အက်ပ်စတိန်း အရှုပ်တော်ပုံဆိုတာ ဘာလဲ၊ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်နေသလား

 759

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၄

အာရေဗျပင်လယ်ပြင်မှာ အီရန်ဒရုန်းတစ်စင်းကို ပစ်ချလိုက်ကြောင်း၊ အမေရိကန်လေယာဉ်တင် သင်္ဘော ယူအက်စ်အက်စ် အေဗရာဟင်လင်ကွန်း အနီး ရန်လိုစွာချဉ်းကပ်လာခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်စစ်ဆင်ရေးကွပ်ကဲမှုဗဟိုဌာန CENT COM ကကြေညာတယ်လို့ ရိုက်တာသတင်းအေဂျင်စီ (4 February 2026)က ရေးပါတယ်။
လေယာဉ်တင်သင်္ဘောမှပျံတက်လာတဲ့ F-35 C ဂျက်တိုက်လေယာဉ်တွေက အီရန်ရဲ့ “ရှား ဟက်ဒ် -139” အမျိုးအစားဒရုန်းကို ပစ်ချလိုက်တယ်ဆိုတဲ့နေရာဟာ အီရန်တောင်ဘက်ကမ်းရိုးတန်းမှ မိုင်(၅၀ဝ) ခန့်အကွာမှာဖြစ်နေပါတယ်။ အဲဒီဖြစ်ရပ်အပြီး နာရီ အနည်းငယ်အကြာ ဟော်မုဇ် ရေလက် ကြားမှာ အမေရိကန်အလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောတစ်စင်းကို အီရန်တော်လှန်ရေးအစောင့် တပ် IRGC ရဲ့ စပိဘုတ်တွေက နှောင့်ယှက်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်အကြား သံတမန်ရေးဆွေးနွေးပွဲတွေကျင်းပဖို့သတ်မှတ်ရက် မတိုင်မီ ယခုဖြစ်ရပ်မှာ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိနေပါတယ်။
(၁၉၇၉)ခုနှစ် အစ္စလမ္မစ်တော်လှန်ရေးနောက်ပိုင်း အီရန်နိုင်ငံမှာ အသေအပျောက်အများဆုံး မငြိမ်သက်မှုတွေဖြစ်ပွားနေပါတယ်။ (၂၀၂၅)ခုနှစ် ဇွန်လ မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန် နျူကလီး ယားနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီအတွက် အီရန် အစ္စ လာမ္မစ် အစိုးရရဲ့ ဒေသတွင်းရပ်တည်မှုကို သိသိသာသာအားနည်းစေခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ စီးပွားရေး ပြိုလဲမှုကြောင့် (၁)ဒေါ်လာလျှင် ပြည်တွင်းသုံး ရီယာယ်ငွေ (၁.၄) သန်းကျော်အထိ တန်ဖိုးကျဆင်းမှု၊ အစားအစာဈေးနှုန်း (၇၀%)ကျော်နဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွလွန်းမှုတို့ ကြောင့် လွန်ခဲ့တဲ့နှစ်ကုန်ပိုင်း အသေးစားကုန်သည်တွေရဲ့ကန့်ကွက်ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ပါ တယ်။
နောက်ပိုင်း ကျောင်းသားတွေပူးပေါင်းလာခဲ့ပြီး နိုင်ငံအနှံ့ အစိုးရပြောင်းလဲရေးတောင်းဆိုမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ လူထုအုံကြွမှုကို အီရန်အစိုးရက ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းနေပါတယ်။ အင်အားသုံးဖြိုခွင်းမှုတွေကြောင့် လူထု လမ်းပေါ်ဆန္ဒပြပွဲတွေပျောက်ကွယ်သွားပေမယ့် အခြေအနေမှာ ပေါက် ကွဲနေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်း ပညာသင်နှစ် နောက်ဆုံးကာလ စာမေးပွဲတွေကို ကျောင်းသားတွေက သပိတ်မှောက်နေပြီး အစိုးရဆန့်ကျင်မှုတွေ နေရာကွက်ကြားဖြစ်ပွားနေပါတယ်။ အင်တာနက်အဆက်အသွယ်တွေကို ဖြတ်တောက်ထားတဲ့အတွက် သေဆုံးသူအရေအတွက်ကို အတိ အကျ မသိရှိနိုင်ပေမယ့် Starlink ဂြိုဟ်တုကွန်ရက်သုံး အလွတ် သဘော သတင်းရေးသားသူတွေနဲ့ လူ့ အခွင့်အရေးအဖွဲ့တွေရဲ့အဆိုအရ လူပေါင်း (၆,၈၀ဝ မှ ၂၀,ဝဝ)ကျော်အထိသေဆုံးခဲ့တယ်လို့ ခန့်မှန်း နေကြပါတယ်။ အီရန်အစိုးရကိုယ်တိုင် သတင်းထုတ်ပြန်ချက်မှာလည်း သေဆုံးသူ (၃၁၁၇) ဦးရှိကြောင်း ဝန်ခံထားပါတယ်။ လူပေါင်း (၁၈၀ဝဝ) ကျော်ကိုဖမ်းဆီးထားပြီး ဆန္ဒပြသူအများအပြားကို အကျဉ်းရုံးစစ် ဆေးမှုနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။
