အမေရိကန်အင်ပါယာ ပြန်လည်အသက်သွင်းခြင်းနှင့် ယူရေးရှားဒေသကို ထိုးနှက်သည့်စစ်

 449

သန်းထိုက်စိုး (NP News) - မတ်လ ၅

မြူးနစ်လုံခြုံရေးညီလာခံသမိုင်းတစ်လျှောက် တွင် ယခုနှစ်သည် အထူးဆန်းဆုံးနှင့် ယခင်နှစ်များ ထက် ပိုမိုထူးခြားသည့်နှစ်တစ်နှစ် ဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံးကို အင်အားကြီးတစ်နိုင်ငံတည်းကလွှမ်း မိုးထားသည့် (Unipolar)စနစ်သည် လက်ခံနိုင်စရာ မရှိကြောင်းနှင့် ၎င်းသည် အပြည်ပြည်ဆိုင်ရာဥပဒေ နှင့်လုံခြုံရေးကိုပျက်စီးစေမည်ဖြစ်ကြောင်း (၂၀ဝ၇) ခုနှစ်ညီလာခံတွင် သမ္မတ ဗလာဒီမာပူတင် သတိပေး ခဲ့ရာ ယခုအခါ ပိုမိုထင်ရှားလာသည်။ အင်ပါယာတည် ဆောက်ရန်ကြိုးပမ်းခြင်းသည် အမေရိကန်ပြည် ထောင်စုကို ပြင်ပမှဖျက်ဆီးမည်မဟုတ်သော်လည်း သမ္မတနိုင်ငံ(Republic)တစ်ခု၏ အခြေခံမူဝါဒများ ကို အတွင်းပိုင်းမှ တဖြည်းဖြည်း အားနည်းပျက်စီးစေ လိမ့်မည်ဟူသောအချက်ကို ယခုအခါ ပြန်လည် ဆန်းစစ်ရန် လိုအပ်နေပြီဖြစ်သည်။
(၂၀၂၆)ခုနှစ်သို့ရောက်ရှိလာချိန်တွင် ကမ္ဘာ့အ ခြေအနေမှာ များစွာဆိုးရွားနေပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်စံနှုန်းများအကြောင်း ဆွေးနွေးမှုများထက် " မိမိ၏လွှမ်းမိုးမှုကို မည်သို့ပြန်ထိန်းမည်နည်း"ဆို သည့်အချက်ကိုသာ အဓိကထားနေကြသည်။ အထူး သဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်အ နေဖြင့် အီရန်နှင့်စစ်ဖြစ်ရန်စီစဉ်နေသည့်အရိပ်အ ယောင်များမှာ ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ ၎င်းသည် ဖိအားပေးသည့် နည်းဗျူဟာသက်သက်ဟု အချို့က ယူဆနိုင်သော်လည်း ဒေသတွင်းစစ်ပွဲကြီး ဖြစ်လာနိုင်သည့်ခြိမ်းခြောက်မှုမှာမူ ငြင်းပယ်၍မရနိုင် သောအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ရုရှားကို အနောက်အုပ်စုအတွင်းသို့ ဝင်ခွင့်မပေး ခဲ့သည့် အတိတ်မှဖြစ်ရပ်များသည် ယနေ့ဖြစ်ပေါ်နေ သည့် လွှမ်းမိုးချုပ်ကိုင်မှု(Hegemony)စနစ်ကို တန် ပြန်တိုက်ထုတ်မည့်ပဋိပစ္စည်း(Antibodies)များကို အလိုလိုဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများအပေါ် အာဏာရှင်ဆန်ဆန် လွှမ်းမိုးရန်ကြိုးပမ်းခြင်း၏အကျိုးဆက်များကို ယခုအ ခါ အနောက်ကမ္ဘာခြမ်းတွင်ပါ စတင်မြင်တွေ့နေရပြီ ဖြစ်သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်သည် အစ္စရေး၏ အတွေးအခေါ်နှင့် နိုင်ငံ ရေးအရ အကျဉ်းသားသဖွယ်ဖြစ်နေပြီး အစ္စရေး၏ မူဝါဒများအတိုင်း ရှေ့ဆက်နေရသည့်အခြေအနေမှာ အလွန်ရှုပ်ထွေးလှပါသည်။
