ဈေးကွက်ဝေစုနည်းပါးမှုကြောင့် ပြည်တွင်းဆီစက်များတွင် ကုန်ကြမ်း နှင့် ဆီတန်ချိန်များစွာ ကျန်နေ

 447

Pearl (NP News) - မတ်လ ၄

ဈေးကွက်ဝေစုနည်းပါးမှုကြောင့် ပြည် တွင်းရှိဆီစက်များတွင် ကုန်ကြမ်းနှင့်ဆီတန်ချိန် များ စွာကျန်နေသေးကြောင်း ဆီစက်လုပ်ငန်းရှင်ကြီး များထံ NP News မှ ဆက်သွယ်မေး မြန်းထားချက်များအရ သိရသည်။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်မှာ အ ကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံလူဦးရေ သန်း (၅၀)၏ လူတစ်ဦးချင်းစားသုံးမှု(၂ ဒသမ ၅)ကျပ်သား နှုန်း ဖြင့်တွက်ချက်ပါက (၁)နှစ် (၇၅၀,ဝဝဝ)တန်ချိန်လို အပ်ပြီး လက်ရှိအချိန်တွင် စားအုန်းဆီတင်သွင်းမှု သည် ပြည်တွင်းစားသုံးမှု၏ (၇၀)ရာခိုင်နှုန်းခန့်ရှိ သည့်အတွက် ပြည်တွင်းဆီစက်များအနေဖြင့် ကုန် ကြမ်းများရှိသော်လည်း ဈေးကွက်ရရှိမှုပမာဏ လောက်သာ လည်ပတ်နေရကြောင်း သိရသည်။
" ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီကို ပြည်တွင်းကထုတ်တဲ့ မြေပဲဆီ၊ နှမ်းဆီ ၊ နေကြာဆီက ဘယ်လိုမှ ယှဉ်ပြိုင်လို့မရတော့ဘူး။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီက သွင်းအားစုရဲ့ကုန်ကျစရိတ်တွေရှိတယ် လေ။ အခု မြေပဲဆန် တစ်ပိဿာ(၉၅၀ဝ)၊ အဲဒါနဲ့ ဆိုရင် မြေပဲဆီ တစ်ပိဿာ (၁၆၀ဝဝ) မရောင်းရင် မရဘူး။ စားအုန်းဆီ တစ်ပိဿာ(၉၀ဝဝ)ဆိုရင် လူ တွေက စားအုန်းဆီက ဈေးသက်သာတယ်ဆိုတဲ့အမြင် နဲ့ဇောင်းပေးပြီးစားနေကြတယ်။ ပြည့်စုံတဲ့လူလောက် ပဲ မြေပဲဆီ၊ နှမ်းဆီ စားတဲ့သဘောဖြစ်သွားတော့ လို သလောက်ပဲကြိတ်ရောင်းနေရတာပေါ့}}ဟု ဆီစက် ပိုင်ရှင်ကြီးတစ်ဦးက NP News သို့ ပြောသည်။
(၂၀၂၅)ခုနှစ် တစ်နှစ်လုံးတွင် ပြည်တွင်း သုံး(ပဲကြော်၊ မုန့်၊ ဆားလှော်) လုပ်ငန်းများအတွက် မြေပဲဆံ (၃၅၀ဝဝ)တန်ခန့်သုံးစွဲခဲ့ပြီး ဆီစက်ပိုင်ရှင် များမှ ကုန်ကြမ်းတန်ချိန် (၇၂၉၇၉၆)သုံးစွဲကြိတ်ခွဲခဲ့ သော်လည်း ဆီများကုန်အောင်ရောင်းချနိုင်ခဲ့ခြင်း မရှိသဖြင့် ဆီစက်များတွင် ဆီတန်ချိန်များစွာ ကျန်ရှိ နေသေးကြောင်းလည်း သိရသည်။
