OWIC အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ငွေလွှဲလျှောက်လွှာဖြင့်ပေးသွင်းရမည်

 92

Pearl (NP News) - ဖေဖော်ဝါရီ ၁၀

OWIC အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာဖြင့် ပေးသွင်းရ မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ရောက်ရှိသည့် အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာ သည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် OWIC ကတ်ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရသည့် အလုပ်သမားများ အနေဖြင့် မတ်လ (၁) ရက်မှစ၍ OWIC ကတ်ဖိုး ကျပ် ၅၆၀၀/- နှင့် ပျောက်ဆုံး/ ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀/- ကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ငွေစာရင်းအမှတ် OA-013904 သို့ အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။
OWIC ကတ်ဖိုးငွေများအား OA-013904 သို့ ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့သည့် ငွေလွှဲလျှောက်လွှာ (မူရင်း) နှင့်အတူ မိတ္တူ (၁) စောင်အားယူဆောင်၍ OWIC ပြုလုပ်ရမည့်နေ့ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ (မူရင်း) ပြသနိုင်မှုမရှိခြင်းတို့ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးထားသည်။

Zawgyi Version;
OWIC အတြက္ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားမွတစ္ဆင့္ ေငြလႊဲေလွ်ာက္လႊာျဖင့္ေပးသြင္းရမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၀
OWIC အတြက္ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားမွတစ္ဆင့္ အလုပ္သမားကိုယ္တိုင္ ေငြလႊဲေလွ်ာက္လႊာျဖင့္ ေပးသြင္းရ မည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ (Passport for Job-PJ) ကိုင္ေဆာင္ထားၿပီး ျပည္ပသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ အလုပ္သမားမ်ား ျပည္ပႏိုင္ငံသို႔ေရာက္ရွိသည့္ အခ်ိန္ သက္ဆိုင္ရာႏိုင္ငံ၏ ဥပေဒပါခံစားခြင့္မ်ား ရရွိႏိုင္ေစရန္ႏွင့္ အလုပ္သမားေရးရာကိစၥရပ္မ်ား ျဖစ္ေပၚလာ သည့္အခ်ိန္ လြယ္ကူလ်င္ျမန္စြာ ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ျပည္ပအလုပ္အကိုင္အလုပ္သမား သက္ေသခံကတ္ (Overseas Worker Identification Card-OWIC) ထုတ္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိ ေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ေပးလ်က္ရွိရာတြင္ OWIC ကတ္ျပဳလုပ္ခြင့္ရရွိေၾကာင္း ေၾကညာျခင္းခံရသည့္ အလုပ္သမားမ်ား အေနျဖင့္ မတ္လ (၁) ရက္မွစ၍ OWIC ကတ္ဖိုး က်ပ္ ၅၆၀၀/- ႏွင့္ ေပ်ာက္ဆုံး/ ပ်က္စီးပါက ဒဏ္ေၾကးအျဖစ္ က်ပ္ ၂၂၄၀၀/- ကို ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားမွတစ္ဆင့္ ေနျပည္ေတာ္ ျမန္မာ့စီးပြားေရးဘဏ္တြင္ ဖြင့္လွစ္ထားသည့္ ျပည္ပတြင္ အလုပ္လုပ္ကိုင္မႈ ႀကီးၾကပ္ေရးေကာ္မတီ၏ ေငြစာရင္းအမွတ္ OA-013904 သို႔ အလုပ္သမားကိုယ္တိုင္ ေငြလႊဲေလွ်ာက္လႊာျဖင့္ ေပးသြင္းရမည္ျဖစ္ပါသည္။
OWIC ကတ္ဖိုးေငြမ်ားအား OA-013904 သို႔ ေပးသြင္းၿပီးပါက ေငြေပးသြင္းခဲ့သည့္ ေငြလႊဲေလွ်ာက္လႊာ (မူရင္း) ႏွင့္အတူ မိတၱဴ (၁) ေစာင္အားယူေဆာင္၍ OWIC ျပဳလုပ္ရမည့္ေန႔ရက္တြင္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန၊ ကြၽမ္းက်င္မႈေလ့က်င့္ေရးသင္တန္းေက်ာင္း (ေျမာက္ဒဂုံ) OWIC ထုတ္ေပးေရးစင္တာသို႔ လာေရာက္ဆက္သြယ္ ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္းႏွင့္ ေငြစာရင္းအမွတ္ မွားယြင္းေပးသြင္းျခင္း၊ ေငြလႊဲေလွ်ာက္လႊာ မမွန္ကန္ျခင္း၊ ေငြလႊဲေလွ်ာက္လႊာ (မူရင္း) ျပသႏိုင္မႈမရွိျခင္းတို႔ျဖစ္ေပၚပါက OWIC ကတ္ထုတ္ေပးမည္မဟုတ္ပါေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.