ရန်ကုန်တွင် မီးဘေးလုံခြုံရေးအတွက် ယခင်နှစ်ထက် ကြပ်မတ်ဆောင်ရွက်နေ

204

Pearl (NP News) - မတ်လ ၄
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ် သည့်အပြင် လူနေထိုင်မှုများပြားသည့် တိုင်းဒေသ ကြီးတစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် မီးဘေးလုံခြုံရေးအတွက် ယခင်နှစ်ထက် ကြပ်မတ် ဆောင်ရွက်နေကြောင်း မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုများ မကြာခဏဖြစ်ပွားကြောင်း တွေ့ရှိရပြီး အများစုမှာ အင်ဗာတာများနှင့် ဒယ်နီအိုးများအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ခြင်းများ ဖြစ်ကြောင်း သိရသည်။
" အဓိကကတော့ အင်ဗာတာတွေ၊ ဒယ်နီတွေကနေဖြစ်တာ။ အခုကဖြစ်တာနဲ့ကားကို ချက်ချင်းလွှတ်တာပေါ့။ Level 1 နဲ့ မရရင် 2 ကိုလွှတ်တာပေါ့။ အခုနောက်ပိုင်းမြန်တယ်ဆိုတာ System ကလည်း မြင့်လာတော့ ကင်မရာကနေလည်း တောက်လျှောက်မြင်ရတဲ့အတွက် လူကြီးတွေကလည်း (၃)လွှတ်ရမယ်ဆိုရင် ရှေ့တန်းကမတောင်းလည်း လွှတ်တာပေါ့" ဟု မီးသတ်ဦးစီးဌာနနှင့်နီးစပ်သူ တစ်ဦးက NP News သို့ပြောသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အနေဖြင့်လည်း မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများမပေါ့ ဆရန် အပါအဝင် အသိပေးဆော်ဩမှုများကို နှစ်စဉ် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ယခင်ထက် ပိုမိုကြပ်မတ်ဆောင်ရွက်နေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
" မီးဘေးနဲ့ပတ်သက်ရင် လိုက်လံဆော်ဩတာတွေ နှစ်တိုင်း လုပ်တယ်။ ဒီနှစ်က ပိုလုပ်တယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး မီးသတ်တိုင်းမှူးကိုယ်တိုင် ကြပ်မတ်ထားတယ်။ စီမံချက်တွေ ဆွဲထားတာ လည်းရှိတယ်။ ရန်ကုန်မီး လုံခြုံရေးနဲ့ပတ်သက်ပြီး ဒီနှစ်မှာ ပြင်းပြင်းထန်ထန် ကွပ်ကဲကြီးကြပ်နေတယ်။ ပြည်သူတွေ မပေါ့ဆဖို့ရောပေါ့" ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃)ရက်မှ (၁၈) ရက်အထိ (၆)ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ငှက်ပျော တောလမ်း၌ Straightex Co.,ltd အထည်ချုပ်စက်ရုံ မီးလောင်မှု အပါအဝင် မီးလောင်မှု(၃၀)နီးပါး ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များ ကြုံတွေ့ပါက နံပါတ်(၁၉၁) အပါအဝင် အခြားမီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက် သွယ်သတင်းပေးပို့ အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version;
ရန္ကုန္တြင္ မီးေဘးလုံၿခဳံေရးအတြက္ ယခင္ႏွစ္ထက္ ၾကပ္မတ္ေဆာင္႐ြက္ေန
