၅ နှစ်ကာလတွင် ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိရန် ဆောင်ရွက်ပေးခဲ့ဟုဆို

150

Pearl (NP News) - မတ် ၇
၅ နှစ်ကာလတွင် ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း ယမန်နေ့ (မတ်လ ၆ ရက်) က ကျင်းပသော အမျိုးသားစီမံကိန်းကော်မရှင် (၁/၂ဝ၂၆) အစည်းအဝေး တွင် အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို ဆွေးနွေးညှိနှိုင်းကြပြီးဖြစ်ပြီး ယခုအတည်ပြုခဲ့သည့် အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ရာတွင် အစိုးရ၊ ဌာနများအနေဖြင့် စီမံကိန်းဆိုင်ရာအင်္ဂါရပ်များ နှင့် ညီညွတ်ရန် လိုအပ်မည်ဖြစ်ပြီး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ခေတ်ကာလအလိုက် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက် များကို သင်ခန်းစာယူပြီး လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ လိုအပ်နေသည့် ဖွံ့ဖြိုးမှု ရည်မှန်းချက်များ ပြည့်မီစေရန် နှင့် နောင်တာဝန်ယူကြမည့် အစိုးရထံစနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်းလည်း ပြောသည်။
ထို့ပြင် မိမိတို့တာဝန်ယူခဲ့သည့် ၅ နှစ်ကာလတွင် ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိအောင် ဆောင်ရွက် ပေးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြို့ရွာများသန့်ရှင်း သာယာလှပရေး၊ မြို့ပြအင်္ဂါရပ်များ နှင့် ညီညွတ်မှုရှိစေရေး၊ စွန့်ပစ်အမှိုက် စနစ်တကျစီမံခန့်ခွဲနိုင်ရေးစသည့် နယ်ပယ်များတွင် ပြောင်းလဲတိုးတက်စေရန်ကို ဆောင်ရွက်ပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
စီးပွားရေးနှင့်ပတ်သက်၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းငယ်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းစတင်ချိန်မှစပြီး ဈေးကွက်သို့ရောက်ရှိချိန်ထိ လိုအပ်သည့် နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့သည်။
သက်မွေးပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်များ၏ ဘဝမြှင့်တင်နိုင်ရေးနှင့် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ အကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေး မြှင့်တင်ပေးလျက်ရှိကြောင်း၊ တာဝန်ယူခဲ့သည့်ကာလအတွင်း နိုင်ငံတော်အတွက် ဘက်ပေါင်းစုံတွင် အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုလားတောင့်တချက်များကို ပြည်တွင်း၌ ရှိသည့်အင်အားဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဖြည့်ဆည်းပေးခဲ့ကြကြောင်းလည်း ပြောကြားခဲ့သည်။
ယခုအတည်ပြုပြီး ဥပဒေပြဋ္ဌာန်းတော့မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းပါ လုပ်ငန်းများကို လွှတ်တော်များ၏ သဘောတူညီချက်များနှင့်အညီ ရှေ့ဆက်အကောင်အထည် ဖော်ဆောင်ရွက်ကြမည်ဖြစ် သည့်အတွက် ပြည်သူအားလုံးတောင့်တပြီး မျှော်မှန်းထားသည့် ရည်မှန်းချက်များ အောင်မြင်စေရေး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူမည့် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။

