မူဆယ်တွင် အသက်ပြည့်ပြီးသူအမျိုးသား (၇၀) ရာခိုင်နှုန်းခန့် မူးယစ်ဆေးဝါးသုံးစွဲနေ

 252

သန့်ဇင် (NP News) - မတ်လ ၄

မြန်မာ-တရုတ် နယ်စပ်မြို့တော်တစ်မြို့ ဖြစ်သော ရှမ်းပြည်နယ် မူဆယ်မြို့တွင် အသက်ပြည့် ပြီးသူအမျိုးသား (၇၀)ရာခိုင်နှုန်းခန့် မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက NP News သို့ပြောသည်။
မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၀၂၃)ခုနှစ်လူဦးရေစာရင်းအရ မူဆယ်မြို့ရှိ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်တွင် အမျိုးသားဦး ရေ (၅၆၄၉၈)ဦးရှိပြီး အသက်ပြည့်ပြီးသူ အမျိုးသား ဦးရေမှာ (၁၉၃၉၅)ဦးရှိသည်။
ထို့ပြင် မူဆယ်မြို့တွင် မူးယစ်ဆေးဝါးသုံး ရောင်းချခြင်းများလည်းတွင်ကျယ်နေပြီး ဝယ်ယူသုံးစွဲ သူများမှာ အသက်(၁၈)နှစ်မှ (၄၅)နှစ်အကြား အမျိုး သားများဖြစ်ကြောင်းသိရသည်။
" မူဆယ်မှာက အရွယ်ရောက်ပြီးသား ယောကျာ်းလေး (၁၀ဝ)မှာ(၇၀)ရာခိုင်နှုန်းက မူးယစ် ဆေးသုံးတယ်။ အခြေခံပညာကျောင်းက တန်းကြီးက လေးလေးတွေတောင် သုံးတတ်နေပြီ။ အများစုက ဒီမှာတော့ (၈၈၁)လို့ခေါ်တဲ့မူးယစ်ဆေးကို သုံးကြ တယ်။ ပြီးရင် တော်တော်များများစွဲတာက အိမ်ခြေမဲ့ တွေများလာတယ်။ အခုနောက်ပိုင်း အောက်ဘက်က လူတွေလည်းများလာတယ်။ အလုပ်လာလုပ်ကြတဲ့ လူတွေလည်း ဆေးစွဲသွားကြတယ်။ အဲဒါကြောင့် ပလုံတွေလိုက်ကောက်ပြီး ကျပ်(၁၀ဝဝ)၊ (၂၀ဝဝ) ရတာကို အဖြူလိုင်းတွေရောက်ကုန်တယ်" ဟု ဒေသ ခံအမျိုးသားတစ်ဦးကပြောသည်။
မူဆယ်မြို့၏ မူးယစ်ဆေးဈေးကွက်တွင် လည်း ဘိန်းဖြူ (၃)မျိုးစပ်ဟူသည့် မူးယစ်ဆေးဝါး၊ (၈၈၁)ဟုခေါ်သော မူးယစ်ဆေးဝါးနှင့် Happy Water ကို အများဆုံးရောင်းဝယ်နေကြကြောင်း လည်း ၎င်းကပြောသည်။
" မူးယစ်ဆေးဝါးဘိန်းဖြူကို (၃)မျိုးစပ်ကို လက်သန်းလောက်ပိုက်ကလေးကို(၂၀ဝဝ)၊ (၃၀ဝဝ)ပဲရှိတယ်။ တော်တော်ပေါတာ။ ရက်ရက်စက်စက်ပေါ တယ်။ မူးယစ်ဆေးဝါးဆိုရင် တစ်ရက်တစ်ရက်ကို ရောင်းအားကမနည်းဘူး။ ကျွန်တော်တို့ ကွမ်းစား နေသလိုပဲ။ သူတို့ အရှိန်ပြေတယ်ဆိုတာမရှိဘူး။ (၈၈၁) ဆိုရင် (၄)လုံးကို (၁၀ဝဝဝ)ကျပ် အဲဒါလည်း ဝယ်တာပဲ။ အဲဒါကြောင့် အခုနောက်ပိုင်း သေကုန်တာ ရှိတယ် အပ်တန်းလန်းကြီးနဲ့။ အဖြူဆိုရင်ရှူလို့ရတယ်၊ ထိုးလို့ရတယ်။ ထိုးရင်မကြာတော့ဘူး (၂) ပတ် လေက်ပဲခံတယ်။ ထိုးပါများလို့အကြောပျောက်ရင် အမျိုးသားအင်္ဂါကအကြောကို ရှာထိုးတာ။ တော်တော် ဆိုးတာ"ဟု ၎င်းကပြောသည်။
