အမေရိကန်ဒေါ်လာ(၁၆)သန်းကျော်ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့သည့် ကမ္ဘာ့ဈေးအကြီးဆုံး ပိုကီမွန်ကတ်

 105

Pika (NP News) - ဖေဖော်ဝါရီ ၂၂

ပရော်ဖက်ရှင်နယ် နပန်းသမား လိုဂန် ပေါလ်ပိုင်ဆိုင်သည့် ရှားပါးသောပိုကီမွန်ကတ် တစ်ခုကို စံချိန်တင် အမေရိကန်ဒေါ်လာ (၁၆၄၉၂၀ဝဝ)ဒေါ်လာဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ လိုဂန်ပေါလ်ပိုင်ဆိုင်ထား သည့် Pikachu Illustrator ပိုကီမွန်ကတ်သည် (၁၉၉၈)ခုနှစ်ပြိုင်ပွဲအတွက် ဆုအဖြစ်ထုတ်လုပ်ခဲ့သည့် ကတ် (၃၉)ခုထဲမှ တစ်ခုဖြစ်ပြီး ပရော်ဖက်ရှင် နယ်အားကစား အထောက်အထားစိစစ်သည့်အဖွဲ့က အဆင့်(၁၀)အဖြစ်သတ်မှတ်ထားသည့် တစ်ခုတည်း သောကတ် လည်းဖြစ်သည်။ လိုဂန်ပေါလ်သည် အဆိုပါ Pikachu Illustrator ပိုကီမွန်ကတ်ကို (၂၀၂၁)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၅၂၇၅၀ဝဝ)ဒေါ်လာဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစတင်ကာ ကမ္ဘာ့ ဈေးအကြီးဆုံးပိုကီမွန်ကတ်ဖြစ်လာခဲ့ ကြောင်းသိရသည်။ ထို့ပြင် လိုဂန်ပေါလ်သည် (၂၀၂၂)ခုနှစ်တွင်လုပ်ခဲ့သော WWE ၏ Wrestle Mania ပွဲတွင် ပွဲဦးထွက်ခဲ့စဉ်အချိန်တုန်းကလည်း ယင်းပိုကီမွန်ကတ်ကို လည်ပင်းတွင်ဆွဲလာခဲ့ကြောင်း သိရသည်။ ထို့နောက် လိုဂန်ပေါလ်သည် အွန်လိုင်း လေလံအိမ် Goldin မှတစ်ဆင့် အဆိုပါပိုကီမွန် ကတ်ကိုရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၆၄၉၂၀ဝဝ)ဒေါ်လာဖြင့် လေလံတင်ရောင်းချနိုင် ခဲ့ကြောင်းသိရသည်။ အဆိုပါလေလံတင် ရောင်းချမှုနှင့်အတူ Pikachu Illustrator ပိုကီမွန်ကတ်သည် လေလံပွဲတွင် ရောင်းချခဲ့သည့်ဈေးအကြီးဆုံး ပိုကီမွန် ကတ်နှင့် လေလံပွဲတွင်ရောင်းချခဲ့သည့် ဈေးအကြီးဆုံး ကုန်သွယ်မှုကတ်ဖြစ်လာခဲ့ကြောင်း လည်းသိရသည်။ Pikachu Illustrator ကတ်ကို ပိုကီမွန်ဗီဒီယို ဂိမ်းများ၏ ပထမဆုံးလိုင်းအတွက် Pikachu ကို ဖန်တီးခဲ့သော ဂရပ်ဖစ်ဒီဇိုင်နာ Atsuko Nishidau ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အေမရိကန္ေဒၚလာ(၁၆)သန္းေက်ာ္ျဖင့္ ေလလံတင္ေရာင္းခ်ႏိုင္ခဲ့သည့္ ကမာၻ႔ေဈးအႀကီးဆုံး ပိုကီမြန္ကတ္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
ပေရာ္ဖက္ရွင္နယ္ နပန္းသမား လိုဂန္ ေပါလ္ပိုင္ဆိုင္သည့္ ရွားပါးေသာပိုကီမြန္ကတ္ တစ္ခုကို စံခ်ိန္တင္ အေမရိကန္ေဒၚလာ (၁၆၄၉၂၀ဝဝ)ေဒၚလာျဖင့္ ေလလံတင္ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းသိရသည္။ လိုဂန္ေပါလ္ပိုင္ဆိုင္ထား သည့္ Pikachu Illustrator ပိုကီမြန္ကတ္သည္ (၁၉၉၈)ခုႏွစ္ၿပိဳင္ပြဲအတြက္ ဆုအျဖစ္ထုတ္လုပ္ခဲ့သည့္ ကတ္ (၃၉)ခုထဲမွ တစ္ခုျဖစ္ၿပီး ပေရာ္ဖက္ရွင္ နယ္အားကစား အေထာက္အထားစိစစ္သည့္အဖြဲ႕က အဆင့္(၁၀)အျဖစ္သတ္မွတ္ထားသည့္ တစ္ခုတည္း ေသာကတ္ လည္းျဖစ္သည္။ လိုဂန္ေပါလ္သည္ အဆိုပါ Pikachu Illustrator ပိုကီမြန္ကတ္ကို (၂၀၂၁)ခုႏွစ္တြင္ အေမရိကန္ေဒၚလာ(၅၂၇၅၀ဝဝ)ေဒၚလာျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး ယင္းအခ်ိန္မွစတင္ကာ ကမာၻ႔ ေဈးအႀကီးဆုံးပိုကီမြန္ကတ္ျဖစ္လာခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ လိုဂန္ေပါလ္သည္ (၂၀၂၂)ခုႏွစ္တြင္လုပ္ခဲ့ေသာ WWE ၏ Wrestle Mania ပြဲတြင္ ပြဲဦးထြက္ခဲ့စဥ္အခ်ိန္တုန္းကလည္း ယင္းပိုကီမြန္ကတ္ကို လည္ပင္းတြင္ဆြဲလာခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ လိုဂန္ေပါလ္သည္ အြန္လိုင္း ေလလံအိမ္ Goldin မွတစ္ဆင့္ အဆိုပါပိုကီမြန္ ကတ္ကိုေရာင္းခ်ခဲ့ၿပီး အေမရိကန္ေဒၚလာ (၁၆၄၉၂၀ဝဝ)ေဒၚလာျဖင့္ ေလလံတင္ေရာင္းခ်ႏိုင္ ခဲ့ေၾကာင္းသိရသည္။ အဆိုပါေလလံတင္ ေရာင္းခ်မႈႏွင့္အတူ Pikachu Illustrator ပိုကီမြန္ကတ္သည္ ေလလံပြဲတြင္ ေရာင္းခ်ခဲ့သည့္ေဈးအႀကီးဆုံး ပိုကီမြန္ ကတ္ႏွင့္ ေလလံပြဲတြင္ေရာင္းခ်ခဲ့သည့္ ေဈးအႀကီးဆုံး ကုန္သြယ္မႈကတ္ျဖစ္လာခဲ့ေၾကာင္း လည္းသိရသည္။ Pikachu Illustrator ကတ္ကို ပိုကီမြန္ဗီဒီယို ဂိမ္းမ်ား၏ ပထမဆုံးလိုင္းအတြက္ Pikachu ကို ဖန္တီးခဲ့ေသာ ဂရပ္ဖစ္ဒီဇိုင္နာ Atsuko Nishidau ဒီဇိုင္းထုတ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.