အွန်လိုင်းလိမ်လည်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မည်ဟု UWSA ပြော

174
Pearl (NP News) - မတ် ၅
အွန်လိုင်းလိမ်လည်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မည်ဟု UWSA/UWSP က ပြောသည်။
ဟိုပန်ခရိုင်၊ ခရိုင်လုပ်ငန်းအစည်းအဝေးကို ပြီးခဲ့သည့် မတ်လ ၃ ရက်က ကျင်းပပြုလုပ်ခဲ့ကာ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ပြည်သူများအပေါ် ဖိနှိပ်ခြင်း၊ အာဏာအလွှဲသုံးစားလုပ်ခြင်း၊ အွန်လိုင်းလိမ်လည် နှင့် မူးယစ်ဆေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုများ လုံးဝ မလုပ်ကြရန်နှင့် UWSA သည် ၎င်း၏ရပ်တည်ချက်ဖြစ်သည့် "နိုင်ငံ တော်မှ လုံးဝခွဲထွက်မည်မဟုတ်" ဆိုသည့်အတိုင်း ပညာရေး ကဏ္ဍတွင် မြန်မာစာနှင့် "ဝ" စာကို အထူးသင်ယူကြရန်ညွှန်ကြားထားကြောင်း ဟိုပန်ခရိုင်၊ ခရိုင်လုပ်ငန်း နှစ်ချုပ်အစည်းအ ဝေးအရ သိရသည်။
"ဝ" ပြည်နယ် ၂၀၂၅ ခုနှစ်၊ ဗဟိုလုပ်ငန်းနှစ်ချုပ် အစည်း အဝေးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့က ပန်ဆန်း(ပန်ခမ်း) တွင် ၅ ရက်တာ ကျင်းပခဲ့ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Zawgyi Version:
အြန္လိုင္းလိမ္လည္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္မႈမ်ားကို ထိထိေရာက္ေရာက္ အေရးယူ ေဆာင္႐ြက္မည္ဟု UWSA ေျပာ
Pearl (NP News) - မတ္ ၅
အြန္လိုင္းလိမ္လည္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္မႈမ်ားကို ထိထိေရာက္ေရာက္ အေရးယူ ေဆာင္႐ြက္မည္ဟု UWSA/UWSP က ေျပာသည္။
ဟိုပန္ခ႐ိုင္၊ ခ႐ိုင္လုပ္ငန္းအစည္းအေဝးကို ၿပီးခဲ့သည့္ မတ္လ ၃ ရက္က က်င္းပျပဳလုပ္ခဲ့ကာ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးတြင္ ျပည္သူမ်ားအေပၚ ဖိႏွိပ္ျခင္း၊ အာဏာအလႊဲသုံးစားလုပ္ျခင္း၊ အြန္လိုင္းလိမ္လည္ ႏွင့္ မူးယစ္ေဆးလုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္မႈမ်ား လုံးဝ မလုပ္ၾကရန္ႏွင့္ UWSA သည္ ၎၏ရပ္တည္ခ်က္ျဖစ္သည့္ "ႏိုင္ငံ ေတာ္မွ လုံးဝခြဲထြက္မည္မဟုတ္" ဆိုသည့္အတိုင္း ပညာေရး က႑တြင္ ျမန္မာစာႏွင့္ "ဝ" စာကို အထူးသင္ယူၾကရန္ၫႊန္ၾကားထားေၾကာင္း ဟိုပန္ခ႐ိုင္၊ ခ႐ိုင္လုပ္ငန္း ႏွစ္ခ်ဳပ္အစည္းအ ေဝးအရ သိရသည္။
"ဝ" ျပည္နယ္ ၂၀၂၅ ခုႏွစ္၊ ဗဟိုလုပ္ငန္းႏွစ္ခ်ဳပ္ အစည္း အေဝးကို ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၈ ရက္ေန႔က ပန္ဆန္း(ပန္ခမ္း) တြင္ ၅ ရက္တာ က်င္းပခဲ့ျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။