စင်ကာပူရေပြင်မှာ တရားမဝင်သင်္ဘောဆီ အရောင်းအဝယ်ပြုလုပ်နေတဲ့သင်္ဘောအမှုထမ်း ၁၁ ဦး ဖမ်းဆီးခံရ

88

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃
စင်ကာပူနိုင်ငံ ဆီလယ်ပဟ် ရေပြင်အတွင်း တရားမဝင် သင်္ဘောဆီ (Marine Gas Oil) ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတဲ့သင်္ဘောအမှုထမ်း အမျိုးသား ၁၁ ဦးကို စင်ကာပူကမ်းခြေစောင့်ရဲတပ်ဖွဲ့ (PCG) က ဖမ်းဆီး လိုက်တယ်လို့ တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၂၂ ရက်) မှာ သိရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၈ ရက်) က ကမ်းခြေစောင့် ရဲတပ်ဖွဲ့ဟာ ပုံမှန်ကင်းလှည့်စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် စင်ကာပူနိုင်ငံမှတ်ပုံတင်ထားတဲ့ တပ်ဆွဲသင်္ဘော (Tugboat) တစ်စီးနဲ့ နိုင်ငံခြားမှတ်ပုံတင်ထားသော သင်္ဘောတစ်စီးတို့အကြား သံသယဖြစ်ဖွယ် ဆီလွှဲပြောင်းနေမှုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ အဆိုပါ တပ်ဆွဲသင်္ဘောပေါ်မှ အမှုထမ်း ၆ ဦးဟာ ၄င်းတို့ ပိုင်ဆိုင်ခြင်းမရှိတဲ့ သင်္ဘောဆီတွေကို နိုင်ငံခြားသင်္ဘောမှ အမှုထမ်း ၅ ဦးဆီ တရားမဝင် လွှဲပြောင်းရောင်းချနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အမှုမှာ အသုံးပြုခဲ့တဲ့ တပ်ဆွဲသင်္ဘော (Tugboat) တစ်စီး၊ တရားမဝင် ရောင်းချမှုမှ ရရှိလာတဲ့ စင်ကာပူဒေါ်လာ ၄,၀၀၀ ကျော် (၄,၂၀၀ ခန့်) နဲ့ ဆီပမာဏအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေအနက် တပ်ဆွဲသင်္ဘောမှ အမှုထမ်း ၆ ဦးကို "ယုံကြည်အပ်နှံထားတဲ့ ပစ္စည်းအား အလွဲသုံး စားပြုမှုနဲ့ တရားစွဲဆိုမည်ဖြစ်ပြီး ကျန်နိုင်ငံခြား သင်္ဘောသား ၅ ဦးကို အဆိုပါပြစ်မှုကို အားပေးကူညီမှုနဲ့ အရေးယူ သွားမယ်လို့ ဆိုပါတယ်။ အဆိုပါ ပြစ်မှုတွေ အတွက် ပြစ်ဒဏ်အနေနဲ့ အမြင့်ဆုံး ထောင်ဒဏ် (၁၅) နှစ်အထိ ကျခံရ နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။ စင်ကာပူရဲတပ်ဖွဲ့က ရေပြင်ပိုင်နက်အတွင်း တရားမဝင် လောင်စာဆီ ရောင်းဝယ်မှုတွေကို အလေးထား စောင့်ကြည့်နေပြီး ထိရောက်စွာ ဆက်လက်အရေးယူ သွားမယ်လို့ သတိပေးထားပါတယ်။

Zawgyi Version;
စင္ကာပူေရျပင္မွာ တရားမဝင္သေဘၤာဆီ အေရာင္းအဝယ္ျပဳလုပ္ေနတဲ့သေဘၤာအမႈထမ္း ၁၁ ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
စင္ကာပူႏိုင္ငံ ဆီလယ္ပဟ္ ေရျပင္အတြင္း တရားမဝင္ သေဘၤာဆီ (Marine Gas Oil) ေရာင္းဝယ္မႈမွာ ပါဝင္ပတ္သက္ေနတဲ့သေဘၤာအမႈထမ္း အမ်ိဳးသား ၁၁ ဦးကို စင္ကာပူကမ္းေျခေစာင့္ရဲတပ္ဖြဲ႕ (PCG) က ဖမ္းဆီး လိုက္တယ္လို႔ တနဂၤေႏြေန႔(ေဖေဖာ္ဝါရီ ၂၂ ရက္) မွာ သိရပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔(ေဖေဖာ္ဝါရီ ၁၈ ရက္) က ကမ္းေျခေစာင့္ ရဲတပ္ဖြဲ႕ဟာ ပုံမွန္ကင္းလွည့္စစ္ေဆးမႈေတြ ျပဳလုပ္ေနစဥ္ စင္ကာပူႏိုင္ငံမွတ္ပုံတင္ထားတဲ့ တပ္ဆြဲသေဘၤာ (Tugboat) တစ္စီးနဲ႔ ႏိုင္ငံျခားမွတ္ပုံတင္ထားေသာ သေဘၤာတစ္စီးတို႔အၾကား သံသယျဖစ္ဖြယ္ ဆီလႊဲေျပာင္းေနမႈကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ စစ္ေဆးခ်က္ေတြအရ အဆိုပါ တပ္ဆြဲသေဘၤာေပၚမွ အမႈထမ္း ၆ ဦးဟာ ၄င္းတို႔ ပိုင္ဆိုင္ျခင္းမရွိတဲ့ သေဘၤာဆီေတြကို ႏိုင္ငံျခားသေဘၤာမွ အမႈထမ္း ၅ ဦးဆီ တရားမဝင္ လႊဲေျပာင္းေရာင္းခ်ေနတယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ က စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အမႈမွာ အသုံးျပဳခဲ့တဲ့ တပ္ဆြဲသေဘၤာ (Tugboat) တစ္စီး၊ တရားမဝင္ ေရာင္းခ်မႈမွ ရရွိလာတဲ့ စင္ကာပူေဒၚလာ ၄,၀၀၀ ေက်ာ္ (၄,၂၀၀ ခန႔္) နဲ႔ ဆီပမာဏအခ်ိဳ႕ကို သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။
ဖမ္းဆီးခံရသူေတြအနက္ တပ္ဆြဲသေဘၤာမွ အမႈထမ္း ၆ ဦးကို "ယုံၾကည္အပ္ႏွံထားတဲ့ ပစၥည္းအား အလြဲသုံး စားျပဳမႈနဲ႔ တရားစြဲဆိုမည္ျဖစ္ၿပီး က်န္ႏိုင္ငံျခား သေဘၤာသား ၅ ဦးကို အဆိုပါျပစ္မႈကို အားေပးကူညီမႈနဲ႔ အေရးယူ သြားမယ္လို႔ ဆိုပါတယ္။ အဆိုပါ ျပစ္မႈေတြ အတြက္ ျပစ္ဒဏ္အေနနဲ႔ အျမင့္ဆုံး ေထာင္ဒဏ္ (၁၅) ႏွစ္အထိ က်ခံရ ႏိုင္တဲ့အျပင္ ေငြဒဏ္လည္း ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။ စင္ကာပူရဲတပ္ဖြဲ႕က ေရျပင္ပိုင္နက္အတြင္း တရားမဝင္ ေလာင္စာဆီ ေရာင္းဝယ္မႈေတြကို အေလးထား ေစာင့္ၾကည့္ေနၿပီး ထိေရာက္စြာ ဆက္လက္အေရးယူ သြားမယ္လို႔ သတိေပးထားပါတယ္။