အမေရိကန်၏ ခြိမ်းခြောက်မှုများကို အလေးထားစိတ်ပူရန် အီရန်ကို အမေရိကန်ဒုသမ္မတ သတိပေး

516

Pika (NP News) - ဖေဖော်ဝါရီ ၂၇
စစ်ဘက်ဆိုင်ရာ အရေးယူမှုများလုပ်ဆောင်သွားမည်ဆိုသည့် အမေရိကန်၏ ခြိမ်းခြောက်မှုများကို အမှန်တကယ် အလေးထားစိတ်ပူရန် အီရန်ကို အမေရိကန်ဒုသမ္မတ JD Vance က သတိပေးခဲ့ကြောင်း သိရသည်။
စစ်ပွဲအတွက် တည်ဆောက်မှုများ လုပ်ဆောင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် JD Vance ၏ သတိပေးချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် အီရန်က အမေရိကန်ကိုတိုက်ခိုက်နိုင်သည့် ဒုံးကျည်များ တီထွင်ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်းလည်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့သည်။
အီရန်တွင် ယုတ်ညံ့သော နျူကလီးယားရည်မှန်းချက်များရှိကြောင်း နှင့် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်က ပစ်မှတ်ထားခဲ့သော နျူကလီးယားအစီအစဉ်ကိုလည်း ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်နေကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က သံတမန်ရေးနည်းလမ်းများမှတစ်ဆင့် အီရန်နှင့် သဘောတူညီချက်တစ်ခုရရှိအောင်ကြိုးပမ်းနိုင်သလို စစ်ဘက်ဆိုင်ရာနည်းလမ်းများဖြင့်လည်း အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သွားနိုင်ကြောင်း JD Vance က ထုတ်ဖော်ပြောဆိုခဲ့သည်။
JD Vance က "အီရန်က သူလိုချင်သလိုမျိုးဖြစ်လာစေဖို့အတွက် လုံလောက်တဲ့အရာတွေက ဒေါ်နယ်ထရမ့်မှာ ရှိပါတယ်။ စစ်ရေးအရအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို အီရန်က အလေးအနက်ထားဂရုစိုက်သင့်ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
အေမရိကန္၏ ၿခိမ္းေျခာက္မႈမ်ားကို အေလးထားစိတ္ပူရန္ အီရန္ကို အေမရိကန္ဒုသမၼတ သတိေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇
စစ္ဘက္ဆိုင္ရာ အေရးယူမႈမ်ားလုပ္ေဆာင္သြားမည္ဆိုသည့္ အေမရိကန္၏ ၿခိမ္းေျခာက္မႈမ်ားကို အမွန္တကယ္ အေလးထားစိတ္ပူရန္ အီရန္ကို အေမရိကန္ဒုသမၼတ JD Vance က သတိေပးခဲ့ေၾကာင္း သိရသည္။
စစ္ပြဲအတြက္ တည္ေဆာက္မႈမ်ား လုပ္ေဆာင္ရန္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ JD Vance ၏ သတိေပးခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ အီရန္က အေမရိကန္ကိုတိုက္ခိုက္ႏိုင္သည့္ ဒုံးက်ည္မ်ား တီထြင္ထုတ္လုပ္ရန္ ႀကိဳးပမ္းေနေၾကာင္းလည္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာခဲ့သည္။
အီရန္တြင္ ယုတ္ညံ့ေသာ န်ဴကလီးယားရည္မွန္းခ်က္မ်ားရွိေၾကာင္း ႏွင့္ ၿပီးခဲ့သည့္ႏွစ္တြင္ အေမရိကန္က ပစ္မွတ္ထားခဲ့ေသာ န်ဴကလီးယားအစီအစဥ္ကိုလည္း ျပန္လည္တည္ေဆာက္ရန္ လုပ္ေဆာင္ေနေၾကာင္း ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္က သံတမန္ေရးနည္းလမ္းမ်ားမွတစ္ဆင့္ အီရန္ႏွင့္ သေဘာတူညီခ်က္တစ္ခုရရွိေအာင္ႀကိဳးပမ္းႏိုင္သလို စစ္ဘက္ဆိုင္ရာနည္းလမ္းမ်ားျဖင့္လည္း အေရးယူေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သြားႏိုင္ေၾကာင္း JD Vance က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
JD Vance က "အီရန္က သူလိုခ်င္သလိုမ်ိဳးျဖစ္လာေစဖို႔အတြက္ လုံေလာက္တဲ့အရာေတြက ေဒၚနယ္ထရမ့္မွာ ရွိပါတယ္။ စစ္ေရးအရအေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္သြားမယ္ဆိုတဲ့ ေဒၚနယ္ထရမ့္ရဲ႕ ၿခိမ္းေျခာက္မႈေတြကို အီရန္က အေလးအနက္ထားဂ႐ုစိုက္သင့္ပါတယ္” ဟု ေျပာခဲ့သည္။