အစ္စရေး၏ အဓိကရည်မှန်းချက်မှာ အီရန်၏ နျူ ကလီးယားအစီအစဉ်ကိုအကြောင်းပြ၍ အနောက် အာရှဒေသတွင် မိမိ၏ နျူကလီးယား လက်ဝါးကြီးအုပ် မှုကို ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်သည်။ ၎င်းတို့ သည် အီရန်ကို မဟာဗျူဟာမြောက်ပြိုင်ဘက်အဖြစ် မှဖယ်ရှားပစ်ရန် အစိုးရအပြောင်းအလဲ(Regime Change)လုပ်ရန်နှင့် နိုင်ငံငယ်လေးများအဖြစ် စိတ် ဖြာပစ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အစ္စရေးအနေ ဖြင့် ဤအစီအစဉ်ကို တစ်နိုင်ငံတည်း အကောင်အ ထည်မဖော်နိုင်သောကြောင့် အမေရိကန်ကို ရှေ့တန်း တင်ကာ စစ်ပွဲအတွင်းသို့ ဆွဲသွင်းရန် တွန်းပို့နေခြင်း ဖြစ်သည်။
လက်ရှိတွင် အီရန်သည် နျူကလီးယားလက်နက် တည်ဆောက်ရန် ဆုံးဖြတ်ချက်မချရသေးကြောင်း ထောက်လှမ်းရေးအစီရင်ခံစာများက ဆိုသော်လည်း အမေရိကန်၏ ပြင်းထန်သောဖိအားများကြောင့် မြောက်ကိုရီးယားကဲ့သို့ပင် နျူကလီးယားပိုင်ဆိုင်လို စိတ်ပြင်းထန်လာနိုင်သည့်အခြေအနေ ရှိနေသည်။ တစ်ဖက်တွင်လည်း ဆော်ဒီအာရေးဗျတွင် နျူကလီး ယားလက်နက်ရှိနေပြီဟုဆိုခြင်းမှာ နိုင်ငံရေးအရအ သုံးချရန်ပြောဆိုနေခြင်းသာဖြစ်နိုင်သည်။ အီရန်အ နေဖြင့် ယခင်ကဖျက်သိမ်းခဲ့သည့် ပူးတွဲအကောင်အ ထည်ဖော်ရေးသဘောတူညီချက်Joint Compreh­e­n­sive Plan of Action (JCPOA) သဘောတူညီ ချက်ကို ပြန်လည်အသက်သွင်းလိုသော်လည်း အစ္စ ရေးကမူ အီရန်ကို အလုံးစုံလက်နက်ဖြုတ်သိမ်းရေးနှင့် ဒေသတွင်းမဟာမိတ်များနှင့် အဆက်အသွယ် ဖြတ်ရေးကိုသာတောင်းဆိုနေသဖြင့် ဆွေးနွေးပွဲများ မှာ ရှေ့မတိုးနိုင်ဖြစ်နေရသည်။
စစ်ရေးအရကြည့်မည်ဆိုလျှင် အမေရိကန် သည် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့တွင် F-35 နှင့် F-16 တိုက်လေယာဉ်များကို အမြောက်အမြား စုဖွဲ့ထားပြီး အီရန်ကိုတိုက်ခိုက်ရန် ပြင်ဆင်နေသည်။ အကယ်၍ တိုက်ခိုက်မှုစတင်ခဲ့ပါက အီရန်သည် အ ကန့်အသတ်ဖြင့်တုံ့ပြန်မည်မဟုတ်ဘဲ အစ္စရေးသို့ ဒုံး ကျည်(၂,ဝဝဝ) တစ်ပြိုင်နက်ပစ်လွှတ်ခြင်း၊ အမေရိ ကန်နှင့်ပူးပေါင်းသည့်နိုင်ငံများနှင့် အခြေစိုက်စခန်း များကို တိုက်ခိုက်ခြင်းများအပြင် ဟော်မုဇ်ရေလက် ကြားကိုပါပိတ်ပစ်နိုင်သည့် အလုံးစုံစစ်ပွဲအသွင်သို့ ကူးပြောင်းသွားမည်ဖြစ်သည်။ ယင်းပြင် မကြာမီပြု လုပ်မည့် တရုတ်၊ ရုရှားနှင့် အီရန်တို့၏ ရေတပ်ပူး ပေါင်းစစ်ရေးလေ့ကျင့်မှုသည်လည်း အီရန်ကိုတိုက် ခိုက်ရန်ကြိုးပမ်းသူများအတွက် ကြီးမားသော စိန်ခေါ် မှုတစ်ခု ဖြစ်လာလိမ့်မည်။
