Private Cinema အများစုသည် ဆိုင်းဘုတ် မတင်ဘဲ သာမန်တိုက်ခန်းအသွင် ရှိနေသည့်အတွက် သေချာစွာ စိစစ်အရေးယူစေလို

 774

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၂

Private Cinema အများစုသည် ဆိုင်းဘုတ်မတင်ဘဲ သာမန်တိုက်ခန်းအသွင်ရှိနေသည့်အတွက် သေချာစွာ စိစစ်အရေးယူစေလိုကြောင်း သိရှိ သူတစ်ဦးက NP News သို့ပြောသည်။
အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ၊ TV အသုံးပြုပုဂ္ဂလိက ရုပ်ရှင်ရုံငယ်များကို ဟိုတယ်၊ တည်းခိုခန်းများကဲ့သို့ အခန်းကန့်ပြီး ဖွင့်လှစ်လာကြ၍ မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှု များဖြစ်ပေါ်လာ နိုင်ကြောင်း စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြသခွင့်လိုင်စင်များ ထုတ်ပေးမှုများရှိပါက ချက်ချင်းရုပ်သိမ်းသွားရန်နှင့် တရားမဝင် ပြသနေမှုများကို ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး၊ ပြည်နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားကြောင်း ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ RIO Private Cinema ၊ နေပြည်တော်၊ ပျဉ်းမ နားမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင် အချို့သော Private Cinema များသည် ဆင်ဆာမဲ့ ရုပ်ရှင်ဇာတ်ကားများကိုအသုံးပြု၍ မလျော်ကန်စွာ တရားမဝင်ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း စိစစ် တွေ့ရှိရကြောင်းနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံ ဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်း များဆက်လက်ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
Private Cinema ဟု အမည်တပ်ထား သောနေရာအများစုမှာ Private Cinema တစ်ခုတွင် ရှိသင့်သော အပြင်အဆင်မျိုးထက် အသံလုံအခန်း အတွင်း မျက်နှာပြင်ကျယ် တီဗီဖန်သားပြင်နှင့် ဇာတ် ကားကို ရီမုကွန်ထရိုးဖြင့် ပြောင်းလဲကြည့်ရှုနိုင်စေရန် ပြုလုပ်ထားခြင်းသာဖြစ်ပြီး နာရီပိုင်းငှားရမ်း အသုံးပြု ရသောအခန်းများနှင့်သာ ပုံစံတူ နေခြင်းဖြစ်သည်ဟု သိရှိသူများထံ မေးမြန်းထားချက်များအရ သိရသည်။
