ရုရှားနိုင်ငံ၊ ဘိုင်ကယ် ရေအိုင်ထဲကို တရုတ်ခရီးသွားတွေ ပါဝင်တဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက် နစ်မြုပ်၊ လူ ၇ ဦး သေဆုံး

176

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃
ရုရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အနက်ဆုံးရေအိုင် ဘိုင်ကယ် ရေခဲပြင်ပေါ် တရုတ်ခရီးသွားတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းကြောင့် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောကြားပါတယ်။
အဆိုပါယာဉ်ဟာ အေးခဲနေတဲ့ ရေခဲပြင်ပေါ်မှ ဖြတ်သန်းမောင်းနှင်နေစဉ် ရေခဲကျိုးပေါက်ကာ ရေအောက် နစ်မြုပ်သွားခြင်းဖြစ်တယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။ ယာဉ်ပေါ်မှာ ပါဝင်တဲ့လူအတိအကျကို အတည်ပြုဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာမှာ ရေအောက် ကြည့်ကင်မရာနဲ့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် လူ ၇ ဦးရဲ့ရုပ်အလောင်းတွေ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အလွန်အေးစက်နေတဲ့ရာသီဥတုနဲ့ ရေခဲပြင် အခြေအနေတွေကြောင့် ရှာဖွေရေး လုပ်ငန်းတွေမှာ နှောင့်နှေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဆောင်းရာသီမှာ အေးခဲနေလေ့ရှိတဲ့ ဘိုင်ကယ် ရေအိုင်၊ ရေခဲပြင်ပေါ်ကို ခွင့်ပြုချက်မရှိဘဲ ယာဉ်တွေ မောင်းနှင်မှု မပြုဖို့ အာဏာပိုင်တွေက ယခင်ကတည်းက တားမြစ်ချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဘိုင်ကယ် ရေအိုင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအကြား အထူးရေပန်းစားတဲ့နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဆောင်းရာသီမှာ ရေခဲပြင်ပေါ်ကားမောင်းခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းတို့ပြုလုပ်နိုင်တာကြောင့် တရုတ်ခရီးသွားများစွာ လာရောက် လည်ပတ်လေ့ရှိပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံ၊ ဘိုင္ကယ္ ေရအိုင္ထဲကို တ႐ုတ္ခရီးသြားေတြ ပါဝင္တဲ့ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္ နစ္ျမဳပ္၊ လူ ၇ ဦး ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
႐ုရွားႏိုင္ငံမွာရွိတဲ့ ကမာၻ႔အနက္ဆုံးေရအိုင္ ဘိုင္ကယ္ ေရခဲျပင္ေပၚ တ႐ုတ္ခရီးသြားေတြ တင္ေဆာင္လာတဲ့ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္နစ္ျမဳပ္ခဲ့ျခင္းေၾကာင့္ လူ ၇ ဦး ေသဆုံးခဲ့တယ္လို႔ ေဒသတြင္း အေရးေပၚ ဝန္ေဆာင္မႈဌာနက ေျပာၾကားပါတယ္။
အဆိုပါယာဥ္ဟာ ေအးခဲေနတဲ့ ေရခဲျပင္ေပၚမွ ျဖတ္သန္းေမာင္းႏွင္ေနစဥ္ ေရခဲက်ိဳးေပါက္ကာ ေရေအာက္ နစ္ျမဳပ္သြားျခင္းျဖစ္တယ္လို႔ ကနဦးသတင္းမ်ားအရ သိရပါတယ္။ ယာဥ္ေပၚမွာ ပါဝင္တဲ့လူအတိအက်ကို အတည္ျပဳဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ၿပီး အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ေတြက အခင္းျဖစ္ပြားရာေနရာမွာ ေရေအာက္ ၾကည့္ကင္မရာနဲ႔ ရွာေဖြေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတာေၾကာင့္ လူ ၇ ဦးရဲ႕႐ုပ္အေလာင္းေတြ ရွာေဖြ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ အလြန္ေအးစက္ေနတဲ့ရာသီဥတုနဲ႔ ေရခဲျပင္ အေျခအေနေတြေၾကာင့္ ရွာေဖြေရး လုပ္ငန္းေတြမွာ ေႏွာင့္ေႏွးမႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။
ေဆာင္းရာသီမွာ ေအးခဲေနေလ့ရွိတဲ့ ဘိုင္ကယ္ ေရအိုင္၊ ေရခဲျပင္ေပၚကို ခြင့္ျပဳခ်က္မရွိဘဲ ယာဥ္ေတြ ေမာင္းႏွင္မႈ မျပဳဖို႔ အာဏာပိုင္ေတြက ယခင္ကတည္းက တားျမစ္ခ်က္ထုတ္ျပန္ထားတာျဖစ္ပါတယ္။ ဘိုင္ကယ္ ေရအိုင္ဟာ ကမာၻလွည့္ခရီးသြားေတြအၾကား အထူးေရပန္းစားတဲ့ေနရာတစ္ခုျဖစ္ၿပီး အထူးသျဖင့္ ေဆာင္းရာသီမွာ ေရခဲျပင္ေပၚကားေမာင္းျခင္းနဲ႔ ဓာတ္ပုံ႐ိုက္ျခင္းတို႔ျပဳလုပ္ႏိုင္တာေၾကာင့္ တ႐ုတ္ခရီးသြားမ်ားစြာ လာေရာက္ လည္ပတ္ေလ့ရွိပါတယ္။