ICJ မှ ရလဒ်ထွက်ရန် တစ်နှစ် (သို့) နှစ်နှစ်ခန့်ကြာတတ်ပြီး ဥပဒေကြောင်းအရ စဉ်းစားပါက ရလဒ် ကောင်းနိုင်

 484

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁ဝ

ICJ မှ ရလဒ်ထွက်ရန် တစ်နှစ် (သို့) နှစ်နှစ်ခန့် ကြာတတ်ပြီး ဥပဒေကြောင်းအရ စဉ်းစားပါက ရလဒ် ကောင်းနိုင်မည်ဟု မျှော်လင့်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှု ဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ ပြောသည်။
တရားရုံး ကြားနာခြင်းကို ဇန်နဝါရီ (၁၂) ရက်မှ (၂၉) ရက်အထိ ပြုလုပ်ခဲ့ရာတွင် ဇန်နဝါရီ (၁၂) ရက်မှ (၁၅) ရက်အထိ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်တင်ခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ (၁၆) ရက် မှ (၂၀) ရက်အထိလည်းကောင်း၊ ဇန်နဝါရီ (၂၈) ရက်မှ (၂၉) ရက်အထိလည်းကောင်း နှစ်ကြိမ် လျှောက်လဲခဲ့သည်။ တရားခွင်တွင် မြန်မာ ဘက်မှရှေ့နေများကအထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြခဲ့ ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကြားနာပွဲအပြီး မိန့်ခွန်းပြောကြားရာတွင် မြန်မာဘက်က အဆို ပြုချက်အတွင်း တရားရုံးက (၂၀၂၀) ပြည့် နှစ် ဇန်နဝါရီလ (၂၃) ရက်တွင်ချမှတ်ခဲ့သော ကြားဖြတ် စီမံ ဆောင်ရွက်ချက်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာသမ္မတနိုင်ငံက တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲ ချက်များမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန် နှင့်ဂမ်ဘီယာက အဆိုပြုသည့်နစ်နာကြေးပေးရန်အပြင် အခြားအဆိုပြုချက် အားလုံးမှာ ဥပဒေကြောင်း အရနှင့်အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့် အတွက်ပယ်ချပေးရန် တရားရုံးသို့လျှောက်တင်ထား သည်။
“ ICJ ဘက်က လုပ်ငန်းစဉ်ပြီးမြောက်တာ ကတော့ နဂိုပုံစံအတိုင်းပဲ ဖြစ်ပါမယ်။ သာမန်အား ဖြင့်တော့ တစ်ခါတလေ တစ်နှစ်၊ တစ်ခါတလေ နှစ်နှစ် ကြာတတ်တာမျိုးရှိတယ်။ အဲဒါကလည်း အခြေ အနေပေါ် မူတည်တာပေါ့ တရားသူကြီးတွေ ဘယ်လိုဆုံးဖြတ်မလဲ။ အချိန်ကတော့ ပြောရတာက ICJ ပြောတဲ့အပေါ် မူတည်ပါလိမ့်မယ်။ အတိအကျ ပြောရတာ ခက်တယ်” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
အချိန်က ပုံသေမရှိနိုင်ဘဲ လက်ရှိအချိန်အထိ မြန်မာကိုယ်စားလှယ်ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တင်ပြထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
“တရားဥပဒေလမ်းကြောင်း သီးသန့်စဉ်းစားမယ်ဆိုရင်တော့ ကိုယ့်ဘက်က ခိုင်မာတဲ့အထောက် အထားတွေနဲ့ ဖြေရှင်းပြနိုင်ခဲ့တာကို တွေ့ရတယ်။ အဲဒီအပေါ်မှာပဲ မှီတည်ပြီးစဉ်းစားမယ်၊ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေက ခိုင်လုံတဲ့အထောက်အထား မရှိဘူးဆိုတဲ့ ဥပဒေကြောင်း ခိုင်ခိုင်လုံလုံနဲ့ စဉ်းစားမယ် ဆိုရင်တော့ ဒီတစ်ခေါက် မြန်မာဘက်က လျှောက်လဲချက်က ကောင်းမွန်တဲ့ရလဒ်တစ်ခု ရနိုင်တယ်လို့ မျှော်လင့်လို့ ရပါတယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံတကာ၏ အပြောင်းအလဲ၊ နိုင်ငံရေးဖိအားများကြောင့် အပြောင်းအလဲရှိနိုင်သည်ဆိုခြင်း ကိုလည်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “သိပ်ဆိုးရွားတဲ့ဆုံးဖြတ်ချက် မချနိုင်ဘူးလို့ ခန့် မှန်းလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ တင်ပြထား တဲ့ရလဒ်တွေရယ်၊ ဂမ်ဘီယာဘက်က စွဲချက်တွေ ရယ် အဲဒါတွေက လက်ရှိလေ့လာထားသလောက် မြန်မာဘက်က အားသာချက်ပိုရှိတယ်။ နောက်ဆုံး သိပ်ဆိုး တာမျိုးတော့ မျှော်လင့်လို့ မရဘူး။ နောက်ဆုံး ဖြစ်နိုင်ခြေရှိတာက ဂမ်ဘီယာစွဲချက်နဲ့ပတ်သက် လို့ မျက်ကွယ်ပြုပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ပူးပေါင်း ညှိနှိုင်းဖြေရှင်းသင့်တယ် ဆိုတဲ့ဟာမျိုးက ဖြစ်ကောင်းဖြစ်မယ်။ အဆိုးဆုံးအထိတော့ ရောက်စရာမရှိဘူးလို့ သုံးသပ်နိုင်ပါတယ်” ဟု ဦးသိန်းထွန်းဦး က ဆိုသည်။

