ရွှေတိဂုံ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် စတင်

 380

ကိုဖြိုး (NP News) ဖေဖော်ဝါရီ -၂၁

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို တပေါင်းလဆန်း (၆) ရက်ဖြစ်သော ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) တွင် စတင်ကျင်းပနေလျက်ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါပွဲတော်မှာ (၂၆၁၄)နှစ်မြောက် ကျင်းပခြင်းလည်းဖြစ်ပြီး တပေါင်းလပြည့်နေ့ဖြစ်သော မတ်လ (၂) ရက်အထိ (၁၀) ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်အတွင်း သံဃာတော်အပါး (၁၂၀) တို့မှ နာရီပေါင်း (၂၁၆) နာရီတိုင်အောင် အသံမစဲမဟာပဋ္ဌာန်းတော်များ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး အဖိတ်နေ့ဖြစ်သော မတ်လ (၁) ရက်၊ ညနေ (၄) နာရီတွင် ဘုရားအမှူးပြုကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ (၁၂၁) ပါး၊ သီလရှင် (၂၇) ပါး၊ စုစုပေါင်း (၁၄၈) ပါး တို့က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှစတင်ကာ ရင်ပြင်တော်လက်ယာရစ်တစ်ပတ်လှည့်လည်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဟုလည်း သိရသည်။
ပွဲတော်နောက်ဆုံးရက်ဖြစ်သော တပေါင်းလပြည့်နေ့ဖြစ်သည့် မတ်လ (၂) ရက်တွင် နံနက် (၅) နာရီအချိန်၌ စေတီတော်ကြီးကို ရင်ပြင်တော်အောင်မြေမှ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပြီး ချမ်းသာကြီးတန်ဆောင်းတွင် နံနက် (၉) နာရီအချိန်၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ အောင်ပွဲအထိမ်းအမှတ် ရေစက်ချအခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေ႐ႊတိဂုံ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ စတင္
ကိုၿဖိဳး (NP News) ေဖေဖာ္ဝါရီ -၂၁
ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ကို တေပါင္းလဆန္း (၆) ရက္ျဖစ္ေသာ ယေန႔ (ေဖေဖာ္ဝါရီ ၂၁ ရက္) တြင္ စတင္က်င္းပေနလ်က္ရွိေၾကာင္း ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕မွ သိရသည္။
အဆိုပါပြဲေတာ္မွာ (၂၆၁၄)ႏွစ္ေျမာက္ က်င္းပျခင္းလည္းျဖစ္ၿပီး တေပါင္းလျပည့္ေန႔ျဖစ္ေသာ မတ္လ (၂) ရက္အထိ (၁၀) ရက္ၾကာ က်င္းပသြားမည္ျဖစ္သည္။
ပြဲေတာ္အတြင္း သံဃာေတာ္အပါး (၁၂၀) တို႔မွ နာရီေပါင္း (၂၁၆) နာရီတိုင္ေအာင္ အသံမစဲမဟာပ႒ာန္းေတာ္မ်ား ႐ြတ္ဖတ္ပူေဇာ္မည္ျဖစ္ၿပီး အဖိတ္ေန႔ျဖစ္ေသာ မတ္လ (၁) ရက္၊ ညေန (၄) နာရီတြင္ ဘုရားအမႉးျပဳကာ ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ားႏွင့္ ပင့္သံဃာ (၁၂၁) ပါး၊ သီလရွင္ (၂၇) ပါး၊ စုစုေပါင္း (၁၄၈) ပါး တို႔က ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္မ်ား တန္ေဆာင္းမွစတင္ကာ ရင္ျပင္ေတာ္လက္ယာရစ္တစ္ပတ္လွည့္လည္၍ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲက်င္းပမည္ဟုလည္း သိရသည္။
ပြဲေတာ္ေနာက္ဆုံးရက္ျဖစ္ေသာ တေပါင္းလျပည့္ေန႔ျဖစ္သည့္ မတ္လ (၂) ရက္တြင္ နံနက္ (၅) နာရီအခ်ိန္၌ ေစတီေတာ္ႀကီးကို ရင္ျပင္ေတာ္ေအာင္ေျမမွ ဆြမ္းေတာ္ႀကီးဆက္ကပ္လႉဒါန္းၿပီး ခ်မ္းသာႀကီးတန္ေဆာင္းတြင္ နံနက္ (၉) နာရီအခ်ိန္၌ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ပိတ္ပြဲ ေအာင္ပြဲအထိမ္းအမွတ္ ေရစက္ခ်အခမ္းအနားကိုလည္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.