ဆွေးနွေးပွဲအသစ်ကို လာမယ့်သီတင်းပတ်မှာ ကျင်းပသွားမယ်လို့ ရုရှားကြေညာ

 314

Pika (NP News) ဖေဖော်ဝါရီ ၁၅

အမေရိကန်၊ယူကရိန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲအသစ်တစ်ခုကို လာမယ့်သီတင်းပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဘူဒါဘီမြို့မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ရုရှားနဲ့ယူကရိန်းကြား ယခင်ဆွေးနွေးပွဲနှစ်ခုက သိသာထင်ရှားတဲ့တိုးတက်မှုတွေ မရရှိခဲ့ဘဲ နယ်မြေဆိုင်ရာအဓိကပြဿနာနဲ့ ဝေးကွာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က”လာမယ့်သီတင်းပတ်မှာ နောက်ထပ်ဆွေးနွေးပွဲတစ်ခုကို ကျင်းပမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုရှိပါတယ်။ဆွေးနွေးပွဲကျင်းပမယ့်နေရာနဲ့ ရက်စွဲတွေကို ကျွန်တော်တို့ အသိပေးထုတ်ပြန်ကြေညာသွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။

စစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဆွေးနွေးပွဲအသစ်တစ်ခုကို ကျင်းပဖို့ စီစဉ်ထားတာမျိုးရှိ/မရှိဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒီမစ်ထရီပက်စကော့ဗ်က ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားလာတာဟာ အချိန်(၄)နှစ်ကျော်ရှိလာပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေကို ရယူနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version

ေဆြးေႏြးပြဲအသစ္ကို လာမယ့္သီတင္းပတ္မွာ က်င္းပသြားမယ္လို႔ ႐ုရွားေၾကညာ

Pika (NP News) ေဖေဖာ္ဝါရီ ၁၅

အေမရိကန္၊ယူကရိန္းအရာရွိေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲအသစ္တစ္ခုကို လာမယ့္သီတင္းပတ္အတြင္း လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဘူဒါဘီၿမိဳ႕မွာ လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ၾကားဝင္ေစ့စပ္ေပးခဲ့တဲ့ ႐ုရွားနဲ႔ယူကရိန္းၾကား ယခင္ေဆြးေႏြးပြဲႏွစ္ခုက သိသာထင္ရွားတဲ့တိုးတက္မႈေတြ မရရွိခဲ့ဘဲ နယ္ေျမဆိုင္ရာအဓိကျပႆနာနဲ႔ ေဝးကြာေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။

႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က”လာမယ့္သီတင္းပတ္မွာ ေနာက္ထပ္ေဆြးေႏြးပြဲတစ္ခုကို က်င္းပမယ္ဆိုတဲ့ သေဘာတူညီခ်က္တစ္ခုရွိပါတယ္။ေဆြးေႏြးပြဲက်င္းပမယ့္ေနရာနဲ႔ ရက္စြဲေတြကို ကြၽန္ေတာ္တို႔ အသိေပးထုတ္ျပန္ေၾကညာသြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

စစ္ပြဲကို အဆုံးသတ္ႏိုင္မယ့္ ေဆြးေႏြးပြဲအသစ္တစ္ခုကို က်င္းပဖို႔ စီစဥ္ထားတာမ်ိဳးရွိ/မရွိဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ဒီမစ္ထရီပက္စေကာ့ဗ္က ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာလည္းျဖစ္ပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားလာတာဟာ အခ်ိန္(၄)ႏွစ္ေက်ာ္ရွိလာၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.