ကမ်းလှမ်းမှုများရှိသော်လည်း အစိုးရအပြောင်းအလဲပြီးမှ ရုရှားသို့ လုပ်သား ထပ်မံစေလွှတ်မည်ဟုဆို

206

Pearl (NP News) - ဖေဖော်ဝါရီ ၆
ယခု (၂၀၂၆)ခုနှစ်အတွက် ရုရှားနိုင်ငံမှ မြန်မာလုပ်သားခေါ်ယူရန် ကမ်းလှမ်းမှုများရှိသော်လည်း အစိုးရအပြောင်းအလဲပြီးမှ ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ရုရှားအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅)ခုနှစ်အတွင်း ရုရှားနိုင်ငံသို့ မြန်မာလုပ်သား(၆၉)ဦးကို Pilot Project အနေဖြင့် စေလွှတ်ခဲ့ပြီး လုပ်သား(၅၀ဝ)ကျော်ကို ထပ်မံစေလွှတ်ရန် ဗီဇာရရှိရေးစောင့်ဆိုင်းနေရာ လုပ်သားအချို့ မှာ ဗီဇာရရှိသော်လည်း OWIC ကတ်မရရှိမှုများနှင့် အခြားသောအခက်အခဲများကြောင့် ဗီဇာတွင်ပါသည့် Invitation ရက်အတိုင်း စေလွှတ်နိုင်ခြင်းမရှိသည့်အတွက် ဗီဇာပယ်ဖျက်ခံရမှုများရှိကြောင်းသိရသည်။
“အားလုံးပေါင်း (၆၉)ယောက်တော့ စေလွှတ်ခဲ့ပြီးပြီ။ (၅၀ဝ)ကျော်ကျန်နေသေးတယ်။ ထပ်ပြီးတော့ လွှတ်မယ်၊ အခု မလွှတ်ဘူးဆိုတာကတော့ ဗီဇာကျလိုက် Cancel ဖြစ်သွားလိုက်နဲ့များနေတာ။ (၄) လ ပိုင်းပြီးမှ ပြန်ပြီး မျှော်လင့်ရမယ့်အနေအထား ဖြစ်နေတယ်။ အပြောင်းအလဲကိုစောင့်နေတာ”ဟု ပြော သည်။ မြန်မာလုပ်သားများ အနေဖြင့် ဘာသာစကားကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ကျွမ်းကျင်မှုများ ကြောင့် (၂၀၂၆)ခုနှစ်အတွက်လည်း ရုရှားနိုင်ငံရှိလုပ်ငန်းရှင်များက မြန်မာလုပ်သားခေါ်ယူရန် ကမ်းလှမ်း မှုများရှိသော်လည်း မြန်မာနိုင်ငံရှိအလုပ်သမား စေလွှတ်ခြင်းမူဝါဒအပြောင်းအလဲနှင့် အစိုးရအပြောင်း အလဲကိုစောင့်ကြည့်၍ ဧပြီလနောက်ပိုင်းမှသာ အလုပ်ခေါ်စာများကိုလက်ခံ၍ လုပ်သားများကို ထပ်မံစေ လွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။ “ဆောက်လုပ်ရေးအလုပ်တွေ၊ ကုန်ထုတ် အလုပ်တွေ၊ ဝရိန်သမား တွေ၊ အများကြီးပဲ ကမ်းလှမ်းနေတယ်။ ဒီဘက်ကနေပြီးတော့ မူဝါဒမကျတဲ့အခါကျတော့ လောလော ဆယ် ဘာအလုပ်ကိုမှ အာမခံပြီး မပြောတော့ဘူး။ (၂၀၂၅) မှာလည်း ကျန်နေတဲ့လူဦးရေက အများကြီး ကျန်နေသေးတာဆိုတော့။ (၂၀၂၆)အတွက်ကို ဘာမှယူမလာသေးဘူး။ ဒီဘက်က အပြောင်းအလဲပြီးမှပဲ ဧပြီလပြီးတော့မှပဲ Demand တွေပြန်တင်ဖို့ရှိပါတယ်။ မြန်မာလုပ်သားတွေက ဟိုဘက်မှာ တော်တော် နာမည်ကောင်းရတယ်။ နာမည်ကောင်းရတဲ့အတွက်ကြောင့်မို့ သူတို့က မြန်မာလုပ်သားကိုခေါ်ချင်တယ်။ အလုပ်ရှင်တော်တော်များများက မြန်မာကိုလိုချင်ကြတယ်”ဟုပြောသည်။
ရုရှားနိုင်ငံ၌ မြန်မာလုပ်သားများသည် လုပ်ခလစာအနေဖြင့် အနည်းဆုံး ဒေါ်လာ(၇၀ဝ)မှ ဒေါ် လာ(၂၀ဝဝ)အထိရရှိမည်ဖြစ်ပြီး ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတို့၌ လုပ် ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား အလုပ်သမား စေလွှတ်ခြင်းများနှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာရေးထိုးရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

