မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းထား

728

ထိုက်စံ (NP News) - ဖေဖောဝါရီ ၂၁
ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းထားကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက NP News ကို ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) က မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) သည် ခရီးသည်များတင်ဆောင်ပြီး မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA နှင့် PDF အဖွဲ့များမှ FPV Suicide Drone များ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းသဖြင့် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်း နှင့် နောက်မီးပိုင်းတို့တွင် ဗုံးစ ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
လက်ရှိတွင် လေယာဉ်ခရီးများစဉ်ဖျက်သိမ်းထားပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာတွင်လည်း မြစ်ကြီးနားလေဆိပ် (၃)လပိတ်မည် ဖြစ်ကြောင်း ရေးသားဖြန့်ဝေမှုများရှိသော်လည်း NP News အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ဒီနေ့ကတော့ Flight Cancel ပဲ။ မနက်ဖြန်ကတော့ မသိသေးဘူးရှင့်” ဟု လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၂ ရက်)၊ နံနက်ပိုင်းကလည်း KIA နှင့် PDF ပူးပေါင်းအဖွဲ့များက FPV Suicide Drone များ အသုံးပြု၍ တိုက်ခိုက်မှုများ ရှိခဲ့သောကြောင့် မင်္ဂလာလေကြောင်းလိုင်း ၊ အဲသံလွင် လေကြောင်းလိုင်း ၊ မန်းရတနာပုံ လေကြောင်းလိုင်း နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (မိုင်းဖုန်း) စသည့် ခရီးစဉ်များအား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမစ္ႀကီးနားေလဆိပ္ တိုက္ခိုက္ခံရၿပီးေနာက္ ေလယာဥ္ခရီးစဥ္မ်ား ဖ်က္သိမ္းထား
ထိုက္စံ (NP News) - ေဖေဖာဝါရီ ၂၁
ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားေလဆိပ္ တိုက္ခိုက္ခံရၿပီးေနာက္ ေလယာဥ္ခရီးစဥ္မ်ား ဖ်က္သိမ္းထားေၾကာင္း ေလယာဥ္လက္မွတ္အေရာင္းကိုယ္စားလွယ္တစ္ဦးက NP News ကို ေျပာသည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၀ ရက္) က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) သည္ ခရီးသည္မ်ားတင္ေဆာင္ၿပီး ျမစ္ႀကီးနားေလဆိပ္မွ မႏၲေလးၿမိဳ႕သို႔ထြက္ခြာရန္ ျပင္ဆင္ေနစဥ္ KIA ႏွင့္ PDF အဖြဲ႕မ်ားမွ FPV Suicide Drone မ်ား အသုံးျပဳ၍ တိုက္ခိုက္ခဲ့ျခင္းသျဖင့္ ေလယာဥ္၏ ေခါင္းပိုင္း၊ ကိုယ္ထည္အလယ္ပိုင္း ႏွင့္ ေနာက္မီးပိုင္းတို႔တြင္ ဗုံးစ ထိမွန္၍ အနည္းငယ္ပ်က္စီးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ေလယာဥ္ခရီးမ်ားစဥ္ဖ်က္သိမ္းထားၿပီး ေဖ့စ္ဘြတ္ခ္လူမႈကြန္ယက္စာမ်က္ႏွာတြင္လည္း ျမစ္ႀကီးနားေလဆိပ္ (၃)လပိတ္မည္ ျဖစ္ေၾကာင္း ေရးသားျဖန႔္ေဝမႈမ်ားရွိေသာ္လည္း NP News အေနျဖင့္ အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။
“ဒီေန႔ကေတာ့ Flight Cancel ပဲ။ မနက္ျဖန္ကေတာ့ မသိေသးဘူးရွင့္” ဟု ေလယာဥ္လက္မွတ္အေရာင္း ကိုယ္စားလွယ္တစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၁၂ ရက္)၊ နံနက္ပိုင္းကလည္း KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက FPV Suicide Drone မ်ား အသုံးျပဳ၍ တိုက္ခိုက္မႈမ်ား ရွိခဲ့ေသာေၾကာင့္ မဂၤလာေလေၾကာင္းလိုင္း ၊ အဲသံလြင္ ေလေၾကာင္းလိုင္း ၊ မန္းရတနာပုံ ေလေၾကာင္းလိုင္း ႏွင့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (မိုင္းဖုန္း) စသည့္ ခရီးစဥ္မ်ားအား ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။