Zawgyi Version;
၅ ႏွစ္ကာလတြင္ ထင္သာျမင္သာရွိသည့္ တိုးတက္မႈမ်ားရရွိရန္ ေဆာင္႐ြက္ေပးခဲ့ဟုဆို
Pearl (NP News) - မတ္ ၇
၅ ႏွစ္ကာလတြင္ ထင္သာျမင္သာရွိသည့္ တိုးတက္မႈမ်ားရရွိရန္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ယမန္ေန႔ (မတ္လ ၆ ရက္) က က်င္းပေသာ အမ်ိဳးသားစီမံကိန္းေကာ္မရွင္ (၁/၂ဝ၂၆) အစည္းအေဝး တြင္ အမ်ိဳးသားစီမံကိန္းေကာ္မရွင္ ဥကၠ႒ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါ အစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၂ဝ၂၆-၂ဝ၂၇ ဘ႑ာေရးႏွစ္ အမ်ိဳးသားစီမံကိန္းကို ေဆြးေႏြးညႇိႏႈိင္းၾကၿပီးျဖစ္ၿပီး ယခုအတည္ျပဳခဲ့သည့္ အမ်ိဳးသားစီမံကိန္းကို အေကာင္အထည္ေဖာ္ရာတြင္ လႊတ္ေတာ္အသီးသီး၏ သေဘာတူညီခ်က္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ လႊတ္ေတာ္အသီးသီး၏ သေဘာတူညီခ်က္ျဖင့္ အေကာင္အထည္ေဖာ္ရာတြင္ အစိုးရ၊ ဌာနမ်ားအေနျဖင့္ စီမံကိန္းဆိုင္ရာအဂၤါရပ္မ်ား ႏွင့္ ညီၫြတ္ရန္ လိုအပ္မည္ျဖစ္ၿပီး အဆင့္ဆင့္ႀကီးၾကပ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာသည္။
စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ ေခတ္ကာလအလိုက္ ေတြ႕ႀကဳံရသည့္ အားနည္းခ်က္၊ အားသာခ်က္ မ်ားကို သင္ခန္းစာယူၿပီး လက္ေတြ႕က်က် ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ရန္၊ ျပည္သူမ်ား၏ လိုအပ္ေနသည့္ ဖြံ႕ၿဖိဳးမႈ ရည္မွန္းခ်က္မ်ား ျပည့္မီေစရန္ ႏွင့္ ေနာင္တာဝန္ယူၾကမည့္ အစိုးရထံစနစ္တက် လႊဲေျပာင္းေပးႏိုင္ေရး ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။
ထို႔ျပင္ မိမိတို႔တာဝန္ယူခဲ့သည့္ ၅ ႏွစ္ကာလတြင္ ထင္သာျမင္သာရွိသည့္ တိုးတက္မႈမ်ားရရွိေအာင္ ေဆာင္႐ြက္ ေပးခဲ့ေၾကာင္း၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေစေရး၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ ၿမိဳ႕႐ြာမ်ားသန႔္ရွင္း သာယာလွပေရး၊ ၿမိဳ႕ျပအဂၤါရပ္မ်ား ႏွင့္ ညီၫြတ္မႈရွိေစေရး၊ စြန႔္ပစ္အမႈိက္ စနစ္တက်စီမံခန႔္ခြဲႏိုင္ေရးစသည့္ နယ္ပယ္မ်ားတြင္ ေျပာင္းလဲတိုးတက္ေစရန္ကို ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
စီးပြားေရးႏွင့္ပတ္သက္၍ အေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရးလုပ္ငန္းငယ္မ်ား ရွင္သန္ဖြံ႕ၿဖိဳးေရးႏွင့္ အစဥ္ေရရွည္ရပ္တည္ႏိုင္ေရးအတြက္ လုပ္ငန္းစတင္ခ်ိန္မွစၿပီး ေဈးကြက္သို႔ေရာက္ရွိခ်ိန္ထိ လိုအပ္သည့္ နည္းပညာႏွင့္ ေငြေၾကးပံ့ပိုးမႈမ်ားကိုလည္း ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းလည္း ထည့္သြင္း ေျပာၾကား ခဲ့သည္။
သက္ေမြးပညာရပ္မ်ား၊ ပညာေရး၊ က်န္းမာေရး၊ အားကစား၊ လူငယ္မ်ား၏ ဘဝျမႇင့္တင္ႏိုင္ေရးႏွင့္ အနာဂတ္ ႏိုင္ငံေတာ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ လူငယ္မ်ား အက်ိဳးရွိစြာပါဝင္ေဆာင္႐ြက္ႏိုင္ေရးကို အားေပး ျမႇင့္တင္ေပးလ်က္ရွိေၾကာင္း၊ တာဝန္ယူခဲ့သည့္ကာလအတြင္း ႏိုင္ငံေတာ္အတြက္ ဘက္ေပါင္းစုံတြင္ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၿပီး ျပည္သူမ်ား၏ လိုလားေတာင့္တခ်က္မ်ားကို ျပည္တြင္း၌ ရွိသည့္အင္အားျဖင့္ အတတ္ႏိုင္ဆုံး ႀကိဳးပမ္းျဖည့္ဆည္းေပးခဲ့ၾကေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ယခုအတည္ျပဳၿပီး ဥပေဒျပ႒ာန္းေတာ့မည့္ ၂၀၂၆-၂၀၂၇ ဘ႑ာေရးႏွစ္ အမ်ိဳးသားစီမံကိန္းပါ လုပ္ငန္းမ်ားကို လႊတ္ေတာ္မ်ား၏ သေဘာတူညီခ်က္မ်ားႏွင့္အညီ ေရွ႕ဆက္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ၾကမည္ျဖစ္ သည့္အတြက္ ျပည္သူအားလုံးေတာင့္တၿပီး ေမွ်ာ္မွန္းထားသည့္ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေစေရး ႏိုင္ငံ့တာဝန္ကို ပခုံးေျပာင္းတာဝန္ယူမည့္ အစိုးရအေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္သြားရ မည္ျဖစ္ေၾကာင္း ေျပာၾကား ခဲ့ေၾကာင္း သိရသည္။