ရုရှားစစ်တပ်က နေတိုးအဖွဲ့ထက် ပိုပြီးမြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်နေ

 588

Pika (NP News)- ဖေဖေါ်ဝါရီ ၁၄

အရှိန်ဖြင့်တိုးတက်ပြောင်းလဲနေသော စစ်မြေပြင်နည်းပညာများကို လိုက်လျောညီထွေဖြစ် အောင်လုပ်ဆောင် ရာတွင် ရုရှားစစ်တပ်က နေတိုးအ ဖွဲ့ထက် ပိုမိုမြန်ဆန်နိုင်ဖွယ်ရှိကြောင်း နေတိုးအဖွဲ့၏ နည်းပညာပြောင်းလဲမှုဆိုင်ရာ ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး Pierre Vandier က ထုတ်ပြန်ပြောကြားခဲ့သည်။
နေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံများသည် ရုရှားထံမှခြိမ်းခြောက်မှုများရှိလာနိုင်သည်ဆိုသည့် စိုးရိမ်မှု များကိုကိုးကားပြီး ကြီးမားသော စစ်ရေးအသုံးစရိတ်များကို မြှင့်တင်လျက်ရှိကြောင်းလည်းသိရသည်။
ဥရောပနိုင်ငံများသည် စစ်ရေးတည်ဆောက်မှုများမျှတ စေရန်အတွက် ဥရောပအခွန်ထမ်းများအား ရုရှားနှင့် စစ်ပွဲဖြစ်ပွားလာနိုင်ခြေရှိသည်ဆိုသည့် စိုးရိမ်မှုများ မြင့်တက်လာအောင် လုပ် ဆောင်ကာ ၎င်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုနေခြင်းမျိုးဖြစ်ကြောင်း ရုရှားသမ္မတပူတင်က စွပ်စွဲပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် နေတိုးအဖွဲ့သည် ယူကရိန်းပဋိပက္ခတွင် ရုရှားစစ်တပ်ကပြသခဲ့သော နည်းပညာလိုက် လျောညီ ထွေဖြစ်အောင်လုပ်ဆောင်မှုအရှိန်အဟုန်ထက် နောက်ကျနေကြောင်း Pierre Vandier က ပြောကြားခဲ့သည်။
Pierre Vandier က “စစ်မြေပြင်နည်း ပညာတွေကို လိုက်လျောညီထွေဖြစ်အောင်လုပ် ဆောင်ရာမှာ ရုရှားက နေတိုးအဖွဲ့ထက် ပိုပြီးမြန်ဆန် နေပါတယ်”ဟုပြောဆိုခဲ့သည်။
ထို့ပြင် စစ်ရေးနည်း ပညာများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများအားလုံးကို Pierre Vandier က တိုက်တွန်းခဲ့ကြောင်းလည်းသိရသည်။
အနောက် ဥရောပနိုင်ငံများသည် ယူကရိန်းသို့ စစ် လက်နက်ပစ္စည်းများပေးပို့နိုင်ရန်အတွက် ဥရောပသမဂ္ဂ၏ စစ်ရေး-စက်မှုလုပ်ငန်းရှုပ်ထွေးမှုထဲသို့ ငွေကြေးများပုံအောလာမှုနှင့်အတူ ယခုကဲ့သို့ ပြောဆို ချက်များလည်း ထွက်ပေါ်လာ ခြင်းဖြစ်သည်။

Zawgyi version:

အရွိန္ျဖင့္တိုးတက္ေျပာင္းလဲေနေသာ စစ္ေျမျပင္နည္းပညာမ်ားကို လိုက္ေလ်ာညီေထြျဖစ္ ေအာင္လုပ္ေဆာင္ ရာတြင္ ႐ုရွားစစ္တပ္က ေနတိုးအ ဖြဲ႕ထက္ ပိုမိုျမန္ဆန္ႏိုင္ဖြယ္ရွိေၾကာင္း ေနတိုးအဖြဲ႕၏ နည္းပညာေျပာင္းလဲမႈဆိုင္ရာ ထိပ္တန္းတပ္မႉး ဗိုလ္ခ်ဳပ္ႀကီး Pierre Vandier က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ေနတိုးအဖြဲ႕ဝင္ဥေရာပႏိုင္ငံမ်ားသည္ ႐ုရွားထံမွၿခိမ္းေျခာက္မႈမ်ားရွိလာႏိုင္သည္ဆိုသည့္ စိုးရိမ္မႈ မ်ားကိုကိုးကားၿပီး ႀကီးမားေသာ စစ္ေရးအသုံးစရိတ္မ်ားကို ျမႇင့္တင္လ်က္ရွိေၾကာင္းလည္းသိရသည္။
ဥေရာပႏိုင္ငံမ်ားသည္ စစ္ေရးတည္ေဆာက္မႈမ်ားမွ်တ ေစရန္အတြက္ ဥေရာပအခြန္ထမ္းမ်ားအား ႐ုရွားႏွင့္ စစ္ပြဲျဖစ္ပြားလာႏိုင္ေျခရွိသည္ဆိုသည့္ စိုးရိမ္မႈမ်ား ျမင့္တက္လာေအာင္ လုပ္ ေဆာင္ကာ ၎ကို အေၾကာင္းျပခ်က္တစ္ခုအျဖစ္ အသုံးျပဳေနျခင္းမ်ိဳးျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က စြပ္စြဲေျပာဆိုခဲ့သည္။
လက္ရွိအခ်ိန္တြင္ ေနတိုးအဖြဲ႕သည္ ယူကရိန္းပဋိပကၡတြင္ ႐ုရွားစစ္တပ္ကျပသခဲ့ေသာ နည္းပညာလိုက္ ေလ်ာညီ ေထြျဖစ္ေအာင္လုပ္ေဆာင္မႈအရွိန္အဟုန္ထက္ ေနာက္က်ေနေၾကာင္း Pierre Vandier က ေျပာၾကားခဲ့သည္။
Pierre Vandier က “စစ္ေျမျပင္နည္း ပညာေတြကို လိုက္ေလ်ာညီေထြျဖစ္ေအာင္လုပ္ ေဆာင္ရာမွာ ႐ုရွားက ေနတိုးအဖြဲ႕ထက္ ပိုၿပီးျမန္ဆန္ ေနပါတယ္”ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ စစ္ေရးနည္း ပညာမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုလုပ္ေဆာင္ရန္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအားလုံးကို Pierre Vandier က တိုက္တြန္းခဲ့ေၾကာင္းလည္းသိရသည္။
အေနာက္ ဥေရာပႏိုင္ငံမ်ားသည္ ယူကရိန္းသို႔ စစ္ လက္နက္ပစၥည္းမ်ားေပးပို႔ႏိုင္ရန္အတြက္ ဥေရာပသမဂၢ၏ စစ္ေရး-စက္မႈလုပ္ငန္းရႈပ္ေထြးမႈထဲသို႔ ေငြေၾကးမ်ားပုံေအာလာမႈႏွင့္အတူ ယခုကဲ့သို႔ ေျပာဆို ခ်က္မ်ားလည္း ထြက္ေပၚလာ ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.