ပထဝီနိုင်ငံရေး အရွေ့များကို ပုံဖော်လျက်ရှိသည့် မြန်မာ့အနောက်ဘက်ခြမ်း အခြေအနေ(သို့)အိန္ဒိယရဲ့ "မီလန်၂၀၂၆"

424

HtayOung (NP News)-ဖေဖော်ဝါရီ ၂၃
အိန္ဒိယနိုင်ငံ့သမိုင်းတလျောက် ကြီးကျယ်ခန်းနားဆုံးလို့ ဆိုနိုင်တဲ့ ၁၃-ကြိမ်မြောက် “မီလန် ၂၀၂၆” ရေတပ်စစ် ရေးလေ့ကျင့်မှုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း “ဝိသာခါ ပတ္တနမ်” စစ်အခြေစိုက်စခန်းမှာ ကျင်းပနေတယ်လို့ “The Hindu” (22 February 2026 က ရေး တယ်။
ဝိသာခါပတ္တနမ်ဟာ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ရဲ့ အနောက်ဘက် ရေမိုင် ၆၇၀ ခန့်အကွာမှာ တည်ရှိပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ (ယခင် မဒရပ်စ် လို့ လူသိများတဲ့) “ချန်နိုင်းမြို့“ ပြီးလျင် ဒုတိယအ ကြီးဆုံး ဖြစ်တယ်။ အကြီးစားစက်မှုလုပ်ငန်းများ၊ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ၊ ဇီဝနည်းပညာနဲ့ စွမ်းအင်ထုတ် လုပ်မှုဆိုင်ရာ စက်မှုဇုန်များတည်ရှိပြီး အရပ်ဘက်နဲ့ ရေတပ်သင်္ဘောကျင်းများတည်ရှိတယ်။ အိန္ဒိယအ ရှေ့ ဘက်ကမ်းရိုးတန်း ရေတပ်ကွပ်ကဲမှု ဌာနချုပ်တည်ရှိပြီး မြန်မာအပါအဝင် မိတ်ဆွေနိုင်ငံများမှ စစ်ဘက်-အရပ် ဘက် ပညာတော်သင်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းထွက်တယ်။
စစ်ရေးလေ့ကျင့်မှုကို နိုင်ငံပေါင်း ၇၀ ကျော်မှ စစ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘော သို့မဟုတ် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ကြမှာဖြစ်ကြောင်း၊အမေရိကန်၊ ရုရှား၊ ဂျပန်၊ သြစတြေးလျ၊ ပြင်သစ် စတဲ့ နိုင်ငံကြီးများအပြင်၊ ဒေသတွင်း ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီး ရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ အရှေပအလယ်ပိုင်းနဲ့ အာဖရိကမှ အီရန်၊ မော်ရေးသျှ၊ ယူအေအီး၊ တောင်အာဖရိက တို့ ပါဝင်ပြီး ဂျာမနီ။ ဖိလစ်ပိုင်တို့က ပထမဆုံဒအကြိမ်အဖြစ် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံမှ ဖရီဂိတ် အတန်းအစား “ ယူအမ်အက်စ် ဆင်ဖြူရှင်” (F-14) ပါဝင်မှာဖြစ်ကြောင်းဖော်ပြပါတဠ်။