အီရန်အစိုးရဟာ ဆန္ဒပြသူတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ပြန်လည်စတင်မယ်ဆို ရင် အလွန်ပြင်းထန်တဲ့အရေးယူမှုပြုလုပ်မယ်လို့ သမ္မတ ထရမ့်ကခြိမ်းခြောက်ခဲ့ပြီး “အမေရိကန်ရေတပ် ကြီး ချီတက်လာနေပြီ”လို့ ဆိုခဲ့ပါတယ်။ အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် “ဒေသတွင်းစစ်ပွဲ”ဖြစ်ပွားလိမ့်မယ်လို့ အီရန်ဥသျှောင် အလီခါမေနီက တုံ့ပြန်ခြင်းဖြင့် ရက်ပိုင်း နာရီပိုင်း အတွင်း အရှေ့အလယ်ပိုင်းတစ်ခွင်လုံး စစ်မီးလျှံတို့ ဝါးမျိုတော့မယ့်အလား စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဗရာဟင်လင်ကွန်းနဲ့ ပဲ့ထိန်းဒုံးကျည် တင် ဖျက်သင်္ဘောအုပ်စုဟာ ဇန်နဝါရီ(၂၆)ရက်မှာ အာရေဗျပင်လယ်အတွင်းရောက်ရှိလာပြီး အီရန်ရဲ့ နျူ ကလီးယားအစီအစဉ်တွေရပ်တန့်ရေး ဖိအားပေးဖို့၊ အီရန် ပြည်သူတွေ လက်လွတ်စပယ် အသတ်ခံနေရ မှုတွေကို တားဆီးဖို့၊ ယီမင်ဟူသီနဲ့ ပင်လယ်ကွေ့မြောက်ပိုင်း ဟားမတ်စ်-ဟစ်ဇ်ဘိုလာတို့လို လက်နက် ကိုင်စစ်သွေးကြွတို့ကို အီရန်ရဲ့ထောက်ပံ့မှုတွေဖြတ်တောက် ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။
စစ်ရေးဖိအားတွေရှိနေပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ဆွေးနွေးဖို့ အထူးသံတမန်တစ်ဦး စေ လွှတ်မှာဖြစ်ကြောင်း ထရမ့်အစိုးရကကြေညာပြီး တူရ ကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာတွေ့ဆုံဖို့ တီဟီရန် ကလည်းသဘောတူကြောင်း သတင်းထုတ်ပြန်ပါတယ်။ သမ္မတထရမ့်ရဲ့အစီအစဉ်ဟာ စစ်ရေးချည်း သက်သက်မဟုတ်တော့ဘဲ သံတမန်ရေးလည်းပါဝင်တဲ့ နှစ်လမ်းသွားဖြစ်ကြောင်းပေါ်လွင်လာပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သမ္မတထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးအပြစ်အနာတွေ ပါဝင်ပတ်သက်နေတဲ့ “အက်ပ်စ တိန်း အရှုပ်တော်ပုံ” စာရွက်စာတမ်းပေါင်း (၃)သန်းကျော်ကို အမေရိကန်တရားရေးဌာနက လူသိရှင် ကြားထုတ်ပြန်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ဂျက်ဖရီအက်ပ်စတိန်း(၁၉၅၃–၂၀၁၉) ဟာ အမေရိကန်နိုင်ငံသား ဘဏ္ဍာရေးကျွမ်းကျင်သူ၊ သန်း ကြွယ်သူဌေးကြီးနဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ အဖြစ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ကမ္ဘာအနှံ့ လိင် ကုန်ကူးမှုအရှုပ်တော်ပုံကြီးမှာ အဓိကကျသူဖြစ်ပါတယ်။ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ပြီး ဘီလျံနာ သူဌေးကြီးတွေရဲ့ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲပေးခဲ့သူဖြစ်ပါတယ်။ သူရဲ့ ကျယ်ပြန့်တဲ့ကွန်ရက်ကြီးမှာ အောင်မြင်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးဖြစ်သူ ဒေါ်နယ်ထရမ့်၊ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဗြိတိသျှတော်ဝင်မင်းသား အင်ဒရူးတို့အပါအဝင် ဩဇာ ကြီးမားသူ လုပ်ဖော်ကိုင် ဖက်တွေ ပါဝင်နေပါတယ်။
အက်ပ်စတိန်းကို နယူးယောက်နဲ့ဖလော်ရီဒါ ပြည်နယ်မှာ အရွယ်မရောက်သေးသူတွေနဲ့ တရားမ ဝင်လိင်ဆက်ဆံမှု စွပ်စွဲချက်အများအပြားနဲ့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုခံခဲ့ရပါတယ်။ လိင်ပိုင်း ဆိုင်ရာပြစ်မှုကျူးလွန်သူအဖြစ် မှတ်ပုံတင်ခံခဲ့ရင် တရားစွဲဆိုမှုမပြုရေးသဘောတူညီချက်အရ ထောင် ဒဏ်(၁၃)လသာကျခံခဲ့ရပြီးလွတ်မြောက်လာပါတယ်။
(၂၀၁၉)ခုနှစ်မှာ လိင်ကုန်ကူးရန် ပူးပေါင်းကြံစည်မှုနဲ့ ပြန်လည်ဖမ်းဆီးခံရပြီး ရုံးတင် စစ်ဆေး ခြင်းကို စောင့်ဆိုင်းနေစဉ် မန်ဟက်တန်အကျဉ်းထောင်အတွင်း(ကြိုးဆွဲချ) မိမိကိုယ် မိမိသတ်သေခဲ့ပါ တယ်။ အမေရိကန်နဲ့ ဥရောပအထက်တန်းလွှာအသိုင်းအဝိုင်းတို့ရဲ့ လူကြားမကောင်းတဲ့အမှုတွေနဲ့ ပတ် သက်နေတဲ့ အက်ပ်စတိန်းလိုလူတစ်ယောက်သေဆုံးခြင်းမှာ သွေးရိုးသားရိုးမဟုတ်ဘဲ၊ နှုတ်ပိတ်ခံရခြင်း ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေဖြစ်လာခဲ့ပါတယ်။ အက်ပ်စတိန်းချုပ်နှောင်ထားရာ အခန်းရှေ့ CCTV နှစ်လုံးစလုံးဟာ ပျက်နေတယ်ဆိုတဲ့အတွက် ဘာအထောက်အထားမှမကျန်ရစ်ခဲ့သလို