အဆိုပါနေရာ အများစုသည် အများပြည်သူ မြင်သာသည့် ဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲထားခြင်း မဟုတ်ဘဲ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများ ကတစ်ဆင့်သာ ကြေငြာပြီး လုပ်ငန်းလည်ပတ်နေခြင်း ဖြစ်သည်။ “Private Cinema ဆိုတာ သူ့ကို Private Cinema ထက်စာရင် အဲဒီလို မပြောဘဲနဲ့ ဇာတ်ကားတွေ ကြည့်လို့ရတဲ့အခန်းလေးပေါ့။ အဲဒီလိုမျိုးလို့ ပြောရမယ်။ ဥပမာပြောရမယ်ဆိုရင် တချို့က Private Cinema ဆိုရင် ရုပ်ရှင်ရုံလိုမျိုး ခုံတွေရှိမယ်။ ရုပ်ရှင်ပိတ်ကားကြီးရှိမယ်ပေါ့။ တကယ်တော့ အထဲမှာ (၂)ယောက်ထိုင် ဆိုဖာခုံလိုပေါ့ဗျာ သာမန် ထိုင်ခုံရှိမယ်။ ပြီးရင် အသံလုံတဲ့အခန်းပေါ့။ တချို့ခုံတွေဆိုရင် လှဲပါအိပ်လို့ရတဲ့ အနေအထားမျိုး ” ဟု သိရှိသူတစ်ဦးကပြောသည်။
အဆိုပါ Private Cinema သို့ လူငယ်စုံတွဲ များသာ လာရောက်ကြပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ၌ အမြဲတစေ လူပြည့်နေတတ်ကြောင်းလည်း သိရသည်။ “အများဆုံးကတော့ အဲဒီကိုလာကြတာက ကောင်လေးတွေနဲ့ ကောင်မလေးတွေ များကြတာ ပေါ့။ များသောအားဖြင့် လူငယ်တွေအများဆုံး လာ ကြတယ်။ မယုံရင် စနေနဲ့ တနင်္ဂနွေမှာသူတို့ ပေးထားတဲ့ ဖုန်းတွေဆက်ကြည့်။ Private Cinema ကို Appointment ယူလို့မရဘူး။ အဲဒါကြောင့် Private Cinema ကြည့်ဖို့ဆိုတာ တော်တော်ရှားတဲ့အခွင့် အရေးပေါ့။ အဲဒီဟာကလည်း လူငယ်တွေကြားထဲမှာ ယဉ်ကျေးမှုလိုဖြစ်လာတာပေါ့”ဟု အထက်ပါ သိရှိ သူက ဆိုသည်။
ထို့ပြင် ဆိုင်းဘုတ်မရှိဘဲ Facebook Page များမှတစ်ဆင့်သာ လည်ပတ်နေသည့်လုပ်ငန်းများကို အထူး စောင့်ကြည့်ကာ ယင်းလုပ်ငန်းတစ် ခုချင်းစီကို လိုက်လံစစ်ဆေးပြီး လိုအပ်ပါက ဝင်ရောက်စီးနင်း အရေးယူရန် လိုကြောင်း ၎င်းကဆို သည်။ “တချို့ Private Cinema တွေက တကယ် Private Cinema ဆိုပြီး ဆိုင်းဘုတ်တပ်ထားတာ ရှိတယ်။ ဒါပေမဲ့ အခုန ပြောတဲ့ လူငယ်တွေအတွက် ဘယ်သူမှမသိနိုင်တဲ့အခန်းလေးဖြစ်နေတဲ့ Private Cinema ကကျတော့ ဆိုင်းဘုတ်မတင်ထားဘူး။ သူတို့ရဲ့ Facebook Page မှာပဲရှိတယ်။ ပြီးရင် သာမန်တိုက်ခန်းလိုမျိုးပဲ။ သာမန် တိုက်ခန်းလိုရှိတာ ဆို တော့ ဥပဒေအရ ကြပ်မတ်ဖို့လိုတယ်။ စိစစ်ဖို့လိုတယ်။ အဲဒီ Private Cinema တွေကို တစ်ခုချင်းစီ လိုက်ကြည့်ပြီးတော့ တကယ်ကို စီးနင်းတာမျိုး လုပ်စေချင်တယ်။ နောက်ပြီး အဲဒီအထဲမှာပဲ မူးယစ်ဆေး ဝါးတွေသုံးစွဲ နိုင်ကြတယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
