အရှုံးပေါ်သည့်အပြင် စာချုပ်နှစ်ပြည့်သောကြောင့် ကျောက်ဖြူမှ V Power ဓာတ်အားပေးစက်ရုံကို အပြီးတိုင် ပြောင်းရွေ့မည်

1765

Pearl (NP News) - ဖေဖော်ဝါရီ ၂၈
အရှုံးပေါ်သည့်အပြင် စာချုပ်လည်း နှစ်ပြည့်သောကြောင့် ကျောက်ဖြူမှ V Power ဓာတ်အားပေးစက်ရုံကို သင်္ကြန်မတိုင်မီ အပြီးတိုင်ပြောင်းရွေ့မည်ဖြစ်ကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
V Power ဓာတ်အားပေးစက်ရုံကို ဟောင်ကောင်အခြေစိုက် V Power အုပ်စု နှင့် တရုတ်အမျိုးသား နည်းပညာ သွင်းကုန်/ထုတ်ကုန်ကော်ပိုရေးရှင်း (CNTIC) တို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ သန်း ၁၄ဝ အကုန်အကျခံ၍ လျှပ်စစ်ဓာတ်အား ၁၅၀ မီဂါဝပ်ထုတ်လုပ်ရန် ရည်ရွယ်တည်ဆောက်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ရပ်ဆိုင်းနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
" ကျောက်ဖြူအတွက် ခွဲတမ်းရတဲ့ ဂတ်စ်နဲ့လည်ပတ်ပြီးတော့ လျှပ်စစ်ထုတ်တယ်။ Generator တွေပေါ့နော်။ ထွက်လာတဲ့လျှပ်စစ်ကို National Grid ထဲကို ထည့်ပြီးတော့ ရောင်းတယ်။ အဲဒီတော့ အခုဟာက National Grid တွေကလည်းပဲ ဖြတ်တောက်ဖျက်ဆီးခံထားရတော့ သူတို့လျှပ်စစ်မရောင်းရတာကြာပြီ။ အရှုံးတွေပေါ်တော့ Power China ကတော့ လက်ရှိ ရှိသေးတယ်။ မပြောင်းမရွေ့သေးဘူး။ V Power ကတော့ Generator တွေကို သူများဆီက ငှားပြီးတော့မှ လာပြီးတော့ Run တာ။ အဲဒီတော့ လျှပ်စစ်လည်း မရောင်းရတော့ ထုတ်လုပ်မှုလည်း ရပ်ဆိုင်းထားတာကြာပြီ။ အခုက စာချုပ်လည်း ပြည့်သွားပြီ” ဟု ပြောသည်။
ထို့ကြောင့် V Power ဓာတ်အားပေးစက်ရုံ အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရပ်ဆိုင်းနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် စက်ငှားရမ်းခများဖြင့် အရှုံးပေါ်နေသည့်အတွက် အပြီးရွှေ့ရန်ပြင်ဆင်နေသည်မှာ (၃)လကျော်ခန့်ကြာမြင့်နေပြီဖြစ်ကာ လက်ရှိတွင် (၉၅) ရာခိုင်နှုန်းခန့် ရွေ့ပြောင်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ငှားခလည်း အမြဲတမ်းရှုံးနေတော့ မတက်နိုင်တော့လို့ သူတို့ရဲ့ Generator ကို ငှားတဲ့ကုမ္ပဏီကို ပြန်အပ်တာ။ မအပ်ရင် ငှားရမ်းခပေးနေရတာပေါ့။ Generator ခတွေလည်း ဆုံးရှုံးတယ်။ အလုပ်သမားခတွေလည်း ဆုံးရှုံးတယ်။ ဒါကြောင့်မလို့ အလုပ်ကို ရပ်ထားတာကြာပြီပေါ့။ Generator တွေကို ငှားတဲ့ ကုမ္ပဏီတွေကို ပြန်အပ်ပြီး ထွက်သွားတာ။ ဒါက လွန်ခဲ့တဲ့ (၃) လလောက်ကတည်းက လုပ်နေတာ။ အခုဆိုရင် (၉၅) ရာခိုင်နှုန်းလောက် ပြောင်းရွေ့ပြီးပြီ။ အဲဒါလည်း သင်္ကြန်မတိုင်ခင် အပြီးရွေ့မယ်” ဟု ပြောသည်။
