ငလျင်ကြောင့် ပြိုကျခဲ့သည့် ဖောင်တော်ချက်မဘုရားကြီး၏ဌာပနာ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသရန် လှူဒါန်း

433
ထိုက်စံ (NP News)- ဖေဖော်ဝါရီ ၂၀
ငလျင်ကြောင့် ပြိုကျခဲ့သည့် ဖောင်တော်ချက်မဘုရားကြီး ရှင်းလင်းရာတွင် တွေ့ရှိခဲ့သည့် ဗုဒ္ဓဆင်းတုတော် တစ်ဆူကို အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသရန် လှူဒါန်းသည့် အခမ်းအနား ကျင်းပခဲ့ကြောင်း နေပြည်တော် ပြတိုက်၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အခမ်းအနားကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်)က အမျိုးသားပြတိုက် (နေပြည်တော်)၊ Mini Theatre တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ၊ လယ်ဝေးမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်ရှိ ဖောင်တော်ချက်မဘုရားကြီးသည် ပြီးခဲ့သည့် (၂၀၂၅ )ခုနှစ်က မန္တလေးငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြိုကျခဲ့သည့် ဖောင်တော်ချက်မဘုရားကြီး ၏ အပိုင်းအစများအား ဖယ်ရှားရှင်းလင်းခဲ့ရာတွင် ဌာပနာပစ္စည်းများအား တွေ့ရှိခဲ့ပြီး ယင်းပစ္စည်းများအနက်မှ ပျူခေတ် ကြေး ဗုဒ္ဓဆင်းတုတော် တစ်ဆူကို ပြန်လည် ဌာပနာခြင်းမပြုဘဲ အမျိုးသားပြတိုက် (နေပြည်တော်)တွင် ထားရှိပြသနိုင်ရန် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဆင်းတုတော်မှာ အမြင့် (၄.၅) လက်မ ၊ ဗျက် (၃)လက်မရှိပြီး ပျူခေတ် ကြေး ဗုဒ္ဓဆင်းတုတော် တစ်ဆူဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ၿပိဳက်ခဲ့သည့္ ေဖာင္ေတာ္ခ်က္မဘုရားႀကီး၏ဌာပနာ ဗုဒၶဆင္းတုေတာ္တစ္ဆူကို အမ်ိဳးသားျပတိုက္(ေနျပည္ေတာ္)တြင္ ျပသရန္ လႉဒါန္း
ထိုက္စံ (NP News)- ေဖေဖာ္ဝါရီ ၂၀
ငလ်င္ေၾကာင့္ ၿပိဳက်ခဲ့သည့္ ေဖာင္ေတာ္ခ်က္မဘုရားႀကီး ရွင္းလင္းရာတြင္ ေတြ႕ရွိခဲ့သည့္ ဗုဒၶဆင္းတုေတာ္ တစ္ဆူကို အမ်ိဳးသားျပတိုက္(ေနျပည္ေတာ္)တြင္ ျပသရန္ လႉဒါန္းသည့္ အခမ္းအနား က်င္းပခဲ့ေၾကာင္း ေနျပည္ေတာ္ ျပတိုက္၏ ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ အခမ္းအနားကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၉ ရက္)က အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္)၊ Mini Theatre တြင္ က်င္းပ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမ ၊ လယ္ေဝးၿမိဳ႕နယ္ ၊ အမွတ္(၃)ရပ္ကြက္ရွိ ေဖာင္ေတာ္ခ်က္မဘုရားႀကီးသည္ ၿပီးခဲ့သည့္ (၂၀၂၅ )ခုႏွစ္က မႏၲေလးငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ၿပိဳက်ခဲ့သည့္ ေဖာင္ေတာ္ခ်က္မဘုရားႀကီး ၏ အပိုင္းအစမ်ားအား ဖယ္ရွားရွင္းလင္းခဲ့ရာတြင္ ဌာပနာပစၥည္းမ်ားအား ေတြ႕ရွိခဲ့ၿပီး ယင္းပစၥည္းမ်ားအနက္မွ ပ်ဴေခတ္ ေၾကး ဗုဒၶဆင္းတုေတာ္ တစ္ဆူကို ျပန္လည္ ဌာပနာျခင္းမျပဳဘဲ အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္)တြင္ ထားရွိျပသႏိုင္ရန္ လႉဒါန္းျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဗုဒၶဆင္းတုေတာ္မွာ အျမင့္ (၄.၅) လက္မ ၊ ဗ်က္ (၃)လက္မရွိၿပီး ပ်ဴေခတ္ ေၾကး ဗုဒၶဆင္းတုေတာ္ တစ္ဆူျဖစ္ေၾကာင္း သိရသည္။