ထို့ပြင် မူဆယ်မြို့သည် နယ်စပ်မြို့ဖြစ် သည့်အလျောက် ပြောင်းရွှေ့လုပ်သားများစွာ လာ ရောက်နေထိုင်နေကြရာ အထက်ပါမြို့နေ လူဦး ရေထက် ပိုမိုများပြားလာနေပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲရာမှ ဆေးလွန်သေဆုံးသူများပင်ရှိနေကြောင်း ၎င်းကဆိုသည်။
" ဒီမှာက အသီးလို့ခေါ်တဲ့မူးယစ်ဆေးဝါး ရယ် ဘိန်းအဖြူရယ် Happy Water တို့အပေါဆုံးပဲ။ အများဆုံးသုံးကြတာက အသက်(၂၈)နှစ်အထက်နဲ့ (၄၅)ကြားပေါ့ အများဆုံးသုံးကြတာပေါ့။ ကျွန်တော် တွေ့သလောက်ဆိုရင်။ မူးယစ်ဆေးဝါးရဲ့နောက်ဆက် တွဲဆိုးကျိုးတွေက ခိုးဆိုးလုယက်မှုတွေပါလုပ်ကြတာ။ ပလုံကောက်မရရင် ခိုးတယ်၊ ခိုးမရရင်လုတယ်။ လုမ ရရင် ဓားပြတိုက်တဲ့အဆင့်ထိရောက်ကုန်တာ" ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
မူဆယ်မြို့တွင်း မူးယစ်ဆေးဝါးတင်ပို့ ရောင်းချမှုကိုလည်း SSPP နှင့် MNDAA အဖွဲ့က အများစုလုပ်ဆောင်ကြကြောင်း ၎င်းကဆိုသည်။
" တော်တော်ကိုဆိုးတယ်။ အဲဒီမူးယစ် ဆေးရောင်းတာ သွင်းတာက တောအဖွဲ့တွေကပဲ လုပ်တာ။ ပြောရရင်တော့ အဓိက Main အဖွဲ့က ရှမ်းအဖွဲ့ရယ်၊ MNDAA ရယ်၊ ပလောင်တောင် အဲဒီလောက်မကြားမိဘူး။ အဓိက Main အဖွဲ့က တော့ ရှမ်းအဖွဲ့ပဲ။ SSPP ပေါ့"ဟု ၎င်းကပြောသည်။
လက်ရှိတွင် မူဆယ်မြို့ပေါ်ရပ်ကွက် (၉) ခုကိုသာ တရားဥပဒေစိုးမိုးမှုရှိရန် ဆောင်ရွက်ထား နိုင်ပြီး မြို့တွင်း လူသတ်မှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု၊ မူး ယစ်ဆေးဝါးရောင်းချမှု၊ တရားဥပဒေမဲ့ အသက်မွေး ဝမ်းကြောင်းပြုသည့် လုပ်ငန်းများမရှိစေရန် ပူးပေါင်း လုပ်ဆောင်နေကြောင်း မူဆယ်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးကဆိုသည်။
" ကျွန်တော်တို့မူဆယ်မြို့ဟာ လက်ရှိ တရားဥပဒေစိုးမိုးမှုဆောင်ရွက်နိုင်တာက မြို့ပေါ် (၉)ရပ်ကွက်ရှိတယ်။ မြို့ပေါ်(၉)ရပ်ကွက်မှာက လူ သတ်မှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးရောင်း ချမှု၊ တရားဥပဒေမဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ လုပ်ငန်းမရှိအောင်တော့ ကျွန်တော်တို့အနေနဲ့ ဌာန ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင် ရွက်လျက်ရှိပါတယ်။ ဒါတွေကလည်း မကောင်းမှု ဆိုတော့ ဆိတ်ကွယ်ရာမရှိပေမယ့် ကျွန်တော်တို့ ဆောင်ရွက်တဲ့အချိန်မှာ လစ်ဟာမှုတွေတော့ရှိတာ ပေါ့။ နောက်ပြီး ဒီမြို့ရဲ့ပတ်ချာလည်မှာလည်း သောင်းကျန်းသူတွေရှိနေတော့ သူတို့ရဲ့လှုပ်ရှားမှုနဲ့ သူတို့စီးပွားရေးကိုတော့ တပ်အပ်မပြောနိုင်ဘူးပေါ့။ ကျွန်တော်တို့ကြား သိရတဲ့အချိန်မှာ ဖမ်းဆီးရမိမှုတွေ တော့ရှိပါတယ်"ဟု ၎င်းကပြောသည်။