ဆော်ဒီအာရေးဗျ၏အနေအထားမှာမူ စိတ်ဝင် စားဖွယ်ကောင်းပြီး ၎င်းတို့သည် အီရန်နှင့် တိုက်ရိုက် ရင်ဆိုင်ရန်ထက် ပါကစ္စတန် သို့မဟုတ် တရုတ်တို့နှင့် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုသာ ပိုမို အားသန်ကြသည်။ အကယ်၍ အီရန်က နျူကလီးယား တည်ဆောက်လာပါက ဆော်ဒီနှင့်ပါကစ္စတန်တို့၏ ကာကွယ်ရေးပူးပေါင်းမှုမှာ ပိုမိုခိုင်မာလာမည်ဖြစ် သည်။ သို့သော် ဒေသတွင်းစစ်ပွဲကြီးဖြစ်ပွားလာပါက အီရန်၏ အစိုးရပြောင်းလဲသွားခြင်း သို့မဟုတ် ဖရိုဖရဲ ဖြစ်သွားခြင်းသည် ယူရေးရှားမြေပုံတစ်ခုလုံးကို ပြောင်းလဲပစ်မည့်မတည်ငြိမ်မှုများကိုဖန်တီးကာ အင် အားကြီးနိုင်ငံများအားလုံးကို ထိခိုက်စေမည်ဖြစ် သည်။
နောက်ဆုံးအနေဖြင့် ဆော်ဒီနှင့်ပင်လယ်ကွေ့ နိုင်ငံများသည် ၎င်းတို့၏နယ်မြေကို အီရန်ကိုတိုက် ခိုက်ရန်အတွက်အသုံးမပြုရန် အမေရိကန်ကို တရား ဝင်တားမြစ်ထားပြီး စစ်ပွဲအတွင်း မပါဝင်လိုကြပါ။ လက်ရှိတွင် အရှေ့အာရှနှင့် အခြားနိုင်ငံများသည် အ မေရိကန်၏နောက်သို့ မျက်စိမှိတ်လိုက်ရန် ငြင်းဆန် လာကြပြီး တရုတ်နှင့်ရုရှားတို့သည်လည်း အီရန်၏ ခုခံစွမ်းအားကို မြှင့်တင်ပေးလျက်ရှိသည်။ တရုတ်နိုင် ငံကပံ့ပိုးပေးထားသည့် အဆင့်မြင့်ရေဒါများနှင့် HQ-9 လေကြောင်းကာကွယ်ရေးစနစ်များသည် အီရန်အတွက် စစ်ပွဲအတွင်း ကြီးမားသောအားသာ ချက်ဖြစ်စေကာ အမေရိကန်၏လွှမ်းမိုးမှုကိုစိန်ခေါ် နေသည့် အဓိကအချက်များ ဖြစ်လာနေပါသည်။
ပထဝီနိုင်ငံရေးအခင်းအကျင်းသစ်တွင် အမေရိ ကန်၏ မဟာဗျူဟာမြောက်ရည်မှန်းချက်များသည် ပိုမိုပွင့်လင်းမြင်သာလာခဲ့သည်။ ဥပမာအားဖြင့် ယူက ရိန်းပဋိပက္ခတွင် အမေရိကန်သည် ယူကရိန်းနိုင်ငံကို ကယ်တင်ရန်ထက် ရုရှား၏အင်အားကို ချည့်နဲ့သွား စေရန် လက်နက်တစ်ခုသဖွယ် အသုံးချနေခြင်းဖြစ် သည်။ ဤစစ်ပွဲ၏ဦးတည်ချက်သည် ရုရှားကို စစ်ရေး နှင့်စီးပွားရေးအရအလဲထိုးရန် (Bleed Russia dry) ဖြစ်နေပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် အနောက်အုပ်စု၏ရန် သူကို ဒူးထောက်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သို့သော် ဤသို့ စစ်ရေးနည်းလမ်းကိုသာ အလွန်အကျွံ အားကိုးခြင်းသည် သံတမန်ရေးရာကျရှုံးမှု (Diplo­matic Failure) ကိုသာဖော်ပြနေပြီး ကမ္ဘာ့ငြိမ်းချမ်း ရေးအတွက် စိုးရိမ်ဖွယ်ရာအခြေအနေများကိုဖန်တီးနေသည်။
