တရုတ်နိုင်ငံ ချုံကင်းမြို့တွင်ရှိသည့် ကမ္ဘာ့အရှည်လျားဆုံး ပြင်ပ စက်လှေကားစနစ်

 233

Pika (NP News)-မတ် ၂
တရုတ်နိုင်ငံ ချုံကင်းမြို့သည် ရှည်လျားသည့်ပြင်ပစက်လှေကားစနစ်ကို အောင်မြင်စွာတည် ဆောက်ခဲ့ပြီးနောက် ကမ္ဘာ့အရှည်လျားဆုံးပြင်ပ စက်လှေကားစနစ်ရှိသည့် မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ချုံကင်းမြို့သည် ကမ္ဘာ့အနက်ရှိုင်းဆုံးမြေအောက်ဘူတာရုံ၊ လူနေအဆောက်အအုံများ ကို တည့်တည့်ဖြတ်သွားသော ရထားလမ်းတစ်ခုတို့ရှိသော မြို့တစ်မြို့လည်းဖြစ်သည်။ Wushan Goddess Escalator အဖြစ်လူသိများသော ချုံကင်းမြို့၏ နောက်ဆုံးပေါ်အံ့ဖွယ်စက်လှေကားတွင် စက် လှေကား(၂၁)ခု၊ဓါတ်လှေကား(၈)ခု၊ ရွေ့လျားနေသောလျှောက်လမ်း(၄)ခု၊ တံတား(၂)ခုနှင့် ခုံးကျော် တံတား (၂)ခုတို့ပါဝင်ပြီး Wushan ကောင်တီ၊ Gaotang ဧရိယာ၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းခရီးသွား ကြာချိန်ကို တစ်နာရီမှ မိနစ် (၂၀)အထိ လျှော့ချရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်းသိရသည်။ Wushan Goddess Escalator ၏ အောက်ခြေနှင့် အပေါ်ပိုင်းအကြား အမြင့်ကွာခြားချက်မှာ (၂၄၂)မီတာ ခန့်ရှိပြီး ပြင်ပစက်လှေကားစနစ်မှာ တစ်ကီလိုမီတာနီးပါး ရှည်လျားကြောင်းသိရသည်။
ယခုလမှစတင်ပြီး Wushan Goddess Escalator သည် အခကြေးငွေပေးဆောင်ရသော စမ်း သပ်မှုကာလကို စတင်ခဲ့ပြီး ခရီးသည်တစ်ဦးလျှင် စီးနင်းခအဖြစ် (၃)ယွမ်ကောက်ခံကြောင်းလည်း သိရ သည်။ စမ်းသပ်ကာလကုန်ဆုံးချိန်တွင် စီးနင်းခ ပုံသေနှုန်းထားကို ဆက်လက်ထားရှိရန် သို့မဟုတ် မထားရှိရန်ကို အာဏာပိုင်များက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းၿမိဳ႕တြင္ရွိသည့္ ကမာၻ႔အရွည္လ်ားဆုံး ျပင္ပ စက္ေလွကားစနစ္
Pika (NP News)-မတ္ ၂
တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းၿမိဳ႕သည္ ရွည္လ်ားသည့္ျပင္ပစက္ေလွကားစနစ္ကို ေအာင္ျမင္စြာတည္ ေဆာက္ခဲ့ၿပီးေနာက္ ကမာၻ႔အရွည္လ်ားဆုံးျပင္ပ စက္ေလွကားစနစ္ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ခ်ဳံကင္းၿမိဳ႕သည္ ကမာၻ႔အနက္ရႈိင္းဆုံးေျမေအာက္ဘူတာ႐ုံ၊ လူေနအေဆာက္အအုံမ်ား ကို တည့္တည့္ျဖတ္သြားေသာ ရထားလမ္းတစ္ခုတို႔ရွိေသာ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ Wushan Goddess Escalator အျဖစ္လူသိမ်ားေသာ ခ်ဳံကင္းၿမိဳ႕၏ ေနာက္ဆုံးေပၚအံ့ဖြယ္စက္ေလွကားတြင္ စက္ ေလွကား(၂၁)ခု၊ဓါတ္ေလွကား(၈)ခု၊ ေ႐ြ႕လ်ားေနေသာေလွ်ာက္လမ္း(၄)ခု၊ တံတား(၂)ခုႏွင့္ ခုံးေက်ာ္ တံတား (၂)ခုတို႔ပါဝင္ၿပီး Wushan ေကာင္တီ၊ Gaotang ဧရိယာ၏ အေပၚပိုင္းႏွင့္ ေအာက္ပိုင္းခရီးသြား ၾကာခ်ိန္ကို တစ္နာရီမွ မိနစ္ (၂၀)အထိ ေလွ်ာ့ခ်ရန္ ဒီဇိုင္းထုတ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။ Wushan Goddess Escalator ၏ ေအာက္ေျခႏွင့္ အေပၚပိုင္းအၾကား အျမင့္ကြာျခားခ်က္မွာ (၂၄၂)မီတာ ခန႔္ရွိၿပီး ျပင္ပစက္ေလွကားစနစ္မွာ တစ္ကီလိုမီတာနီးပါး ရွည္လ်ားေၾကာင္းသိရသည္။
ယခုလမွစတင္ၿပီး Wushan Goddess Escalator သည္ အခေၾကးေငြေပးေဆာင္ရေသာ စမ္း သပ္မႈကာလကို စတင္ခဲ့ၿပီး ခရီးသည္တစ္ဦးလွ်င္ စီးနင္းခအျဖစ္ (၃)ယြမ္ေကာက္ခံေၾကာင္းလည္း သိရ သည္။ စမ္းသပ္ကာလကုန္ဆုံးခ်ိန္တြင္ စီးနင္းခ ပုံေသႏႈန္းထားကို ဆက္လက္ထားရွိရန္ သို႔မဟုတ္ မထားရွိရန္ကို အာဏာပိုင္မ်ားက ဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.