ဖေဖော်ဝါရီ (၈) ရက်မှ (၁၃) ရက်အထိ MSME လုပ်ငန်းရှင် တစ်ထောင်ကျော်ကို လုပ်ငန်း/စီးပွားချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့

 272

စိမ့်စမ်းရေ (NP News)-ဖေဖော်ဝါရီ ၁၄

နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ (၈) ရက်မှ (၁၄) ရက်အထိ ကျင်းပလျက်ရှိသော ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အတွင်း ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/စီးပွားချိတ်ဆက်ပြခန်းမှ ဖေဖော်ဝါရီ (၈) ရက်မှ (၁၃) ရက်အထိကာလအတွင်း MSME လုပ်ငန်းရှင် စုစုပေါင်း (၁၀၇၅) ဦးကို လုပ်ငန်းစီးပွားချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် စုစုပေါင်း (၄၅၄) ဦးကို ကုန်သွယ်ရေး၊ လိုင်စင်နှင့် သက်ဆိုင်ရာ ထောက်ခံချက်များဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လက်လီ၊ လက်ကား ဆိုင်စုစုပေါင်း (၁၂) ဆိုင်နှင့် တွေ့ဆုံနိုင်ရေး စီစဉ်ပေးခဲ့ပြီး လုပ်ငန်းရှင် စုစုပေါင်း (၃၀၅) ဦးကို ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှလည်း ဘဏ်စုစုပေါင်း (၁၄) ခုနှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရှင် စုစုပေါင်း (၂၃၄) ဦးကို ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လုပ်ငန်းရှင် စုစုပေါင်း (၈၂) ဦးကို နိုင်ငံပေါင်း (၁၂) နိုင်ငံတွင် တာဝန်ပေးစေလွှတ်ထားသည့် စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း၊ စီးပွားချိတ်ဆက် ပြခန်းတွင် MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင်တည်ထောင်သည့်အချိန်မှစ၍ ပြည်တွင်းစျေးကွက်ဝင်ရောက်ခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအထိ လိုအပ်သည့် လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှုများ၊ လိုင်စင်နှင့် အသိအမှတ်ပြု လက်မှတ်များ ရရှိနိုင်ရေး၊ စျေးကွက်ချိတ်ဆက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြပွဲကာလ ဆဋ္ဌမမြောက်နေ့ဖြစ်သည့် ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်)တွင်လည်း သက်ဆိုင်ရာ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့များမှ MSME လုပ်ငန်းရှင်များနှင့် ဆက်လက်တွေ့ဆုံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi version:

ေနျပည္ေတာ္ရင္ျပင္၌ ေဖေဖာ္ဝါရီ (၈) ရက္မွ (၁၄) ရက္အထိ က်င္းပလ်က္ရွိေသာ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္အတြင္း ပါဝင္ျပသလ်က္ရွိသည့္ လုပ္ငန္း/စီးပြားခ်ိတ္ဆက္ျပခန္းမွ ေဖေဖာ္ဝါရီ (၈) ရက္မွ (၁၃) ရက္အထိကာလအတြင္း MSME လုပ္ငန္းရွင္ စုစုေပါင္း (၁၀၇၅) ဦးကို လုပ္ငန္းစီးပြားခ်ိတ္ဆက္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါကာလအတြင္း ဝန္ႀကီးဌာနမ်ားႏွင့္ ခ်ိတ္ဆက္ေရးလုပ္ငန္းအဖြဲ႕မွ MSME လုပ္ငန္းရွင္ စုစုေပါင္း (၄၅၄) ဦးကို ကုန္သြယ္ေရး၊ လိုင္စင္ႏွင့္ သက္ဆိုင္ရာ ေထာက္ခံခ်က္မ်ားဆိုင္ရာ ကိစၥရပ္မ်ားကို ရွင္းလင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္တြင္းေစ်းကြက္ ခ်ိတ္ဆက္ေရးလုပ္ငန္းအဖြဲ႕မွ လက္လီ၊ လက္ကား ဆိုင္စုစုေပါင္း (၁၂) ဆိုင္ႏွင့္ ေတြ႕ဆုံႏိုင္ေရး စီစဥ္ေပးခဲ့ၿပီး လုပ္ငန္းရွင္ စုစုေပါင္း (၃၀၅) ဦးကို ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ရင္းႏွီးမတည္ေငြ ခ်ိတ္ဆက္ေရးလုပ္ငန္းအဖြဲ႕မွလည္း ဘဏ္စုစုေပါင္း (၁၄) ခုႏွင့္ ေတြ႕ဆုံႏိုင္ေရး ေဆာင္႐ြက္ေပးခဲ့ရာ လုပ္ငန္းရွင္ စုစုေပါင္း (၂၃၄) ဦးကို ခ်ိတ္ဆက္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပေစ်းကြက္ ခ်ိတ္ဆက္ေရးလုပ္ငန္းအဖြဲ႕မွ လုပ္ငန္းရွင္ စုစုေပါင္း (၈၂) ဦးကို ႏိုင္ငံေပါင္း (၁၂) ႏိုင္ငံတြင္ တာဝန္ေပးေစလႊတ္ထားသည့္ စီးပြားေရးသံမႉးမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္း၊ စီးပြားခ်ိတ္ဆက္ ျပခန္းတြင္ MSME လုပ္ငန္းရွင္မ်ား၏ ထုတ္ကုန္မ်ားကို လုပ္ငန္းစတင္တည္ေထာင္သည့္အခ်ိန္မွစ၍ ျပည္တြင္းေစ်းကြက္ဝင္ေရာက္ျခင္း၊ ျပည္ပေစ်းကြက္သို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးအထိ လိုအပ္သည့္ လုပ္ငန္းဆိုင္ရာ လမ္းၫႊန္မႈမ်ား၊ လိုင္စင္ႏွင့္ အသိအမွတ္ျပဳ လက္မွတ္မ်ား ရရွိႏိုင္ေရး၊ ေစ်းကြက္ခ်ိတ္ဆက္မႈမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အခြင့္အလမ္းမ်ားကို တစ္ေနရာတည္းတြင္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ျပပြဲကာလ ဆ႒မေျမာက္ေန႔ျဖစ္သည့္ ယေန႔ (ေဖေဖာ္ဝါရီ ၁၄ရက္)တြင္လည္း သက္ဆိုင္ရာ ခ်ိတ္ဆက္ေရးလုပ္ငန္းအဖြဲ႕မ်ားမွ MSME လုပ္ငန္းရွင္မ်ားႏွင့္ ဆက္လက္ေတြ႕ဆုံ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.