တစ်ဖက်တွင်လည်း ဥရောပနိုင်ငံများ၊ အထူး သဖြင့် ဂျာမနီကဲ့သို့သောနိုင်ငံကြီးများသည် အမေရိ ကန်၏မဟာဗျူဟာနောက်သို့ မျက်စိမှိတ် လိုက်ပါနေ ရသဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးနှင့် စွမ်းအင်လုံ ခြုံမှုများမှာ ကြီးမားစွာထိခိုက်ပျက်စီးနေရသည်။ အမေရိကန်သည် ဥရောပကို မဟာမိတ်များကဲ့သို့ ဆက်ဆံမည့်အစား ၎င်း၏အင်ပါယာအောက်ရှိ လက် အောက်ခံနယ်မြေများသဖွယ်သဘောထားကာ မိမိ၏ အကျိုးစီးပွားအတွက်သာအသုံးချနေကြောင်း မြင် သာလာသည်။ ဤသို့သောဆက်ဆံရေးမျိုးသည် ရေ ရှည်တွင် အနောက်အုပ်စုအတွင်း အက်ကြောင်းများ ကိုဖြစ်ပေါ်စေနိုင်ပြီး ဥရောပ၏ အချုပ်အခြာအာဏာ အပေါ် မေးခွန်းထုတ်စရာများဖြစ်လာစေသည်။
အနောက်အုပ်စု၏ ပြင်းထန်သော စီးပွားရေး ပိတ်ဆို့မှုများသည် အမေရိကန် အလိုမရှိဆုံးသော ရလဒ်တစ်ခုကိုသာ ဦးတည်ဖြစ်ပေါ်စေခဲ့သည်။ ယင်း မှာ ရုရှားအနေဖြင့် အနောက်အုပ်စုကိုကျောခိုင်းကာ တရုတ်၊ အိန္ဒိယတို့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းလာသည့် ယူရေးရှားဒေသပေါင်းစည်းမှု(Eurasian Integr­ation)ပင်ဖြစ်သည်။ အရှေ့ဘက်အင်အားကြီးနိုင်ငံ များ၏ ဤသို့ စုစည်းမိသွားခြင်းသည် အမေရိကန်၏ ကမ္ဘာ့ဩဇာအာဏာကို တိုက်ရိုက်စိန်ခေါ်နေပြီး အမေ ရိကန်ကိုယ်တိုင်က ဖယ်ကြဉ်ထားသောနိုင်ငံများကို တစုတစည်းတည်းဖြစ်သွားစေသည့် မဟာဗျူဟာ မြောက်အမှားတစ်ခုဟု ဆိုရမည်ဖြစ်သည်။
နိဂုံးချုပ်ရသော် ကမ္ဘာကြီးသည် အမေရိကန်တစ် နိုင်ငံတည်းကအုပ်စိုးသည့်(Unipolar)စနစ်မှ နိုင်ငံ အများအပြားအားပြိုင်သည့် (Multipolar)စနစ်သို့ မလွဲမသွေ ကူးပြောင်းနေပြီဖြစ်သည်။ သံတမန်ရေးရာ နည်းလမ်းများကိုဘေးဖယ်ကာ စစ်ရေးနှင့်ပိတ်ဆို့မှု များကိုသာအဓိကထားနေသည့် အမေရိကန်၏မူဝါဒ များသည် ၎င်း၏အင်ပါယာကို ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းနေသော်လည်း အမှန်တကယ်တွင်မူ ကမ္ဘာ့ နိုင်ငံရေးအပြောင်းအလဲကို ပိုမိုမြန်ဆန်စေသည့် ဓာတ်ကူပစ္စည်းများသာဖြစ်နေတော့သည်။ ထို့ကြောင့် အနာဂတ်တွင် အင်အားသုံးလွှမ်းမိုးမှုထက် နိုင်ငံအ များအပြား၏အခန်းကဏ္ဍကိုအသိအမှတ်ပြုသည့် လက်တွေ့ကျသော နိုင်ငံခြားရေးမူဝါဒများဖြင့်သာ ကမ္ဘာ့တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်ပါတော့သည်။

