မလေးရှားမှာ ရမ်ဇာန်ပွဲတော်ကာလအတွင်း တီဘီရောဂါကူးစက်မှုမြင့်တက်လာ၊ Mask တပ်ကြဖို့ သတိပေးထား

162

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃
မလေးရှားနိုင်ငံမှာ တီဘီရောဂါ ကူးစက်ခံရသူဦးရေ ၃,၁၀၀ ကျော် အထိ မြင့်တက်လာတာကြောင့် ရမ်ဇာန်လအတွင်း လူစည်ကားရာ နေရာတွေကို သွားရောက်ရာမှာ နှာခေါင်းစည်း (Mask) တပ်ဆင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုကို အလေးအနက် တိုက်တွန်းထားပါတယ်။
မလေးရှားမှာ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ အတွင်း တီဘီရောဂါကူးစက်မှုအသစ် ၅၉၆ ခု ကို ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတွေ့ရှိချက်တွေအရ နိုင်ငံတစ်ဝှမ်း စုစုပေါင်းကူးစက်ခံရသူဦးရေ ၃,၁၆၁ ဦး အထိ ရှိလာပြီဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရမ်ဇာန် ဥပုသ်ကာလဖြစ်တာကြောင့် မလေးရှားနိုင်ငံသားတွေအနေနဲ့ ရမ်ဇာန်ဈေးတန်းတွေ၊ ဘာသာရေးပွဲ တွေမှာ အများအပြား စုရုံးရောက်ရှိနေခြင်းဟာ ရောဂါကူးစက်နိုင်ခြေ တိုးမြင့်လာစေနိုင်တယ်လို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။ ရမ်ဇာန်လဟာ တီဘီရောဂါကူးစက်မှုရဲ့ တိုက်ရိုက်အကြောင်းရင်းမဟုတ်ပေမယ့် လူစည် ကားပြီး လေဝင်လေထွက်မကောင်းတဲ့ နေရာတွေမှာ ကုသမှု မခံယူရသေးတဲ့ တီဘီလူနာရှိနေရင် ကူးစက်ဖို့ အခွင့် အလမ်းများတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တီဘီရောဂါဟာ တုပ်ကွေး သို့မဟုတ် Covid-19 လို လျင်မြန်စွာ ကူးစက်ခြင်းမျိုးမဟုတ်ဘဲ ရောဂါပိုးရှိသူနဲ့ ကြာရှည်စွာ (သို့) အကြိမ်ကြိမ် ထိတွေ့မှုရှိမှသာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက လူစည်ကားရာ နေရာတွေကို သွားလာတဲ့အခါ ရောဂါလက္ခဏာရှိသူတွေအနေနဲ့ နှာခေါင်းစည်း တပ်ဆင်ပြီးမှ သွားလာဖို့၊ နှာချေ ချောင်းဆိုးတဲ့အခါ စနစ်တကျ ဖုံးအုပ်ရမယ့် ကျင့်ဝတ်ကို လိုက်နာဖို့၊ နေအိမ်နဲ့ အဆောက်အဦးအတွင်း လေဝင်လေထွက် ကောင်းမွန်အောင်ဆောင်ရွက်ဖို့၊ နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း (သို့) တီဘီနဲ့ပတ်သက်တဲ့ဘလက္ခဏာတွေ ရှိပါက ဆေးကုသမှုအမြန်ခံယူဖို့ အကြံပြုထားပါတယ်။

Zawgyi Version;
မေလးရွားမွာ ရမ္ဇာန္ပြဲေတာ္ကာလအတြင္း တီဘီေရာဂါကူးစက္မႈျမင့္တက္လာ၊ Mask တပ္ၾကဖို႔ သတိေပးထား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
မေလးရွားႏိုင္ငံမွာ တီဘီေရာဂါ ကူးစက္ခံရသူဦးေရ ၃,၁၀၀ ေက်ာ္ အထိ ျမင့္တက္လာတာေၾကာင့္ ရမ္ဇာန္လအတြင္း လူစည္ကားရာ ေနရာေတြကို သြားေရာက္ရာမွာ ႏွာေခါင္းစည္း (Mask) တပ္ဆင္ၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ျပည္သူလူထုကို အေလးအနက္ တိုက္တြန္းထားပါတယ္။
မေလးရွားမွာ ယခုႏွစ္ ေဖေဖာ္ဝါရီ ၈ ရက္မွ ၁၄ ရက္အထိ အတြင္း တီဘီေရာဂါကူးစက္မႈအသစ္ ၅၉၆ ခု ကို ထပ္မံေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ဆုံးေတြ႕ရွိခ်က္ေတြအရ ႏိုင္ငံတစ္ဝွမ္း စုစုေပါင္းကူးစက္ခံရသူဦးေရ ၃,၁၆၁ ဦး အထိ ရွိလာၿပီျဖစ္တယ္လို႔ ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
လက္ရွိ ရမ္ဇာန္ ဥပုသ္ကာလျဖစ္တာေၾကာင့္ မေလးရွားႏိုင္ငံသားေတြအေနနဲ႔ ရမ္ဇာန္ေဈးတန္းေတြ၊ ဘာသာေရးပြဲ ေတြမွာ အမ်ားအျပား စု႐ုံးေရာက္ရွိေနျခင္းဟာ ေရာဂါကူးစက္ႏိုင္ေျခ တိုးျမင့္လာေစႏိုင္တယ္လို႔ ဝန္ႀကီးဌာနက သတိေပးထားပါတယ္။ ရမ္ဇာန္လဟာ တီဘီေရာဂါကူးစက္မႈရဲ႕ တိုက္႐ိုက္အေၾကာင္းရင္းမဟုတ္ေပမယ့္ လူစည္ ကားၿပီး ေလဝင္ေလထြက္မေကာင္းတဲ့ ေနရာေတြမွာ ကုသမႈ မခံယူရေသးတဲ့ တီဘီလူနာရွိေနရင္ ကူးစက္ဖို႔ အခြင့္ အလမ္းမ်ားတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
တီဘီေရာဂါဟာ တုပ္ေကြး သို႔မဟုတ္ Covid-19 လို လ်င္ျမန္စြာ ကူးစက္ျခင္းမ်ိဳးမဟုတ္ဘဲ ေရာဂါပိုးရွိသူနဲ႔ ၾကာရွည္စြာ (သို႔) အႀကိမ္ႀကိမ္ ထိေတြ႕မႈရွိမွသာ ကူးစက္တတ္တဲ့ ေရာဂါျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရး ဝန္ႀကီးဌာနက လူစည္ကားရာ ေနရာေတြကို သြားလာတဲ့အခါ ေရာဂါလကၡဏာရွိသူေတြအေနနဲ႔ ႏွာေခါင္းစည္း တပ္ဆင္ၿပီးမွ သြားလာဖို႔၊ ႏွာေခ် ေခ်ာင္းဆိုးတဲ့အခါ စနစ္တက် ဖုံးအုပ္ရမယ့္ က်င့္ဝတ္ကို လိုက္နာဖို႔၊ ေနအိမ္နဲ႔ အေဆာက္အဦးအတြင္း ေလဝင္ေလထြက္ ေကာင္းမြန္ေအာင္ေဆာင္႐ြက္ဖို႔၊ ႏွစ္ပတ္ထက္ပိုၿပီး ေခ်ာင္းဆိုးျခင္း (သို႔) တီဘီနဲ႔ပတ္သက္တဲ့ဘလကၡဏာေတြ ရွိပါက ေဆးကုသမႈအျမန္ခံယူဖို႔ အႀကံျပဳထားပါတယ္။