ရှင်ပြုပွဲကျင်းပစဉ် ဆောင်းဘောက်တင်ကားနှင့် ဓာတ်အားလိုင်းကြိုးငြိကာ လူငယ် (၄) ဦးဓာတ်လိုက်သေဆုံးမှု ကျိုက်ထိုတွင်ဖြစ်ပွား

 912

သန့်ဇင်(NP News)-မတ် ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရှင်ပြုပွဲကျင်းပစဉ် ဆောင်းဘောက်တင်ကားနှင့် ကျေးရွာဓာတ်အားလိုင်းကြိုးငြိကာ လူငယ် (၄) ဦးဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၅ ရက်) နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စွပ္ပနူးလို့ခေါ်တဲ့ ကမ်းကြီးဆိပ်ကြီးရွာမှာဖြစ်တာ။ ဖြစ်စဉ်က ရှင်ပြုလှည့်တယ်။ လှည့်တော့ အပေါ်က ဓာတ်ကြိုးနဲ့ထိတယ်။ ထိပြီးတော့ အဲဒီမှာ ဓာတ်လိုက်ပြီးပြုတ်ကြပြီးသေတယ်။ (၃) ယောက်က အောက်မှာသေတယ်။ လောလောဆယ်ဆယ် လူနာက (၃) ယောက်ဆေးရုံ တင်ထားတယ်”ဟု ဖြစ်စဉ်အား သိရှိသူ ဒေသခံတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆောင်းဘောက်တင်ကားပေါ်တွင်လိုက်ပါလာသူများအနက် လူငယ် (၄) ဦးမှာ ဓာတ်လိုက်သေးဆုံးသွားခဲ့ပြီး ကျန်လူငယ် (၃) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
လက်ရှိ မွန်ပြည်နယ်တွင် အခြေခံပညာအတန်းတင်စာမေးပွဲများနီးကပ်လာသည့်အတွက် အသံချဲ့စက်များ ကျယ်လောင်စွာဖွင့်ခြင်းကို မတ်လ ၁ရက်ကစတင်ကာ ပိတ်ပင်ထားကြောင်း သိရသည်။

Zawgyi Version:
ရွင္ျပဳပြဲက်င္းပစဥ္ ေဆာင္းေဘာက္တင္ကားႏွင့္ ဓာတ္အားလိုင္းႀကိဳးၿငိကာ လူငယ္ (၄) ဦးဓာတ္လိုက္ေသဆုံးမႈ က်ိဳက္ထိုတြင္ျဖစ္ပြား
သန႔္ဇင္(NP News)-မတ္ ၅

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္တြင္ ရွင္ျပဳပြဲက်င္းပစဥ္ ေဆာင္းေဘာက္တင္ကားႏွင့္ ေက်း႐ြာဓာတ္အားလိုင္းႀကိဳးၿငိကာ လူငယ္ (၄) ဦးဓာတ္လိုက္ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၅ ရက္) နံနက္ပိုင္းက က်ိဳက္ထိုၿမိဳ႕နယ္၊ စြပၸႏူးေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“စြပၸႏူးလို႔ေခၚတဲ့ ကမ္းႀကီးဆိပ္ႀကီး႐ြာမွာျဖစ္တာ။ ျဖစ္စဥ္က ရွင္ျပဳလွည့္တယ္။ လွည့္ေတာ့ အေပၚက ဓာတ္ႀကိဳးနဲ႔ထိတယ္။ ထိၿပီးေတာ့ အဲဒီမွာ ဓာတ္လိုက္ၿပီးျပဳတ္ၾကၿပီးေသတယ္။ (၃) ေယာက္က ေအာက္မွာေသတယ္။ ေလာေလာဆယ္ဆယ္ လူနာက (၃) ေယာက္ေဆး႐ုံ တင္ထားတယ္”ဟု ျဖစ္စဥ္အား သိရွိသူ ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ေဆာင္းေဘာက္တင္ကားေပၚတြင္လိုက္ပါလာသူမ်ားအနက္ လူငယ္ (၄) ဦးမွာ ဓာတ္လိုက္ေသးဆုံးသြားခဲ့ၿပီး က်န္လူငယ္ (၃) ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား က်ိဳက္ထိုၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
လက္ရွိ မြန္ျပည္နယ္တြင္ အေျခခံပညာအတန္းတင္စာေမးပြဲမ်ားနီးကပ္လာသည့္အတြက္ အသံခ်ဲ႕စက္မ်ား က်ယ္ေလာင္စြာဖြင့္ျခင္းကို မတ္လ ၁ရက္ကစတင္ကာ ပိတ္ပင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.