Zawgyi Version;
အေမရိကန္အင္ပါယာ ျပန္လည္ အသက္သြင္းျခင္းႏွင့္ ယူေရးရွားေဒသကို ထိုးႏွက္သည့္စစ္
သန္းထိုက္စိုး (NP News) - မတ္လ ၅

ျမဴးနစ္လုံၿခဳံေရးညီလာခံသမိုင္းတစ္ေလွ်ာက္ တြင္ ယခုႏွစ္သည္ အထူးဆန္းဆုံးႏွင့္ ယခင္ႏွစ္မ်ား ထက္ ပိုမိုထူးျခားသည့္ႏွစ္တစ္ႏွစ္ ျဖစ္လာခဲ့သည္။ တစ္ကမာၻလုံးကို အင္အားႀကီးတစ္ႏိုင္ငံတည္းကလႊမ္း မိုးထားသည့္ (Unipolar)စနစ္သည္ လက္ခံႏိုင္စရာ မရွိေၾကာင္းႏွင့္ ၎သည္ အျပည္ျပည္ဆိုင္ရာဥပေဒ ႏွင့္လုံၿခဳံေရးကိုပ်က္စီးေစမည္ျဖစ္ေၾကာင္း (၂၀ဝ၇) ခုႏွစ္ညီလာခံတြင္ သမၼတ ဗလာဒီမာပူတင္ သတိေပး ခဲ့ရာ ယခုအခါ ပိုမိုထင္ရွားလာသည္။ အင္ပါယာတည္ ေဆာက္ရန္ႀကိဳးပမ္းျခင္းသည္ အေမရိကန္ျပည္ ေထာင္စုကို ျပင္ပမွဖ်က္ဆီးမည္မဟုတ္ေသာ္လည္း သမၼတႏိုင္ငံ(Republic)တစ္ခု၏ အေျခခံမူဝါဒမ်ား ကို အတြင္းပိုင္းမွ တျဖည္းျဖည္း အားနည္းပ်က္စီးေစ လိမ့္မည္ဟူေသာအခ်က္ကို ယခုအခါ ျပန္လည္ ဆန္းစစ္ရန္ လိုအပ္ေနၿပီျဖစ္သည္။
(၂၀၂၆)ခုႏွစ္သို႔ေရာက္ရွိလာခ်ိန္တြင္ ကမာၻ႔အ ေျခအေနမွာ မ်ားစြာဆိုး႐ြားေနၿပီး အျပည္ျပည္ဆိုင္ရာ ဥပေဒႏွင့္စံႏႈန္းမ်ားအေၾကာင္း ေဆြးေႏြးမႈမ်ားထက္ " မိမိ၏လႊမ္းမိုးမႈကို မည္သို႔ျပန္ထိန္းမည္နည္း"ဆို သည့္အခ်က္ကိုသာ အဓိကထားေနၾကသည္။ အထူး သျဖင့္ အေရွ႕အလယ္ပိုင္းေဒသတြင္ အေမရိကန္အ ေနျဖင့္ အီရန္ႏွင့္စစ္ျဖစ္ရန္စီစဥ္ေနသည့္အရိပ္အ ေယာင္မ်ားမွာ ထင္ထင္ရွားရွား ျမင္ေတြ႕ေနရသည္။ ၎သည္ ဖိအားေပးသည့္ နည္းဗ်ဴဟာသက္သက္ဟု အခ်ိဳ႕က ယူဆႏိုင္ေသာ္လည္း ေဒသတြင္းစစ္ပြဲႀကီး ျဖစ္လာႏိုင္သည့္ၿခိမ္းေျခာက္မႈမွာမူ ျငင္းပယ္၍မရႏိုင္ ေသာအဆင့္သို႔ ေရာက္ရွိလာခဲ့သည္။
႐ုရွားကို အေနာက္အုပ္စုအတြင္းသို႔ ဝင္ခြင့္မေပး ခဲ့သည့္ အတိတ္မွျဖစ္ရပ္မ်ားသည္ ယေန႔ျဖစ္ေပၚေန သည့္ လႊမ္းမိုးခ်ဳပ္ကိုင္မႈ(Hegemony)စနစ္ကို တန္ ျပန္တိုက္ထုတ္မည့္ပဋိပစၥည္း(Antibodies)မ်ားကို အလိုလိုျဖစ္ေပၚေစခဲ့သည္။ အေမရိကန္ျပည္ေထာင္စု အေနျဖင့္ အျခားႏိုင္ငံမ်ားအေပၚ အာဏာရွင္ဆန္ဆန္ လႊမ္းမိုးရန္ႀကိဳးပမ္းျခင္း၏အက်ိဳးဆက္မ်ားကို ယခုအ ခါ အေနာက္ကမာၻျခမ္းတြင္ပါ စတင္ျမင္ေတြ႕ေနရၿပီ ျဖစ္သည္။ အထူးသျဖင့္ အေရွ႕အလယ္ပိုင္းတြင္ အေမရိကန္သည္ အစၥေရး၏ အေတြးအေခၚႏွင့္ ႏိုင္ငံ ေရးအရ အက်ဥ္းသားသဖြယ္ျဖစ္ေနၿပီး အစၥေရး၏ မူဝါဒမ်ားအတိုင္း ေရွ႕ဆက္ေနရသည့္အေျခအေနမွာ အလြန္ရႈပ္ေထြးလွပါသည္။