" ကျွန်တော်ကိုယ်တိုင် လက်ထဲမှာ ပီပါ (၅၀ဝ)လောက်ရှိတယ်။ ပီပါ (၅၀ဝ)စာပေါ့။ ဆီတွေ ချည်းပဲတော့မဟုတ်ဘူး။ မြေပဲဆန်တွေရောပေါ့။ လိုသလောက်ကြိတ်ပြီး‌ရောင်းနေတဲ့ဘဝတွေ ဖြစ် သွားတာပေါ့။ မြေပဲဆန် အိတ် (၂၅၀ဝ)ကျော် ရှိ တယ်။ လက်ကျန်တွေများနေကြတာပေါ့။ ကျွန်တော် တို့လို့ စက်ကြီးမျိုးက မြန်မာနိုင်ငံမှာ အလုံး(၂၀)လောက်ရှိတယ်။ တစ်နေ့ကို တန်(၃၀)လောက် ကျတဲ့စက် အလုံး(၂၀)လောက်ရှိတယ်။ မန္တလေး မှာလည်း စက်အလတ်တွေအများကြီးပဲ။ မရောင်းရ လို့ပုံနေတဲ့စက်တွေ အများကြီးပဲ။ အဲဒါတွေက ကျွန် တော်တို့နိုင်ငံရဲ့GDP ဆုံးရှုံးနေတာ။ တန် Over နဲ့သွားပြီးလည်ပတ်နေမှ GDP ကတက်တာ။ စက်မှု လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေက ရပ်နေရင် GDP က ဘယ်လိုလုပ်တက်မှာလဲ"ဟု ဆီစက် ပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် စက်မှုကြီးကြပ်တွင် လိုင်စင်တင်ထားသည့် ဆီစက်ပေါင်း (၃၆၀ဝ)ကျော်၊ လိုင်စင်မတင်ထားသည့် ဆီစက်ပေါင်း (၆၀ဝ)ကျော် စုစုပေါင်း (၄၂၀ဝ)ကျော် ရှိကြောင်းသိရသည်။
ဈေးကွက်နှင့်ကုန်ကြမ်းသာ အလုံအ လောက်ရရှိပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ကျော်လွန်စွာကြိတ်ပေးနိုင်သည့် စက်အင်အားရှိ သော်လည်း ဈေးကွက်ဝေစုနည်းပါးမှုကြောင့် ဆီစက် အားလုံးနီးပါးတွင် စက်အရွယ်အစားပေါ်မူတည်၍ ကုန်ကြမ်းနှင့် ဆီပီပါများစွာ ကျန်ရှိနေသေးကြောင်း လည်း သိရသည်။
" စက်ကြီး ၊ စက်လတ်၊ စက်ငယ်‌ပေါ်မူ တည်ပြီးတော့ သူ့စက်ရွယ်အရ ပီပါ(၅၀)ကျန်တာရှိ တယ်။ (၁၀ဝ)ကျန်တာရှိတယ်။ ကုန်ကြမ်းက အိတ် (၁၀ဝဝ)ကျန်တာရှိတယ်။ (၂၀ဝဝ) ကျန်တာရှိတယ်။ စက်တည်ထားတာ လည်ချင်လို့တည်ထားတာ။ စက် က နိစ္စဒူဝလည်ချင်တာပေါ့။ နိုင်ငံတော်အစိုးရက သိ ဖို့ကောင်းတယ်။ နေ့တိုင်းလည်ချင်တယ်။ MSME အားပေးတယ်ပြောပြီး ဘာကြောင့် စက်တွေရပ်နေတာကို ဆင်းမကြည့်ကြတာလဲ" ဟု ဆီစက်ပိုင်ရှင်တစ်ဦးက ပြောသည်။