အကျဉ်း ထောင် ဝန်ထမ်းက မိနစ်(၃၀)တိုင်း တစ်ကြိမ်ကျစစ်ဆေးရန် သတ်မှတ်ချက်ကိုလည်း မလိုက်နာခဲ့ ကြောင်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ နယူးယောက်နဲ့ တရားရုံးချုပ်ဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူးတို့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အက်ပ်စတိန်းရဲ့ လက် ထောက်တစ်ဦးဖြစ်သူ ဂျီလိန်းမက်စ်ဝဲလ်လည်း လိင်ကုန်ကူးဖို့ မိန်းကလေးငယ်တွေကိုစုဆောင်းမှုနဲ့ ထောင်ဒဏ် နှစ်(၂၀) ချ မှတ်ခံရပြန်ပါတယ်။
အက်ပ်စတိန်းရဲ့အမှုဟာ ထရမ့်အစိုးရနဲ့ အမေရိကန်နိုင်ငံရေးသမားတွေကြား ပြင်းထန်စွာ ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ လျှို့ဝှက်အဆင့်သတ်မှတ်မထားတဲ့ စာရွက်စာတမ်းအားလုံးကို အမေရိကန် တရားရေးဌာနက အများသိထုတ်ပြန်ပေးရေး “အက်ပ်စတိန်း အမှုတွဲများ ပွင့်လင်းမြင်သာရေး ဥပဒေ (EFTA)” ကို (၂၀၂၅) ခုနှစ် ဇူလိုင်လမှာ ကွန်ဂရက်လွှတ်တော်က မဲပေးဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာလမှာ သမ္မတထရမ့်က လက်မှတ်ရေးထိုးခြင်းဖြင့် အတည်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြန်ပေးရမယ့် ရက်ပေါင်း(၃၀)ကိုကျော်လွန်ပြီး (၂၀၂၆)ခုနှစ် ဇန်နဝါရီ(၃၀)ရက်မှာထွက်ပေါ်လာတဲ့ အတွက် ဝေဖန်စရာဖြစ်ခဲ့ပါတယ်။
အက်ဥပဒေအရ အမေရိကန်တရားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ အဓိကဖိုင်တွေကနေ စာ ရွက်စာတမ်းပေါင်း (၃ . ၅)သန်းခန့် ဗီဒီယို(၂၀ဝဝ) နဲ့ ဓာတ်ပုံပေါင်း(၁၈၀,ဝဝဝ)ခန့်ပါဝင်နေပြီး Star Link သူဌေးကြီး အီလွန်မက်စ်၊ မက္ကရိုဆော့ဖ် ဘီလ် ဂိတ်တို့လို နည်းပညာကုမ္ပဏီပိုင်ရှင်တွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်ကြီးတွေနဲ့ ပတ်သက်နေပါတယ်။ (၁၉၉၀)ပြည့်လွန်နှစ်တွေအတွင်း ဒေါ်နယ်ထရမ့်ဟာ အက်ပ်စတိန်းရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ (၈)ကြိမ်ပျံသန်းခဲ့ဖူးကြောင်းပေါ်ပေါက်လာပြီး ယခင် ထရမ့်ရဲ့ ဝန်ခံပြောဆိုချက်တွေထက် ကြိမ်ရေ ပိုမိုများပြားနေခဲ့ပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့လည်း အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီ ရှေ့မှောက် ထွက်ဆိုရန်သဘောတူညီလိုက်ရပါတယ်။ ယူကေနိုင်ငံမှာ သံအမတ်ကြီးဟောင်း ပီတာမန် ဒယ်လ်ဆန်လည်း ရာထူးမှနုတ်ထွက်ပေးလိုက်ရပြီး အက်ပ်စတိန်းထံ အရေးကြီးစာရွက်စာတမ်းတွေပေး ပို့ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မှတ်တမ်းတွေအရ (၂၀၁၄)ခုနှစ်မှာ အက်ပ်စတိန်းဟာ ဒီ ဂျစ်တယ်ငွေကြေးလဲလှယ်မှုမှာ ဒေါ်လာ (၃)သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ကနဦးပြစ်ဒဏ်ချမှတ်ခံရပြီး နောက် နှစ်ပေါင်းများစွာကြာသည်အထိ အမေရိကန်အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ဩဇာလွှမ်းမိုးခဲ့ ကြောင်းပြသနေပါတယ်။
အက်ပ်စတိန်းဟာ ရေပေါ်ဆီ လူကုံထံကြီးတွေရဲ့ခုတင်ပေါ်က ကိစ္စတွေသက်သက်သာမဟုတ်ဘဲ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံရေးသမားတွေ၊ အစိုးရတွေကို လိုအပ်သလို ကြိုးကိုင်ထိန်းချုပ်ရေး နောက် ကွယ် လက်မည်းကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လိမ့်မယ်လို့ထင်ကြေးပေးမှုတွေရှိခဲ့ပါတယ်။ ပြည်ပ သူလျှို အဖွဲ့အစည်းတွေရဲ့ “ငါးစာ”တစ်ခုဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ပထမဆုံးထင်ကြေးပေးခံရသူက ပေကျင်းဖြစ်‌ပေမယ့် တရုတ်ထောက်လှမ်းရေးတို့ ပါဝင်ပတ် သက်ကြောင်း အထောက်အထားမရှိပါဘူး။ ထပ်မံထွက် ပေါ်လာတဲ့အချက်အလက်တွေအရ အက်ပ်စ တိန်းဟာ အစ္စရေးသမ္မတဟောင်း အီဟွတ်ဘားရက်နဲ့အဆက်အသွယ်ရှိသူဖြစ်ကြောင်း၊ အစ္စရေးသမ္မတ ဟောင်းအနေနဲ့ ရုရှားနဲ့ ကုလသမဂ္ဂဆက်သွယ်မှုတွေမှာ ကြားဝင်ကြိုးကိုင်ဖို့ အကြံဉာဏ်ပေးခဲ့ကြောင်း တွေ့ ရှိရပါတယ်။ စာရွက်စာတမ်းတချို့မှာ အစ္စရေး မော့ဆက်ထောက်လှမ်းရေး ပါဝင်ပတ်သက်ကြောင်း တွေ့ရှိရပေမယ့် အစ္စရေးအစိုးရက ငြင်းဆိုပါတယ်။ အစ္စရေးနဲ့တိုက်ရိုက်ပတ်သက်ကြောင်း ထောက် လှမ်းရေးသတင်းမရှိတဲ့အပြင် မော့ဆက်ရဲ့တရားဝင်ခြေပုန်းခုတ်မှုဖြစ်ကြောင်း အတည်မပြုနိုင်ပါဘူး။