မူဆယ်မြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ မှုနှင့်ပတ်သက်၍လည်း ပြီးခဲ့သည့် ဇန်နဝါရီလတစ်လ အတွင်း မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းချမှု (၅)မှုထက်မနည်းကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူက ဆိုသည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသရှိ မူးယစ် ဆေးဝါးထုတ်လုပ်သည့်နေရာများကို အစိုးရတပ်ဖွဲ့ များက ဖော်ထုတ်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင် လာခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးချက်လုပ် သည့်နေရာများကို စုံစမ်းဖော်ထုတ်ခြင်းတို့ဆောင် ရွက်ခဲ့ရာ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများအပါအဝင် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Zawgyi Version;
မူဆယ္တြင္ အသက္ျပည့္ၿပီးသူအမ်ိဳးသား (၇၀) ရာခိုင္ႏႈန္းခန႔္ မူးယစ္ေဆးဝါးသုံးစြဲေန
သန႔္ဇင္ (NP News) - မတ္လ ၄
ျမန္မာ-တ႐ုတ္ နယ္စပ္ၿမိဳ႕ေတာ္တစ္ၿမိဳ႕ ျဖစ္ေသာ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕တြင္ အသက္ျပည့္ ၿပီးသူအမ်ိဳးသား (၇၀)ရာခိုင္ႏႈန္းခန႔္ မူးယစ္ေဆးဝါး သုံးစြဲေနေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက NP News သို႔ေျပာသည္။
မူဆယ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ (၂၀၂၃)ခုႏွစ္လူဦးေရစာရင္းအရ မူဆယ္ၿမိဳ႕ရွိ ၿမိဳ႕ေပၚရပ္ကြက္ (၉)ရပ္ကြက္တြင္ အမ်ိဳးသားဦး ေရ (၅၆၄၉၈)ဦးရွိၿပီး အသက္ျပည့္ၿပီးသူ အမ်ိဳးသား ဦးေရမွာ (၁၉၃၉၅)ဦးရွိသည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးသုံး ေရာင္းခ်ျခင္းမ်ားလည္းတြင္က်ယ္ေနၿပီး ဝယ္ယူသုံးစြဲ သူမ်ားမွာ အသက္(၁၈)ႏွစ္မွ (၄၅)ႏွစ္အၾကား အမ်ိဳး သားမ်ားျဖစ္ေၾကာင္းသိရသည္။
