အီရန်စစ်ပွဲအတွက် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပြန်လည်နေရာချထားနိုင်ခြေကို အမေရိကန် နဲ့ တောင်ကိုရီးယားတို့ဆွေးနွေးနေ

184

Pika (NP News) - မတ် ၇
အမေရိကန်နဲ့တောင်ကိုရီးယားစစ်တပ်တို့ဟာ အီရန်ကိုဆန့်ကျင်တဲ့စစ်ပွဲမှာအသုံးပြုဖို့အတွက် တောင်ကိုရီးယားမှာ အခြေစိုက်ထားတဲ့အမေရိကန်ထုတ် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပြန်လည်နေရာ ချထားဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက ပြောကြားခဲ့ ပါတယ်။
တောင်ကိုရီးယားနိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန်မိုဘိုင်းဒုံးကျည်ကြားဖြတ်စနစ်ရဲ့ယူနစ်အချို့ကို နိုင်ငံတွင်းက အခြားနေရာတွေကနေ အိုဆန်လေတပ်စခန်းကို ရွှေ့ပြောင်းခဲ့တယ်လို့ သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပြီး နောက် ချိုဟွန်းရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီရန်စစ်ပွဲမှာ အသုံးပြုဖို့အတွက် အမေရိကန်ထုတ် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို မကြာခင်အချိန်အတွင်း ရွှေ့ပြောင်းဖို့ အစီအစဉ်မရှိဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ချိုဟွန်းက မှတ်ချက်ပြုပြောဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် စစ်ရေးအကူအညီတွေအတွက် အမေရိကန်ဆီကနေ ဘယ်လိုတောင်းဆိုမှုမျိုးကိုမှ လက်ခံရရှိခဲ့တာမျိုး မရှိခဲ့ ဘူးလို့လည်း ချိုဟွန်းက ပြောကြားခဲ့ပါတယ်။ အီရန်အရေးနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံကနေမဆို အကူအညီတွေ ရယူသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ချိုဟွန်းက ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
အီရန္စစ္ပြဲအတြက္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ျပန္လည္ေနရာခ်ထားႏိုင္ေျခကို အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတို႔ေဆြးေႏြးေန
Pika (NP News) - မတ္ ၇
အေမရိကန္နဲ႔ေတာင္ကိုရီးယားစစ္တပ္တို႔ဟာ အီရန္ကိုဆန႔္က်င္တဲ့စစ္ပြဲမွာအသုံးျပဳဖို႔အတြက္ ေတာင္ကိုရီးယားမွာ အေျခစိုက္ထားတဲ့အေမရိကန္ထုတ္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ျပန္လည္ေနရာ ခ်ထားဖို႔နဲ႔ပတ္သက္ၿပီး ေဆြးေႏြးေနၾကတယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး ခ်ိဳဟြန္းက ေျပာၾကားခဲ့ ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံအတြင္းမွာရွိတဲ့ အေမရိကန္မိုဘိုင္းဒုံးက်ည္ၾကားျဖတ္စနစ္ရဲ႕ယူနစ္အခ်ိဳ႕ကို ႏိုင္ငံတြင္းက အျခားေနရာေတြကေန အိုဆန္ေလတပ္စခန္းကို ေ႐ႊ႕ေျပာင္းခဲ့တယ္လို႔ သတင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ၿပီး ေနာက္ ခ်ိဳဟြန္းရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ဒါေပမယ့္လည္း အီရန္စစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ အေမရိကန္ထုတ္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရး စနစ္ေတြကို မၾကာခင္အခ်ိန္အတြင္း ေ႐ႊ႕ေျပာင္းဖို႔ အစီအစဥ္မရွိဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ခ်ိဳဟြန္းက မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ စစ္ေရးအကူအညီေတြအတြက္ အေမရိကန္ဆီကေန ဘယ္လိုေတာင္းဆိုမႈမ်ိဳးကိုမွ လက္ခံရရွိခဲ့တာမ်ိဳး မရွိခဲ့ ဘူးလို႔လည္း ခ်ိဳဟြန္းက ေျပာၾကားခဲ့ပါတယ္။ အီရန္အေရးနဲ႔ပတ္သက္ၿပီး ဘယ္ႏိုင္ငံကေနမဆို အကူအညီေတြ ရယူသြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ခ်ိဳဟြန္းက ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။