ဒါပေမဲ့ အီရန်ဟာ အစ္စရေးနိုင်ငံ အမျိုးသားလုံခြုံရေးအတွက် တကယ့်မီးခဲဖြစ်နေပါတယ်။ အမေရိကန်က အီရန်ကို စစ်တိုက်ချေမှုန်းဖို့ အလိုလားဆုံးမှာ အစ္စရေးဖြစ်ပြီး သံတမန်နည်းလမ်းကို ရွေး ချယ်ခဲ့ရင် စိတ်ပျက်မယ့်သူကလည်း အစ္စရေးပဲဖြစ်ပါတယ်။ အက်ပ်စတိန်းအမှုနဲ့ သမ္မတထရမ့်အစိုးရကို အစ္စရေးက အကျပ်ကိုင်တယ်ပြောရအောင် တစ်ဖက်မှာလည်း စာရွက်စာတမ်းတွေကိုဖွင့်ချသူက အမေရိ ကန်တရားရေးဌာနနဲ့ ရီပတ်ဘလစ်ကင်တို့ရဲ့အမြီးကိုလိမ်ချိုးမယ့် အတိုက်အခံ ဒီမိုကရက်တစ် အမတ် တွေရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်နေပါတယ်။ ထရမ့်အစိုးရဟာ ICE အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိ တွေရဲ့လက်ချက်နဲ့ လူ(၂)ဦးသေဆုံးရတဲ့အတွက် မင်နီဆိုးတားပြည်နယ် လူထုကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တင်းမာမှုတစ်နေ့တခြားပြင်းထန်လာပြီး ရီပတ်ဘလစ်ကင်တို့အပေါ် လူထု ထောက်ခံမှုကျဆင်းလာခြင်းကို အချိန်မီကုစားရပါလိမ့်မယ်။ အီရန်ကို စစ်တိုက်မယ့်ကိစ္စမှာ ဒေသတွင်း မဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေးဗျ၊ ယူအေအီးနဲ့ကာတာတို့က ကန့်ကွက်နေပါတယ်။
အမေရိကန်-အီရန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး လတ်တလောသတင်းတွေဟာ ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခတွေနဲ့ အမေရိကန်ပြည်တွင်း ဦးစားပေးမှုတွေပြောင်းလဲလာမှုကြောင့် မှေးမှိန် သွားပေမယ့် ထိပ်တိုက်ရင်ဆိုင်မှုအတော်များများကျန်ရှိနေကြောင်း သတိပြုရမှာဖြစ်ပါတယ်။ ပင်လယ် နီရေပြင်မှာ နိုင်ငံတကာကုန်တင်သင်္ဘောတွေကိုတိုက်ခိုက်နေတဲ့ ယီမင်ရှိ အီရန်ကျောထောက် နောက်ခံ ပြု ဟူသီ တို့ကို အမေရိကန်က ဆက်လက်ပစ်မှတ်ထားနေရပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ ဝါရှင်တန် နဲ့ တီဟီရန်အကြား အတိအလင်းဖော်ပြခြင်းမရှိတဲ့ ပဋိပက္ခဖြစ်နေပါတယ်။
အီရန်ဟာ သူရဲ့ နျူကလီးယားအစီအစဉ်ကို ဆက်လက်တိုးချဲ့နေကြောင်း နိုင်ငံတကာစောင့် ကြည့်သူတွေက မကြာသေးမီကထောက်ပြခဲ့ကြပါတယ်။ အီရန်မှာ နျူကလီးယားလက်နက်အဖြစ် အသုံး ပြုနိုင်တဲ့ သန့်စင်ယူရေနီယမ်သိုလှောင်မှုကို တိုးမြှင့်လာတာ နဲ့အမျှ (၂၀၁၅) နျူကလီးယားသဘောတူ ညီချက်ကို ပြန်လည်အသက်သွင်းဖို့ သံတမန်ရေးကြိုးပမ်းမှု အများစုဟာ ယခုအချိန်ထိ ရပ်တန့်နေဆဲဖြစ် ပါတယ်။
အီရတ်နဲ့ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ အီရန်မဟာမိတ် စစ်သွေးကြွတို့အကြား အဆင့် နိမ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အမေရိကန်အနေနဲ့ သူ့ဝန်ထမ်းတွေ ကိုပစ်မှတ်ထားခံရ တဲ့အခါတိုင်း လက်စားချေတိုက်ခိုက်ရေးမူဝါဒကို ထိန်းသိမ်းထားပါတယ်။ ဒရုန်းထုတ်လုပ်မှုနဲ့ ဆိုက်ဘာ လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ယူကရိန်းနိုင်ငံရှိ ရုရှား စစ်ပွဲကို ထောက်ခံသူတွေအဖြစ်စွပ်စွဲခံထားရတဲ့ အဖွဲ့အစည်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ကို မကြာခဏထုတ်ပြန်နေရပါတယ်။