" မူဆယ္မွာက အ႐ြယ္ေရာက္ၿပီးသား ေယာက်ာ္းေလး (၁၀ဝ)မွာ(၇၀)ရာခိုင္ႏႈန္းက မူးယစ္ ေဆးသုံးတယ္။ အေျခခံပညာေက်ာင္းက တန္းႀကီးက ေလးေလးေတြေတာင္ သုံးတတ္ေနၿပီ။ အမ်ားစုက ဒီမွာေတာ့ (၈၈၁)လို႔ေခၚတဲ့မူးယစ္ေဆးကို သုံးၾက တယ္။ ၿပီးရင္ ေတာ္ေတာ္မ်ားမ်ားစြဲတာက အိမ္ေျခမဲ့ ေတြမ်ားလာတယ္။ အခုေနာက္ပိုင္း ေအာက္ဘက္က လူေတြလည္းမ်ားလာတယ္။ အလုပ္လာလုပ္ၾကတဲ့ လူေတြလည္း ေဆးစြဲသြားၾကတယ္။ အဲဒါေၾကာင့္ ပလုံေတြလိုက္ေကာက္ၿပီး က်ပ္(၁၀ဝဝ)၊ (၂၀ဝဝ) ရတာကို အျဖဴလိုင္းေတြေရာက္ကုန္တယ္" ဟု ေဒသ ခံအမ်ိဳးသားတစ္ဦးကေျပာသည္။
မူဆယ္ၿမိဳ႕၏ မူးယစ္ေဆးေဈးကြက္တြင္ လည္း ဘိန္းျဖဴ (၃)မ်ိဳးစပ္ဟူသည့္ မူးယစ္ေဆးဝါး၊ (၈၈၁)ဟုေခၚေသာ မူးယစ္ေဆးဝါးႏွင့္ Happy Water ကို အမ်ားဆုံးေရာင္းဝယ္ေနၾကေၾကာင္း လည္း ၎ကေျပာသည္။
" မူးယစ္ေဆးဝါးဘိန္းျဖဴကို (၃)မ်ိဳးစပ္ကို လက္သန္းေလာက္ပိုက္ကေလးကို(၂၀ဝဝ)၊ (၃၀ဝဝ)ပဲရွိတယ္။ ေတာ္ေတာ္ေပါတာ။ ရက္ရက္စက္စက္ေပါ တယ္။ မူးယစ္ေဆးဝါးဆိုရင္ တစ္ရက္တစ္ရက္ကို ေရာင္းအားကမနည္းဘူး။ ကြၽန္ေတာ္တို႔ ကြမ္းစား ေနသလိုပဲ။ သူတို႔ အရွိန္ေျပတယ္ဆိုတာမရွိဘူး။ (၈၈၁) ဆိုရင္ (၄)လုံးကို (၁၀ဝဝဝ)က်ပ္ အဲဒါလည္း ဝယ္တာပဲ။ အဲဒါေၾကာင့္ အခုေနာက္ပိုင္း ေသကုန္တာ ရွိတယ္ အပ္တန္းလန္းႀကီးနဲ႔။ အျဖဴဆိုရင္ရႉလို႔ရတယ္၊ ထိုးလို႔ရတယ္။ ထိုးရင္မၾကာေတာ့ဘူး (၂) ပတ္ ေလက္ပဲခံတယ္။ ထိုးပါမ်ားလို႔အေၾကာေပ်ာက္ရင္ အမ်ိဳးသားအဂၤါကအေၾကာကို ရွာထိုးတာ။ ေတာ္ေတာ္ ဆိုးတာ"ဟု ၎ကေျပာသည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕သည္ နယ္စပ္ၿမိဳ႕ျဖစ္ သည့္အေလ်ာက္ ေျပာင္းေ႐ႊ႕လုပ္သားမ်ားစြာ လာ ေရာက္ေနထိုင္ေနၾကရာ အထက္ပါၿမိဳ႕ေန လူဦး ေရထက္ ပိုမိုမ်ားျပားလာေနၿပီးေနာက္ မူးယစ္ေဆးဝါး သုံးစြဲရာမွ ေဆးလြန္ေသဆုံးသူမ်ားပင္ရွိေနေၾကာင္း ၎ကဆိုသည္။
" ဒီမွာက အသီးလို႔ေခၚတဲ့မူးယစ္ေဆးဝါး ရယ္ ဘိန္းအျဖဴရယ္ Happy Water တို႔အေပါဆုံးပဲ။ အမ်ားဆုံးသုံးၾကတာက အသက္(၂၈)ႏွစ္အထက္နဲ႔ (၄၅)ၾကားေပါ့ အမ်ားဆုံးသုံးၾကတာေပါ့။ ကြၽန္ေတာ္ ေတြ႕သေလာက္ဆိုရင္။ မူးယစ္ေဆးဝါးရဲ႕ေနာက္ဆက္ တြဲဆိုးက်ိဳးေတြက ခိုးဆိုးလုယက္မႈေတြပါလုပ္ၾကတာ။ ပလုံေကာက္မရရင္ ခိုးတယ္၊ ခိုးမရရင္လုတယ္။ လုမ ရရင္ ဓားျပတိုက္တဲ့အဆင့္ထိေရာက္ကုန္တာ" ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
မူဆယ္ၿမိဳ႕တြင္း မူးယစ္ေဆးဝါးတင္ပို႔ ေရာင္းခ်မႈကိုလည္း SSPP ႏွင့္ MNDAA အဖြဲ႕က အမ်ားစုလုပ္ေဆာင္ၾကေၾကာင္း ၎ကဆိုသည္။
" ေတာ္ေတာ္ကိုဆိုးတယ္။ အဲဒီမူးယစ္ ေဆးေရာင္းတာ သြင္းတာက ေတာအဖြဲ႕ေတြကပဲ လုပ္တာ။ ေျပာရရင္ေတာ့ အဓိက Main အဖြဲ႕က ရွမ္းအဖြဲ႕ရယ္၊ MNDAA ရယ္၊ ပေလာင္ေတာင္ အဲဒီေလာက္မၾကားမိဘူး။ အဓိက Main အဖြဲ႕က ေတာ့ ရွမ္းအဖြဲ႕ပဲ။ SSPP ေပါ့"ဟု ၎ကေျပာသည္။