Zawgyi Version;
ေဈးကြက္ေဝစုနည္းပါးမႈေၾကာင့္ ျပည္တြင္းဆီစက္မ်ားတြင္ ကုန္ၾကမ္း ႏွင့္ ဆီတန္ခ်ိန္မ်ားစြာ က်န္ေန
Pearl (NP News) - မတ္လ ၄

ေဈးကြက္ေဝစုနည္းပါးမႈေၾကာင့္ ျပည္ တြင္းရွိဆီစက္မ်ားတြင္ ကုန္ၾကမ္းႏွင့္ဆီတန္ခ်ိန္ မ်ား စြာက်န္ေနေသးေၾကာင္း ဆီစက္လုပ္ငန္းရွင္ႀကီး မ်ားထံ NP News မွ ဆက္သြယ္ေမး ျမန္းထားခ်က္မ်ားအရ သိရသည္။
ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္မွာ အ ၾကမ္းဖ်င္းအားျဖင့္ ျမန္မာႏိုင္ငံလူဦးေရ သန္း (၅၀)၏ လူတစ္ဦးခ်င္းစားသုံးမႈ(၂ ဒသမ ၅)က်ပ္သား ႏႈန္း ျဖင့္တြက္ခ်က္ပါက (၁)ႏွစ္ (၇၅၀,ဝဝဝ)တန္ခ်ိန္လို အပ္ၿပီး လက္ရွိအခ်ိန္တြင္ စားအုန္းဆီတင္သြင္းမႈ သည္ ျပည္တြင္းစားသုံးမႈ၏ (၇၀)ရာခိုင္ႏႈန္းခန႔္ရွိ သည့္အတြက္ ျပည္တြင္းဆီစက္မ်ားအေနျဖင့္ ကုန္ ၾကမ္းမ်ားရွိေသာ္လည္း ေဈးကြက္ရရွိမႈပမာဏ ေလာက္သာ လည္ပတ္ေနရေၾကာင္း သိရသည္။
" ျပည္ပကတင္သြင္းတဲ့ စားအုန္းဆီကို ျပည္တြင္းကထုတ္တဲ့ ေျမပဲဆီ၊ ႏွမ္းဆီ ၊ ေနၾကာဆီက ဘယ္လိုမွ ယွဥ္ၿပိဳင္လို႔မရေတာ့ဘူး။ ေျမပဲဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီက သြင္းအားစုရဲ႕ကုန္က်စရိတ္ေတြရွိတယ္ ေလ။ အခု ေျမပဲဆန္ တစ္ပိႆာ(၉၅၀ဝ)၊ အဲဒါနဲ႔ ဆိုရင္ ေျမပဲဆီ တစ္ပိႆာ (၁၆၀ဝဝ) မေရာင္းရင္ မရဘူး။ စားအုန္းဆီ တစ္ပိႆာ(၉၀ဝဝ)ဆိုရင္ လူ ေတြက စားအုန္းဆီက ေဈးသက္သာတယ္ဆိုတဲ့အျမင္ နဲ႔ေဇာင္းေပးၿပီးစားေနၾကတယ္။ ျပည့္စုံတဲ့လူေလာက္ ပဲ ေျမပဲဆီ၊ ႏွမ္းဆီ စားတဲ့သေဘာျဖစ္သြားေတာ့ လို သေလာက္ပဲႀကိတ္ေရာင္းေနရတာေပါ့}}ဟု ဆီစက္ ပိုင္ရွင္ႀကီးတစ္ဦးက NP News သို႔ ေျပာသည္။
(၂၀၂၅)ခုႏွစ္ တစ္ႏွစ္လုံးတြင္ ျပည္တြင္း သုံး(ပဲေၾကာ္၊ မုန႔္၊ ဆားေလွာ္) လုပ္ငန္းမ်ားအတြက္ ေျမပဲဆံ (၃၅၀ဝဝ)တန္ခန႔္သုံးစြဲခဲ့ၿပီး ဆီစက္ပိုင္ရွင္ မ်ားမွ ကုန္ၾကမ္းတန္ခ်ိန္ (၇၂၉၇၉၆)သုံးစြဲႀကိတ္ခြဲခဲ့ ေသာ္လည္း ဆီမ်ားကုန္ေအာင္ေရာင္းခ်ႏိုင္ခဲ့ျခင္း မရွိသျဖင့္ ဆီစက္မ်ားတြင္ ဆီတန္ခ်ိန္မ်ားစြာ က်န္ရွိ ေနေသးေၾကာင္းလည္း သိရသည္။
