ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေ

 936

Pearl (NP News)- ဖေဖော်ဝါရီ ၂၇

ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် ( National Service Information Management System - NSIMS) ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) က ကျင်းပသော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သူများအနေဖြင့် သတ်မှတ်ကာလအလိုက် တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြား ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုအသိပညာပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်ပြီး ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရန်နှင့် ရေရှည်တွင်မှတ်တမ်းထည့်သွင်းမှုလွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် ( NSIMS) ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဗဟိုအဖွဲ့အနေဖြင့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍ အလေးထားစိစစ်၍ ခွင့်ပြုပေးလျက်ရှိပြီး ထိုသို့ ခွင့်ပြုခဲ့သူများမှ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူများအား စနစ်တကျ မှတ်တမ်းရေးသွင်း၍ ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာနှုန်းပြည့်ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် လည်း ပြောကြားခဲ့သည်။

သတ်မှတ်အချိန်ကာလအတိုင်း ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး တပ်မတော်မှနုတ်ထွက်ခဲ့သူများမှ ပြန်လည်နေရာချထားမှုခံယူလိုသူများအတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းထားပြီး ယင်းစီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ (၅) ခု ဖွဲ့စည်းထားရှိပြီး စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ယနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉) အထိ သင်တန်းဆင်းခဲ့ပြီး ၎င်းတို့ထဲမှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြု လက်မှတ်များရရှိခဲ့သူ ၇၄ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း လည်း သိရသည်။

လက်ရှိချိန်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) ခု ဖွင့်လှစ်တက်ရောက်လေ့ကျင့်လျက်ရှိကာ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများမရှိစေရေး၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးရန်လိုကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။

ထို့အတူ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်နေသူမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မမှန်သတင်းများဖြင့်လည်းကောင်း၊ တစ်ဆင့်ကြားသိရသည့် သတင်းမှားများဖြင့်လည်းကောင်း တိုင်ကြားမှုများရှိနေသည်ကိုလည်း တွေ့ရှိရပြီး မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူရန်လိုအပ်ကြောင်း၊ မမှန်မကန်တိုင်ကြားသဖြင့် တိုင်ကြားသူကို အရေးယူခဲ့ရသည်များလည်းရှိပြီး အရေးယူရန်ဆောင်ရွက်ဆဲအမှုများလည်းရှိကြောင်းလည်း ပြောကြားခဲ့သည်။

အလားတူ လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ မပို့ဆောင်မီစုရပ်များတွင် စိစစ်ရာ၌ အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများတွေ့ရှိရသဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ရသည်များရှိ၍ စစ်မှုထမ်းသက်နှင့် အကျုံးဝင်သူများကို သေချာစွာ စိစစ်ဆင့်ခေါ်ရန်လိုအပ်ကြောင်း ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများမှန်ကန်ပါက ထိရောက်စွာ အရေးယူသွားနိုင်ရေးကြပ်မတ် ရန်လိုအပ်ကြောင်း နှင့် လက်ရှိအနေအထားတွင်လည်း အရေးယူပြီး၊ အရေးယူဆဲအမှုများလည်း ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version

ျပည္သူ႔စစ္မႈထမ္း ကိုယ္ေရးအခ်က္အလက္စီမံခန႔္ခြဲမႈစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေန

Pearl (NP News)- ေဖေဖာ္ဝါရီ ၂၇

ျပည္သူ႔စစ္မႈထမ္း ကိုယ္ေရးအခ်က္အလက္စီမံခန႔္ခြဲမႈစနစ္ ( National Service Information Management System - NSIMS) ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕ဥကၠ႒ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၆ရက္) က က်င္းပေသာ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕ အစည္းအေဝး တြင္ ေျပာၾကားခဲ့သည္။

အဆိုပါအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ ႏိုင္ငံသားတိုင္းတြင္ တာဝန္ရွိၿပီး ဥပေဒအရ အသက္သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီအက်ဳံးဝင္သူမ်ားအေနျဖင့္ သတ္မွတ္ကာလအလိုက္ တာဝန္ထမ္းေဆာင္ႏိုင္ေရး စီမံဆင့္ေခၚ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ေျပာၾကား ခဲ့သည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ပတ္သက္၍ ျပည္သူလူထုအသိပညာေပးမႈမ်ားကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ရန္ လိုအပ္ၿပီး ဗဟိုအဖြဲ႕အေနျဖင့္ စာရင္းဇယားမွန္ကန္ရန္ႏွင့္ ေရရွည္တြင္မွတ္တမ္းထည့္သြင္းမႈလြယ္ကူေစရန္အတြက္ ျပည္သူ႔စစ္မႈထမ္း ကိုယ္ေရးအခ်က္အလက္စီမံခန႔္ခြဲမႈစနစ္ ( NSIMS) ကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

ဗဟိုအဖြဲ႕အေနျဖင့္ ကင္းလြတ္ခြင့္၊ ေလွ်ာ့ေပါ့ခြင့္၊ ေ႐ႊ႕ဆိုင္းခြင့္မ်ားႏွင့္ ပတ္သက္၍ အေလးထားစိစစ္၍ ခြင့္ျပဳေပးလ်က္ရွိၿပီး ထိုသို႔ ခြင့္ျပဳခဲ့သူမ်ားမွ ေ႐ႊ႕ဆိုင္းခြင့္ျပဳခဲ့သူမ်ားအား စနစ္တက် မွတ္တမ္းေရးသြင္း၍ ျပန္လည္ဆင့္ေခၚရမည့္အခ်ိန္တြင္ ရာႏႈန္းျပည့္ျပန္လည္ဆင့္ေခၚႏိုင္ေရး စနစ္တက်ၾကပ္မတ္ေဆာင္႐ြက္ရန္ လည္း ေျပာၾကားခဲ့သည္။

