လူ့အခွင့်အရေးဖောက်ဖျက်ခံရပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားနိုင်

 628

Pearl (NP News) - ဖေဖော်ဝါရီ ၂၁

နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံတော်ကလက်ခံထားသည့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာသဘောတူစာချုပ်များတွင် ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေပုဒ်မ ၃ဝ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း ကော်မရှင်သို့တိုင်ကြားနိုင်ကြောင်း သိရသည်။
တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (ရုံးခွဲ) နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့တို့ သို့လည်းကောင်း လိပ်မူ၍ စာတိုက်မှဖြစ်စေ၊ သက်ဆိုင်ရာကော်မရှင်ရုံးသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် e-mail လိပ်စာဖြစ်သော [email protected]. mm တို့မှ တစ်ဆင့်ဖြစ်စေ ပြုလုပ်နိုင်ကြောင်းလည်း အသိပေးထား သည်။
တိုင်ကြားရာတွင် တိုင်ကြားသူ၏ အမည်၊ အမြဲ တမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်နှင့် e-mail တို့ ရှိလျှင် ထည့်သွင်းဖော်ပြရန်) ၊ တိုင်ကြားသူသည် မည်ကဲ့သို့လူ့အခွင့်အရေး ဖောက်ဖျက်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ် ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထား မိတ္တူများ ပူးတွဲလျက်ပေးပို့ရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် တိုင်ကြားသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူမဖြစ်မနေ ပူးတွဲပေးပို့ရန်၊ တိုင်ကြားချက်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ်ရေးထိုးပေးပို့ရန်လိုအပ်ကြောင်းလည်း သိရသည်။
ကော်မရှင်အနေဖြင့် ယင်းတိုင်ကြားချက် များကိုစိစစ်၍ ကော်မရှင်ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အသိပေးထားသည်။

Zawgyi Version;
လူ႔အခြင့္အေရးေဖာက္ဖ်က္ခံရပါက ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္သို႔ တိုင္ၾကားႏိုင္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၁
ႏိုင္ငံသားတစ္ဦးသည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ႏိုင္ငံသားမ်ား၏ မူလ အခြင့္အေရးႏွင့္ ဥပေဒပါ အခြင့္အေရးမ်ား၊ ႏိုင္ငံေတာ္ကလက္ခံထားသည့္ လူ႔အခြင့္အေရးႏွင့္သက္ဆိုင္ေသာ အျပည္ျပည္ဆိုင္ရာႏွင့္ေဒသဆိုင္ရာသေဘာတူစာခ်ဳပ္မ်ားတြင္ ပါရွိသည့္ လူ႔အခြင့္အေရးမ်ားကို ေဖာက္ဖ်က္ျခင္းခံရပါက ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ဥပေဒပုဒ္မ ၃ဝ အရ ကိုယ္တိုင္အတြက္ေသာ္လည္းေကာင္း၊ အျခားသူတစ္ဦးအတြက္ေသာ္လည္းေကာင္း၊ လူတစ္စုကို ကိုယ္စားျပဳ၍ေသာ္လည္းေကာင္း ေကာ္မရွင္သို႔တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။
တိုင္ၾကားမႈကို ဥကၠ႒၊ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္၊ အမွတ္ (၂၇)၊ (၆) မိုင္ခြဲ၊ ျပည္လမ္း၊ လႈိင္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕သို႔လည္းေကာင္း၊ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ (႐ုံးခြဲ) ေနျပည္ေတာ္၊ မႏၲေလး၊ စစ္ေတြ၊ ပုသိမ္ၿမိဳ႕တို႔ သို႔လည္းေကာင္း လိပ္မူ၍ စာတိုက္မွျဖစ္ေစ၊ သက္ဆိုင္ရာေကာ္မရွင္႐ုံးသို႔ လူကိုယ္တိုင္ ျဖစ္ေစ၊ ဖက္စ္ ၀၁၈-၆၅၄၆၇၈၊ ေကာ္မရွင္ e-mail လိပ္စာျဖစ္ေသာ [email protected]. mm တို႔မွ တစ္ဆင့္ျဖစ္ေစ ျပဳလုပ္ႏိုင္ေၾကာင္းလည္း အသိေပးထား သည္။
တိုင္ၾကားရာတြင္ တိုင္ၾကားသူ၏ အမည္၊ အၿမဲ တမ္းေနရပ္လိပ္စာႏွင့္ ဆက္သြယ္ရန္လိပ္စာ အျပည့္အစုံ (ဆက္သြယ္ရန္ ဖုန္း၊ ဖက္စ္ႏွင့္ e-mail တို႔ ရွိလွ်င္ ထည့္သြင္းေဖာ္ျပရန္) ၊ တိုင္ၾကားသူသည္ မည္ကဲ့သို႔လူ႔အခြင့္အေရး ေဖာက္ဖ်က္ခံရၿပီး နစ္နာဆုံးရႈံးေၾကာင္း ျပည့္စုံစြာေဖာ္ျပခ်က္၊ လိုအပ္ ပါက မွတ္တမ္းဓာတ္ပုံႏွင့္ အေထာက္အထား မိတၱဴမ်ား ပူးတြဲလ်က္ေပးပို႔ရန္ လိုအပ္ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္ၾကားသူ၏ ႏိုင္ငံသား စိစစ္ေရးကတ္ျပားမိတၱဴမျဖစ္မေန ပူးတြဲေပးပို႔ရန္၊ တိုင္ၾကားခ်က္ပါ အေၾကာင္းအရာမ်ား မွန္ကန္ေၾကာင္း တိုင္ၾကားသူမွ လက္မွတ္ေရးထိုးေပးပို႔ရန္လိုအပ္ေၾကာင္းလည္း သိရသည္။
ေကာ္မရွင္အေနျဖင့္ ယင္းတိုင္ၾကားခ်က္ မ်ားကိုစိစစ္၍ ေကာ္မရွင္ဥပေဒ၊ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ စုံစမ္းစစ္ေဆးၿပီး သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ညႇိႏႈိင္း ပူးေပါင္းေဆာင္႐ြက္ေပး သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က အသိေပးထားသည္။

Related news

© 2021. All rights reserved.