ယခင် ကာတာ သို့မဟုတ် အိုမန်တို့လို နိုင်ငံတွေရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အမေရိကန်ဟာ “နောက်ကြောင်းပြန်ဆွေးနွေးမှုများ” ရံဖန်ရံခါပြုလုပ်ခဲ့ပေ မယ့် အကျဉ်းသားတွေလွှတ်ပေးခြင်း သို့မ ဟုတ် တင်းမာမှုလျှော့ချခြင်းတို့မှလွဲပြီး တရားဝင် သံတမန်ဆက်ဆံရေးမှာ ကြီးကြီးမားမား အောင်မြင်မှု မဖြစ်ခဲ့ဖူးပါ။ ယခုလည်း သမ္မတထရမ့်ရဲ့ အီရန်နဲ့ နှစ်လမ်းသွားချဉ်းကပ်ရေးမှာ သံတမန်ဆက်ဆံရေးက မအောင်မြင်ဘဲ စစ်ရေးထိပ်တိုက်တွေ့မှု ပိုမိုဆိုးရွားလာခြင်း ရှိမရှိ စောင့်ကြည့်ရုံသာရှိပါတယ်။

Zawgyi Version;
အက္ပ္စတိန္း အရႈပ္ေတာ္ပုံဆိုတာ ဘာလဲ၊ အေမရိကန္ရဲ႕ စစ္ေရးလႈပ္ရွားမႈေတြနဲ႔ပတ္သက္ေနသလား
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၄
အာေရဗ်ပင္လယ္ျပင္မွာ အီရန္ဒ႐ုန္းတစ္စင္းကို ပစ္ခ်လိုက္ေၾကာင္း၊ အေမရိကန္ေလယာဥ္တင္ သေဘၤာ ယူအက္စ္အက္စ္ ေအဗရာဟင္လင္ကြန္း အနီး ရန္လိုစြာခ်ဥ္းကပ္လာျခင္းေၾကာင့္ျဖစ္ေၾကာင္း အေမရိကန္စစ္ဆင္ေရးကြပ္ကဲမႈဗဟိုဌာန CENT COM ကေၾကညာတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ (4 February 2026)က ေရးပါတယ္။
ေလယာဥ္တင္သေဘၤာမွပ်ံတက္လာတဲ့ F-35 C ဂ်က္တိုက္ေလယာဥ္ေတြက အီရန္ရဲ႕ “ရွား ဟက္ဒ္ -139” အမ်ိဳးအစားဒ႐ုန္းကို ပစ္ခ်လိုက္တယ္ဆိုတဲ့ေနရာဟာ အီရန္ေတာင္ဘက္ကမ္း႐ိုးတန္းမွ မိုင္(၅၀ဝ) ခန႔္အကြာမွာျဖစ္ေနပါတယ္။ အဲဒီျဖစ္ရပ္အၿပီး နာရီ အနည္းငယ္အၾကာ ေဟာ္မုဇ္ ေရလက္ ၾကားမွာ အေမရိကန္အလံလႊင့္တင္ထားတဲ့ ေရနံတင္သေဘၤာတစ္စင္းကို အီရန္ေတာ္လွန္ေရးအေစာင့္ တပ္ IRGC ရဲ႕ စပိဘုတ္ေတြက ေႏွာင့္ယွက္ခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ အေမရိကန္နဲ႔ အီရန္အၾကား သံတမန္ေရးေဆြးေႏြးပြဲေတြက်င္းပဖို႔သတ္မွတ္ရက္ မတိုင္မီ ယခုျဖစ္ရပ္မွာ ထူးျခားတဲ့ တိုက္ဆိုင္မႈေတြ ရွိေနပါတယ္။
(၁၉၇၉)ခုႏွစ္ အစၥလမၼစ္ေတာ္လွန္ေရးေနာက္ပိုင္း အီရန္ႏိုင္ငံမွာ အေသအေပ်ာက္အမ်ားဆုံး မၿငိမ္သက္မႈေတြျဖစ္ပြားေနပါတယ္။ (၂၀၂၅)ခုႏွစ္ ဇြန္လ မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္ န်ဴကလီး ယားနဲ႔ စစ္ဘက္ဆိုင္ရာ အေျခခံအေဆာက္အအုံေတြအေပၚ တိုက္ခိုက္ခဲ့ပါတယ္။ ဒီအတြက္ အီရန္ အစၥ လာမၼစ္ အစိုးရရဲ႕ ေဒသတြင္းရပ္တည္မႈကို သိသိသာသာအားနည္းေစခဲ့ပါတယ္။ အီရန္ႏိုင္ငံရဲ႕ စီးပြားေရး ၿပိဳလဲမႈေၾကာင့္ (၁)ေဒၚလာလွ်င္ ျပည္တြင္းသုံး ရီယာယ္ေငြ (၁.၄) သန္းေက်ာ္အထိ တန္ဖိုးက်ဆင္းမႈ၊ အစားအစာေဈးႏႈန္း (၇၀%)ေက်ာ္နဲ႔ ေလာင္စာဆီေဈးႏႈန္းျမင့္တက္မႈ၊ ေငြေၾကးေဖာင္းပြလြန္းမႈတို႔ ေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ကုန္ပိုင္း အေသးစားကုန္သည္ေတြရဲ႕ကန႔္ကြက္ဆႏၵျပပြဲေတြ စတင္ျဖစ္ပြားခဲ့ပါ တယ္။
ေနာက္ပိုင္း ေက်ာင္းသားေတြပူးေပါင္းလာခဲ့ၿပီး ႏိုင္ငံအႏွံ႔ အစိုးရေျပာင္းလဲေရးေတာင္းဆိုမႈအျဖစ္ ေျပာင္းလဲသြားခဲ့တယ္။ လူထုအုံႂကြမႈကို အီရန္အစိုးရက ရက္စက္ၾကမ္းၾကဳတ္စြာႏွိမ္နင္းေနပါတယ္။ အင္အားသုံးၿဖိဳခြင္းမႈေတြေၾကာင့္ လူထု လမ္းေပၚဆႏၵျပပြဲေတြေပ်ာက္ကြယ္သြားေပမယ့္ အေျခအေနမွာ ေပါက္ ကြဲေနဆဲျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလဆန္းပိုင္း ပညာသင္ႏွစ္ ေနာက္ဆုံးကာလ စာေမးပြဲေတြကို ေက်ာင္းသားေတြက သပိတ္ေမွာက္ေနၿပီး အစိုးရဆန႔္က်င္မႈေတြ ေနရာကြက္ၾကားျဖစ္ပြားေနပါတယ္။ အင္တာနက္အဆက္အသြယ္ေတြကို ျဖတ္ေတာက္ထားတဲ့အတြက္ ေသဆုံးသူအေရအတြက္ကို အတိ အက် မသိရွိႏိုင္ေပမယ့္ Starlink ၿဂိဳဟ္တုကြန္ရက္သုံး အလြတ္ သေဘာ သတင္းေရးသားသူေတြနဲ႔ လူ႔ အခြင့္အေရးအဖြဲ႕ေတြရဲ႕အဆိုအရ လူေပါင္း (၆,၈၀ဝ မွ ၂၀,ဝဝ)ေက်ာ္အထိေသဆုံးခဲ့တယ္လို႔ ခန႔္မွန္း ေနၾကပါတယ္။ အီရန္အစိုးရကိုယ္တိုင္ သတင္းထုတ္ျပန္ခ်က္မွာလည္း ေသဆုံးသူ (၃၁၁၇) ဦးရွိေၾကာင္း ဝန္ခံထားပါတယ္။ လူေပါင္း (၁၈၀ဝဝ) ေက်ာ္ကိုဖမ္းဆီးထားၿပီး ဆႏၵျပသူအမ်ားအျပားကို အက်ဥ္း႐ုံးစစ္ ေဆးမႈနဲ႔ ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။
