အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို စတင်ဖွင့်လှစ်ခဲ့ပြီး Robot စက်ရုပ်များလည်း အခမ်းအနားတွင် ပါဝင်

 732

သန့်မင်းအိမ် (NP News) ဖေဖော်ဝါရီ ၂၇
အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် စတင်ဖွင့်လှစ်ခဲ့ရာ Robot များလည်း အခမ်းအနားတွင် ပါဝင်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသူ၊ ကျောင်းသား (၆၀၀၀) ကျော် ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (Roscomos) မှ အထွေထွေညွှန်ကြားရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
တာဝန်ရှိသူများအား Humanoid Robot စက်ရုပ်များမှ ကြိုဆိုခဲ့ကြပြီး အာကာသသိပ္ပံပန်းချီပြပွဲနှင့် ပတ်သက်သည်များ ကိုလည်း Humanoid Robot စက်ရုပ်များက ရှင်းလင်းပြောကြားခဲ့သည်။
ပြိုင်ပွဲကို အဆင့်အလိုက် ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၁) ရက် အထိ ပြိုင်ပွဲ ကာလ ဖြစ်ပြီး မတ်လ (၄) ရက်တွင် ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်မည် ဖြစ်ကာ ပြိုင်ပွဲ ပြုလုပ်သည့် နေရာမှာ ပြည်သူ့ရင်ပြင် ရှိ အာကသပြတိုက်တွင် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် သုံးမျိုးခွဲထားရာ အခြေခံ ပညာ မူလတန်း အဆင့်၊ အခြေခံပညာ အလယ်တန်းအဆင့် နှင့် အခြေခံ ပညာ အထက်တန်း အဆင့် ဖြစ်ကာ ပန်းချီပြိုင်ပွဲ နှင့် ပိုစတာ ပြိုင်ပွဲ အတွက် ကြာချိန် (၃) နာရီ နှင့် ကာတွန်းပြိုင်ပွဲ အတွက် ကြာချိန် (၂) နာရီ သတ်မှတ်ထားသည်။
ဆုကြေးများမှာ အခြေခံပညာ အထက်တန်းအဆင့် အတွက် ပထမဆုကို ကျပ်ငွေ (၁၀) သိန်း၊ ဒုတိယဆု (၉) သိန်း၊ တတိယဆု (၈) သိန်းနှင့် အထူးဆု (၁၀) ဆု လျှင် (၅) သိန်းကျပ်စီ၊ အခြေခံပညာ အလယ်တန်းအဆင့် အတွက် ပထမဆုကို ကျပ်ငွေ (၇) သိန်း၊ ဒုတိယဆု (၆) သိန်း၊ တတိယဆု (၅) သိန်းနှင့် အထူးဆု (၁၀) ဆု လျှင် (၃) သိန်းကျပ်စီ၊ အခြေခံ ပညာ မူလတန်းအဆင့် ပထမဆုကို ကျပ်ငွေ (၅) သိန်း၊ ဒုတိယဆု (၄) သိန်း၊ တတိယဆု (၃) သိန်းနှင့် အထူးဆု (၁၀) ဆု လျှင် (၂) သိန်းကျပ်စီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အာကာသဆိုင္ရာ ပန္းခ်ီ၊ ကာတြန္းႏွင့္ ပိုစတာၿပိဳင္ပြဲကို စတင္ဖြင့္လွစ္ခဲ့ၿပီး Robot စက္႐ုပ္မ်ားလည္း အခမ္းအနားတြင္ ပါဝင္
သန႔္မင္းအိမ္ (NP News) ေဖေဖာ္ဝါရီ ၂၇
အာကာသဆိုင္ရာ ပန္းခ်ီ၊ ကာတြန္းႏွင့္ ပိုစတာၿပိဳင္ပြဲ ဖြင့္ပြဲ အခမ္းအနားကို ယေန႔ (ေဖေဖာ္ဝါရီလ ၂၇ ရက္) က ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ရင္ျပင္တြင္ စတင္ဖြင့္လွစ္ခဲ့ရာ Robot မ်ားလည္း အခမ္းအနားတြင္ ပါဝင္ခဲ့ၿပီး အဆိုပါ ၿပိဳင္ပြဲသို႔ ေက်ာင္းသူ၊ ေက်ာင္းသား (၆၀၀၀) ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲကို ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ႐ုရွားႏိုင္ငံပိုင္အာကာသေကာ္ပိုေရးရွင္း (Roscomos) မွ အေထြေထြၫႊန္ၾကားေရးမႉးခ်ဳပ္ အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ဖြင့္လွစ္ေပးခဲ့သည္။
တာဝန္ရွိသူမ်ားအား Humanoid Robot စက္႐ုပ္မ်ားမွ ႀကိဳဆိုခဲ့ၾကၿပီး အာကာသသိပၸံပန္းခ်ီျပပြဲႏွင့္ ပတ္သက္သည္မ်ား ကိုလည္း Humanoid Robot စက္႐ုပ္မ်ားက ရွင္းလင္းေျပာၾကားခဲ့သည္။
ၿပိဳင္ပြဲကို အဆင့္အလိုက္ ေဖေဖာ္ဝါရီလ (၂၇) ရက္မွ မတ္လ (၁) ရက္ အထိ ၿပိဳင္ပြဲ ကာလ ျဖစ္ၿပီး မတ္လ (၄) ရက္တြင္ ဆုခ်ီးျမႇင့္ပြဲ အခမ္းအနား ျပဳလုပ္မည္ ျဖစ္ကာ ၿပိဳင္ပြဲ ျပဳလုပ္သည့္ ေနရာမွာ ျပည္သူ႔ရင္ျပင္ ရွိ အာကသျပတိုက္တြင္ ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲတြင္ သုံးမ်ိဳးခြဲထားရာ အေျခခံ ပညာ မူလတန္း အဆင့္၊ အေျခခံပညာ အလယ္တန္းအဆင့္ ႏွင့္ အေျခခံ ပညာ အထက္တန္း အဆင့္ ျဖစ္ကာ ပန္းခ်ီၿပိဳင္ပြဲ ႏွင့္ ပိုစတာ ၿပိဳင္ပြဲ အတြက္ ၾကာခ်ိန္ (၃) နာရီ ႏွင့္ ကာတြန္းၿပိဳင္ပြဲ အတြက္ ၾကာခ်ိန္ (၂) နာရီ သတ္မွတ္ထားသည္။
ဆုေၾကးမ်ားမွာ အေျခခံပညာ အထက္တန္းအဆင့္ အတြက္ ပထမဆုကို က်ပ္ေငြ (၁၀) သိန္း၊ ဒုတိယဆု (၉) သိန္း၊ တတိယဆု (၈) သိန္းႏွင့္ အထူးဆု (၁၀) ဆု လွ်င္ (၅) သိန္းက်ပ္စီ၊ အေျခခံပညာ အလယ္တန္းအဆင့္ အတြက္ ပထမဆုကို က်ပ္ေငြ (၇) သိန္း၊ ဒုတိယဆု (၆) သိန္း၊ တတိယဆု (၅) သိန္းႏွင့္ အထူးဆု (၁၀) ဆု လွ်င္ (၃) သိန္းက်ပ္စီ၊ အေျခခံ ပညာ မူလတန္းအဆင့္ ပထမဆုကို က်ပ္ေငြ (၅) သိန္း၊ ဒုတိယဆု (၄) သိန္း၊ တတိယဆု (၃) သိန္းႏွင့္ အထူးဆု (၁၀) ဆု လွ်င္ (၂) သိန္းက်ပ္စီ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.