Zawgyi Version;
ကမ္းလွမ္းမႈမ်ားရွိေသာ္လည္း အစိုးရအေျပာင္းအလဲၿပီးမွ ႐ုရွားသို႔ လုပ္သား ထပ္မံေစလႊတ္မည္ဟုဆို
Pearl (NP News) - ေဖေဖာ္ဝါရီ ၆
ယခု (၂၀၂၆)ခုႏွစ္အတြက္ ႐ုရွားႏိုင္ငံမွ ျမန္မာလုပ္သားေခၚယူရန္ ကမ္းလွမ္းမႈမ်ားရွိေသာ္လည္း အစိုးရအေျပာင္းအလဲၿပီးမွ ထပ္မံေစလႊတ္မည္ျဖစ္ေၾကာင္း ႐ုရွားအလုပ္အကိုင္ရွာေဖြေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္အတြင္း ႐ုရွားႏိုင္ငံသို႔ ျမန္မာလုပ္သား(၆၉)ဦးကို Pilot Project အေနျဖင့္ ေစလႊတ္ခဲ့ၿပီး လုပ္သား(၅၀ဝ)ေက်ာ္ကို ထပ္မံေစလႊတ္ရန္ ဗီဇာရရွိေရးေစာင့္ဆိုင္းေနရာ လုပ္သားအခ်ိဳ႕ မွာ ဗီဇာရရွိေသာ္လည္း OWIC ကတ္မရရွိမႈမ်ားႏွင့္ အျခားေသာအခက္အခဲမ်ားေၾကာင့္ ဗီဇာတြင္ပါသည့္ Invitation ရက္အတိုင္း ေစလႊတ္ႏိုင္ျခင္းမရွိသည့္အတြက္ ဗီဇာပယ္ဖ်က္ခံရမႈမ်ားရွိေၾကာင္းသိရသည္။
“အားလုံးေပါင္း (၆၉)ေယာက္ေတာ့ ေစလႊတ္ခဲ့ၿပီးၿပီ။ (၅၀ဝ)ေက်ာ္က်န္ေနေသးတယ္။ ထပ္ၿပီးေတာ့ လႊတ္မယ္၊ အခု မလႊတ္ဘူးဆိုတာကေတာ့ ဗီဇာက်လိုက္ Cancel ျဖစ္သြားလိုက္နဲ႔မ်ားေနတာ။ (၄) လ ပိုင္းၿပီးမွ ျပန္ၿပီး ေမွ်ာ္လင့္ရမယ့္အေနအထား ျဖစ္ေနတယ္။ အေျပာင္းအလဲကိုေစာင့္ေနတာ”ဟု ေျပာ သည္။ ျမန္မာလုပ္သားမ်ား အေနျဖင့္ ဘာသာစကားကြၽမ္းက်င္မႈႏွင့္ အလုပ္အကိုင္ကြၽမ္းက်င္မႈမ်ား ေၾကာင့္ (၂၀၂၆)ခုႏွစ္အတြက္လည္း ႐ုရွားႏိုင္ငံရွိလုပ္ငန္းရွင္မ်ားက ျမန္မာလုပ္သားေခၚယူရန္ ကမ္းလွမ္း မႈမ်ားရွိေသာ္လည္း ျမန္မာႏိုင္ငံရွိအလုပ္သမား ေစလႊတ္ျခင္းမူဝါဒအေျပာင္းအလဲႏွင့္ အစိုးရအေျပာင္း အလဲကိုေစာင့္ၾကည့္၍ ဧၿပီလေနာက္ပိုင္းမွသာ အလုပ္ေခၚစာမ်ားကိုလက္ခံ၍ လုပ္သားမ်ားကို ထပ္မံေစ လႊတ္သြားမည္ျဖစ္ေၾကာင္းသိရသည္။ “ေဆာက္လုပ္ေရးအလုပ္ေတြ၊ ကုန္ထုတ္ အလုပ္ေတြ၊ ဝရိန္သမား ေတြ၊ အမ်ားႀကီးပဲ ကမ္းလွမ္းေနတယ္။ ဒီဘက္ကေနၿပီးေတာ့ မူဝါဒမက်တဲ့အခါက်ေတာ့ ေလာေလာ ဆယ္ ဘာအလုပ္ကိုမွ အာမခံၿပီး မေျပာေတာ့ဘူး။ (၂၀၂၅) မွာလည္း က်န္ေနတဲ့လူဦးေရက အမ်ားႀကီး က်န္ေနေသးတာဆိုေတာ့။ (၂၀၂၆)အတြက္ကို ဘာမွယူမလာေသးဘူး။ ဒီဘက္က အေျပာင္းအလဲၿပီးမွပဲ ဧၿပီလၿပီးေတာ့မွပဲ Demand ေတြျပန္တင္ဖို႔ရွိပါတယ္။ ျမန္မာလုပ္သားေတြက ဟိုဘက္မွာ ေတာ္ေတာ္ နာမည္ေကာင္းရတယ္။ နာမည္ေကာင္းရတဲ့အတြက္ေၾကာင့္မို႔ သူတို႔က ျမန္မာလုပ္သားကိုေခၚခ်င္တယ္။ အလုပ္ရွင္ေတာ္ေတာ္မ်ားမ်ားက ျမန္မာကိုလိုခ်င္ၾကတယ္”ဟုေျပာသည္။
႐ုရွားႏိုင္ငံ၌ ျမန္မာလုပ္သားမ်ားသည္ လုပ္ခလစာအေနျဖင့္ အနည္းဆုံး ေဒၚလာ(၇၀ဝ)မွ ေဒၚ လာ(၂၀ဝဝ)အထိရရွိမည္ျဖစ္ၿပီး ႐ုရွားႏိုင္ငံရွိ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ အထည္ခ်ဳပ္လုပ္ငန္းတို႔၌ လုပ္ ကိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ျမန္မာႏွင့္႐ုရွားႏိုင္ငံတို႔အၾကား အလုပ္သမား ေစလႊတ္ျခင္းမ်ားႏွင့္ပတ္သက္သည့္ နားလည္မႈစာခြၽန္လႊာေရးထိုးရန္ ျပင္ဆင္ေနေၾကာင္းလည္း သိရသည္။