Pearl (NP News) - မတ္လ ၄
ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ သည့္အျပင္ လူေနထိုင္မႈမ်ားျပားသည့္ တိုင္းေဒသ ႀကီးတစ္ခုျဖစ္ေသာ ရန္ကုန္တိုင္းေဒသႀကီးတြင္ မီးေဘးလုံၿခဳံေရးအတြက္ ယခင္ႏွစ္ထက္ ၾကပ္မတ္ ေဆာင္႐ြက္ေနေၾကာင္း မီးသတ္ဦးစီးဌာနႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ယခုရက္ပိုင္းအတြင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္း မီးေလာင္မႈမ်ား မၾကာခဏျဖစ္ပြားေၾကာင္း ေတြ႕ရွိရၿပီး အမ်ားစုမွာ အင္ဗာတာမ်ားႏွင့္ ဒယ္နီအိုးမ်ားအပူလြန္ကဲရာမွတစ္ဆင့္ မီးေလာင္ျခင္းမ်ား ျဖစ္ေၾကာင္း သိရသည္။
" အဓိကကေတာ့ အင္ဗာတာေတြ၊ ဒယ္နီေတြကေနျဖစ္တာ။ အခုကျဖစ္တာနဲ႔ကားကို ခ်က္ခ်င္းလႊတ္တာေပါ့။ Level 1 နဲ႔ မရရင္ 2 ကိုလႊတ္တာေပါ့။ အခုေနာက္ပိုင္းျမန္တယ္ဆိုတာ System ကလည္း ျမင့္လာေတာ့ ကင္မရာကေနလည္း ေတာက္ေလွ်ာက္ျမင္ရတဲ့အတြက္ လူႀကီးေတြကလည္း (၃)လႊတ္ရမယ္ဆိုရင္ ေရွ႕တန္းကမေတာင္းလည္း လႊတ္တာေပါ့" ဟု မီးသတ္ဦးစီးဌာနႏွင့္နီးစပ္သူ တစ္ဦးက NP News သို႔ေျပာသည္။
ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္အေနျဖင့္လည္း မီးေဘးအႏၲရာယ္ႏွင့္ပတ္သက္၍ ျပည္သူမ်ားမေပါ့ ဆရန္ အပါအဝင္ အသိေပးေဆာ္ဩမႈမ်ားကို ႏွစ္စဥ္ ေဆာင္႐ြက္ခဲ့ၿပီး ယခုႏွစ္တြင္ ယခင္ထက္ ပိုမိုၾကပ္မတ္ေဆာင္႐ြက္ေနသည္ဟု သိရေၾကာင္း ၎က ဆိုသည္။
" မီးေဘးနဲ႔ပတ္သက္ရင္ လိုက္လံေဆာ္ဩတာေတြ ႏွစ္တိုင္း လုပ္တယ္။ ဒီႏွစ္က ပိုလုပ္တယ္။ အဲဒါေတြနဲ႔ပတ္သက္ၿပီး မီးသတ္တိုင္းမႉးကိုယ္တိုင္ ၾကပ္မတ္ထားတယ္။ စီမံခ်က္ေတြ ဆြဲထားတာ လည္းရွိတယ္။ ရန္ကုန္မီး လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ဒီႏွစ္မွာ ျပင္းျပင္းထန္ထန္ ကြပ္ကဲႀကီးၾကပ္ေနတယ္။ ျပည္သူေတြ မေပါ့ဆဖို႔ေရာေပါ့" ဟု ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၃)ရက္မွ (၁၈) ရက္အထိ (၆)ရက္အတြင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္ ဝါးတရာစက္မႈဇုန္ ငွက္ေပ်ာ ေတာလမ္း၌ Straightex Co.,ltd အထည္ခ်ဳပ္စက္႐ုံ မီးေလာင္မႈ အပါအဝင္ မီးေလာင္မႈ(၃၀)နီးပါး ျဖစ္ပြားခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ၊ ေသဆုံးသူမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈႏွင့္သဘာဝေဘးအႏၲရာယ္မ်ား၊ အျခား႐ုတ္တရက္ျဖစ္ပြားေသာေဘးအႏၲရာယ္မ်ား ႀကဳံေတြ႕ပါက နံပါတ္(၁၉၁) အပါအဝင္ အျခားမီးသတ္ဦးစီးဌာန၏အေရးေပၚဖုန္းနံပါတ္မ်ားသို႔ ဆက္ သြယ္သတင္းေပးပို႔ အကူအညီေတာင္းခံႏိုင္ေၾကာင္းလည္း သိရသည္။