" ကြၽန္ေတာ္ကိုယ္တိုင္ လက္ထဲမွာ ပီပါ (၅၀ဝ)ေလာက္ရွိတယ္။ ပီပါ (၅၀ဝ)စာေပါ့။ ဆီေတြ ခ်ည္းပဲေတာ့မဟုတ္ဘူး။ ေျမပဲဆန္ေတြေရာေပါ့။ လိုသေလာက္ႀကိတ္ၿပီး‌ေရာင္းေနတဲ့ဘဝေတြ ျဖစ္ သြားတာေပါ့။ ေျမပဲဆန္ အိတ္ (၂၅၀ဝ)ေက်ာ္ ရွိ တယ္။ လက္က်န္ေတြမ်ားေနၾကတာေပါ့။ ကြၽန္ေတာ္ တို႔လို႔ စက္ႀကီးမ်ိဳးက ျမန္မာႏိုင္ငံမွာ အလုံး(၂၀)ေလာက္ရွိတယ္။ တစ္ေန႔ကို တန္(၃၀)ေလာက္ က်တဲ့စက္ အလုံး(၂၀)ေလာက္ရွိတယ္။ မႏၲေလး မွာလည္း စက္အလတ္ေတြအမ်ားႀကီးပဲ။ မေရာင္းရ လို႔ပုံေနတဲ့စက္ေတြ အမ်ားႀကီးပဲ။ အဲဒါေတြက ကြၽန္ ေတာ္တို႔ႏိုင္ငံရဲ႕GDP ဆုံးရႈံးေနတာ။ တန္ Over နဲ႔သြားၿပီးလည္ပတ္ေနမွ GDP ကတက္တာ။ စက္မႈ လုပ္ငန္းေတြ၊ ကုန္ထုတ္လုပ္မႈလုပ္ငန္းေတြက ရပ္ေနရင္ GDP က ဘယ္လိုလုပ္တက္မွာလဲ"ဟု ဆီစက္ ပိုင္ရွင္တစ္ဦးကေျပာသည္။
လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာ အေနျဖင့္ စက္မႈႀကီးၾကပ္တြင္ လိုင္စင္တင္ထားသည့္ ဆီစက္ေပါင္း (၃၆၀ဝ)ေက်ာ္၊ လိုင္စင္မတင္ထားသည့္ ဆီစက္ေပါင္း (၆၀ဝ)ေက်ာ္ စုစုေပါင္း (၄၂၀ဝ)ေက်ာ္ ရွိေၾကာင္းသိရသည္။
ေဈးကြက္ႏွင့္ကုန္ၾကမ္းသာ အလုံအ ေလာက္ရရွိပါက ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္ကို ေက်ာ္လြန္စြာႀကိတ္ေပးႏိုင္သည့္ စက္အင္အားရွိ ေသာ္လည္း ေဈးကြက္ေဝစုနည္းပါးမႈေၾကာင့္ ဆီစက္ အားလုံးနီးပါးတြင္ စက္အ႐ြယ္အစားေပၚမူတည္၍ ကုန္ၾကမ္းႏွင့္ ဆီပီပါမ်ားစြာ က်န္ရွိေနေသးေၾကာင္း လည္း သိရသည္။
" စက္ႀကီး ၊ စက္လတ္၊ စက္ငယ္‌ေပၚမူ တည္ၿပီးေတာ့ သူ႔စက္႐ြယ္အရ ပီပါ(၅၀)က်န္တာရွိ တယ္။ (၁၀ဝ)က်န္တာရွိတယ္။ ကုန္ၾကမ္းက အိတ္ (၁၀ဝဝ)က်န္တာရွိတယ္။ (၂၀ဝဝ) က်န္တာရွိတယ္။ စက္တည္ထားတာ လည္ခ်င္လို႔တည္ထားတာ။ စက္ က နိစၥဒူဝလည္ခ်င္တာေပါ့။ ႏိုင္ငံေတာ္အစိုးရက သိ ဖို႔ေကာင္းတယ္။ ေန႔တိုင္းလည္ခ်င္တယ္။ MSME အားေပးတယ္ေျပာၿပီး ဘာေၾကာင့္ စက္ေတြရပ္ေနတာကို ဆင္းမၾကည့္ၾကတာလဲ" ဟု ဆီစက္ပိုင္ရွင္တစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.