လက်ရှိတွင် V Power ဓာတ်အားပေးစက်ရုံကို ပိတ်သိမ်းရန် ပြင်ဆင်နေသော်လည်း ကျောက်ဖြူမြို့နယ် ရှိ တရုတ်အစိုးရပိုင် Power China ကုမ္ပဏီ၏ ဓာတ်အားပေးစက်ရုံကိုမူ စီမံကိန်းရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်တည်ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်စက်ရုံတွေကိုလည်း AA က ဒုက္ခပေးလို့ မရဘူး။ စက်ရုံတွေက မြို့ဧရိယာထဲမှာ ရှိတာကိုး။ အဲဒီလောက်ထိ သူတို့လည်း ဝင်လာလို့ မရဘူး။ အဲဒီနားမှာလည်း တိုက်ပွဲလည်း မဖြစ်ဘူး။ လက်နက်ကြီးနဲ့လှမ်းပစ်တာတွေလည်း မရှိဘူး။ လက်နက်ငယ်တွေနဲ့ အဲဒီစက်ရုံကို လာကျတာလည်း မရှိဘူး။ Power China က မီးစက်ကြီး မမောင်းရပေမဲ့လည်း သူ့မှာ ရုံးအဖွဲ့နဲ့ မီးစက်နဲ့ရှိတယ်။ မပြောင်းမရွေ့ဘူး။ အဲဒီစက်တွေက ကိုယ်ပိုင်ဝယ်ထားတာ ထင်တယ်။ V Power ကတော့ ငှားတာ။ အဲဒီအတွက် အရှုံးပေါ်လို့ပြောင်းတာ” ဟု ပြောသည်။

Zawgyi Version;
အရႈံးေပၚသည့္အျပင္ စာခ်ဳပ္ႏွစ္ျပည့္ေသာေၾကာင့္ ေက်ာက္ျဖဴမွ V Power ဓာတ္အားေပးစက္႐ုံကို အၿပီးတိုင္ ေျပာင္းေ႐ြ႕မည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈
အရႈံးေပၚသည့္အျပင္ စာခ်ဳပ္လည္း ႏွစ္ျပည့္ေသာေၾကာင့္ ေက်ာက္ျဖဴမွ V Power ဓာတ္အားေပးစက္႐ုံကို သၾကၤန္မတိုင္မီ အၿပီးတိုင္ေျပာင္းေ႐ြ႕မည္ျဖစ္ေၾကာင္း ေဒသခံစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။
V Power ဓာတ္အားေပးစက္႐ုံကို ေဟာင္ေကာင္အေျခစိုက္ V Power အုပ္စု ႏွင့္ တ႐ုတ္အမ်ိဳးသား နည္းပညာ သြင္းကုန္/ထုတ္ကုန္ေကာ္ပိုေရးရွင္း (CNTIC) တို႔ ပူးေပါင္းကာ အေမရိကန္ေဒၚလာ သန္း ၁၄ဝ အကုန္အက်ခံ၍ လွ်ပ္စစ္ဓာတ္အား ၁၅၀ မီဂါဝပ္ထုတ္လုပ္ရန္ ရည္႐ြယ္တည္ေဆာက္ခဲ့ေသာ္လည္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ ရပ္ဆိုင္းေနသည္မွာ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရသည္။