အစၥေရး၏ အဓိကရည္မွန္းခ်က္မွာ အီရန္၏ န်ဴ ကလီးယားအစီအစဥ္ကိုအေၾကာင္းျပ၍ အေနာက္ အာရွေဒသတြင္ မိမိ၏ န်ဴကလီးယား လက္ဝါးႀကီးအုပ္ မႈကို ဆက္လက္ထိန္းသိမ္းထားရန္ျဖစ္သည္။ ၎တို႔ သည္ အီရန္ကို မဟာဗ်ဴဟာေျမာက္ၿပိဳင္ဘက္အျဖစ္ မွဖယ္ရွားပစ္ရန္ အစိုးရအေျပာင္းအလဲ(Regime Change)လုပ္ရန္ႏွင့္ ႏိုင္ငံငယ္ေလးမ်ားအျဖစ္ စိတ္ ျဖာပစ္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။ အစၥေရးအေန ျဖင့္ ဤအစီအစဥ္ကို တစ္ႏိုင္ငံတည္း အေကာင္အ ထည္မေဖာ္ႏိုင္ေသာေၾကာင့္ အေမရိကန္ကို ေရွ႕တန္း တင္ကာ စစ္ပြဲအတြင္းသို႔ ဆြဲသြင္းရန္ တြန္းပို႔ေနျခင္း ျဖစ္သည္။
လက္ရွိတြင္ အီရန္သည္ န်ဴကလီးယားလက္နက္ တည္ေဆာက္ရန္ ဆုံးျဖတ္ခ်က္မခ်ရေသးေၾကာင္း ေထာက္လွမ္းေရးအစီရင္ခံစာမ်ားက ဆိုေသာ္လည္း အေမရိကန္၏ ျပင္းထန္ေသာဖိအားမ်ားေၾကာင့္ ေျမာက္ကိုရီးယားကဲ့သို႔ပင္ န်ဴကလီးယားပိုင္ဆိုင္လို စိတ္ျပင္းထန္လာႏိုင္သည့္အေျခအေန ရွိေနသည္။ တစ္ဖက္တြင္လည္း ေဆာ္ဒီအာေရးဗ်တြင္ န်ဴကလီး ယားလက္နက္ရွိေနၿပီဟုဆိုျခင္းမွာ ႏိုင္ငံေရးအရအ သုံးခ်ရန္ေျပာဆိုေနျခင္းသာျဖစ္ႏိုင္သည္။ အီရန္အ ေနျဖင့္ ယခင္ကဖ်က္သိမ္းခဲ့သည့္ ပူးတြဲအေကာင္အ ထည္ေဖာ္ေရးသေဘာတူညီခ်က္Joint Compreh­e­n­sive Plan of Action (JCPOA) သေဘာတူညီ ခ်က္ကို ျပန္လည္အသက္သြင္းလိုေသာ္လည္း အစၥ ေရးကမူ အီရန္ကို အလုံးစုံလက္နက္ျဖဳတ္သိမ္းေရးႏွင့္ ေဒသတြင္းမဟာမိတ္မ်ားႏွင့္ အဆက္အသြယ္ ျဖတ္ေရးကိုသာေတာင္းဆိုေနသျဖင့္ ေဆြးေႏြးပြဲမ်ား မွာ ေရွ႕မတိုးႏိုင္ျဖစ္ေနရသည္။
စစ္ေရးအရၾကည့္မည္ဆိုလွ်င္ အေမရိကန္ သည္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားတို႔တြင္ F-35 ႏွင့္ F-16 တိုက္ေလယာဥ္မ်ားကို အေျမာက္အျမား စုဖြဲ႕ထားၿပီး အီရန္ကိုတိုက္ခိုက္ရန္ ျပင္ဆင္ေနသည္။ အကယ္၍ တိုက္ခိုက္မႈစတင္ခဲ့ပါက အီရန္သည္ အ ကန႔္အသတ္ျဖင့္တုံ႔ျပန္မည္မဟုတ္ဘဲ အစၥေရးသို႔ ဒုံး က်ည္(၂,ဝဝဝ) တစ္ၿပိဳင္နက္ပစ္လႊတ္ျခင္း၊ အေမရိ ကန္ႏွင့္ပူးေပါင္းသည့္ႏိုင္ငံမ်ားႏွင့္ အေျခစိုက္စခန္း မ်ားကို တိုက္ခိုက္ျခင္းမ်ားအျပင္ ေဟာ္မုဇ္ေရလက္ ၾကားကိုပါပိတ္ပစ္ႏိုင္သည့္ အလုံးစုံစစ္ပြဲအသြင္သို႔ ကူးေျပာင္းသြားမည္ျဖစ္သည္။ ယင္းျပင္ မၾကာမီျပဳ လုပ္မည့္ တ႐ုတ္၊ ႐ုရွားႏွင့္ အီရန္တို႔၏ ေရတပ္ပူး ေပါင္းစစ္ေရးေလ့က်င့္မႈသည္လည္း အီရန္ကိုတိုက္ ခိုက္ရန္ႀကိဳးပမ္းသူမ်ားအတြက္ ႀကီးမားေသာ စိန္ေခၚ မႈတစ္ခု ျဖစ္လာလိမ့္မည္။