Zawgyi Version;
ICJ မွ ရလဒ္ထြက္ရန္ တစ္ႏွစ္ (သို႔) ႏွစ္ႏွစ္ခန႔္ၾကာတတ္ၿပီး ဥပေဒေၾကာင္းအရ စဥ္းစားပါက ရလဒ္ ေကာင္းႏိုင္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
ICJ မွ ရလဒ္ထြက္ရန္ တစ္ႏွစ္ (သို႔) ႏွစ္ႏွစ္ခန႔္ ၾကာတတ္ၿပီး ဥပေဒေၾကာင္းအရ စဥ္းစားပါက ရလဒ္ ေကာင္းႏိုင္မည္ဟု ေမွ်ာ္လင့္ႏိုင္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ အမႈ ေဆာင္ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News သို႔ ေျပာသည္။
တရား႐ုံး ၾကားနာျခင္းကို ဇန္နဝါရီ (၁၂) ရက္မွ (၂၉) ရက္အထိ ျပဳလုပ္ခဲ့ရာတြင္ ဇန္နဝါရီ (၁၂) ရက္မွ (၁၅) ရက္အထိ ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္လဲခ်က္တင္ခဲ့ကာ ျမန္မာႏိုင္ငံအေနျဖင့္ ဇန္နဝါရီ (၁၆) ရက္ မွ (၂၀) ရက္အထိလည္းေကာင္း၊ ဇန္နဝါရီ (၂၈) ရက္မွ (၂၉) ရက္အထိလည္းေကာင္း ႏွစ္ႀကိမ္ ေလွ်ာက္လဲခဲ့သည္။ တရားခြင္တြင္ ျမန္မာ ဘက္မွေရွ႕ေနမ်ားကအေထာက္အထား ခိုင္ခိုင္လုံလုံ တင္ျပခဲ့ ၿပီး ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္က ၾကားနာပြဲအၿပီး မိန႔္ခြန္းေျပာၾကားရာတြင္ ျမန္မာဘက္က အဆို ျပဳခ်က္အတြင္း တရား႐ုံးက (၂၀၂၀) ျပည့္ ႏွစ္ ဇန္နဝါရီလ (၂၃) ရက္တြင္ခ်မွတ္ခဲ့ေသာ ၾကားျဖတ္ စီမံ ေဆာင္႐ြက္ခ်က္ကို ေဖာက္ဖ်က္ေၾကာင္း ဂမ္ဘီယာသမၼတႏိုင္ငံက တရား႐ုံးသို႔ အဆိုျပဳသည့္ စြပ္စြဲ ခ်က္မ်ားမွာ ဥပေဒေၾကာင္းအရႏွင့္ အခ်က္အလက္ပိုင္းအရ ခိုင္မာမႈမရွိသည့္အတြက္ ပယ္ခ်ေပးပါရန္ ႏွင့္ဂမ္ဘီယာက အဆိုျပဳသည့္နစ္နာေၾကးေပးရန္အျပင္ အျခားအဆိုျပဳခ်က္ အားလုံးမွာ ဥပေဒေၾကာင္း အရႏွင့္အခ်က္အလက္ပိုင္းအရ ခိုင္မာမႈမရွိသည့္ အတြက္ပယ္ခ်ေပးရန္ တရား႐ုံးသို႔ေလွ်ာက္တင္ထား သည္။