" ေက်ာက္ျဖဴအတြက္ ခြဲတမ္းရတဲ့ ဂတ္စ္နဲ႔လည္ပတ္ၿပီးေတာ့ လွ်ပ္စစ္ထုတ္တယ္။ Generator ေတြေပါ့ေနာ္။ ထြက္လာတဲ့လွ်ပ္စစ္ကို National Grid ထဲကို ထည့္ၿပီးေတာ့ ေရာင္းတယ္။ အဲဒီေတာ့ အခုဟာက National Grid ေတြကလည္းပဲ ျဖတ္ေတာက္ဖ်က္ဆီးခံထားရေတာ့ သူတို႔လွ်ပ္စစ္မေရာင္းရတာၾကာၿပီ။ အရႈံးေတြေပၚေတာ့ Power China ကေတာ့ လက္ရွိ ရွိေသးတယ္။ မေျပာင္းမေ႐ြ႕ေသးဘူး။ V Power ကေတာ့ Generator ေတြကို သူမ်ားဆီက ငွားၿပီးေတာ့မွ လာၿပီးေတာ့ Run တာ။ အဲဒီေတာ့ လွ်ပ္စစ္လည္း မေရာင္းရေတာ့ ထုတ္လုပ္မႈလည္း ရပ္ဆိုင္းထားတာၾကာၿပီ။ အခုက စာခ်ဳပ္လည္း ျပည့္သြားၿပီ” ဟု ေျပာသည္။
ထို႔ေၾကာင့္ V Power ဓာတ္အားေပးစက္႐ုံ အေနျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈရပ္ဆိုင္းေနသည္မွာ ၾကာျမင့္ေနၿပီျဖစ္သည့္အတြက္ စက္ငွားရမ္းခမ်ားျဖင့္ အရႈံးေပၚေနသည့္အတြက္ အၿပီးေ႐ႊ႕ရန္ျပင္ဆင္ေနသည္မွာ (၃)လေက်ာ္ခန႔္ၾကာျမင့္ေနၿပီျဖစ္ကာ လက္ရွိတြင္ (၉၅) ရာခိုင္ႏႈန္းခန႔္ ေ႐ြ႕ေျပာင္းၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။
“ငွားခလည္း အၿမဲတမ္းရႈံးေနေတာ့ မတက္ႏိုင္ေတာ့လို႔ သူတို႔ရဲ႕ Generator ကို ငွားတဲ့ကုမၸဏီကို ျပန္အပ္တာ။ မအပ္ရင္ ငွားရမ္းခေပးေနရတာေပါ့။ Generator ခေတြလည္း ဆုံးရႈံးတယ္။ အလုပ္သမားခေတြလည္း ဆုံးရႈံးတယ္။ ဒါေၾကာင့္မလို႔ အလုပ္ကို ရပ္ထားတာၾကာၿပီေပါ့။ Generator ေတြကို ငွားတဲ့ ကုမၸဏီေတြကို ျပန္အပ္ၿပီး ထြက္သြားတာ။ ဒါက လြန္ခဲ့တဲ့ (၃) လေလာက္ကတည္းက လုပ္ေနတာ။ အခုဆိုရင္ (၉၅) ရာခိုင္ႏႈန္းေလာက္ ေျပာင္းေ႐ြ႕ၿပီးၿပီ။ အဲဒါလည္း သၾကၤန္မတိုင္ခင္ အၿပီးေ႐ြ႕မယ္” ဟု ေျပာသည္။
လက္ရွိတြင္ V Power ဓာတ္အားေပးစက္႐ုံကို ပိတ္သိမ္းရန္ ျပင္ဆင္ေနေသာ္လည္း ေက်ာက္ျဖဴၿမိဳ႕နယ္ ရွိ တ႐ုတ္အစိုးရပိုင္ Power China ကုမၸဏီ၏ ဓာတ္အားေပးစက္႐ုံကိုမူ စီမံကိန္းရပ္ဆိုင္းျခင္းမရွိဘဲ ဆက္လက္တည္ေဆာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။
“လွ်ပ္စစ္စက္႐ုံေတြကိုလည္း AA က ဒုကၡေပးလို႔ မရဘူး။ စက္႐ုံေတြက ၿမိဳ႕ဧရိယာထဲမွာ ရွိတာကိုး။ အဲဒီေလာက္ထိ သူတို႔လည္း ဝင္လာလို႔ မရဘူး။ အဲဒီနားမွာလည္း တိုက္ပြဲလည္း မျဖစ္ဘူး။ လက္နက္ႀကီးနဲ႔လွမ္းပစ္တာေတြလည္း မရွိဘူး။ လက္နက္ငယ္ေတြနဲ႔ အဲဒီစက္႐ုံကို လာက်တာလည္း မရွိဘူး။ Power China က မီးစက္ႀကီး မေမာင္းရေပမဲ့လည္း သူ႔မွာ ႐ုံးအဖြဲ႕နဲ႔ မီးစက္နဲ႔ရွိတယ္။ မေျပာင္းမေ႐ြ႕ဘူး။ အဲဒီစက္ေတြက ကိုယ္ပိုင္ဝယ္ထားတာ ထင္တယ္။ V Power ကေတာ့ ငွားတာ။ အဲဒီအတြက္ အရႈံးေပၚလို႔ေျပာင္းတာ” ဟု ေျပာသည္။