အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၅၀၀ ခန့်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၇ ခု ခွင့်ပြု

579

Pearl (NP News) - ဖေဖော်ဝါရီ ၂၆
အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၅ဝဝ ခန့်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၇ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) က အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့် ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်နှစ်ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ခြင်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၅) ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၄၄ သန်း နှင့် ငွေကျပ် ၅၅၇၉၀၇ ဒသမ ၀၆၉ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၄၄၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် အိမ်ရာအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများ နှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ/ ဒေသပေါင်း (၅၃) ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၂၅၀၀ ခန႔္ကို ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ ၁၇ ခု ခြင့္ျပဳ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၂၅ဝဝ ခန႔္ကို ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ ၁၇ ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ အစည္းအေဝးကို ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၅ ရက္) က အစည္းအေဝးတြင္ လက္ရွိေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းတိုးျမႇင့္ ျခင္းအပါအဝင္ စက္မႈက႑မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ႏွစ္ခုကိုလည္းေကာင္း၊ စက္မႈက႑၊ ဝန္ေဆာင္မႈက႑၊ အိမ္ရာအေဆာက္အအုံတည္ေဆာက္ျခင္းက႑၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၊ ေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑မ်ားမွ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၁၅) ခု တို႔ကိုလည္းေကာင္း ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၇ ဒသမ ၆၄၄ သန္း ႏွင့္ ေငြက်ပ္ ၅၅၇၉၀၇ ဒသမ ၀၆၉ သန္းျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၂၄၄၉ ဦးကို ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
ခြင့္ျပဳေပးသည့္လုပ္ငန္းမ်ားတြင္ ႏိုင္ငံအတြက္ အဓိကလိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ တပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္းလုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းသုံး သြင္းအားစုမ်ား ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားအျပင္ အိမ္ရာအေဆာက္အအုံေဆာက္လုပ္ျခင္းလုပ္ငန္းမ်ား ႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးႏိုင္မည့္ အထည္ခ်ဳပ္လုပ္ငန္းတို႔လည္း ပါဝင္ေၾကာင္း သိရသည္။
၂၀၂၆ ခုႏွစ္ ဇန္နဝါရီလကုန္အထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ႏိုင္ငံ/ ေဒသေပါင္း (၅၃) ခုအနက္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံ/ေဒသမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္ၿပီး စီးပြားေရးက႑ (၁၂) ခုအနက္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားသည့္က႑မ်ားမွာ လွ်ပ္စစ္ဓာတ္အားက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၈ ဒသမ ၂၇ ရာခိုင္ႏႈန္းျဖင့္ လည္းေကာင္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၄ ဒသမ ၆၂ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ စက္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၆၅ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္သည္ ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ားက တင္ျပလာသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈအဆိုျပဳခ်က္မ်ားအား စိစစ္ခြင့္ျပဳျခင္းကိုလည္းေကာင္း၊ လက္ရွိေဆာင္႐ြက္ဆဲ ရင္းႏွီျမႇဳပ္ႏွံသူမ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာဝန္ေဆာင္မႈမ်ားကိုလည္းေကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒႏွင့္အညီ ပံ့ပိုးကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။