အီရန္အစိုးရဟာ ဆႏၵျပသူေတြကို အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္မႈေတြ ျပန္လည္စတင္မယ္ဆို ရင္ အလြန္ျပင္းထန္တဲ့အေရးယူမႈျပဳလုပ္မယ္လို႔ သမၼတ ထရမ့္ကၿခိမ္းေျခာက္ခဲ့ၿပီး “အေမရိကန္ေရတပ္ ႀကီး ခ်ီတက္လာေနၿပီ”လို႔ ဆိုခဲ့ပါတယ္။ အေမရိကန္က စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မယ္ဆိုရင္ “ေဒသတြင္းစစ္ပြဲ”ျဖစ္ပြားလိမ့္မယ္လို႔ အီရန္ဥေသွ်ာင္ အလီခါေမနီက တုံ႔ျပန္ျခင္းျဖင့္ ရက္ပိုင္း နာရီပိုင္း အတြင္း အေရွ႕အလယ္ပိုင္းတစ္ခြင္လုံး စစ္မီးလွ်ံတို႔ ဝါးမ်ိဳေတာ့မယ့္အလား စိုးရိမ္စရာျဖစ္ခဲ့ပါတယ္။
အေမရိကန္ေလယာဥ္တင္သေဘၤာ ယူအက္စ္အက္စ္ ေအဗရာဟင္လင္ကြန္းနဲ႔ ပဲ့ထိန္းဒုံးက်ည္ တင္ ဖ်က္သေဘၤာအုပ္စုဟာ ဇန္နဝါရီ(၂၆)ရက္မွာ အာေရဗ်ပင္လယ္အတြင္းေရာက္ရွိလာၿပီး အီရန္ရဲ႕ န်ဴ ကလီးယားအစီအစဥ္ေတြရပ္တန႔္ေရး ဖိအားေပးဖို႔၊ အီရန္ ျပည္သူေတြ လက္လြတ္စပယ္ အသတ္ခံေနရ မႈေတြကို တားဆီးဖို႔၊ ယီမင္ဟူသီနဲ႔ ပင္လယ္ေကြ႕ေျမာက္ပိုင္း ဟားမတ္စ္-ဟစ္ဇ္ဘိုလာတို႔လို လက္နက္ ကိုင္စစ္ေသြးႂကြတို႔ကို အီရန္ရဲ႕ေထာက္ပံ့မႈေတြျဖတ္ေတာက္ ဖို႔ရည္႐ြယ္တယ္လို႔ဆိုပါတယ္။
စစ္ေရးဖိအားေတြရွိေနေပမယ့္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေဆြးေႏြးဖို႔ အထူးသံတမန္တစ္ဦး ေစ လႊတ္မွာျဖစ္ေၾကာင္း ထရမ့္အစိုးရကေၾကညာၿပီး တူရ ကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာေတြ႕ဆုံဖို႔ တီဟီရန္ ကလည္းသေဘာတူေၾကာင္း သတင္းထုတ္ျပန္ပါတယ္။ သမၼတထရမ့္ရဲ႕အစီအစဥ္ဟာ စစ္ေရးခ်ည္း သက္သက္မဟုတ္ေတာ့ဘဲ သံတမန္ေရးလည္းပါဝင္တဲ့ ႏွစ္လမ္းသြားျဖစ္ေၾကာင္းေပၚလြင္လာပါတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ သမၼတထရမ့္ရဲ႕ ပုဂၢိဳလ္ေရးအျပစ္အနာေတြ ပါဝင္ပတ္သက္ေနတဲ့ “အက္ပ္စ တိန္း အရႈပ္ေတာ္ပုံ” စာ႐ြက္စာတမ္းေပါင္း (၃)သန္းေက်ာ္ကို အေမရိကန္တရားေရးဌာနက လူသိရွင္ ၾကားထုတ္ျပန္ခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။
ဂ်က္ဖရီအက္ပ္စတိန္း(၁၉၅၃–၂၀၁၉) ဟာ အေမရိကန္ႏိုင္ငံသား ဘ႑ာေရးကြၽမ္းက်င္သူ၊ သန္း ႂကြယ္သူေဌးႀကီးနဲ႔ လိင္ပိုင္းဆိုင္ရာ ျပစ္မႈက်ဴးလြန္သူ အျဖစ္ ျပစ္ဒဏ္ခ်မွတ္ခံထားရၿပီး ကမာၻအႏွံ႔ လိင္ ကုန္ကူးမႈအရႈပ္ေတာ္ပုံႀကီးမွာ အဓိကက်သူျဖစ္ပါတယ္။ ကိုယ္ပိုင္ကုမၸဏီတည္ေထာင္ၿပီး ဘီလ်ံနာ သူေဌးႀကီးေတြရဲ႕ပိုင္ဆိုင္မႈေတြကို စီမံခန႔္ခြဲေပးခဲ့သူျဖစ္ပါတယ္။ သူရဲ႕ က်ယ္ျပန႔္တဲ့ကြန္ရက္ႀကီးမွာ ေအာင္ျမင္တဲ့ အိမ္ၿခံေျမလုပ္ငန္းရွင္ သူေဌးႀကီးျဖစ္သူ ေဒၚနယ္ထရမ့္၊ အေမရိကန္သမၼတေဟာင္း ဘီလ္ကလင္တန္၊ ၿဗိတိသွ်ေတာ္ဝင္မင္းသား အင္ဒ႐ူးတို႔အပါအဝင္ ဩဇာ ႀကီးမားသူ လုပ္ေဖာ္ကိုင္ ဖက္ေတြ ပါဝင္ေနပါတယ္။
အက္ပ္စတိန္းကို နယူးေယာက္နဲ႔ဖေလာ္ရီဒါ ျပည္နယ္မွာ အ႐ြယ္မေရာက္ေသးသူေတြနဲ႔ တရားမ ဝင္လိင္ဆက္ဆံမႈ စြပ္စြဲခ်က္အမ်ားအျပားနဲ႔ ဖက္ဒရယ္တရား႐ုံးမွာ တရားစြဲဆိုခံခဲ့ရပါတယ္။ လိင္ပိုင္း ဆိုင္ရာျပစ္မႈက်ဴးလြန္သူအျဖစ္ မွတ္ပုံတင္ခံခဲ့ရင္ တရားစြဲဆိုမႈမျပဳေရးသေဘာတူညီခ်က္အရ ေထာင္ ဒဏ္(၁၃)လသာက်ခံခဲ့ရၿပီးလြတ္ေျမာက္လာပါတယ္။
(၂၀၁၉)ခုႏွစ္မွာ လိင္ကုန္ကူးရန္ ပူးေပါင္းႀကံစည္မႈနဲ႔ ျပန္လည္ဖမ္းဆီးခံရၿပီး ႐ုံးတင္ စစ္ေဆး ျခင္းကို ေစာင့္ဆိုင္းေနစဥ္ မန္ဟက္တန္အက်ဥ္းေထာင္အတြင္း(ႀကိဳးဆြဲခ်) မိမိကိုယ္ မိမိသတ္ေသခဲ့ပါ တယ္။ အေမရိကန္နဲ႔ ဥေရာပအထက္တန္းလႊာအသိုင္းအဝိုင္းတို႔ရဲ႕ လူၾကားမေကာင္းတဲ့အမႈေတြနဲ႔ ပတ္ သက္ေနတဲ့ အက္ပ္စတိန္းလိုလူတစ္ေယာက္ေသဆုံးျခင္းမွာ ေသြး႐ိုးသား႐ိုးမဟုတ္ဘဲ၊ ႏႈတ္ပိတ္ခံရျခင္း ျဖစ္လိမ့္မယ္လို႔ ထင္ေၾကးေပးမႈေတြျဖစ္လာခဲ့ပါတယ္။ အက္ပ္စတိန္းခ်ဳပ္ေႏွာင္ထားရာ အခန္းေရွ႕ CCTV ႏွစ္လုံးစလုံးဟာ ပ်က္ေနတယ္ဆိုတဲ့အတြက္ ဘာအေထာက္အထားမွမက်န္ရစ္ခဲ့သလို အက်ဥ္း ေထာင္ ဝန္ထမ္းက မိနစ္(၃၀)တိုင္း တစ္ႀကိမ္က်စစ္ေဆးရန္ သတ္မွတ္ခ်က္ကိုလည္း မလိုက္နာခဲ့ ေၾကာင္း ေတြ႕ရွိရပါတယ္။ ဒါေပမဲ့ နယူးေယာက္နဲ႔ တရား႐ုံးခ်ဳပ္ေဆးဘက္ဆိုင္ရာစစ္ေဆးေရးမႉးတို႔က ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္မႈအျဖစ္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ အက္ပ္စတိန္းရဲ႕ လက္ ေထာက္တစ္ဦးျဖစ္သူ ဂ်ီလိန္းမက္စ္ဝဲလ္လည္း လိင္ကုန္ကူးဖို႔ မိန္းကေလးငယ္ေတြကိုစုေဆာင္းမႈနဲ႔ ေထာင္ဒဏ္ ႏွစ္(၂၀) ခ် မွတ္ခံရျပန္ပါတယ္။
