လက်နက်ဖျက်သိမ်းမှုမတိုင်ခင်အချိန်အထိ ဂါဇာမှာ ပြန်လည်တည်ဆောက်တာမျိုးတွေ ရှိမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်ပြော

194

Pika (NP News) - ဖေဖော်ဝါရီ ၂၁
ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းတာမျိုး မလုပ်ဆောင်ခင်အချိန်အထိ ဂါဇာကမ်းမြောင် ဒေသမှာ ပြန်လည်တည်ဆောက်တာတွေရှိလာမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ပထမဆုံး အစည်းအဝေးကို ကျင်းပနေချိန်မှာပဲ နေတန်ရာဟုက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
နေတန်ရာဟုက “ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းတာမျိုး မလုပ်ဆောင်ခင်အချိန်အထိ ဂါဇာ ကမ်းမြောင်ဒေသမှာ ပြန်လည်တည်ဆောက်တာမျိုးတွေ ရှိလာမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့သဘောတူ ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ပထမဆုံးအစည်းအဝေးအတွင်းမှာ ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်ဒေါ်လာ (၅)ဘီလျံကျော်တန်ဖိုးရှိတဲ့ကတိပြုချက်တွေကို အသေးစိတ်ဖော်ပြဖို့ ဒေါ်နယ်ထရမ့်က မျှော်လင့်နေတယ်လို့ လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ဝါရှင်တန်ဒီစီမြို့မှာကျင်းပတဲ့အစည်းအဝေးအတွင်း ဂါဇာမှာလုံခြုံရေးကို သေချာစေမယ့် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ကို ဘယ်လိုစတင်သွားမလဲဆိုတဲ့အချက်တွေကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
လက္နက္ဖ်က္သိမ္းမႈမတိုင္ခင္အခ်ိန္အထိ ဂါဇာမွာ ျပန္လည္တည္ေဆာက္တာမ်ိဳးေတြ ရွိမွာမဟုတ္ဘူးလို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁
ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းတာမ်ိဳး မလုပ္ေဆာင္ခင္အခ်ိန္အထိ ဂါဇာကမ္းေျမာင္ ေဒသမွာ ျပန္လည္တည္ေဆာက္တာေတြရွိလာမွာမဟုတ္ဘူးလို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ စစ္ပြဲကို ရပ္တန႔္ဖို႔အတြက္ ဖြဲ႕စည္းခဲ့တဲ့ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕ရဲ႕ ပထမဆုံး အစည္းအေဝးကို က်င္းပေနခ်ိန္မွာပဲ ေနတန္ရာဟုက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေနတန္ရာဟုက “ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းတာမ်ိဳး မလုပ္ေဆာင္ခင္အခ်ိန္အထိ ဂါဇာ ကမ္းေျမာင္ေဒသမွာ ျပန္လည္တည္ေဆာက္တာမ်ိဳးေတြ ရွိလာမွာ မဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္တို႔သေဘာတူ ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕ရဲ႕ပထမဆုံးအစည္းအေဝးအတြင္းမွာ ဂါဇာကမ္းေျမာင္ေဒသအတြက္ အေမရိကန္ေဒၚလာ (၅)ဘီလ်ံေက်ာ္တန္ဖိုးရွိတဲ့ကတိျပဳခ်က္ေတြကို အေသးစိတ္ေဖာ္ျပဖို႔ ေဒၚနယ္ထရမ့္က ေမွ်ာ္လင့္ေနတယ္လို႔ လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ဝါရွင္တန္ဒီစီၿမိဳ႕မွာက်င္းပတဲ့အစည္းအေဝးအတြင္း ဂါဇာမွာလုံၿခဳံေရးကို ေသခ်ာေစမယ့္ ႏိုင္ငံတကာတည္ၿငိမ္ေရးတပ္ဖြဲ႕ (ISF) ကို ဘယ္လိုစတင္သြားမလဲဆိုတဲ့အခ်က္ေတြကိုလည္း ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။