ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်းကူးပြောင်းနိုင်ရန် နိုင်ငံတော်မှ ကြိုးပမ်းအားထုတ်‌နေဟုဆို

 254

Pearl (NP News) - မတ် ၂
ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်းကူးပြောင်းနိုင်ရန် နိုင်ငံတော်မှ ကြိုးပမ်းအားထုတ်‌နေကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယနေ့ (မတ်လ၂ရက်)တွင် ကျရောက်သော၊(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားထံပေးပို့ သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။
အဆိုပါသဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ယခင်က ရိုးရာနည်းစနစ်များအပေါ်တွင်သာ အဓိကအခြေခံခဲ့သော်လည်း ယခုအခါ Artificial Intelligence (AI)နှင့် Digital Technology များကြောင့် အနာဂတ်တွင် ခေတ်မီစိုက်ပျိုးရေးစနစ် (Smart Farming)သို့ အသွင်ကူးပြောင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
တောင်သူဦးကြီးများအနေဖြင့် မျိုးစေ့ချချိန်မှ ရိတ်သိမ်းချိန်အထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် AI အခြေပြု Application များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ပါက စမတ်ဖုန်းဖြင့် သီးနှံအရွက်ကို ဓာတ်ပုံရိုက်ရုံမျှဖြင့် ကျရောက်နေသော ပိုးမွှားရောဂါများကို စက္ကန့်ပိုင်းအတွင်း တိကျစွာဖော်ထုတ်၍ ထိန်းချုပ်နိုင်ခြင်း၊ ဒေသအလိုက် မိုးလေဝသခန့်မှန်းချက်များအပေါ်အခြေခံ၍ ရေသွင်းခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို စနစ်တကျစီမံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် တောင်သူများအကြား ဒစ်ဂျစ်တယ်အသိပညာ (Digital Literacy) မြင့်မားလာခြင်းနှင့်အတူ ပညာရှင်များနှင့် တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်ခြင်း၊ ရေဒီယိုနှင့် တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းတို့မှတစ်ဆင့် ဝန်ဆောင်မှုများပေးနိုင်ခြင်း၊ နည်းပညာပေးလက်ကမ်းစာစောင်များရှိ QR Code များမှတစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်ခြင်းတို့ကြောင့် အသိပညာပြန့်ပွားမှု ထိရောက်မြန်ဆန်လာမည်ဖြစ်ပြီး AI နည်းပညာနှင့် ဒစ်ဂျစ်တယ်အသိပညာများ တိုးတက်မြင့်မားသုံးစွဲနိုင်ရန် နိုင်ငံတော်မှလည်း ကြိုးပမ်းအားထုတ်‌ပေးနေကြောင်း ထည့်သွင်းပြောကြားထားသည်။

Zawgyi Version:
ေခတ္မီစိုက္ပ်ိဳးေရးစနစ္အသြင္းကူးေျပာင္းႏိုင္ရန္ ႏိုင္ငံေတာ္မွ ႀကိဳးပမ္းအားထုတ္‌ေနဟုဆို
Pearl (NP News) - မတ္ ၂
ေခတ္မီစိုက္ပ်ိဳးေရးစနစ္အသြင္းကူးေျပာင္းႏိုင္ရန္ ႏိုင္ငံေတာ္မွ ႀကိဳးပမ္းအားထုတ္‌ေနေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ ယေန႔ (မတ္လ၂ရက္)တြင္ က်ေရာက္ေသာ၊(၆၄)ႏွစ္ေျမာက္ ေတာင္သူလယ္သမားေန႔အခမ္းအနားထံေပးပို႔ ေသာ သဝဏ္လႊာတြင္ ထည့္သြင္း ေျပာၾကားထားသည္။
အဆိုပါသဝဏ္လႊာတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျမန္မာႏိုင္ငံ၏ လယ္ယာစိုက္ပ်ိဳးေရးက႑သည္ ယခင္က ႐ိုးရာနည္းစနစ္မ်ားအေပၚတြင္သာ အဓိကအေျခခံခဲ့ေသာ္လည္း ယခုအခါ Artificial Intelligence (AI)ႏွင့္ Digital Technology မ်ားေၾကာင့္ အနာဂတ္တြင္ ေခတ္မီစိုက္ပ်ိဳးေရးစနစ္ (Smart Farming)သို႔ အသြင္ကူးေျပာင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေတာင္သူဦးႀကီးမ်ားအေနျဖင့္ မ်ိဳးေစ့ခ်ခ်ိန္မွ ရိတ္သိမ္းခ်ိန္အထိ လုပ္ငန္းစဥ္တစ္ေလွ်ာက္လုံးတြင္ AI အေျချပဳ Application မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာႏိုင္ပါက စမတ္ဖုန္းျဖင့္ သီးႏွံအ႐ြက္ကို ဓာတ္ပုံ႐ိုက္႐ုံမွ်ျဖင့္ က်ေရာက္ေနေသာ ပိုးမႊားေရာဂါမ်ားကို စကၠန႔္ပိုင္းအတြင္း တိက်စြာေဖာ္ထုတ္၍ ထိန္းခ်ဳပ္ႏိုင္ျခင္း၊ ေဒသအလိုက္ မိုးေလဝသခန႔္မွန္းခ်က္မ်ားအေပၚအေျခခံ၍ ေရသြင္းျခင္းႏွင့္ ေဆးဖ်န္းျခင္းလုပ္ငန္းမ်ားကို စနစ္တက်စီမံႏိုင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားကို ရရွိႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ ေတာင္သူမ်ားအၾကား ဒစ္ဂ်စ္တယ္အသိပညာ (Digital Literacy) ျမင့္မားလာျခင္းႏွင့္အတူ ပညာရွင္မ်ားႏွင့္ တိုက္႐ိုက္ထိေတြ႕ေဆြးေႏြးႏိုင္ျခင္း၊ ေရဒီယိုႏွင့္ ေတာင္သူလယ္သမားက႑ ႐ုပ္သံလိုင္းတို႔မွတစ္ဆင့္ ဝန္ေဆာင္မႈမ်ားေပးႏိုင္ျခင္း၊ နည္းပညာေပးလက္ကမ္းစာေစာင္မ်ားရွိ QR Code မ်ားမွတစ္ဆင့္ အလြယ္တကူ ၾကည့္ရႈႏိုင္ျခင္းတို႔ေၾကာင့္ အသိပညာျပန႔္ပြားမႈ ထိေရာက္ျမန္ဆန္လာမည္ျဖစ္ၿပီး AI နည္းပညာႏွင့္ ဒစ္ဂ်စ္တယ္အသိပညာမ်ား တိုးတက္ျမင့္မားသုံးစြဲႏိုင္ရန္ ႏိုင္ငံေတာ္မွလည္း ႀကိဳးပမ္းအားထုတ္‌ေပးေနေၾကာင္း ထည့္သြင္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.