ေဆာ္ဒီအာေရးဗ်၏အေနအထားမွာမူ စိတ္ဝင္ စားဖြယ္ေကာင္းၿပီး ၎တို႔သည္ အီရန္ႏွင့္ တိုက္႐ိုက္ ရင္ဆိုင္ရန္ထက္ ပါကစၥတန္ သို႔မဟုတ္ တ႐ုတ္တို႔ႏွင့္ ကာကြယ္ေရးအရ ပူးေပါင္းေဆာင္႐ြက္မႈကိုသာ ပိုမို အားသန္ၾကသည္။ အကယ္၍ အီရန္က န်ဴကလီးယား တည္ေဆာက္လာပါက ေဆာ္ဒီႏွင့္ပါကစၥတန္တို႔၏ ကာကြယ္ေရးပူးေပါင္းမႈမွာ ပိုမိုခိုင္မာလာမည္ျဖစ္ သည္။ သို႔ေသာ္ ေဒသတြင္းစစ္ပြဲႀကီးျဖစ္ပြားလာပါက အီရန္၏ အစိုးရေျပာင္းလဲသြားျခင္း သို႔မဟုတ္ ဖ႐ိုဖရဲ ျဖစ္သြားျခင္းသည္ ယူေရးရွားေျမပုံတစ္ခုလုံးကို ေျပာင္းလဲပစ္မည့္မတည္ၿငိမ္မႈမ်ားကိုဖန္တီးကာ အင္ အားႀကီးႏိုင္ငံမ်ားအားလုံးကို ထိခိုက္ေစမည္ျဖစ္ သည္။
ေနာက္ဆုံးအေနျဖင့္ ေဆာ္ဒီႏွင့္ပင္လယ္ေကြ႕ ႏိုင္ငံမ်ားသည္ ၎တို႔၏နယ္ေျမကို အီရန္ကိုတိုက္ ခိုက္ရန္အတြက္အသုံးမျပဳရန္ အေမရိကန္ကို တရား ဝင္တားျမစ္ထားၿပီး စစ္ပြဲအတြင္း မပါဝင္လိုၾကပါ။ လက္ရွိတြင္ အေရွ႕အာရွႏွင့္ အျခားႏိုင္ငံမ်ားသည္ အ ေမရိကန္၏ေနာက္သို႔ မ်က္စိမွိတ္လိုက္ရန္ ျငင္းဆန္ လာၾကၿပီး တ႐ုတ္ႏွင့္႐ုရွားတို႔သည္လည္း အီရန္၏ ခုခံစြမ္းအားကို ျမႇင့္တင္ေပးလ်က္ရွိသည္။ တ႐ုတ္ႏိုင္ ငံကပံ့ပိုးေပးထားသည့္ အဆင့္ျမင့္ေရဒါမ်ားႏွင့္ HQ-9 ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားသည္ အီရန္အတြက္ စစ္ပြဲအတြင္း ႀကီးမားေသာအားသာ ခ်က္ျဖစ္ေစကာ အေမရိကန္၏လႊမ္းမိုးမႈကိုစိန္ေခၚ ေနသည့္ အဓိကအခ်က္မ်ား ျဖစ္လာေနပါသည္။
ပထဝီႏိုင္ငံေရးအခင္းအက်င္းသစ္တြင္ အေမရိ ကန္၏ မဟာဗ်ဴဟာေျမာက္ရည္မွန္းခ်က္မ်ားသည္ ပိုမိုပြင့္လင္းျမင္သာလာခဲ့သည္။ ဥပမာအားျဖင့္ ယူက ရိန္းပဋိပကၡတြင္ အေမရိကန္သည္ ယူကရိန္းႏိုင္ငံကို ကယ္တင္ရန္ထက္ ႐ုရွား၏အင္အားကို ခ်ည့္နဲ႔သြား ေစရန္ လက္နက္တစ္ခုသဖြယ္ အသုံးခ်ေနျခင္းျဖစ္ သည္။ ဤစစ္ပြဲ၏ဦးတည္ခ်က္သည္ ႐ုရွားကို စစ္ေရး ႏွင့္စီးပြားေရးအရအလဲထိုးရန္ (Bleed Russia dry) ျဖစ္ေနၿပီး ထိုသို႔ျပဳလုပ္ျခင္းျဖင့္ အေနာက္အုပ္စု၏ရန္ သူကို ဒူးေထာက္ေစရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။ သို႔ေသာ္ ဤသို႔ စစ္ေရးနည္းလမ္းကိုသာ အလြန္အကြၽံ အားကိုးျခင္းသည္ သံတမန္ေရးရာက်ရႈံးမႈ (Diplo­matic Failure) ကိုသာေဖာ္ျပေနၿပီး ကမာၻ႔ၿငိမ္းခ်မ္း ေရးအတြက္ စိုးရိမ္ဖြယ္ရာအေျခအေနမ်ားကိုဖန္တီးေနသည္။