လက္ရွိတြင္ မူဆယ္ၿမိဳ႕ေပၚရပ္ကြက္ (၉) ခုကိုသာ တရားဥပေဒစိုးမိုးမႈရွိရန္ ေဆာင္႐ြက္ထား ႏိုင္ၿပီး ၿမိဳ႕တြင္း လူသတ္မႈ၊ မုဒိမ္းမႈ၊ ျပန္ေပးဆြဲမႈ၊ မူး ယစ္ေဆးဝါးေရာင္းခ်မႈ၊ တရားဥပေဒမဲ့ အသက္ေမြး ဝမ္းေၾကာင္းျပဳသည့္ လုပ္ငန္းမ်ားမရွိေစရန္ ပူးေပါင္း လုပ္ေဆာင္ေနေၾကာင္း မူဆယ္ၿမိဳ႕ရွိ လုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္နီးစပ္သူတစ္ဦးကဆိုသည္။
" ကြၽန္ေတာ္တို႔မူဆယ္ၿမိဳ႕ဟာ လက္ရွိ တရားဥပေဒစိုးမိုးမႈေဆာင္႐ြက္ႏိုင္တာက ၿမိဳ႕ေပၚ (၉)ရပ္ကြက္ရွိတယ္။ ၿမိဳ႕ေပၚ(၉)ရပ္ကြက္မွာက လူ သတ္မႈ၊ မုဒိမ္းမႈ၊ ျပန္ေပးဆြဲမႈ၊ မူးယစ္ေဆးဝါးေရာင္း ခ်မႈ၊ တရားဥပေဒမဲ့အသက္ေမြးဝမ္းေၾကာင္းျပဳတဲ့ လုပ္ငန္းမရွိေအာင္ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ဌာန ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္ ႐ြက္လ်က္ရွိပါတယ္။ ဒါေတြကလည္း မေကာင္းမႈ ဆိုေတာ့ ဆိတ္ကြယ္ရာမရွိေပမယ့္ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္တဲ့အခ်ိန္မွာ လစ္ဟာမႈေတြေတာ့ရွိတာ ေပါ့။ ေနာက္ၿပီး ဒီၿမိဳ႕ရဲ႕ပတ္ခ်ာလည္မွာလည္း ေသာင္းက်န္းသူေတြရွိေနေတာ့ သူတို႔ရဲ႕လႈပ္ရွားမႈနဲ႔ သူတို႔စီးပြားေရးကိုေတာ့ တပ္အပ္မေျပာႏိုင္ဘူးေပါ့။ ကြၽန္ေတာ္တို႔ၾကား သိရတဲ့အခ်ိန္မွာ ဖမ္းဆီးရမိမႈေတြ ေတာ့ရွိပါတယ္"ဟု ၎ကေျပာသည္။
မူဆယ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးဖမ္းဆီးရမိ မႈႏွင့္ပတ္သက္၍လည္း ၿပီးခဲ့သည့္ ဇန္နဝါရီလတစ္လ အတြင္း မူးယစ္ေဆးဝါးသယ္ေဆာင္ ေရာင္းခ်မႈ (၅)မႈထက္မနည္းကို ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူက ဆိုသည္။
လက္ရွိတြင္ ရွမ္းေျမာက္ေဒသရွိ မူးယစ္ ေဆးဝါးထုတ္လုပ္သည့္ေနရာမ်ားကို အစိုးရတပ္ဖြဲ႕ မ်ားက ေဖာ္ထုတ္ဖမ္းဆီးမႈမ်ား ဆက္တိုက္လုပ္ေဆာင္ လာခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္းကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔တြင္ မူးယစ္ေဆးဝါးခ်က္လုပ္ သည့္ေနရာမ်ားကို စုံစမ္းေဖာ္ထုတ္ျခင္းတို႔ေဆာင္ ႐ြက္ခဲ့ရာ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ေနရာမ်ားအပါအဝင္ မူးယစ္ေဆးဝါးမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.