မြန်မာ့ရေတပ်မတော်က ပြည်တွင်းမှာ တည်ဆောက်တဲ့ အဆင့်မြင့် ဖရီဂိတ် အောင်ဇေယျ F-11 (၂၀၁၁-ခုနှစ်) ကျန်စစ်သား F-12 (၂၀၁၃ ခုနှစ်) တို့ နောက်ပိုင်း ယူအမ်အက်စ် ဆင်ဖြူရှင်ဟာ ပဲ့ထိန်းဒုံးကျည်တင် ကိုယ်ပျောက် ဖရီဂိတ် စစ်သင်္ဘောဖြစ်ကြောင်း သိရှိရပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တက်ရောက်ရန် နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော်ကို ဖိတ်ကြားခဲ့ပြီး နိုင်ငံပေါင်း ၇၂ နိုင်ငံမှ အဖွဲ့ပေါင်း ၇၄-ဖွဲ့တို့က ကဏ္ဍအမျိုးမျိုးမှာ ပါဝင်မယ်လို့ အတည်ပြုခဲ့ကြကြောင်း၊ လေ့ကျင့်ကြရာမှာ အဓိက အဆင့်နှစ်ဆင့်ခွဲခြားထားပြီး ရက်စွဲအလိုက် ဖွင့်ပွဲအခမ်းအနား၊ နိုင်ငံတကာရေကြောင်းဆွေးနွေးပွဲ၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူဖလှယ်ရေးနဲ့ ပင်လယ်ပြင်အဆင့်မှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ပွဲ၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ တိုက်ရိုက်ပစ်ခတ်မှုလေ့ကျင့်ခန်းများအပါအဝင် ဘင်္ဂလားပင်လယ်အော်ရေပြင်မှာ စစ်သင်္ဘော ၇၅ စင်းကျော်နဲ့ ရွေ့လျား စစ်ကြောင်းပုံစံ အဆင့်မြင့်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ကြတယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ မီလန် ၂၀၂၆ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ရန် နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော်ကို ဖိတ်ကြားခဲ့ပြီး နိုင်ငံပေါင်း ၇၂ နိုင်ငံတို့က ပူးပေါင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

Zawgyi Version:
ပထဝီႏိုင္ငံေရး အေ႐ြ႕မ်ားကို ပုံေဖာ္လ်က္ရွိသည့္ ျမန္မာ့အေနာက္ဘက္ျခမ္း အေျခ အေန
HtayOung (NP News)-ေဖေဖာ္ဝါရီ ၂၃
အိႏၵိယႏိုင္ငံ့သမိုင္းတေလ်ာက္ ႀကီးက်ယ္ခန္းနားဆုံးလို႔ ဆိုႏိုင္တဲ့ ၁၃-ႀကိမ္ေျမာက္ “မီလန္ ၂၀၂၆” ေရတပ္စစ္ ေရးေလ့က်င့္မႈကို ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၅ ရက္မွ ၂၅ ရက္အထိ အိႏၵိယႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္း “ဝိသာခါ ပတၱနမ္” စစ္အေျခစိုက္စခန္းမွာ က်င္းပေနတယ္လို႔ “The Hindu” (22 February 2026 က ေရး တယ္။
ဝိသာခါပတၱနမ္ဟာ ျမန္မာႏိုင္ငံ ေက်ာက္ျဖဴၿမိဳ႕ရဲ႕ အေနာက္ဘက္ ေရမိုင္ ၆၇၀ ခန႔္အကြာမွာ တည္ရွိပါတယ္။ အိႏၵိယႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ (ယခင္ မဒရပ္စ္ လို႔ လူသိမ်ားတဲ့) “ခ်န္ႏိုင္းၿမိဳ႕“ ၿပီးလ်င္ ဒုတိယအ ႀကီးဆုံး ျဖစ္တယ္။ အႀကီးစားစက္မႈလုပ္ငန္းမ်ား၊ ေဆးဝါး၊ ေဆးဘက္ဆိုင္ရာ၊ ဇီဝနည္းပညာနဲ႔ စြမ္းအင္ထုတ္ လုပ္မႈဆိုင္ရာ စက္မႈဇုန္မ်ားတည္ရွိၿပီး အရပ္ဘက္နဲ႔ ေရတပ္သေဘၤာက်င္းမ်ားတည္ရွိတယ္။ အိႏၵိယအ ေရွ႕ ဘက္ကမ္း႐ိုးတန္း ေရတပ္ကြပ္ကဲမႈ ဌာနခ်ဳပ္တည္ရွိၿပီး ျမန္မာအပါအဝင္ မိတ္ေဆြႏိုင္ငံမ်ားမွ စစ္ဘက္-အရပ္ ဘက္ ပညာေတာ္သင္မ်ားကို ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း သတင္းထြက္တယ္။
