NUG ဝန်ကြီးမှ အောက်ခြေ အထိ တစ်လ ငါးသောင်း ဖြင့် အလုပ်လုပ်နေပြီး အဝတ်အစားဝယ်ရန်ပင် စဉ်းစားနေရကြောင်း ဒေါက်တာ ဇော်ဝေစိုး ပြော

 1716

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၁

NUG ဝန်ကြီးမှ အောက်ခြေ အထိ တစ်လ ငါးသောင်း ဖြင့် အလုပ်လုပ်နေပြီး အဝတ်အစားဝယ်ရန်ပင် စဉ်းစားနေရကြောင်း NUG မှ ဒေါက်တာ ဇော်ဝေစိုး က ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) တွင် ပြုလုပ်သည့် NUG ၏ အတွင်းဝန် ဒေါ်ကြည်ပြာ နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားသည်။

“လစာအကြောင်း ပြောရမှာ အားနာတယ်။ ဝန်ကြီးကနေ စပြီး အောက်ခြေ အထိ နော် ဒီ တာဝန်ယူနေတဲ့သူတွေ တစ်လ ငါးသောင်း နဲ့ ဒီ အလုပ်ကို လုပ်နေရတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ လစာအကြောင်း NUG ပြောဖို့ အတော်ခက်တယ်” ဟု ၎င်းက ဆိုသည်။

NUG ၏ ဝန်ကြီးဌာန အချို့ဆိုလျှင် ရံပုံငွေ မတောင်း၊ မရသည်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဝန်ကြီးတွေ ကားသမျှ ရှိသလား။ ကိုယ်ပိုင်စီးဖို့ ကားရှိသလား။ နေစရာ တိုက်ရှိလား။ NUG ဝန်ကြီး ဘယ်ဝန်ကြီး ဖြစ်ဖြစ် မေးကြည့်ပါ။ လစာဆိုတာ ဝေးရော” ဟု ဒေါက်တာ ဇော်ဝေစိုး က ပြောသည်။

အဝတ်အစားပင်လျှင် စဉ်းစားပြီးမှ ဝယ်ယူရကြောင်းလည်း ၎င်းက ပြောသည်။

“မရှိပါဘူး တယ်လီဖုန်းတွေ ကွဲနေပြီ။ ကွန်ပြူတာတွေ အက်နေပြီ” ဟုလည်း ပြောသည်။

Zawgyi version:

NUG ဝန္ႀကီးမွ ေအာက္ေျခ အထိ တစ္လ ငါးေသာင္း ျဖင့္ အလုပ္လုပ္ေနၿပီး အဝတ္အစားဝယ္ရန္ပင္ စဥ္းစားေနရေၾကာင္း NUG မွ ေဒါက္တာ ေဇာ္ေဝစိုး က ယေန႔ (ေဖေဖာ္ဝါရီလ ၂၁ ရက္) တြင္ ျပဳလုပ္သည့္ NUG ၏ အတြင္းဝန္ ေဒၚၾကည္ျပာ ႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲ၌ ထည့္သြင္းေျပာၾကားသည္။
“လစာအေၾကာင္း ေျပာရမွာ အားနာတယ္။ ဝန္ႀကီးကေန စၿပီး ေအာက္ေျခ အထိ ေနာ္ ဒီ တာဝန္ယူေနတဲ့သူေတြ တစ္လ ငါးေသာင္း နဲ႔ ဒီ အလုပ္ကို လုပ္ေနရတာ အားလုံး အသိပဲ ျဖစ္ပါတယ္။ လစာအေၾကာင္း NUG ေျပာဖို႔ အေတာ္ခက္တယ္” ဟု ၎က ဆိုသည္။
NUG ၏ ဝန္ႀကီးဌာန အခ်ိဳ႕ဆိုလွ်င္ ရံပုံေငြ မေတာင္း၊ မရသည္မွာ ၾကာျမင့္ေနၿပီ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ဝန္ႀကီးေတြ ကားသမွ် ရွိသလား။ ကိုယ္ပိုင္စီးဖို႔ ကားရွိသလား။ ေနစရာ တိုက္ရွိလား။ NUG ဝန္ႀကီး ဘယ္ဝန္ႀကီး ျဖစ္ျဖစ္ ေမးၾကည့္ပါ။ လစာဆိုတာ ေဝးေရာ” ဟု ေဒါက္တာ ေဇာ္ေဝစိုး က ေျပာသည္။
အဝတ္အစားပင္လွ်င္ စဥ္းစားၿပီးမွ ဝယ္ယူရေၾကာင္းလည္း ၎က ေျပာသည္။
“မရွိပါဘူး တယ္လီဖုန္းေတြ ကြဲေနၿပီ။ ကြန္ျပဴတာေတြ အက္ေနၿပီ” ဟုလည္း ေျပာသည္။

Related news

© 2021. All rights reserved.