Private Cinema အမ်ားစုသည္ ဆိုင္းဘုတ္ မတင္ဘဲ သာမန္တိုက္ခန္းအသြင္ ရွိေနသည့္အတြက္ ေသခ်ာစြာ စိစစ္အေရးယူေစလို
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၂

Private Cinema အမ်ားစုသည္ ဆိုင္းဘုတ္မတင္ဘဲ သာမန္တိုက္ခန္းအသြင္ရွိေနသည့္အတြက္ ေသခ်ာစြာ စိစစ္အေရးယူေစလိုေၾကာင္း သိရွိ သူတစ္ဦးက NP News သို႔ေျပာသည္။
အခ်ိဳ႕ေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားသည္ ပ႐ိုဂ်က္တာ၊ TV အသုံးျပဳပုဂၢလိက ႐ုပ္ရွင္႐ုံငယ္မ်ားကို ဟိုတယ္၊ တည္းခိုခန္းမ်ားကဲ့သို႔ အခန္းကန႔္ၿပီး ဖြင့္လွစ္လာၾက၍ မလိုလားအပ္ေသာ လူမႈေရးရႈပ္ေထြးမႈ မ်ားျဖစ္ေပၚလာ ႏိုင္ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ ျပသခြင့္လိုင္စင္မ်ား ထုတ္ေပးမႈမ်ားရွိပါက ခ်က္ခ်င္း႐ုပ္သိမ္းသြားရန္ႏွင့္ တရားမဝင္ ျပသေနမႈမ်ားကို ႐ုပ္ျမင္သံၾကားႏွင့္ဗီဒီယိုဥပေဒအရ အေရးယူေဆာင္႐ြက္သြားရန္ တိုင္းေဒသႀကီး၊ ျပည္နယ္ ဗီဒီယိုလုပ္ငန္း စိစစ္ႀကီးၾကပ္ေရးေကာ္မတီမ်ားသို႔ အေၾကာင္းၾကားထားေၾကာင္း ဗီဒီယိုလုပ္ငန္း စိစစ္ႀကီးၾကပ္ေရး ဗဟိုေကာ္မတီက ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ RIO Private Cinema ၊ ေနျပည္ေတာ္၊ ပ်ဥ္းမ နားၿမိဳ႕နယ္ရွိ The Vibe Mini Cinema အပါအဝင္ အခ်ိဳ႕ေသာ Private Cinema မ်ားသည္ ဆင္ဆာမဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားကိုအသုံးျပဳ၍ မေလ်ာ္ကန္စြာ တရားမဝင္ဆက္လက္ဖြင့္လွစ္လ်က္ရွိေၾကာင္း စိစစ္ ေတြ႕ရွိရေၾကာင္းႏွင့္ လုပ္ငန္းလိုင္စင္မရွိဘဲ ႐ုပ္ရွင္႐ုံ ဖြင့္လွစ္ျပသျခင္း၊ ဆင္ဆာမဲ့ဇာတ္ကားမ်ားျပသျခင္း မ်ားဆက္လက္ျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း အသိေပးထားသည္။
Private Cinema ဟု အမည္တပ္ထား ေသာေနရာအမ်ားစုမွာ Private Cinema တစ္ခုတြင္ ရွိသင့္ေသာ အျပင္အဆင္မ်ိဳးထက္ အသံလုံအခန္း အတြင္း မ်က္ႏွာျပင္က်ယ္ တီဗီဖန္သားျပင္ႏွင့္ ဇာတ္ ကားကို ရီမုကြန္ထ႐ိုးျဖင့္ ေျပာင္းလဲၾကည့္ရႈႏိုင္ေစရန္ ျပဳလုပ္ထားျခင္းသာျဖစ္ၿပီး နာရီပိုင္းငွားရမ္း အသုံးျပဳ ရေသာအခန္းမ်ားႏွင့္သာ ပုံစံတူ ေနျခင္းျဖစ္သည္ဟု သိရွိသူမ်ားထံ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