သတ္မွတ္အခ်ိန္ကာလအတိုင္း ျပည္သူ႔စစ္မႈထမ္းတာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ခဲ့ၿပီး တပ္မေတာ္မွႏုတ္ထြက္ခဲ့သူမ်ားမွ ျပန္လည္ေနရာခ်ထားမႈခံယူလိုသူမ်ားအတြက္ “စစ္မႈထမ္းတာဝန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့သူမ်ား အလုပ္အကိုင္ရရွိေရး စီမံခန႔္ခြဲမႈေကာ္မတီ” ကို ဖြဲ႕စည္းထားၿပီး ယင္းစီမံခန႔္ခြဲမႈေကာ္မတီ၏ ေအာက္တြင္ လုပ္ငန္းေကာ္မတီ (၅) ခု ဖြဲ႕စည္းထားရွိၿပီး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

ယေန႔အထိ ျပည္သူ႔စစ္မႈထမ္းသင္တန္း အမွတ္စဥ္ (၁၉) အထိ သင္တန္းဆင္းခဲ့ၿပီး ၎တို႔ထဲမွ သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္၊ သူရဲေကာင္းလက္မွတ္၊ ဂုဏ္ထူးေဆာင္လက္မွတ္ႏွင့္ အႀကီးအကဲမ်ား၏ ခ်ီးက်ဴးဂုဏ္ျပဳ လက္မွတ္မ်ားရရွိခဲ့သူ ၇၄ ဦးထိရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စစ္မႈထမ္းကာလျပည့္ေျမာက္၍ တာဝန္ေက်ပြန္ခဲ့သည့္ ျပည္သူ႔စစ္မႈထမ္းမ်ားကို သက္ဆိုင္ရာသင္တန္းမ်ားေပး၍ အစိုးရအမႈထမ္း၊ ျပည္ပအလုပ္အကိုင္မ်ား၊ ကုမၸဏီအလုပ္အကိုင္မ်ား၊ ပုဂၢလိကအလုပ္အကိုင္မ်ား၊ ကိုယ္ပိုင္အသက္ေမြးဝမ္းေက်ာင္းအလုပ္အကိုင္မ်ား လုပ္ကိုင္ႏိုင္ေရး စတင္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း လည္း သိရသည္။

လက္ရွိခ်ိန္တြင္ ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္ (၃) ခု ဖြင့္လွစ္တက္ေရာက္ေလ့က်င့္လ်က္ရွိကာ ျပည္သူ႔စစ္မႈထမ္းမ်ား ဆင့္ေခၚရာတြင္ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ ၿမိဳ႕နယ္အဖြဲ႕မ်ားအေနျဖင့္ လူမႈဆက္ဆံေရးေကာင္းမြန္ေစေရး၊ ေငြေၾကးဆိုင္ရာ မသမာမႈမ်ားမရွိေစေရး၊ သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္မႈရွိေစေရးတို႔အတြက္ တာဝန္ရွိသူအဆင့္ဆင့္က စိစစ္ၾကပ္မတ္ေပးရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ေျပာသည္။

ထို႔အတူ ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ႀကိဳးစားေဆာင္႐ြက္ေနသူၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားကို မမွန္သတင္းမ်ားျဖင့္လည္းေကာင္း၊ တစ္ဆင့္ၾကားသိရသည့္ သတင္းမွားမ်ားျဖင့္လည္းေကာင္း တိုင္ၾကားမႈမ်ားရွိေနသည္ကိုလည္း ေတြ႕ရွိရၿပီး မွန္ကန္မႈမရွိဘဲ လုပ္ႀကံေျပာဆိုဝါဒျဖန႔္ျခင္း၊ မမွန္မကန္တိုင္ၾကားျခင္းမ်ားရွိပါက တိက်စြာေဖာ္ထုတ္၍ အေရးယူရန္လိုအပ္ေၾကာင္း၊ မမွန္မကန္တိုင္ၾကားသျဖင့္ တိုင္ၾကားသူကို အေရးယူခဲ့ရသည္မ်ားလည္းရွိၿပီး အေရးယူရန္ေဆာင္႐ြက္ဆဲအမႈမ်ားလည္းရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။

အလားတူ ေလ့က်င့္ေရးသင္တန္းေက်ာင္းမ်ားသို႔ မပို႔ေဆာင္မီစုရပ္မ်ားတြင္ စိစစ္ရာ၌ အသက္မျပည့္ေသးသူမ်ား၊ အသက္ေက်ာ္လြန္သူမ်ားေတြ႕ရွိရသျဖင့္ ျပန္လည္ေစလႊတ္ေပးခဲ့ရသည္မ်ားရွိ၍ စစ္မႈထမ္းသက္ႏွင့္ အက်ဳံးဝင္သူမ်ားကို ေသခ်ာစြာ စိစစ္ဆင့္ေခၚရန္လိုအပ္ေၾကာင္း ၊ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးႏွင့္ ပတ္သက္၍ တာဝန္ရွိသူမ်ား၊ ၾကားခံလူမ်ားက ဥပေဒကို လက္တစ္လုံးျခားေဆာင္႐ြက္မႈမ်ားႏွင့္ မတရားျပဳလုပ္ျခင္းမ်ားမွန္ကန္ပါက ထိေရာက္စြာ အေရးယူသြားႏိုင္ေရးၾကပ္မတ္ ရန္လိုအပ္ေၾကာင္း ႏွင့္ လက္ရွိအေနအထားတြင္လည္း အေရးယူၿပီး၊ အေရးယူဆဲအမႈမ်ားလည္း ရွိေနေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.