးသျဖင့္ ခံစစ္ပိုင္းမွာ ဆက္တိုက္ သြင္းဂိုးေတြေပးေနရတာက လီဗာပူးလ္အသင္းရဲ႕ ခံစစ္ပိုင္းမွာ ဗန္ဒိုက္ဦးေဆာင္တဲ့ ေနာက္တန္းခံစစ္ကို ယုံၾကည္စိတ္ခ်လို႔ရပါေတာ့မလားဆိုတဲ့ အရိပ္အ ေယာင္ေတြ ျမင္ေတြ႕လာရပါတယ္။ အဆိုးဆုံးအခ်က္ ကေတာ့ လီဗာပူးလ္အသင္းရဲ႕ပုံစံတစ္ခုျဖစ္တဲ့ တန္ ျပန္တိုက္စစ္ကစားပုံဟာ ဒီရာသီမွာ ေပ်ာက္ဆုံးေန ၿပီး သြင္းဂိုးေတြကိုလည္း ျမင္ေတြ႕ရျခင္းမရွိေတာ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္မွာ လီဗာပူးလ္အသင္း က မန္စီးတီးအသင္းကို ႏိုင္ပြဲရဖို႔ခက္ခဲေနဦးမွာျဖစ္ ပါ တယ္။ ဒါ့ျပင္ ဒီရာသီပထမဆုံးေတြ႕ဆုံမႈမွာလည္း မန္စီးတီးအိမ္ကြင္းမွာ (၃)ဂိုးျပတ္နဲ႔ရႈံးနိမ့္ထားတာ ေၾကာင့္ လီဗာပူးလ္အသင္းရဲ႕အိမ္ကြင္းမွာ ျပန္လည္ အႏိုင္ယူႏိုင္ပါမလားဆိုတာကလည္း ေစာင့္ၾကည့္ခ်င္ စရာေကာင္းေနပါတယ္။ ရလဒ္ပိုင္းကိုေျပာရရင္ မန္ စီးတီးအသင္းက ကစားပုံပိုေကာင္းတာမွန္ေပမယ့္ လီဗာပူးလ္အသင္းရဲ႕အိမ္ကြင္းျဖစ္တာေၾကာင့္ ႏိုင္ပြဲ ရဖို႔ခက္ခဲႏိုင္ၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက် ဖို႔မ်ားၿပီး ႏိုင္ပြဲအေနနဲ႔ကေတာ့ မန္စီးတီးအသင္းက (၁)ဂိုးအကြာနဲ႔သာကပ္ႏိုင္ပါမယ္။
မန္ယူ Vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ ၂ - ၂ မန္ယူ (၈- ၁၁ -၂၀၂၅)
စပါးစ္ ၁ - ဝ မန္ယူ (၁၆ -၂ -၂၀၂၅)
မန္ယူ ၃ - ဝ စပါးစ္ (၂၉ -၉ -၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၃ - ၁ စပါးစ္
မန္ယူ ၂ - ၁ စပါးစ္
မန္ယူအသင္းရဲ႕ လက္ရွိစြမ္းေဆာင္ရည္က တကယ္ကို အသိအမွတ္ျပဳစရာေကာင္းတဲ့ ေျခစြမ္း ေျခစမ်ိဳးေတြကိုျမင္ေတြ႕လာရၿပီျဖစ္ၿပီး လိုအပ္တဲ့ႏိုင္ ပြဲေတြကိုပါ စြမ္းေဆာင္ထားႏိုင္ၿပီျဖစ္တာေၾကာင့္ လာ မယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကိုပါ ရယူ ႏိုင္မယ့္အေနအထားမ်ိဳးျဖစ္ပါတယ္။ လက္ရွိမွာ မန္ ယူအသင္းက အသင္းႀကီးေတြျဖစ္တဲ့ အာဆင္နယ္၊ မန္စီးတီးနဲ႔ခ်ဲလ္ဆီးတို႔လို ခ်န္ပီယံအသင္းႀကီးေတြကို ထိုက္ထိုက္တန္တန္နဲ႔ ႏိုင္ပြဲရေအာင္စြမ္းေဆာင္ထား ႏိုင္တဲ့အျပင္ နည္းျပသစ္ မိုက္ကယ္ကားရစ္လက္ထက္ မွာ မန္ယူအသင္းရဲ႕ကစားပုံဟာ သိသိသာသာကို ေကာင္းမြန္တိုးတက္လာတာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ မန္ယူအသင္းမွာ ႏွစ္အေတာ္ၾကာေပ်ာက္ဆုံးေနတဲ့ တစ္ခုတည္းေသာအရာျဖစ္တဲ့ ႏိုင္ပြဲရယူလိုစိတ္ျပင္းျပမႈေတြကို ရာသီဝက္ေက်ာ္လာခ်ိန္မွာ ကစားသမား ေတြဆီကျမင္ေတြ႕လာရၿပီျဖစ္ၿပီး ကစားသမားတစ္ ေယာက္ခ်င္းစီရဲ႕စြမ္းေဆာင္ရည္ကလည္း ပိုေကာင္း လာတာကို အသိအမွတ္ျပဳဖို႔လိုပါတယ္။ ဘာျဖစ္လို႔လဲ ဆိုရင္ လက္ရွိ စပါးစ္အသင္းရဲ႕ေျခစြမ္းပိုင္းက ၿပီးခဲ့ တဲ့ရာသီကထက္ဆိုး႐ြားေနၿပီး သာမန္အသင္းေလး ေလာက္သာရွိတဲ့ ေျခစြမ္းမ်ိဳးျဖစ္ေနပါတယ္။ ဒါ့ျပင္ ႏိုင္ပြဲတစ္ပြဲရဖို႔႐ုန္းကန္ေနရတဲ့ တိုက္စစ္ကစားပုံေတြ နဲ႔ခံစစ္ပိုင္းကလည္း တစ္ပြဲကို (၁)ဂိုးေလာက္ေပးေန ရတဲ့ စပါးစ္အသင္းအတြက္ ဒီပြဲစဥ္က မန္ယူအသင္း ကို ႏိုင္ပြဲရဖို႔ လြယ္ကူေနမွာမဟုတ္တာေသခ်ာပါတယ္။ ၿပီးခဲ့တဲ့ရာသီကေတြ႕ဆုံမႈေတြမွာ ႏိုင္ပြဲရခဲ့ေပမယ့္ ဒီရာသီေတြ႕ဆုံမႈမွာေတာ့ သေရက်ထားတဲ့ လက္ရွိမွာ ျပန္ေတြ႕ရတဲ့ပုံစံခ်င္းမတူသလို ေျခစြမ္းပိုင္းနဲ႔ရလဒ္ပိုင္းေတြမွာပါ ကြာဟမႈေတြရွိေနပါတယ္။ ပိုဆိုးတာက ဒီတစ္ႀကိမ္ေတြ႕ဆုံမႈက မန္ယူအသင္းရဲ႕အိမ္ကြင္းျဖစ္ ေနတာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္းအတြက္ ႏိုင္ ပြဲရဖို႔ပိုမ်ားႏိုင္ၿပီး အျပန္အလွန္သြင္းဂိုးေတြမ်ားႏိုင္ တဲ့ ပြဲေကာင္းတစ္ပြဲျဖစ္ပါတယ္။
အာဆင္နယ္ Vs ဆန္းဒါးလန္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဆန္းဒါးလန္း ၂ - ၂ အာဆင္နယ္ (၉-၁၁-၂၀၂၅)
အာဆင္နယ္ ၅ - ၁ ဆန္းဒါးလန္း (၁၇- ၅-၂၀၁၇)
အာဆင္နယ္ ၂ - ဝ ဆန္းဒါးလန္း (၁၇-၁၀-၂၀၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ဝ ဆန္းဒါးလန္း
အာဆင္နယ္ ၂ - ၁ ဆန္းဒါးလန္း
လက္ရွိမွာ ပရီးမီယားလိဂ္ရဲ႕ ဖိအားအမ်ား ဆုံးအသင္းကိုေျပာပါဆိုရင္ အာဆင္နယ္အသင္းလို႔ òန္းဆိုရမွာျဖစ္ၿပီး ဘက္ေပါင္းစုံကဖိအားေတြကို စတင္ရင္ဆိုင္လာရၿပီျဖစ္ပါတယ္။ ပထမဆုံးအခ်က္ အေနနဲ႔ကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ေရးရည္မွန္းခ်က္ျဖစ္ၿပီး မန္စီးတီးအသင္းရဲ႕ဖိအား ေပးမႈေတြအျပင္ အက္စတြန္ဗီလာအသင္းရဲ႕စြမ္း ေဆာင္ရည္ေတြကလည္း အာဆင္နယ္အသင္းအ တြက္ အမွားခံလို႔မရေတာ့ဘူးဆိုတဲ့ဖိအားမ်ိဳး ဝင္ေစ မွာျဖစ္ပါတယ္။ ဒုတိယအခ်က္အေနနဲ႔ကေတာ့ အာ ဆင္နယ္အသင္းရဲ႕တိုက္စစ္ပိုင္းျဖစ္ၿပီး ေယာဂရက္စ္ ဆီက သြင္းဂိုးေတြအျပင္ ဆာကာနဲ႔ေဂ်ဆပ္စ္တို႔အျပင္ ထေရာ့ဆက္ဆီကလည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ သြင္းဂိုးအတြက္႐ုန္းကန္လာရတာကိုေတြ႕ရၿပီး ကြင္း လယ္ကစားသမားေတြနဲ႔ ေနာက္တန္းကစားသမား ေတြရဲ႕သြင္းဂိုးေတြကိုသာ အားကိုးလာရတာပါ။ တတိ ယအခ်က္ကေတာ့ အာဆင္နယ္အသင္းရဲ႕ တစ္ဦး ခ်င္းအမွားေတြကို ရာသီဝက္ကေက်ာ္လာခ်ိန္မွာ ျမင္ ေတြ႕လာရတာေၾကာင့္ အမွားေသးေသးေလးေတြ ေတာင္ အာဆင္နယ္အသင္းရဲ႕ ခ်န္ပီယံလမ္းေၾကာင္း ကိုထိခိုက္ေစႏိုင္တယ္ဆိုတဲ့ဖိအားမ်ိဳးေတြရွိလာႏိုင္ ပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္မွာလည္း အေရးပါတဲ့ပြဲ စဥ္ေတြကို ဆက္တိုက္ကစားရဖို႔ရွိေနတဲ့ အာဆင္နယ္ အသင္းအတြက္ လက္ရွိလူစာရင္းနဲ႔ ေတာင့္ခံၿပီးထိန္း ထားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ လြယ္ကူေနမွာမဟုတ္တာေသခ်ာပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းအတြက္ မျဖစ္မေနႏိုင္ ပြဲရဖို႔ႀကိဳးစားရမယ့္ပြဲစဥ္တစ္ပြဲျဖစ္ၿပီး သေရလည္းက် လို႔မရသလို ရႈံးပြဲလည္းေတြ႕လို႔မရတဲ့ ပြဲစဥ္ျဖစ္ပါ တယ္။ ဆန္းဒါးလန္းအသင္းကေတာ့ ဒီရာသီအစပိုင္း မွာသာ ကစားပုံေကာင္းခဲ့ေပမယ့္ ရာသီဝက္ေက်ာ္လာ ခ်ိန္မွာ ပုံမွန္ေျခစြမ္းေလာက္သာရွိေနတာေၾကာင့္ ဒီပြဲ စဥ္က အာဆင္နယ္အသင္းက အိမ္ကြင္း အႏိုင္(၃)မွတ္ရဖို႔ ေသခ်ာသေလာက္ရွိတဲ့ပြဲစဥ္ျဖစ္ပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။
ဝုဗ္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၃ - ဝ ဝုဗ္ (၉ - ၁၁ -၂၀၂၅)
ခ်ဲလ္ဆီး ၃ - ၁ ဝုဗ္ (၂၁ - ၁ -၂၀၂၅)
ဝုဗ္ ၂ - ၆ ခ်ဲလ္ဆီး (၂၅ - ၈ -၂၀၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝုဗ္ ဝ - ၂ ခ်ဲလ္ဆီး
ဝုဗ္ ဝ - ၃ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းဟာ နည္းျပသစ္ ေရာ္စီ ညာလက္ထက္မွာ ႏိုင္ပြဲဆက္ေနတဲ့အသင္းျဖစ္ၿပီး ေျခစြမ္းပိုင္းမွာလည္း ပိုေကာင္းတဲ့အခင္းအက်င္းတစ္ ခုကိုပိုင္ဆိုင္ထားတာေၾကာင့္ ရာသီကုန္ခ်ိန္မွာ ခ်န္ပီ ယံလိဂ္ဝင္ခြင့္တစ္ေနရာကို ေမွ်ာ္လင့္လို႔ရတဲ့အသင္း ျဖစ္ပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်ဲလ္ဆီး အသင္းရဲ႕စြမ္းေဆာင္ရည္က ပရီးမီးယားလိဂ္ရဲ႕ ဘယ္ အသင္းေတြထက္ကိုမဆို သာလြန္ေအာင္စြမ္းေဆာင္ ျပႏိုင္တဲ့အေနအထားတစ္ခုမွာရွိေနတာေၾကာင့္ နည္း ျပသစ္လက္ထက္ေတြမွာဆိုရင္ ခ်န္ပီယံလိဂ္ဖလားကို ရယူခဲ့ဖူးတဲ့အသင္းလည္းျဖစ္ေနပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ ဥေရာပၿပိဳင္ပြဲေတြကို ေစာင့္ၾကည့္ ဖို႔ရွိေနသလို ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကိုရယူႏိုင္ဖို႔ ဖိအားေပးလာႏိုင္တဲ့အသင္းလည္းျဖစ္ပါတယ္။ ဝုဗ္အသင္းကေတာ့ တန္းဆင္းရဖို႔ သေခ်ာသေလာက္ရွိေနတဲ့အသင္းျဖစ္ၿပီး ခ်ဲလ္ဆီး အသင္းအတြက္ ႏိုင္ပြဲရဖို႔လည္းလြယ္ကူႏိုင္တဲ့အ သင္းမ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က ခ်ဲလ္ဆီး အသင္းအတြက္ အႏိုင္(၃)မွတ္ေသခ်ာတဲ့ပြဲစဥ္ျဖစ္ပါ တယ္။ အနည္းဆုံး(၂)ဂိုးျပတ္ ႏိုင္ပါတယ္။
၇ - ၂ - ၂၀၂၆ (စေန)
ည (၇ း ဝဝ) မန္ယူ Vs စပါးစ္
ည (၉ း ၃၀) အာဆင္နယ္ Vs ဆန္းဒါးလန္း
ည (၉ း ၃၀) ဝုဗ္ Vs ခ်ဲလ္ဆီး
၈ - ၂ - ၂၀၂၆ (တနဂၤေႏြ)
ည (၁၁းဝဝ) လီဗာပူးလ္ Vs မန္စီးတီး