ရုရှား၏ Shahed ဒရုန်းကို အမေရိကန်ထုတ် စက်သေနတ်ကြီး ဖြင့် ယူကရိန်းတပ်ဖွဲ့ အောင်မြင်စွာ ပစ်ချ

 638

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၇

ရုရှားတပ်ဖွဲ့များ စေလွှတ်လိုက်သည့် Shahed (Geran-2) ကာမီကာဇေ ဒရုန်းတစ်စင်းကို ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အမေရိကန်နိုင်ငံလုပ် M134 Minigun စက်သေနတ်ကြီး အသုံးပြုကာ လေထဲတွင်ပင် အောင်မြင်စွာ ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယူကရိန်း မိုဘိုင်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (Mobile Fire Team) သည် ညအချိန်၌ အနီရောင် လေဆာချိန်ရွယ်စနစ် (Laser pointer) ကို အသုံးပြု၍ ရန်သူ့ဒရုန်းကို ခြေရာခံ ရှာဖွေခဲ့ကြသည်။ ထို့နောက် ခြောက်ပြောင်းပါ M134 Minigun စက်သေနတ်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ Shahed ဒရုန်းမှာ လေထဲတွင်ပင် မီးလောင်ပေါက်ကွဲသွားခဲ့သည်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။
ယူကရိန်းတပ်ဖွဲ့များသည် ကုန်ကျစရိတ်နည်းပါးပြီး အမြောက်အမြား လာရောက်တိုက်ခိုက်တတ်သော ရုရှား၏ ကာမီကာဇေ ဒရုန်းများကို ရင်ဆိုင်ရန်အတွက် ဆိုဗီယက်ခေတ်ထုတ် Mi-8 ရဟတ်ယာဉ်များနှင့် Antonov An-28 ကုန်တင်လေယာဉ်ဟောင်းများကို "ဒရုန်းမုဆိုး" (Drone Hunters) များအဖြစ် အဆင့်မြှင့်တင် ပြောင်းလဲအသုံးပြုလာကြသည်။
အဆိုပါ လေယာဉ်များပေါ်တွင် တစ်မိနစ်လျှင် ကျည်ဆန် ၃,၀၀၀ မှ ၆,၀၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိသည့် 7.62x51mm Minigun များကိုတပ်ဆင်ကာ လေကြောင်းရန် ကာကွယ်ရေးတာဝန်များကို လိုက်လံထမ်းဆောင်နေခြင်းဖြစ်သည်။
အဆိုပါစက်သေနတ်ကြီးများ အသုံးပြု၍ ခုခံကာကွယ်ခြင်းသည် ယူကရိန်းစစ်တပ်အတွက် မဟာဗျူဟာမြောက် အားသာချက်တစ်ခုဖြစ်စေသည်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀,၀၀၀ ခန့်သာရှိသော အီရန်လုပ် Shahed ဒရုန်းများကို ပစ်ချရန် အလွန်တန်ဖိုးကြီးမားသည့် ပက်ထရီယော့ (Patriot) ကဲ့သို့သော မြေပြင်မှလေပြင်ပစ်ဒုံးကျည်များ (Surface-to-Air Missiles) အသုံးပြုရမည့်အစား ယခုကဲ့သို့ စရိတ်သက်သာသောကျည်ဆန်များကိုသာ အသုံးပြုခြင်းဖြင့် ကာကွယ်ရေးစရိတ်ကို များစွာလျှော့ချနိုင်မည်ဖြစ်သည်။
ထို့ပြင် အရေးကြီးသော ဒုံးကျည်လက်ကျန်များကိုလည်း အခြား အရေးပါသော စစ်ရေးပစ်မှတ်များအတွက် ချန်လှပ်ထားနိုင်မည် ဖြစ်သည်။ရုရှား-ယူကရိန်း စစ်ပွဲကာလ ကြာမြင့်လာသည်နှင့်အမျှ ယူကရိန်းတပ်ဖွဲ့များသည် နိုင်ငံတကာမှ ရရှိထားသောလက်နက်များကို မိမိတို့၏ လက်ရှိအခြေအနေနှင့် ကိုက်ညီအောင်ဆန်းသစ်တီထွင် အသုံးပြုလာနိုင်စွမ်း ပိုမိုမြင့်မားလာကြာင်း သက်သေပြလျက်ရှိနေကြောင်း သိရသည်။

Zawgyi Version;
႐ုရွား၏ Shahed ဒ႐ုန္းကို အေမရိကန္ထုတ္ စက္ေသနတ္ႀကီး ျဖင့္ ယူကရိန္းတပ္ဖြဲ႕ ေအာင္ျမင္စြာ ပစ္ခ်
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၇