“ ICJ ဘက္က လုပ္ငန္းစဥ္ၿပီးေျမာက္တာ ကေတာ့ နဂိုပုံစံအတိုင္းပဲ ျဖစ္ပါမယ္။ သာမန္အား ျဖင့္ေတာ့ တစ္ခါတေလ တစ္ႏွစ္၊ တစ္ခါတေလ ႏွစ္ႏွစ္ ၾကာတတ္တာမ်ိဳးရွိတယ္။ အဲဒါကလည္း အေျခ အေနေပၚ မူတည္တာေပါ့ တရားသူႀကီးေတြ ဘယ္လိုဆုံးျဖတ္မလဲ။ အခ်ိန္ကေတာ့ ေျပာရတာက ICJ ေျပာတဲ့အေပၚ မူတည္ပါလိမ့္မယ္။ အတိအက် ေျပာရတာ ခက္တယ္” ဟု ဦးသိန္းထြန္းဦးက ဆိုသည္။
အခ်ိန္က ပုံေသမရွိႏိုင္ဘဲ လက္ရွိအခ်ိန္အထိ ျမန္မာကိုယ္စားလွယ္ဘက္က အေထာက္အထား ခိုင္ခိုင္လုံလုံျဖင့္ တင္ျပထားၿပီးျဖစ္ေၾကာင္း ၎ကဆိုသည္။
“တရားဥပေဒလမ္းေၾကာင္း သီးသန႔္စဥ္းစားမယ္ဆိုရင္ေတာ့ ကိုယ့္ဘက္က ခိုင္မာတဲ့အေထာက္ အထားေတြနဲ႔ ေျဖရွင္းျပႏိုင္ခဲ့တာကို ေတြ႕ရတယ္။ အဲဒီအေပၚမွာပဲ မွီတည္ၿပီးစဥ္းစားမယ္၊ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ေတြက ခိုင္လုံတဲ့အေထာက္အထား မရွိဘူးဆိုတဲ့ ဥပေဒေၾကာင္း ခိုင္ခိုင္လုံလုံနဲ႔ စဥ္းစားမယ္ ဆိုရင္ေတာ့ ဒီတစ္ေခါက္ ျမန္မာဘက္က ေလွ်ာက္လဲခ်က္က ေကာင္းမြန္တဲ့ရလဒ္တစ္ခု ရႏိုင္တယ္လို႔ ေမွ်ာ္လင့္လို႔ ရပါတယ္” ဟု ၎ကဆိုသည္။
ႏိုင္ငံတကာ၏ အေျပာင္းအလဲ၊ ႏိုင္ငံေရးဖိအားမ်ားေၾကာင့္ အေျပာင္းအလဲရွိႏိုင္သည္ဆိုျခင္း ကိုလည္း စဥ္းစားရမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ “သိပ္ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္ မခ်ႏိုင္ဘူးလို႔ ခန႔္ မွန္းလို႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တင္ျပထား တဲ့ရလဒ္ေတြရယ္၊ ဂမ္ဘီယာဘက္က စြဲခ်က္ေတြ ရယ္ အဲဒါေတြက လက္ရွိေလ့လာထားသေလာက္ ျမန္မာဘက္က အားသာခ်က္ပိုရွိတယ္။ ေနာက္ဆုံး သိပ္ဆိုး တာမ်ိဳးေတာ့ ေမွ်ာ္လင့္လို႔ မရဘူး။ ေနာက္ဆုံး ျဖစ္ႏိုင္ေျခရွိတာက ဂမ္ဘီယာစြဲခ်က္နဲ႔ပတ္သက္ လို႔ မ်က္ကြယ္ျပဳၿပီး ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ၾကား ပူးေပါင္း ညႇိႏႈိင္းေျဖရွင္းသင့္တယ္ ဆိုတဲ့ဟာမ်ိဳးက ျဖစ္ေကာင္းျဖစ္မယ္။ အဆိုးဆုံးအထိေတာ့ ေရာက္စရာမရွိဘူးလို႔ သုံးသပ္ႏိုင္ပါတယ္” ဟု ဦးသိန္းထြန္းဦး က ဆိုသည္။

Related news

© 2021. All rights reserved.