ရန်ကုန် လေထုညစ်ညမ်းမှုမှာ အန္တရာယ်များသော အခြေအနေရှိ

699

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၂၃
ရန်ကုန် လေထုညစ်ညမ်းမှု အခြေအနေမှာ အန္တရာယ်များသော အခြေအနေ ရှိနေကြောင်း မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က NP News သတင်းဌာနသို့ ပြောသည်။
ယခု ရက်ပိုင်း အတွင်း ရန်ကုန်မြို့၏ လေထုမှာ မြူဆိုင်းသည့်သဖွယ် မြင်ကွင်းမျိုးဖြစ်နေခြင်း ဖြစ်ပြီး IQAir ဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်အရ ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) တွင် 161 US AQI⁺ ရှိကာ ယင်းပမာဏမှာ ကျန်းမာရေးအတွက် မသင့်လျော်သောအဆင့်ဟု သတ်မှတ်ထားသည်။
“ဒါတော်တော်လေး မြင့်တယ်။ အန္တရာယ်များတဲ့ အခြေအနေပေါ့” ဟု ဦးဝင်းနိုင် က ဆိုသည်။
ကျန်းမာရေး အခြေအနေအရ အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစီးတပ်ရန်လိုကြောင်းလည်း ၎င်းက အကြံပြုသည်။
“PM 2.5 ရှိတယ်။ PM 10 ရှိတယ်။ အဲဒါအပြင်ကို ဒီ နိုက်ထရိုဂျင်ပါရာအောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက် ပြီးတော့မှ ဖုန်မှုန့်တွေ နောက်ပြီးတော့မှ ကာဗွန်မိုနောက်ဆိုက် အဲဒါတွေရှိတယ်ဆိုတဲ့ အခါကျတော့။ ဒီကြားထဲ မှာ ကျွန်တော်တို့မမြင်ရတဲ့ ဗိုင်းရပ်စ်တွေလည်း ရှိမှာပေါ့နော်။ အကောင်းဆုံးကတော့ Mask တပ်ပြီး ထွက်ဖို့ရယ် ။ နောက်ပြီးတော့ လူတွေကြားထဲရောက်တဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါ လက်ဆေးဖို့ရယ် အဲဒီ(၂)ခုကတော့ သတိထား ပြီးလုပ်ရမှာပါ” ဟု ဦးဝင်းနိုင်က ဆိုသည်။
လေထု ညစ်ညမ်း ရခြင်းမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် မြန်မာနိုင်ငံထက် မြင့်သော လေထုညစ်ညမ်းမှု ရှိနေကာ လေစီးကြောင်းမှ တဆင့်ဝင်ခြင်းမျိုး ရှိနေပြီး လက်ရှိ လေဖိအားနည်း ရပ်ဝန်းဘက်က တိမ်များ ရွေ့လျားပြီး ဝင်ခြင်းမျိုး ရှိနေကြောင်းလည်း သိရသည်။
“ကုန်းတွင်းမှာ တောင်ယာမီးရှို့တာတွေ ။ အဓိကကတော့ အမှိုက်မီးရှို့တာတွေ ။ အချို့နေရာတွေ မြက်ခြောက်မီးလောင်တာတွေ ။ ဒီနွေရာသီလိုမျိုးပူလည်း ပူလာတဲ့ အခါကျတော့ အဲဒီဟာတွေကလည်း ဝင်တာတွေရှိတယ်။ ပြီးတော့ ဝါးတစ်ရာ စက်မှုဇုန်မီးလောင်တာကနေထွက်လာတဲ့ မီးခို့ငွေ့တွေ ဒါတွေသည် အမြဲတမ်း ရန်ကုန်မြို့ပေါ် ဆိုရင် တချို့နေရာတွေက လေငြိမ်နေတာကိုး။ လေငြိမ်နေတဲ့ အခါကျတော့ အဲဒီမှာ ကွေ့ပတ်ပြီးကျန်နေတာပေါ့။ အဲဒါကြောင့် အဓိကပါပဲ” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ရန္ကုန္ ေလထုညစ္ညမ္းမႈမွာ အႏၲရာယ္မ်ားေသာ အေျခအေနရွိ