႐ုရွားတပ္ဖြဲ႕မ်ား ေစလႊတ္လိုက္သည့္ Shahed (Geran-2) ကာမီကာေဇ ဒ႐ုန္းတစ္စင္းကို ယူကရိန္း ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕က အေမရိကန္ႏိုင္ငံလုပ္ M134 Minigun စက္ေသနတ္ႀကီး အသုံးျပဳကာ ေလထဲတြင္ပင္ ေအာင္ျမင္စြာ ပစ္ခ် ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
ယူကရိန္း မိုဘိုင္းေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား (Mobile Fire Team) သည္ ညအခ်ိန္၌ အနီေရာင္ ေလဆာခ်ိန္႐ြယ္စနစ္ (Laser pointer) ကို အသုံးျပဳ၍ ရန္သူ႔ဒ႐ုန္းကို ေျခရာခံ ရွာေဖြခဲ့ၾကသည္။ ထို႔ေနာက္ ေျခာက္ေျပာင္းပါ M134 Minigun စက္ေသနတ္ႀကီးျဖင့္ အဆက္မျပတ္ ပစ္ခတ္ခဲ့ရာ Shahed ဒ႐ုန္းမွာ ေလထဲတြင္ပင္ မီးေလာင္ေပါက္ကြဲသြားခဲ့သည္ကို ရွင္းလင္းစြာ ျမင္ေတြ႕ရသည္။
ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ကုန္က်စရိတ္နည္းပါးၿပီး အေျမာက္အျမား လာေရာက္တိုက္ခိုက္တတ္ေသာ ႐ုရွား၏ ကာမီကာေဇ ဒ႐ုန္းမ်ားကို ရင္ဆိုင္ရန္အတြက္ ဆိုဗီယက္ေခတ္ထုတ္ Mi-8 ရဟတ္ယာဥ္မ်ားႏွင့္ Antonov An-28 ကုန္တင္ေလယာဥ္ေဟာင္းမ်ားကို "ဒ႐ုန္းမုဆိုး" (Drone Hunters) မ်ားအျဖစ္ အဆင့္ျမႇင့္တင္ ေျပာင္းလဲအသုံးျပဳလာၾကသည္။
အဆိုပါ ေလယာဥ္မ်ားေပၚတြင္ တစ္မိနစ္လွ်င္ က်ည္ဆန္ ၃,၀၀၀ မွ ၆,၀၀၀ အထိ ပစ္ခတ္ႏိုင္စြမ္းရွိသည့္ 7.62x51mm Minigun မ်ားကိုတပ္ဆင္ကာ ေလေၾကာင္းရန္ ကာကြယ္ေရးတာဝန္မ်ားကို လိုက္လံထမ္းေဆာင္ေနျခင္းျဖစ္သည္။
အဆိုပါစက္ေသနတ္ႀကီးမ်ား အသုံးျပဳ၍ ခုခံကာကြယ္ျခင္းသည္ ယူကရိန္းစစ္တပ္အတြက္ မဟာဗ်ဴဟာေျမာက္ အားသာခ်က္တစ္ခုျဖစ္ေစသည္။ တန္ဖိုးအားျဖင့္ ေဒၚလာ ၂၀,၀၀၀ ခန႔္သာရွိေသာ အီရန္လုပ္ Shahed ဒ႐ုန္းမ်ားကို ပစ္ခ်ရန္ အလြန္တန္ဖိုးႀကီးမားသည့္ ပက္ထရီေယာ့ (Patriot) ကဲ့သို႔ေသာ ေျမျပင္မွေလျပင္ပစ္ဒုံးက်ည္မ်ား (Surface-to-Air Missiles) အသုံးျပဳရမည့္အစား ယခုကဲ့သို႔ စရိတ္သက္သာေသာက်ည္ဆန္မ်ားကိုသာ အသုံးျပဳျခင္းျဖင့္ ကာကြယ္ေရးစရိတ္ကို မ်ားစြာေလွ်ာ့ခ်ႏိုင္မည္ျဖစ္သည္။
ထို႔ျပင္ အေရးႀကီးေသာ ဒုံးက်ည္လက္က်န္မ်ားကိုလည္း အျခား အေရးပါေသာ စစ္ေရးပစ္မွတ္မ်ားအတြက္ ခ်န္လွပ္ထားႏိုင္မည္ ျဖစ္သည္။႐ုရွား-ယူကရိန္း စစ္ပြဲကာလ ၾကာျမင့္လာသည္ႏွင့္အမွ် ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ႏိုင္ငံတကာမွ ရရွိထားေသာလက္နက္မ်ားကို မိမိတို႔၏ လက္ရွိအေျခအေနႏွင့္ ကိုက္ညီေအာင္ဆန္းသစ္တီထြင္ အသုံးျပဳလာႏိုင္စြမ္း ပိုမိုျမင့္မားလာၾကာင္း သက္ေသျပလ်က္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.