တစ္ဖက္တြင္လည္း ဥေရာပႏိုင္ငံမ်ား၊ အထူး သျဖင့္ ဂ်ာမနီကဲ့သို႔ေသာႏိုင္ငံႀကီးမ်ားသည္ အေမရိ ကန္၏မဟာဗ်ဴဟာေနာက္သို႔ မ်က္စိမွိတ္ လိုက္ပါေန ရသျဖင့္ ၎တို႔၏ ကိုယ္ပိုင္စီးပြားေရးႏွင့္ စြမ္းအင္လုံ ၿခဳံမႈမ်ားမွာ ႀကီးမားစြာထိခိုက္ပ်က္စီးေနရသည္။ အေမရိကန္သည္ ဥေရာပကို မဟာမိတ္မ်ားကဲ့သို႔ ဆက္ဆံမည့္အစား ၎၏အင္ပါယာေအာက္ရွိ လက္ ေအာက္ခံနယ္ေျမမ်ားသဖြယ္သေဘာထားကာ မိမိ၏ အက်ိဳးစီးပြားအတြက္သာအသုံးခ်ေနေၾကာင္း ျမင္ သာလာသည္။ ဤသို႔ေသာဆက္ဆံေရးမ်ိဳးသည္ ေရ ရွည္တြင္ အေနာက္အုပ္စုအတြင္း အက္ေၾကာင္းမ်ား ကိုျဖစ္ေပၚေစႏိုင္ၿပီး ဥေရာပ၏ အခ်ဳပ္အျခာအာဏာ အေပၚ ေမးခြန္းထုတ္စရာမ်ားျဖစ္လာေစသည္။
အေနာက္အုပ္စု၏ ျပင္းထန္ေသာ စီးပြားေရး ပိတ္ဆို႔မႈမ်ားသည္ အေမရိကန္ အလိုမရွိဆုံးေသာ ရလဒ္တစ္ခုကိုသာ ဦးတည္ျဖစ္ေပၚေစခဲ့သည္။ ယင္း မွာ ႐ုရွားအေနျဖင့္ အေနာက္အုပ္စုကိုေက်ာခိုင္းကာ တ႐ုတ္၊ အိႏၵိယတို႔ႏွင့္ ပိုမိုနီးကပ္စြာ ပူးေပါင္းလာသည့္ ယူေရးရွားေဒသေပါင္းစည္းမႈ(Eurasian Integr­ation)ပင္ျဖစ္သည္။ အေရွ႕ဘက္အင္အားႀကီးႏိုင္ငံ မ်ား၏ ဤသို႔ စုစည္းမိသြားျခင္းသည္ အေမရိကန္၏ ကမာၻ႔ဩဇာအာဏာကို တိုက္႐ိုက္စိန္ေခၚေနၿပီး အေမ ရိကန္ကိုယ္တိုင္က ဖယ္ၾကဥ္ထားေသာႏိုင္ငံမ်ားကို တစုတစည္းတည္းျဖစ္သြားေစသည့္ မဟာဗ်ဴဟာ ေျမာက္အမွားတစ္ခုဟု ဆိုရမည္ျဖစ္သည္။
နိဂုံးခ်ဳပ္ရေသာ္ ကမာၻႀကီးသည္ အေမရိကန္တစ္ ႏိုင္ငံတည္းကအုပ္စိုးသည့္(Unipolar)စနစ္မွ ႏိုင္ငံ အမ်ားအျပားအားၿပိဳင္သည့္ (Multipolar)စနစ္သို႔ မလြဲမေသြ ကူးေျပာင္းေနၿပီျဖစ္သည္။ သံတမန္ေရးရာ နည္းလမ္းမ်ားကိုေဘးဖယ္ကာ စစ္ေရးႏွင့္ပိတ္ဆို႔မႈ မ်ားကိုသာအဓိကထားေနသည့္ အေမရိကန္၏မူဝါဒ မ်ားသည္ ၎၏အင္ပါယာကို ျပန္လည္ထိန္းသိမ္းရန္ ႀကိဳးပမ္းေနေသာ္လည္း အမွန္တကယ္တြင္မူ ကမာၻ႔ ႏိုင္ငံေရးအေျပာင္းအလဲကို ပိုမိုျမန္ဆန္ေစသည့္ ဓာတ္ကူပစၥည္းမ်ားသာျဖစ္ေနေတာ့သည္။ ထို႔ေၾကာင့္ အနာဂတ္တြင္ အင္အားသုံးလႊမ္းမိုးမႈထက္ ႏိုင္ငံအ မ်ားအျပား၏အခန္းက႑ကိုအသိအမွတ္ျပဳသည့္ လက္ေတြ႕က်ေသာ ႏိုင္ငံျခားေရးမူဝါဒမ်ားျဖင့္သာ ကမာၻ႔တည္ၿငိမ္မႈကို ျပန္လည္တည္ေဆာက္ႏိုင္မည္ ျဖစ္ပါေတာ့သည္။

Related news

© 2021. All rights reserved.