မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး လာမည့်ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်နေ

 327

သန့်မင်းအိမ်(NP News)ဖေဖော်ဝါရီ ၁၅

(၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ရက်)ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော (၂၀၂၆-၂၀၂၇) ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် မန္တလေးနန်းမြို့ရိုးပြုပြင်ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ပညာတတ်များဖြစ်မြောက်လာစေရေး အလေးထားဆောင်ရွက်နေမှုနှင့် အခြေခံပညာသင်ယူတတ်မြောက်ရန်အတွက် တစ်ဦးချင်းစီအလိုက်သင်ယူနိုင်သည့် အခြေခံပညာကျောင်းအားလုံးဖွင့်လှစ်နိုင်ရေးတို့ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် KG မှ Grade-9 အထိ မသင်မနေရ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေမြဲရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး ကလေးများ ကျောင်းနေလာအောင် စည်းရုံးဆောင်ရွက်မှု၊ လှုံ့ဆော်မှု၊ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းနိုင်မှုနှင့် ကူညီပံ့ပိုးမှုများကို အားလုံး
ပူးပေါင်း ဆောင်ရွက်သွားရန်တို့ကို ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် (၂၀၂၆-၂၀၂၇) ပညာသင်နှစ် တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစီမံချက်များကို တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

(၂၀၂၅-၂၀၂၆) ပညာသင်နှစ်၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူစုစုပေါင်း (၆,၀၃၁,၀၁၂) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

zawgyi version

မႏၲေလးတိုင္းေဒသႀကီးရွိ အေျခခံပညာေက်ာင္းအားလုံး လာမည့္ပညာသင္ႏွစ္တြင္ ဖြင့္လွစ္ႏိုင္ရန္စီစဥ္ေန
သန႔္မင္းအိမ္(NP News)ေဖေဖာ္ဝါရီ ၁၅

(၂၀၂၆-၂၀၂၇) ပညာသင္ႏွစ္တြင္ မႏၲေလးတိုင္းေဒသႀကီးရွိ အေျခခံပညာေက်ာင္းအားလုံး ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၁၃ရက္)ရက္က မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးအစည္းအေဝးခန္းမ၌ က်င္းပေသာ (၂၀၂၆-၂၀၂၇) ပညာသင္ႏွစ္ မႏၲေလးတိုင္းေဒသႀကီးရွိ အေျခခံပညာေက်ာင္းအားလုံး ဖြင့္လွစ္ႏိုင္ေရးႏွင့္ မႏၲေလးနန္းၿမိဳ႕႐ိုးျပဳျပင္ေဆာင္႐ြက္မႈ အေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ ညႇိႏႈိင္းအစည္းအေဝး က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါအစည္းအေဝးတြင္ ဗလငါးတန္ႏွင့္ျပည့္စုံသည့္ ပညာတတ္မ်ားျဖစ္ေျမာက္လာေစေရး အေလးထားေဆာင္႐ြက္ေနမႈႏွင့္ အေျခခံပညာသင္ယူတတ္ေျမာက္ရန္အတြက္ တစ္ဦးခ်င္းစီအလိုက္သင္ယူႏိုင္သည့္ အေျခခံပညာေက်ာင္းအားလုံးဖြင့္လွစ္ႏိုင္ေရးတို႔ကို မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ KG မွ Grade-9 အထိ မသင္မေနရ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး၊ ေက်ာင္းေနအ႐ြယ္ကေလးအားလုံး ေက်ာင္းေနၿမဲေရး၊ အတန္းကူးေျပာင္းမႈႏႈန္းျမင့္မားေရး ကေလးမ်ား ေက်ာင္းေနလာေအာင္ စည္း႐ုံးေဆာင္႐ြက္မႈ၊ လႈံ႕ေဆာ္မႈ၊ အခက္အခဲမ်ားကို ဝိုင္းဝန္းအေျဖရွာ ေျဖရွင္းႏိုင္မႈႏွင့္ ကူညီပံ့ပိုးမႈမ်ားကို အားလုံး
ပူးေပါင္း ေဆာင္႐ြက္သြားရန္တို႔ကို ဆက္လက္ေျပာၾကားခဲ့သည္။

ထို႔ေနာက္ (၂၀၂၆-၂၀၂၇) ပညာသင္ႏွစ္ တိုင္းေဒသႀကီးရွိ အေျခခံပညာေက်ာင္းအားလုံး ဖြင့္လွစ္ႏိုင္ေရး လုပ္ငန္းစီမံခ်က္မ်ားကို တိုင္းေဒသႀကီးပညာေရးမႉး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္က ရွင္းလင္းတင္ျပခဲ့ေၾကာင္း သိရသည္။

(၂၀၂၅-၂၀၂၆) ပညာသင္ႏွစ္၌ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ အေျခခံပညာေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္ေက်ာင္းမ်ားတြင္ ေက်ာင္းသား ေက်ာင္းသူစုစုေပါင္း (၆,၀၃၁,၀၁၂) ဦး တက္ေရာက္ ပညာသင္ၾကားလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.