အက္ပ္စတိန္းရဲ႕အမႈဟာ ထရမ့္အစိုးရနဲ႔ အေမရိကန္ႏိုင္ငံေရးသမားေတြၾကား ျပင္းထန္စြာ ဂယက္႐ိုက္ခတ္ခဲ့ပါတယ္။ လွ်ိဳ႕ဝွက္အဆင့္သတ္မွတ္မထားတဲ့ စာ႐ြက္စာတမ္းအားလုံးကို အေမရိကန္ တရားေရးဌာနက အမ်ားသိထုတ္ျပန္ေပးေရး “အက္ပ္စတိန္း အမႈတြဲမ်ား ပြင့္လင္းျမင္သာေရး ဥပေဒ (EFTA)” ကို (၂၀၂၅) ခုႏွစ္ ဇူလိုင္လမွာ ကြန္ဂရက္လႊတ္ေတာ္က မဲေပးဆုံးျဖတ္ခဲ့ၿပီး ႏိုဝင္ဘာလမွာ သမၼတထရမ့္က လက္မွတ္ေရးထိုးျခင္းျဖင့္ အတည္ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ စာ႐ြက္စာတမ္းေတြကို ထုတ္ျပန္ေပးရမယ့္ ရက္ေပါင္း(၃၀)ကိုေက်ာ္လြန္ၿပီး (၂၀၂၆)ခုႏွစ္ ဇန္နဝါရီ(၃၀)ရက္မွာထြက္ေပၚလာတဲ့ အတြက္ ေဝဖန္စရာျဖစ္ခဲ့ပါတယ္။
အက္ဥပေဒအရ အေမရိကန္တရားေရးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ အဓိကဖိုင္ေတြကေန စာ ႐ြက္စာတမ္းေပါင္း (၃ . ၅)သန္းခန႔္ ဗီဒီယို(၂၀ဝဝ) နဲ႔ ဓာတ္ပုံေပါင္း(၁၈၀,ဝဝဝ)ခန႔္ပါဝင္ေနၿပီး Star Link သူေဌးႀကီး အီလြန္မက္စ္၊ မကၠ႐ိုေဆာ့ဖ္ ဘီလ္ ဂိတ္တို႔လို နည္းပညာကုမၸဏီပိုင္ရွင္ေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းရွင္ႀကီးေတြနဲ႔ ပတ္သက္ေနပါတယ္။ (၁၉၉၀)ျပည့္လြန္ႏွစ္ေတြအတြင္း ေဒၚနယ္ထရမ့္ဟာ အက္ပ္စတိန္းရဲ႕ ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ (၈)ႀကိမ္ပ်ံသန္းခဲ့ဖူးေၾကာင္းေပၚေပါက္လာၿပီး ယခင္ ထရမ့္ရဲ႕ ဝန္ခံေျပာဆိုခ်က္ေတြထက္ ႀကိမ္ေရ ပိုမိုမ်ားျပားေနခဲ့ပါတယ္။ သမၼတေဟာင္း ဘီလ္ကလင္တန္နဲ႔ ဇနီး ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟီလာရီကလင္တန္တို႔လည္း ေအာက္လႊတ္ေတာ္ႀကီးၾကပ္ေရးေကာ္မတီ ေရွ႕ေမွာက္ ထြက္ဆိုရန္သေဘာတူညီလိုက္ရပါတယ္။ ယူေကႏိုင္ငံမွာ သံအမတ္ႀကီးေဟာင္း ပီတာမန္ ဒယ္လ္ဆန္လည္း ရာထူးမွႏုတ္ထြက္ေပးလိုက္ရၿပီး အက္ပ္စတိန္းထံ အေရးႀကီးစာ႐ြက္စာတမ္းေတြေပး ပို႔ခဲ့ေၾကာင္း သတင္းေတြထြက္ေပၚခဲ့ပါတယ္။ မွတ္တမ္းေတြအရ (၂၀၁၄)ခုႏွစ္မွာ အက္ပ္စတိန္းဟာ ဒီ ဂ်စ္တယ္ေငြေၾကးလဲလွယ္မႈမွာ ေဒၚလာ (၃)သန္း ရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း ကနဦးျပစ္ဒဏ္ခ်မွတ္ခံရၿပီး ေနာက္ ႏွစ္ေပါင္းမ်ားစြာၾကာသည္အထိ အေမရိကန္အဆင့္ျမင့္နည္းပညာနယ္ပယ္မွာ ဩဇာလႊမ္းမိုးခဲ့ ေၾကာင္းျပသေနပါတယ္။
အက္ပ္စတိန္းဟာ ေရေပၚဆီ လူကုံထံႀကီးေတြရဲ႕ခုတင္ေပၚက ကိစၥေတြသက္သက္သာမဟုတ္ဘဲ အေမရိကန္နဲ႔ ၿဗိတိန္ႏိုင္ငံေရးသမားေတြ၊ အစိုးရေတြကို လိုအပ္သလို ႀကိဳးကိုင္ထိန္းခ်ဳပ္ေရး ေနာက္ ကြယ္ လက္မည္းႀကီးရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္လိမ့္မယ္လို႔ထင္ေၾကးေပးမႈေတြရွိခဲ့ပါတယ္။ ျပည္ပ သူလွ်ိဳ အဖြဲ႕အစည္းေတြရဲ႕ “ငါးစာ”တစ္ခုျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။
ပထမဆုံးထင္ေၾကးေပးခံရသူက ေပက်င္းျဖစ္‌ေပမယ့္ တ႐ုတ္ေထာက္လွမ္းေရးတို႔ ပါဝင္ပတ္ သက္ေၾကာင္း အေထာက္အထားမရွိပါဘူး။ ထပ္မံထြက္ ေပၚလာတဲ့အခ်က္အလက္ေတြအရ အက္ပ္စ တိန္းဟာ အစၥေရးသမၼတေဟာင္း အီဟြတ္ဘားရက္နဲ႔အဆက္အသြယ္ရွိသူျဖစ္ေၾကာင္း၊ အစၥေရးသမၼတ ေဟာင္းအေနနဲ႔ ႐ုရွားနဲ႔ ကုလသမဂၢဆက္သြယ္မႈေတြမွာ ၾကားဝင္ႀကိဳးကိုင္ဖို႔ အႀကံဉာဏ္ေပးခဲ့ေၾကာင္း ေတြ႕ ရွိရပါတယ္။ စာ႐ြက္စာတမ္းတခ်ိဳ႕မွာ အစၥေရး ေမာ့ဆက္ေထာက္လွမ္းေရး ပါဝင္ပတ္သက္ေၾကာင္း ေတြ႕ရွိရေပမယ့္ အစၥေရးအစိုးရက ျငင္းဆိုပါတယ္။ အစၥေရးနဲ႔တိုက္႐ိုက္ပတ္သက္ေၾကာင္း ေထာက္ လွမ္းေရးသတင္းမရွိတဲ့အျပင္ ေမာ့ဆက္ရဲ႕တရားဝင္ေျခပုန္းခုတ္မႈျဖစ္ေၾကာင္း အတည္မျပဳႏိုင္ပါဘူး။
