အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်း

 736

ပီယ (NP News) - မတ် ၆
အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ နှင့် ပတ်သက် ၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အခြေခံပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုသည်သာ ပဋိပက္ခကို ဖြေရှင်း နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစား လိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းေဒသတြင္းဆိုင္ရာ ႏွင့္ ပတ္သက္၍ ၿငိမ္းခ်မ္းစြာ ညႇိႏႈိင္းေဆြးေႏြး အေျဖရွာရန္ တိုက္တြန္း
ပီယ (NP News) - မတ္ ၆
အေရွ႕အလယ္ပိုင္းေဒသတြင္းဆိုင္ရာ ႏွင့္ ပတ္သက္ ၍ ၿငိမ္းခ်မ္းစြာ ညႇိႏႈိင္းေဆြးေႏြး အေျဖရွာရန္ ႏိုင္ငံျခားေရး ဝန္ႀကီး႒ာနက ထုတ္ျပန္ခ်က္ထုတ္ကာ တိုက္တြန္းထားသည္။
အေရွ႕အလယ္ပိုင္းေဒသတြင္ လတ္တေလာ ျဖစ္ေပၚလ်က္ရွိသည့္ တိုက္ခိုက္မႈမ်ားအတြက္ ျမန္မာႏိုင္ငံအေနျဖင့္ လြန္စြာ စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူႀကီး (၅) ရပ္ကို အေျခခံၿပီး အျပဳသေဘာေဆာင္သည့္ ေဆြးေႏြးမႈႏွင့္ သံတမန္ေရး ႀကိဳးပမ္းမႈသည္သာ ပဋိပကၡကို ေျဖရွင္း ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ေဖာ္ျပထားသည္။
အေရွ႕အလယ္ပိုင္း ပဋိပကၡႏွင့္ တိုက္ခိုက္မႈမ်ားတြင္ ပါဝင္ေနသည့္ ႏိုင္ငံမ်ားအေနျဖင့္ ႏိုင္ငံတိုင္း၏ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို အျပန္အလွန္ ေလးစား လိုက္နာရန္ လိုအပ္ၿပီး ပဋိပကၡႏွင့္ တိုက္ခိုက္မႈမ်ားကို ေလွ်ာ့ခ်ကာ ၿငိမ္းခ်မ္းစြာ ညႇိႏႈိင္းေဆြးေႏြး အေျဖရွာရန္ တိုက္တြန္းေၾကာင္း ေဖာ္ျပထားသည္။

Picture

aung thuphyo

06/03/2026 22:08

865969059171892

Related news

© 2021. All rights reserved.