တိရစ္ဆာန်ဆေးကုဝန်ဆောင်မှု လုပ်ငန်းများခွင့်ပြုလက်မှတ်များ လျှောက်ထားရမည်

424
ကိုဖြိုး (NP News) ဖေဖော်ဝါရီ - ၁၁
နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ခွင့်ပြုလက်မှတ်မရှိဘဲ တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ဖေဖော်ဝါရီ (၁၅) ရက် နောက်ဆုံးထားပြီး ခွင့်ပြုမိန့်လျှောက်ထားရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
လျှောက်ထားမည့်သူများအနေဖြင့် လုပ်ငန်းတည်ရှိရာ လိပ်စာနှင့်အဆောက်အအုံမြေနေရာ အကျယ်အဝန်း၊ ကြီးကြပ်ဆောင်ရွက်မည့်သူစာရင်း အပါအဝင် ပူးတွဲလျှောက်ထားတင်ပြရမည့်အချက်အလက်များကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ခွင့်ပြုမိန့် မလျှောက်ထားဘဲဖွင့်လှစ်ထားသည့်ကို စစ်ဆေးတွေ့ရှိပါက တိရစ္ဆာန်ကျန်းမာရေး နှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများအတွက် လုပ်ငန်းစိစစ်ရေးအဖွဲ့မှစိစစ်ပြီး ဗဟိုကြီးကြပ်မှုကော်မတီက အတည်ပြု၍ ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

Zawgyi Version;
တိရစာၦန္ေဆးကုဝန္ေဆာင္မႈ လုပ္ငန္းမ်ားခြင့္ျပဳလက္မွတ္မ်ား ေလွ်ာက္ထားရမည္
ကိုၿဖိဳး (NP News) ေဖေဖာ္ဝါရီ - ၁၁
ေနျပည္ေတာ္ေကာင္စီနယ္ေျမ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အတြင္းရွိ ခြင့္ျပဳလက္မွတ္မရွိဘဲ တိရစာၦန္ေဆးကုဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသူမ်ားအေနျဖင့္သက္ဆိုင္ရာေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနသို႔ေဖေဖာ္ဝါရီ (၁၅) ရက္ ေနာက္ဆုံးထားၿပီး ခြင့္ျပဳမိန႔္ေလွ်ာက္ထားရန္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ေလွ်ာက္ထားမည့္သူမ်ားအေနျဖင့္ လုပ္ငန္းတည္ရွိရာ လိပ္စာႏွင့္အေဆာက္အအုံေျမေနရာ အက်ယ္အဝန္း၊ ႀကီးၾကပ္ေဆာင္႐ြက္မည့္သူစာရင္း အပါအဝင္ ပူးတြဲေလွ်ာက္ထားတင္ျပရမည့္အခ်က္အလက္မ်ားကိုလည္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ခြင့္ျပဳမိန႔္ မေလွ်ာက္ထားဘဲဖြင့္လွစ္ထားသည့္ကို စစ္ေဆးေတြ႕ရွိပါက တိရစာၦန္က်န္းမာေရး ႏွင့္ ေမြးျမဴေရးလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးဥပေဒအရ တရားစြဲဆိုေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
တိရစာၦန္ေဆးကုဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ လုပ္ငန္းစိစစ္ေရးအဖြဲ႕မွစိစစ္ၿပီး ဗဟိုႀကီးၾကပ္မႈေကာ္မတီက အတည္ျပဳ၍ ခြင့္ျပဳလက္မွတ္ထုတ္ေပးႏိုင္ေရးကို အခ်ိန္ႏွင့္တစ္ေျပးညီေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။