ဒါေပမဲ့ အီရန္ဟာ အစၥေရးႏိုင္ငံ အမ်ိဳးသားလုံၿခဳံေရးအတြက္ တကယ့္မီးခဲျဖစ္ေနပါတယ္။ အေမရိကန္က အီရန္ကို စစ္တိုက္ေခ်မႈန္းဖို႔ အလိုလားဆုံးမွာ အစၥေရးျဖစ္ၿပီး သံတမန္နည္းလမ္းကို ေ႐ြး ခ်ယ္ခဲ့ရင္ စိတ္ပ်က္မယ့္သူကလည္း အစၥေရးပဲျဖစ္ပါတယ္။ အက္ပ္စတိန္းအမႈနဲ႔ သမၼတထရမ့္အစိုးရကို အစၥေရးက အက်ပ္ကိုင္တယ္ေျပာရေအာင္ တစ္ဖက္မွာလည္း စာ႐ြက္စာတမ္းေတြကိုဖြင့္ခ်သူက အေမရိ ကန္တရားေရးဌာနနဲ႔ ရီပတ္ဘလစ္ကင္တို႔ရဲ႕အၿမီးကိုလိမ္ခ်ိဳးမယ့္ အတိုက္အခံ ဒီမိုကရက္တစ္ အမတ္ ေတြရဲ႕ လုပ္႐ိုးလုပ္စဥ္ျဖစ္ေနပါတယ္။ ထရမ့္အစိုးရဟာ ICE အေကာက္ခြန္နဲ႔ လူဝင္မႈႀကီးၾကပ္ေရးအရာရွိ ေတြရဲ႕လက္ခ်က္နဲ႔ လူ(၂)ဦးေသဆုံးရတဲ့အတြက္ မင္နီဆိုးတားျပည္နယ္ လူထုကန႔္ကြက္ဆႏၵျပမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ တင္းမာမႈတစ္ေန႔တျခားျပင္းထန္လာၿပီး ရီပတ္ဘလစ္ကင္တို႔အေပၚ လူထု ေထာက္ခံမႈက်ဆင္းလာျခင္းကို အခ်ိန္မီကုစားရပါလိမ့္မယ္။ အီရန္ကို စစ္တိုက္မယ့္ကိစၥမွာ ေဒသတြင္း မဟာမိတ္ျဖစ္တဲ့ ေဆာ္ဒီအာေရးဗ်၊ ယူေအအီးနဲ႔ကာတာတို႔က ကန႔္ကြက္ေနပါတယ္။
အေမရိကန္-အီရန္ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး လတ္တေလာသတင္းေတြဟာ ပိုမိုက်ယ္ျပန႔္တဲ့ အေရွ႕အလယ္ပိုင္းပဋိပကၡေတြနဲ႔ အေမရိကန္ျပည္တြင္း ဦးစားေပးမႈေတြေျပာင္းလဲလာမႈေၾကာင့္ ေမွးမွိန္ သြားေပမယ့္ ထိပ္တိုက္ရင္ဆိုင္မႈအေတာ္မ်ားမ်ားက်န္ရွိေနေၾကာင္း သတိျပဳရမွာျဖစ္ပါတယ္။ ပင္လယ္ နီေရျပင္မွာ ႏိုင္ငံတကာကုန္တင္သေဘၤာေတြကိုတိုက္ခိုက္ေနတဲ့ ယီမင္ရွိ အီရန္ေက်ာေထာက္ ေနာက္ခံ ျပဳ ဟူသီ တို႔ကို အေမရိကန္က ဆက္လက္ပစ္မွတ္ထားေနရပါတယ္။ အျပန္အလွန္တိုက္ခိုက္မႈေတြဟာ ဝါရွင္တန္ နဲ႔ တီဟီရန္အၾကား အတိအလင္းေဖာ္ျပျခင္းမရွိတဲ့ ပဋိပကၡျဖစ္ေနပါတယ္။
အီရန္ဟာ သူရဲ႕ န်ဴကလီးယားအစီအစဥ္ကို ဆက္လက္တိုးခ်ဲ႕ေနေၾကာင္း ႏိုင္ငံတကာေစာင့္ ၾကည့္သူေတြက မၾကာေသးမီကေထာက္ျပခဲ့ၾကပါတယ္။ အီရန္မွာ န်ဴကလီးယားလက္နက္အျဖစ္ အသုံး ျပဳႏိုင္တဲ့ သန႔္စင္ယူေရနီယမ္သိုေလွာင္မႈကို တိုးျမႇင့္လာတာ နဲ႔အမွ် (၂၀၁၅) န်ဴကလီးယားသေဘာတူ ညီခ်က္ကို ျပန္လည္အသက္သြင္းဖို႔ သံတမန္ေရးႀကိဳးပမ္းမႈ အမ်ားစုဟာ ယခုအခ်ိန္ထိ ရပ္တန႔္ေနဆဲျဖစ္ ပါတယ္။
အီရတ္နဲ႔ဆီးရီးယားမွာ အေမရိကန္တပ္ဖြဲ႕ေတြနဲ႔ အီရန္မဟာမိတ္ စစ္ေသြးႂကြတို႔အၾကား အဆင့္ နိမ့္ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။ အေမရိကန္အေနနဲ႔ သူ႔ဝန္ထမ္းေတြ ကိုပစ္မွတ္ထားခံရ တဲ့အခါတိုင္း လက္စားေခ်တိုက္ခိုက္ေရးမူဝါဒကို ထိန္းသိမ္းထားပါတယ္။ ဒ႐ုန္းထုတ္လုပ္မႈနဲ႔ ဆိုက္ဘာ လုပ္ေဆာင္မႈေတြမွာ ပါဝင္ပတ္သက္ေနတဲ့ အီရန္အဖြဲ႕အစည္းေတြ၊ အထူးသျဖင့္ ယူကရိန္းႏိုင္ငံရွိ ႐ုရွား စစ္ပြဲကို ေထာက္ခံသူေတြအျဖစ္စြပ္စြဲခံထားရတဲ့ အဖြဲ႕အစည္းေတြအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈအသစ္ေတြ ကို မၾကာခဏထုတ္ျပန္ေနရပါတယ္။
ယခင္ ကာတာ သို႔မဟုတ္ အိုမန္တို႔လို ႏိုင္ငံေတြရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ အေမရိကန္ဟာ “ေနာက္ေၾကာင္းျပန္ေဆြးေႏြးမႈမ်ား” ရံဖန္ရံခါျပဳလုပ္ခဲ့ေပ မယ့္ အက်ဥ္းသားေတြလႊတ္ေပးျခင္း သို႔မ ဟုတ္ တင္းမာမႈေလွ်ာ့ခ်ျခင္းတို႔မွလြဲၿပီး တရားဝင္ သံတမန္ဆက္ဆံေရးမွာ ႀကီးႀကီးမားမား ေအာင္ျမင္မႈ မျဖစ္ခဲ့ဖူးပါ။ ယခုလည္း သမၼတထရမ့္ရဲ႕ အီရန္နဲ႔ ႏွစ္လမ္းသြားခ်ဥ္းကပ္ေရးမွာ သံတမန္ဆက္ဆံေရးက မေအာင္ျမင္ဘဲ စစ္ေရးထိပ္တိုက္ေတြ႕မႈ ပိုမိုဆိုး႐ြားလာျခင္း ရွိမရွိ ေစာင့္ၾကည့္႐ုံသာရွိပါတယ္။

Related news

© 2021. All rights reserved.