အဆိုပါေနရာ အမ်ားစုသည္ အမ်ားျပည္သူ ျမင္သာသည့္ ဆိုင္းဘုတ္မ်ားျဖင့္ ခ်ိတ္ဆြဲထားျခင္း မဟုတ္ဘဲ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ား ကတစ္ဆင့္သာ ေၾကျငာၿပီး လုပ္ငန္းလည္ပတ္ေနျခင္း ျဖစ္သည္။ “Private Cinema ဆိုတာ သူ႔ကို Private Cinema ထက္စာရင္ အဲဒီလို မေျပာဘဲနဲ႔ ဇာတ္ကားေတြ ၾကည့္လို႔ရတဲ့အခန္းေလးေပါ့။ အဲဒီလိုမ်ိဳးလို႔ ေျပာရမယ္။ ဥပမာေျပာရမယ္ဆိုရင္ တခ်ိဳ႕က Private Cinema ဆိုရင္ ႐ုပ္ရွင္႐ုံလိုမ်ိဳး ခုံေတြရွိမယ္။ ႐ုပ္ရွင္ပိတ္ကားႀကီးရွိမယ္ေပါ့။ တကယ္ေတာ့ အထဲမွာ (၂)ေယာက္ထိုင္ ဆိုဖာခုံလိုေပါ့ဗ်ာ သာမန္ ထိုင္ခုံရွိမယ္။ ၿပီးရင္ အသံလုံတဲ့အခန္းေပါ့။ တခ်ိဳ႕ခုံေတြဆိုရင္ လွဲပါအိပ္လို႔ရတဲ့ အေနအထားမ်ိဳး ” ဟု သိရွိသူတစ္ဦးကေျပာသည္။
အဆိုပါ Private Cinema သို႔ လူငယ္စုံတြဲ မ်ားသာ လာေရာက္ၾကၿပီး ရန္ကုန္ႏွင့္ မႏၲေလးကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္ ႐ုံးပိတ္ရက္၊ ေက်ာင္းပိတ္ရက္မ်ား၌ အၿမဲတေစ လူျပည့္ေနတတ္ေၾကာင္းလည္း သိရသည္။ “အမ်ားဆုံးကေတာ့ အဲဒီကိုလာၾကတာက ေကာင္ေလးေတြနဲ႔ ေကာင္မေလးေတြ မ်ားၾကတာ ေပါ့။ မ်ားေသာအားျဖင့္ လူငယ္ေတြအမ်ားဆုံး လာ ၾကတယ္။ မယုံရင္ စေနနဲ႔ တနဂၤေႏြမွာသူတို႔ ေပးထားတဲ့ ဖုန္းေတြဆက္ၾကည့္။ Private Cinema ကို Appointment ယူလို႔မရဘူး။ အဲဒါေၾကာင့္ Private Cinema ၾကည့္ဖို႔ဆိုတာ ေတာ္ေတာ္ရွားတဲ့အခြင့္ အေရးေပါ့။ အဲဒီဟာကလည္း လူငယ္ေတြၾကားထဲမွာ ယဥ္ေက်းမႈလိုျဖစ္လာတာေပါ့”ဟု အထက္ပါ သိရွိ သူက ဆိုသည္။
ထို႔ျပင္ ဆိုင္းဘုတ္မရွိဘဲ Facebook Page မ်ားမွတစ္ဆင့္သာ လည္ပတ္ေနသည့္လုပ္ငန္းမ်ားကို အထူး ေစာင့္ၾကည့္ကာ ယင္းလုပ္ငန္းတစ္ ခုခ်င္းစီကို လိုက္လံစစ္ေဆးၿပီး လိုအပ္ပါက ဝင္ေရာက္စီးနင္း အေရးယူရန္ လိုေၾကာင္း ၎ကဆို သည္။ “တခ်ိဳ႕ Private Cinema ေတြက တကယ္ Private Cinema ဆိုၿပီး ဆိုင္းဘုတ္တပ္ထားတာ ရွိတယ္။ ဒါေပမဲ့ အခုန ေျပာတဲ့ လူငယ္ေတြအတြက္ ဘယ္သူမွမသိႏိုင္တဲ့အခန္းေလးျဖစ္ေနတဲ့ Private Cinema ကက်ေတာ့ ဆိုင္းဘုတ္မတင္ထားဘူး။ သူတို႔ရဲ႕ Facebook Page မွာပဲရွိတယ္။ ၿပီးရင္ သာမန္တိုက္ခန္းလိုမ်ိဳးပဲ။ သာမန္ တိုက္ခန္းလိုရွိတာ ဆို ေတာ့ ဥပေဒအရ ၾကပ္မတ္ဖို႔လိုတယ္။ စိစစ္ဖို႔လိုတယ္။ အဲဒီ Private Cinema ေတြကို တစ္ခုခ်င္းစီ လိုက္ၾကည့္ၿပီးေတာ့ တကယ္ကို စီးနင္းတာမ်ိဳး လုပ္ေစခ်င္တယ္။ ေနာက္ၿပီး အဲဒီအထဲမွာပဲ မူးယစ္ေဆး ဝါးေတြသုံးစြဲ ႏိုင္ၾကတယ္”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.