အကြမ်းဖက်အဖွဲ့များထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိရေး အလေးထားဆောင်ရွက် ရန် တိုက်တွန်း

 120

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၁၀

အကြမ်းဖက်အဖွဲ့များထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရောက်ရှိရေး အလေးထား ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းပြောကြားထားသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသော မြန်မာနိုင်ငံကြက်ခြေနီအသင်း(၈၈)ကြိမ် မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက် ထားမှုလုပ်ငန်းများကို လုပ်ဆောင်နေသည့်အဖွဲ့အစည်းများထဲတွင် ထူးခြားသည့် ဝိသေသအရည်အချင်း နှင့် အရည်အသွေးများစွာရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်ကလည်း ဘေးအန္တရာယ်အမျိုးမျိုးကျရောက်သည့် ဒေသများတွင် လွတ်လပ်စွာ စေတနာအလျောက် ကူညီဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပြီး ကျန်းမာရေးဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ပံ့ပိုး ပေးလျက်ရှိကြောင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြေပြင်၌ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင်ဘက်လိုက်မှုမရှိပဲ မျှတစွာ ပေးအပ်နိုင်ရေး၊ မသက်ဆိုင်သူများထံ မရောက်ရှိစေရေးအတွက်လည်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းများထံ အကူအညီ အထောက်အပံ့များ မရောက်ရှိစေရေး အလေးထားဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ထိခိုက် ဒဏ်ရာရသူများအတွက် လူနာသယ်ပို့စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိ ကြောင်း၊ ထိရောက်ကောင်းမွန်သည့် လူနာသယ်ပို့ စနစ် တစ်ခုဖြစ်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအဆင့်အဖွဲ့အစည်းဖြစ်သည်နှင့်အညီ လူသားချင်း စာနာထောက် ထားမှုလုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်သည့်အပြင် နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးအတွက် အထူးအလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
အၾကမ္းဖက္အဖြဲ႕မ်ားထံ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ား မေရာက္ရွိေရး အေလးထားေဆာင္႐ြက္ ရန္ တိုက္တြန္း
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၁၀
အၾကမ္းဖက္အဖြဲ႕မ်ားထံ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား မေရာက္ရွိေရး အေလးထား ေဆာင္႐ြက္ရန္ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက တိုက္တြန္းေျပာၾကားထားသည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီ ၉ ရက္) က ေနျပည္ေတာ္တြင္ က်င္းပေသာ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း(၈၈)ႀကိမ္ ေျမာက္ ၾကက္ေျခနီဗဟိုေကာင္စီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးက ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းသည္ လူသားခ်င္းစာနာေထာက္ ထားမႈလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနသည့္အဖြဲ႕အစည္းမ်ားထဲတြင္ ထူးျခားသည့္ ဝိေသသအရည္အခ်င္း ႏွင့္ အရည္အေသြးမ်ားစြာရွိေသာ အဖြဲ႕အစည္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္ကလည္း ေဘးအႏၲရာယ္အမ်ိဳးမ်ိဳးက်ေရာက္သည့္ ေဒသမ်ားတြင္ လြတ္လပ္စြာ ေစတနာအေလ်ာက္ ကူညီေဆာင္႐ြက္ႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္ေပးထားၿပီး က်န္းမာေရးဝန္ႀကီးဌာနမွလည္း လိုအပ္သည္မ်ား ပံ့ပိုး ေပးလ်က္ရွိေၾကာင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းအေနျဖင့္ ေျမျပင္၌ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ သက္ဆိုင္ရာျပည္နယ္၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕မ်ားႏွင့္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ရန္လည္း တိုက္တြန္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ရာတြင္ဘက္လိုက္မႈမရွိပဲ မွ်တစြာ ေပးအပ္ႏိုင္ေရး၊ မသက္ဆိုင္သူမ်ားထံ မေရာက္ရွိေစေရးအတြက္လည္း တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ ႏိုင္ငံေတာ္က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားသည့္ အဖြဲ႕အစည္းမ်ားထံ အကူအညီ အေထာက္အပံ့မ်ား မေရာက္ရွိေစေရး အေလးထားေဆာင္႐ြက္ေပးရန္လည္း မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ အေရးေပၚထိခိုက္ ဒဏ္ရာရသူမ်ားအတြက္ လူနာသယ္ပို႔စနစ္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိရာ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းကလည္း ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးလ်က္ ရွိ ေၾကာင္း၊ ထိေရာက္ေကာင္းမြန္သည့္ လူနာသယ္ပို႔ စနစ္ တစ္ခုျဖစ္ေအာင္ ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ေပးရန္လည္း တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းသည္ အမ်ိဳးသားအဆင့္အဖြဲ႕အစည္းျဖစ္သည္ႏွင့္အညီ လူသားခ်င္း စာနာေထာက္ ထားမႈလုပ္ငန္းမ်ားႏွင့္ ေဘးအႏၲရာယ္တုံ႔ျပန္ေရးဆိုင္ရာ လုပ္ငန္းမ်ားတြင္ ၾကက္ေျခနီအေျခခံမူမ်ားႏွင့္အညီ တိက်စြာလိုက္နာေဆာင္႐ြက္ေပးၾကရန္ လိုအပ္သည့္အျပင္ ႏိုင္ငံအက်ိဳး၊ ျပည္သူလူထုအက်ိဳးအတြက္ အထူးအေလးထားေဆာင္႐ြက္ရန္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.