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၂၃
ရန္ကုန္ ေလထုညစ္ညမ္းမႈ အေျခအေနမွာ အႏၲရာယ္မ်ားေသာ အေျခအေန ရွိေနေၾကာင္း မိုးေလဝသ ပညာရွင္ ဦးဝင္းႏိုင္က NP News သတင္းဌာနသို႔ ေျပာသည္။
ယခု ရက္ပိုင္း အတြင္း ရန္ကုန္ၿမိဳ႕၏ ေလထုမွာ ျမဴဆိုင္းသည့္သဖြယ္ ျမင္ကြင္းမ်ိဳးျဖစ္ေနျခင္း ျဖစ္ၿပီး IQAir ဝဘ္ဆိုက္တြင္ ေဖာ္ျပထားေသာ အခ်က္အလက္အရ ယေန႔ (ေဖေဖာ္ဝါရီလ ၂၃ ရက္) တြင္ 161 US AQI⁺ ရွိကာ ယင္းပမာဏမွာ က်န္းမာေရးအတြက္ မသင့္ေလ်ာ္ေသာအဆင့္ဟု သတ္မွတ္ထားသည္။
“ဒါေတာ္ေတာ္ေလး ျမင့္တယ္။ အႏၲရာယ္မ်ားတဲ့ အေျခအေနေပါ့” ဟု ဦးဝင္းႏိုင္ က ဆိုသည္။
က်န္းမာေရး အေျခအေနအရ အျပင္ထြက္လွ်င္ ပါးစပ္၊ ႏွာေခါင္းစီးတပ္ရန္လိုေၾကာင္းလည္း ၎က အႀကံျပဳသည္။
“PM 2.5 ရွိတယ္။ PM 10 ရွိတယ္။ အဲဒါအျပင္ကို ဒီ ႏိုက္ထ႐ိုဂ်င္ပါရာေအာက္ဆိုက္၊ ဆာလဖာဒိုင္ေအာက္ဆိုက္ ၿပီးေတာ့မွ ဖုန္မႈန႔္ေတြ ေနာက္ၿပီးေတာ့မွ ကာဗြန္မိုေနာက္ဆိုက္ အဲဒါေတြရွိတယ္ဆိုတဲ့ အခါက်ေတာ့။ ဒီၾကားထဲ မွာ ကြၽန္ေတာ္တို႔မျမင္ရတဲ့ ဗိုင္းရပ္စ္ေတြလည္း ရွိမွာေပါ့ေနာ္။ အေကာင္းဆုံးကေတာ့ Mask တပ္ၿပီး ထြက္ဖို႔ရယ္ ။ ေနာက္ၿပီးေတာ့ လူေတြၾကားထဲေရာက္တဲ့ၿပီး အိမ္ျပန္ေရာက္တဲ့အခါ လက္ေဆးဖို႔ရယ္ အဲဒီ(၂)ခုကေတာ့ သတိထား ၿပီးလုပ္ရမွာပါ” ဟု ဦးဝင္းႏိုင္က ဆိုသည္။
ေလထု ညစ္ညမ္း ရျခင္းမွာ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းတြင္ ျမန္မာႏိုင္ငံထက္ ျမင့္ေသာ ေလထုညစ္ညမ္းမႈ ရွိေနကာ ေလစီးေၾကာင္းမွ တဆင့္ဝင္ျခင္းမ်ိဳး ရွိေနၿပီး လက္ရွိ ေလဖိအားနည္း ရပ္ဝန္းဘက္က တိမ္မ်ား ေ႐ြ႕လ်ားၿပီး ဝင္ျခင္းမ်ိဳး ရွိေနေၾကာင္းလည္း သိရသည္။
“ကုန္းတြင္းမွာ ေတာင္ယာမီးရႈိ႕တာေတြ ။ အဓိကကေတာ့ အမႈိက္မီးရႈိ႕တာေတြ ။ အခ်ိဳ႕ေနရာေတြ ျမက္ေျခာက္မီးေလာင္တာေတြ ။ ဒီေႏြရာသီလိုမ်ိဳးပူလည္း ပူလာတဲ့ အခါက်ေတာ့ အဲဒီဟာေတြကလည္း ဝင္တာေတြရွိတယ္။ ၿပီးေတာ့ ဝါးတစ္ရာ စက္မႈဇုန္မီးေလာင္တာကေနထြက္လာတဲ့ မီးခို႔ေငြ႕ေတြ ဒါေတြသည္ အၿမဲတမ္း ရန္ကုန္ၿမိဳ႕ေပၚ ဆိုရင္ တခ်ိဳ႕ေနရာေတြက ေလၿငိမ္ေနတာကိုး။ ေလၿငိမ္ေနတဲ့ အခါက်ေတာ့ အဲဒီမွာ ေကြ႕ပတ္ၿပီးက်န္ေနတာေပါ့။ အဲဒါေၾကာင့္ အဓိကပါပဲ” ဟု ၎က ဆိုသည္။