စစ္ေရးေလ့က်င့္မႈကို ႏိုင္ငံေပါင္း ၇၀ ေက်ာ္မွ စစ္သေဘၤာမ်ား၊ ေလယာဥ္တင္သေဘၤာ သို႔မဟုတ္ အဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား ပါဝင္တက္ေရာက္ၾကမွာျဖစ္ေၾကာင္း၊အေမရိကန္၊ ႐ုရွား၊ ဂ်ပန္၊ ၾသစေၾတးလ်၊ ျပင္သစ္ စတဲ့ ႏိုင္ငံႀကီးမ်ားအျပင္၊ ေဒသတြင္း ဘဂၤလားေဒ့ရွ္၊ အင္ဒိုနီး ရွား၊ မေလးရွား၊ ထိုင္း၊ ဗီယက္နမ္၊ ေတာင္ကိုရီးယား၊ အေရွပအလယ္ပိုင္းနဲ႔ အာဖရိကမွ အီရန္၊ ေမာ္ေရးသွ်၊ ယူေအအီး၊ ေတာင္အာဖရိက တို႔ ပါဝင္ၿပီး ဂ်ာမနီ။ ဖိလစ္ပိုင္တို႔က ပထမဆုံဒအႀကိမ္အျဖစ္ ပါဝင္ေၾကာင္း၊ ျမန္မာႏိုင္ငံမွ ဖရီဂိတ္ အတန္းအစား “ ယူအမ္အက္စ္ ဆင္ျဖဴရွင္” (F-14) ပါဝင္မွာျဖစ္ေၾကာင္းေဖာ္ျပပါတဠ္။
ျမန္မာ့ေရတပ္မေတာ္က ျပည္တြင္းမွာ တည္ေဆာက္တဲ့ အဆင့္ျမင့္ ဖရီဂိတ္ ေအာင္ေဇယ် F-11 (၂၀၁၁-ခုႏွစ္) က်န္စစ္သား F-12 (၂၀၁၃ ခုႏွစ္) တို႔ ေနာက္ပိုင္း ယူအမ္အက္စ္ ဆင္ျဖဴရွင္ဟာ ပဲ့ထိန္းဒုံးက်ည္တင္ ကိုယ္ေပ်ာက္ ဖရီဂိတ္ စစ္သေဘၤာျဖစ္ေၾကာင္း သိရွိရပါတယ္။
စစ္ေရးေလ့က်င့္မႈမွာ ပါဝင္တက္ေရာက္ရန္ ႏိုင္ငံေပါင္း ၁၃၅ ႏိုင္ငံေက်ာ္ကို ဖိတ္ၾကားခဲ့ၿပီး ႏိုင္ငံေပါင္း ၇၂ ႏိုင္ငံမွ အဖြဲ႕ေပါင္း ၇၄-ဖြဲ႕တို႔က က႑အမ်ိဳးမ်ိဳးမွာ ပါဝင္မယ္လို႔ အတည္ျပဳခဲ့ၾကေၾကာင္း၊ ေလ့က်င့္ၾကရာမွာ အဓိက အဆင့္ႏွစ္ဆင့္ခြဲျခားထားၿပီး ရက္စြဲအလိုက္ ဖြင့္ပြဲအခမ္းအနား၊ ႏိုင္ငံတကာေရေၾကာင္းေဆြးေႏြးပြဲ၊ ယဥ္ေက်းမႈဖလွယ္ေရးနဲ႔ ဘာသာရပ္ဆိုင္ရာ ကြၽမ္းက်င္သူဖလွယ္ေရးနဲ႔ ပင္လယ္ျပင္အဆင့္မွာ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးစစ္ပြဲ၊ ေလေၾကာင္းရန္ ကာကြယ္ေရးနဲ႔ တိုက္႐ိုက္ပစ္ခတ္မႈေလ့က်င့္ခန္းမ်ားအပါအဝင္ ဘဂၤလားပင္လယ္ေအာ္ေရျပင္မွာ စစ္သေဘၤာ ၇၅ စင္းေက်ာ္နဲ႔ ေ႐ြ႕လ်ား စစ္ေၾကာင္းပုံစံ အဆင့္ျမင့္စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ၾကတယ္လို႔ သိရပါတယ္။
အိႏၵိယရဲ႕ မီလန္ ၂၀၂၆ ေရတပ္စစ္ေရးေလ့က်င့္မႈမွာ ပါဝင္ရန္ ႏိုင္ငံေပါင္း ၁၃၅ ႏိုင္ငံေက်ာ္ကို ဖိတ္ၾကားခဲ့ၿပီး ႏိုင္ငံေပါင္း ၇၂ ႏိုင္ငံတို႔က ပူးေပါင္းခဲ့ၾကတယ္လို႔ ဆိုပါတယ္။